fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အလှအပကိုပျက်စေတဲ့အမာရွတ် ဘယ်လိုဖြစ်သလဲ ဘယ်လိုကုမလဲ

36
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/07/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အလှအပကို ဖျက်ဆီးတဲ့ အမာရွတ်တွေ ဘယ်လိုဖြစ်သလဲ… မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

အလှအပဟာ ဒီနေ့ခေတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ အတွက်ရော အလုပ်လုပ်ကိုင်ရာမှာ အရေးပါလာတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။ ခန္ဓာကိုယ်အချိုးအစား သွင်ပြင်တွေ လှပဖို့ Gym တွဆော့လာကြ အစားအသောက်စားတဲ့ အခါမှာလည်း dieting တွေ လုပ်လာကြတယ်။ အသားအရေ လှပဖို့ အလှကုန်ပစ္စည်းတွေသာမက Skincare မျိုးစုံကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။

ဖက်ရှင်ကျကျ ဝတ်စားလာကြတာအခါမှာ အထိုက်အလျောက် အသားအရေကို ဖော်လွင်ပြီး ဝတ်ဆင်ရတာမျိုးတွေ ရှိလာတဲ့အတွက် တစ်ကိုယ်လုံးက အသားအရေချောမွတ်ကြည်လင်ဖို့ဟာ ဒီနေ့ခေတ်မှာ မိန်းကလေးတွေအတွက်ရော ယောကျာ်းလေးအတွက်ပါ အရေးပါလာပါတယ်။

အမာရွတ်တွေ ရှိနေခဲ့ရင် အဝတ်အစားဝတ်တဲ့အခါမှာ အလှပျက်တယ်လို့ ထင်ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် ခွဲစိတ်ကုသဖို့လိုတဲ့အခါမှာပဲဖြစ်ဖြစ် ‘ အမာရွတ်ကျန်မှာလား ‘ ဆိုတဲ့ မေးခွန်းကို အမေးများလာကြတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့တော့ အလှအပကို ဖျက်ဆီးတတ်တဲ့ အမာရွတ်တွေ ဘာကြောင့်ဖြစ်တယ် ဘယ်လိုမဖြစ်အောင်တက်နိုင်သလောက် ကာကွယ်မလဲ ဖြစ်ခဲ့ရင်လည်း ဘယ်လိုလျော့အောင် ပြန်လုပ်လို့ရနိုင်မလဲ ဆိုတာလေးတွေကို ဆွေးနွေးပေးသွားချင်ပါတယ်။

ကျွန်မတို့ လူ့ခန္ဓာကိုယ်ရဲ့အရေပြားမှာ အရေးအကြီးဆုံး အလွှာနှစ်လွှာ ပါပါတယ်။ သူတို့ကတော့ အပေါ်ယံ အရေပြားအလွှာဖြစ်တဲ့ epidermis နဲ့ အတွင်းအရေပြားအလွှာ dermis တို့ ဖြစ်ကြပါတယ်။ အတွင်းအရေပြားအလွှာ dermis ထဲမှာ ကျွန်မတို့ အသားအရေကို အစိုဓာတ်ပေးဖို့နဲ့ ကိုယ်တွင်းက အပူချိန်ကို လျော့ချပေးဖို့ အတွက် အရေးကြီးတဲ့ ချွေးဂလင်းတွေနဲ့ အမွှေးအိတ် (hair follicle) တွေ ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် အပူလောင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒဏ်ရာရသွားတဲ့အခါမှာ အပေါ်ယံ အရေပြားအလွှာဖြစ်တဲ့ epidermis လောက်အထိပဲ ပျက်ဆီးခဲ့တယ်ဆိုရင် အမာရွတ်ကျန်ခဲပါတယ်။ တကယ်လို့ အဲလိုမဟုတ်ဘဲ အတွင်းအရေပြားအလွှာ dermis ထိပါ ရောက်ခဲ့တယ်ဆိုရင်တော့ အရေပြားမှာ အမာရွတ် ကျန်သွားနိုင်ပါတယ်။

နောက်တစ်ခုကတော့ အတွင်းအရေပြားအလွှာ dermis မှာထိခိုက်ခဲ့ရင် hair follicle တွေပါ ပျက်ဆီးခဲ့ရင် အမွှေးအမျှင် မထွက်တာတွေပါ ရှိနိုင်ပါတယ်။ အရေပြားဆိုတဲ့ နေရာမှာ ဦးရေပြားပါ ပါဝင်ပါတယ်။ အမွှေးအမျှင် မပေါက်တာတွေဟာ တစ်ခြားသောနေရာတွေမှာဆို သိပ်မသိသာပေမဲ့ ဦးရေပြားမှာဖြစ်ခဲ့ရင်တော့ ဒုက္ခများရတတ်ပါတယ်။ တစ်ခါတလေ သိသိသာသာကြီးခဲ့ရင် ပိုဆိုးတတ်ပါတယ်။အလှအပကို ဖျက်ဆီးတတ်တဲ့ အမာရွတ်တွေကို တတ်နိုင်သမျှ မဖြစ်အောင် လျော့ချပေးလို့ ရပါတယ်။

သန့်သန့်ပြန့်ပြန့်ထိထားတဲ့ ဒဏ်ရာတွေဟာ အနားမညီ အပြင်ကဖုန်မှုန့်တွေ၊ ပိုးတွေဝင်ဖူးတဲ့ ဒဏ်ရာတွေနဲ့ နှိုင်းယှဉ်ရင် အနာကျက်ပိုလွယ်သလို အမာရွတ်ကျန်ခဲ့နိုင်ချေနှုန်းလည်း ပိုနည်းပါတယ်။ ရောင်ရမ်းနေတဲ့ အရေပြားမှာ အမာရွတ်ပိုဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဒဏ်ရာအနာတရတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် ပိုးမဝင်အောင် ဒဏ်ရာပိုမကြီးသွားအောင် လိုအပ်သလို သပ်သပ်ရပ်ရပ်ဆေးထည့် ပတ်တီးစည်းထားဖို့လိုပါတယ်။ ဆရာဝန်တွေ သွားပြဖို့ အနာကို ပုံမှန်ဆေးထည့် ပတ်တီးလဲဖို့ မှာကြားတဲ့အခါမှာလည်း ညွှန်ကြားချက်အတိုင်း လိုက်နာဖို့က အရေးကြီးပါတယ်။

တစ်ခါတစ်လေမှာတော့ အနာကျက်ပိုလွယ်အောင် ဆေးသောက်ခိုင်းတာ အစားစားခိုင်းတာမျိုးတွေ ရှိပါတယ်။ အရည်ရွှမ်းပြီး Vitamin C များတဲ့ အသီးအနှံမျိုးတွေဟာ အနာကို ကောင်းကောင်းကျက်စေနိုင်ပါတယ်။

နောက်တစ်ခုကတော့ တစ်ချို့သောအနာတွေဟာ အနာကျက်တဲ့အချိန်မှာ အနာဖီးဖြစ်ပြီး ယားလာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အနာကိုသွားကုတ်တာတွေ မလုပ်မိဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် အခန့်မသင့်ရင် ပိုးဝင်သွားနိုင်တဲ့ အတွက်ကြောင့်ပါပဲ။

အနာကို လေဝင်လေထွက်ကောင်းအောင် ဖွင့်ပေးဖို့လိုတယ်ဆိုပေမဲ့ နေရောင်ခြည်နဲ့ ပြင်းပြင်းထန်ထန် မထိတွေ့ဖို့တော့ လိုပါလိမ့်မယ်။ အခန့်မသင့်ရင် UV rays တွေကြောင့် အနာတစ်ဝိုက်မှာ မဲပြီးကျန်ခဲ့နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဆေးလိပ်သောက်တတ်တယ်ဆိုရင်လည်း အနာကျက်နှေးတဲ့အတွက် အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ အရက်သောက်တတ်တဲ့သူတွေမှာလည်း အရေပြားဟာခြောက်သွေ့နေနိုင်တဲ့အတွက် အမာရွတ်ပိုဖြစ်နိုင်ပါတယ်။

အမာရွတ်တွေဟာ နှစ်ပေါင်းများစွာ ကြာလာရင်တော့ သူ့အလိုလိုလည်း မှိန်လာတတ်ပါတယ်။ အမာရွတ်တွေ ပုံမှန်ထက်မြန်မြန် ပျောက်ချင်တယ်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ Gel တွေ အမာရွတ်ပျောက်ဆေးတွေ လိမ်းကြည့်လို့ရပါတယ်။ သဘာဝ သစ်သီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး ရှားစောင်းလက်ပတ် သံပရာရည်စတာလေးတွေကိုလည်း တစ်နေ့တစ်ကြိမ် လိုအပ်သလောက် စမ်းလိမ်းကြည့်နိုင်ပါတယ်။

အမာရွတ်အရမ်းကြီးတယ်လို့ Laser ကုထုံးတွေနဲ့ကုသလိုတယ်ဆိုရင်လည်း ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

ဒါဆိုအမာရွတ်နဲ့ပတ်သက်ပြီး တော်တော်တော့ သိသွားလောက်ပြီ ထင်ပါတယ်..
ကျန်းမာလှပသော အသားအရေ ပိုင်ဆိုင်နိုင်ကြပါစေရှင်…

Dr.မွှေး

Previous Post

မုဒိမ်းမှုနှင့် ဆေးပညာ

Next Post

ကိုယ်ဝန်ဆောင်မေမေများ နှင့် လိင်ဆက်ဆံမှု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
541
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
796

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်မေမေများ နှင့် လိင်ဆက်ဆံမှု

နဖူးပေါ်က ဝက်ခြံများ

အစာအိမ်အတွက်ဆေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.