fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆံပင်ကျန်းမာရေးအတွက် လိုအပ်ချက်များ

338
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/02/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)












(Unicode)

(၁) ရေ (Warter) – အစားအစာကို အာဟာရပြည့်ဝအောင် စားသုံးရုံမက၊ မိမိသောက်သုံးတဲ့ရေဟာရေသန့်ဖြစ် ရဲ့လားဆိုတဲ့အချက်ကို ပြန်လည်ဆန်းစစ်ကြည့်ရမယ်။ လူခန္ဓာကိုယ်ရဲ့ (၇၀%)ဟာရေဓာတ်ပါဝင်ပြီး၊ ရေဓာတ် ဆုံးရှုံးမှုမရှိအောင် အမြဲဖြည့်တင်းပေးရမှာဖြစ်လို့ တစ်နေ့ကိုရေ(၂)လီတာခန့် သောက်ပေးသင့်တယ်။ များတယ် ထင်ရပေမယ့် ရေသောက်ခြင်းကခန္ဓာကိုယ်တွင်းမှနေပြီး ဆံပင်ကိုရေဓာတ်ရရှိအောင် ဖြည့်တင်းပေးနိုင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်တို့ကတော့ ရေဓာတ်ကိုဆုံးရှုံးစေတဲ့အတွက် အသင့်အတင့်သာသောက်သင့်ပါ တယ်။ အရက်၊ ဘီယာကခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုအချိန်တိုအတွင်း ညစ်နွမ်းစေလို့မသောက်သင့်ပါ။ (သို့) ရေ များများသောက်ဖို့လိုတယ်။

(၂) အိပ်စက်ခြင်း (Sleep) – အစားအသောက်ဟာ ဆံပင်ကောင်းမွန်စေခြင်းနဲ့ ဆက်စပ်မှုရှိနေသလို အိပ်စက် ခြင်းကလည်းဆက်နွယ်နေတယ်။ အိပ်ရေးပျက်ရင်ဆံပင်ရဲ့ အသွေးအရောင်မွဲခြောက်ပြီး အရေပြားကိုခြောက် သွေ့စေပါတယ်။ အလွန်အမင်းအိပ်ရေးပျက်ခံတာများရင်တော့ ဆံပင်ကျွတ်တဲ့အထိဆိုးရွားစေပါတယ်။

(၃) အားကစား (Exercise) – ကိုယ်လက်အားကစားနေ့စဉ် နာရီဝက်မှတစ်နာရီလုပ်ပေးခြင်းက ကျန်းမာရေးအ တွက်အလွန်ကောင်းမွန်တယ်။ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းအားကစားတစ်ရပ် ကိုလုပ်ပေးသင့်တယ်။ ရေကူးရင် ဆံပင်သားမပျက်စီးအောင် ရေကူးဦးထုပ်ဆောင်းရမယ်။

(၄) ရေကူးခြင်း (Swimming) – ရေကူးကန်မှာပိုးသေအောင်ထည့်ထားတဲ့ ကလိုရင်းကဆံပင်ကိုခြောက်ပြီး ပြတ်ထွက်စေတယ်။ ဆံပင်ဆိုးဆေးအသုံးပြုသူများရဲ့ ဆံပင်ဆိုရင် အစိမ်းရောင်သန်းသွားတယ်။ ရေကန်ထဲမ ဆင်းခင်၊ ဆံပင်ကိုပျော့ဆေး (Conditioner) အရင်ထည့်ပေးခြင်းက ဆံပင်မျာကြမ်းတမ်းခြောက်သွေ့ပြီး ပြတ် ထွက်ခြင်းမှအကာအကွယ်ပေးနိုင်မှာဖြစ်တယ်။ ရေကူးဦးထုပ်ဆောင်းခြင်းကလည်း အကာအကွယ်ပေးနိုင်ပါ တယ်။

(၅) လဟာပြင်မှ အားကစား (Outdoor Sports) – နေရောင်ခြည်ဒဏ် ကိုယ်ပေါ်ကိုတိုက်ရိုက်ကျရောက်စေတဲ့ လဟာပြင်ထဲက အားကစားနည်း ဥပမာ-တင်းနစ်ကစားခြင်းက ဆံပင်ကိုမီးကင်ထားသလိုဖြစ်စေလို့၊ ဦးထုပ် ဆောင်းသင့်ပါတယ်။ အားကစားလုပ်တာကြောင့် ချွေးထွက်လို့ဆံပင်ကို နေ့စဉ်လျှော်ဖြစ်တဲ့အခါ လေမှုတ်ကိရိ ယာကိုအမြဲတစေ အသုံးမပြုသင့်ပါ။ သဘာဝအတိုင်း ခြောက်ဖို့မလွယ်ကူလို့ လေမှုတ်ကိရိယာသုံးမယ်ဆိုရင်အ ကာအကွယ်ဖျန်းဆေး (Blow-dry Spray) လိမ်းပြီးမှ လေမှုတ်(Hair Drier) ပါ။ ရေနွေးငွေ့သုံးပြီး တစ်ကိုယ်လုံး ကိုပေါင်းခံမယ်ဆိုရင်လည်း ဆံပင်ကိုအစိုဓာတ်ရစေဖို့ ကွန်ဒီရှင်နာဆံပင်ပျော့ဆေးကို လိမ်းထားပေးနိုင်ပါတယ်။

(၆) ဆံပင်ကိုဆွဲချည်ခြင်း (Tying hair Bach) – ဆံပင်အရှည်ထားသူများဟာ ဆံပင်ကိုအနောက်ကိုတင်းတင်း ဆွဲပြီး စုစည်းထားလေ့ရှိခြင်းဟာ ဆံပင်ကိုကျွတ်စေပါတယ်။ အထူးသဖြင့် နဖူးကစလို့ ကျွတ်တတ်တယ်။ က လေးငယ်ဘဝမှာ ဆံပင်အရှည်ထားပေးပြီး စုချည်ခြင်းကလည်းနုနယ်တဲ့ ဦးရေပြားကိုထိခိုက်ပြီး ဆံပင်ကျွတ်စေ တတ်ပါတယ်။ ဆံပင်အထွက်ပါ နှေးကွေးစေပါတယ်။

(၇) နေ့စဉ်ယိုယွင်းပျက်စီးမှု (Daily Wear and Tear) – ဆံပင်ကို မကြာခဏကလစ်တွယ်ပြီး ထုံးဖွဲ့ရခြင်း၊ ဦးရေ ပြားကိုလက်နဲ့ကုတ်ခြစ်မိခြင်းအတွက် ဆံပင်သားကိုပျက်စီးစေပါတယ်။ လက်ချောင်းကလေးတွေကနေ တစ် ဆင့်ထွက်ရှိတဲ့ အက်ဆစ်ဓာတ်ဟာ ဆံယဉ်နုကလေးတွေကိုဖျက်စီးနိုင်တယ်။ ဦးရေပြားကိုမကြာခဏ ကုတ်ခြစ် ခြင်းကလည်း ဆီကြည်အိတ် (Sebum) ကိုနှိုးဆွမှုများနေလို့ ခေါင်းအဆီပြန်တဲ့နှုန်းများလာနိုင်ပါတယ်။

(၈) အသက်အရွယ် (Age) – အသက် (၃၀) ကျော် (၄၀)နှစ်အရွယ်ရောက်လာတယ်ဆိုရင် ဆံပင်ကရောင်ခြည် ဓာတ်ဖြစ်တဲ့ မယ်လနင် (Melanin) ထုတ်လုပ်မှုကျဆင်းလာလို့ အရောင်ပျက်ပြယ်လာတတ်ပါတယ်။ ဆံပင်အ ရောင်ထုတ်လုပ်မှုနည်းပြီး ဖြူလာတာနဲ့အတူ၊ ဆံပင်ရဲ့ကျုံ့ဆန့်အားဟာ လျော့ပါးသွားပြီမို့ အလွယ်တကူပြတ် ထွက်၊ ကျွတ်ထွက်တာမျိုးတွေဖြစ်လာပါတယ်။ ဆီကြည်အိတ် (Sebum) ကလည်းအဆီဓာတ်ခန်းလာပါတယ်။ သိပ္ပံပညာရှင်များကလည်း ဆံပင်မဖြူအောင်နည်းလမ်းများ ရှာဖွေနေဆဲပါ။ သည်အတောအတွင်း ဆံပင်ဆိုး ဆေးနဲ့ဆံပင်အဖြူများကို ဖုံးကွယ်ပေးနေရပါဦးမယ်။ အသက်ရလာရင် ဆံပင်ကိုခပ်တိုတိုညှပ်ထားခြင်းက ပြုစု ထိန်းသိမ်းရတာပိုမိုလွယ်ကူစေပါတယ်။

(၉) ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက်စဉ်ကာလ (Pregnancy & Breast Feeding) – ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေး ဖွားပြီးချိန်မှာ ဆံပင်သားကျန်းမာကြံ့ခိုင်မှုကို ထိခိုက်စေတတ်တယ်။ အပျိုကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း ဓာတ်ထုတ်လုပ်မှုကြောင့် ဆံပင်ကျွတ်နှုန်းတန့်သွားပြီး ဆံပင်ထူလာသယောင်ရှိစေတယ်။ ကိုယ်ဝန်ဆောင်မိခင် လောင်းရဲ့သွေးလှည့်ပတ်မှုများ ကောင်းမွန်ပြီး ဦးခေါင်းပိုင်းအထိရောက်ရှိလို့ ဆံပင်သားများတိုင်အောင် အာ ဟာရဓာတ်ပျံ့နှံ့ရောက်ရှိသွားတယ်။ သားဖွားပြီးချိန် သွေးသစ်လောင်းချိန်မှာ ဆံပင်တွေကျွတ်သွားလေ့ရှိကာ အချို့ဆံပင်သားပုံစံပါ ပြောင်းလဲသွားလေ့ရှိတယ်။ ဟော်မုန်းကြောင့်ဖြစ်ပါတယ်။

(၁၀) ဖျားနာခြင်း (Illness) – ဖျားနာတာကြောင့် သောက်ရတဲ့ဆေးဝါးရဲ့အာနိသင်က ဆံပင်သားကြီးထွားမှုကို ထိခိုက်စေတယ်။ ဖျားနာမှုတာရှည်တာနဲ့အမျှ ဓာတုဆေးဝါးတွေက ဟော်မုန်းဓာတ်ပြောင်းလဲစေပြီး ဆံပင်သား ကျွတ်သွား၊ လှီသွားတာမျိုးဖြစ်တတ်တယ်။ ဓာတုကုထုံး (ဓာတ်ကင်) ရင်ဆံပင်ကျွတ်ရုံသာမက ခေါင်းတုံးပြောင် ဖြစ်သွားနိုင်တယ်။ ဆံပင်ပြန်ပေါက်တဲ့ (Ice Cons) ကုထုံးရှိပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

နှလုံးနာကျင်မှု

Next Post

အနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အနာ

ကလေးများအရိုးကျိုးခြင်း

ကိုယ်ဝန်ဆောင်ခြင်းနှင့်လိင်ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.