fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေ ကို လှပစေဖို့ ကူညီပေးမဲ့ သဘာဝပစ္စည်းများ

130
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/08/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေ ကို လှပစေဖို့ ကူညီပေးမဲ့ သဘာဝပစ္စည်းများ

လှပတဲ့ မျက်နှာသွင်ပြင်နဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လူတိုင်းက လိုလားကြပါတယ်။

လှပတဲ့ သွင်ပြင်ကို ပိုင်ဆိုင်နိုင်ဖို့ အတွက် အပြင်သွားတဲ့အခါမှာပဲ ဖြစ်ဖြစ် ဓာတ်ပုံတွေရိုက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် မျက်နှာကို ခြယ်သ ပြင်ဆင်ဖို့အတွက်လည်း အချိန်ယူလာကြပါတယ်။ ဒီနေ့ခေတ်မှာ မိတ်ကပ်ပညာဟာလည်း အတော်တိုးတက်လာပါတယ်။ မိတ်ကပ်ပညာနဲ့ နဂို လှပတဲ့ ရုပ်ဆင်းသွင်ပြင်မရှိတဲ့ သူကိုတောင် လှပအောင်ပြင်ဆင်နိုင်တယ် ဆိုတာမျိုးတွေကို တွေ့လာရပါတယ်။

ဒါပေမဲ့ နဂိုအသားအရည်ကပါ လှပတယ်ဆိုရင်တော့ မိတ်ကပ်ခြယ်သပြီးတဲ့ အခါမှာ ပိုပြီးလှပသွားမှာ အမှန်ပါပဲ။ ဒီလိုအခါမျိုးတွေမှာ နဂိုအသားအရေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ဟာ အရေးကြီးလာပါတယ်။

အသားအရေ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် Skin care တံဆိပ်မျိုးစုံ ကိုအသုံးပြုကြတဲ့ အခါမှာ ကိုယ်ရဲ့ အသားအရေ နဲ့ လိုက်ဖက်တာတွေ ရှိသလို မတည့်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ထုတ်လုပ်တဲ့ Skin care တွေဟာ Natural product လို့ခေါ်တဲ့ သဘာဝ ပစ္စည်းတွေက ထုတ်လုပ်ထားတာ ဖြစ်နိုင်သလို တစ်ချို့ ကတော့ chemical product ဓါတုပစ္စည်းတွေ ပါတာမို့ နုနယ်တဲ့ အသားအရေ ရှိတဲ့သူတွေမှာ မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဝယ်ထားတဲ့ Skin care တွေကလည်း ဈေးကြီးတော့ ဆက်မသုံးဖို့ တွေးတော့လည်း နှမြောမိမှာ အမှန်ပါပဲ။

ဒါကြောင့် sensitive skin နုနယ်တဲ့ အသားအရေ ရှိတဲ့သူတွေဟာ သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းမယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သဘာဝ ပစ္စည်းတွေကို အသုံးပြုတဲ့အခါ ကိုယ့်အသားအရေနဲ့ မတည့်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်နိုင်ချေ နည်းသလို ဈေးလဲမကြီးတဲ့ အတွက် ကိုယ်နဲ့ မသင့်တော်လို့ ဆက်မသုံးချင်တဲ့ အခါမျိုးမှာလည်း အဆင်ပြေပါတယ်။

အသားအရေကို ထိန်းသိမ်းဖို့အတွက် သဘာဝပစ္စည်းမျိုးစုံ ရှိပါတယ်။

ဒီထဲကမှ အလွယ်တကူ ရရှိနိုင်သလို အသားအရည်ထိန်းသိမ်းတဲ့နေရာမှာ အပြောများတဲ့ သဘာဝပစ္စည်း ငါးမျိုးကို ပြောပြပေးပါမယ်။

၁) သံပရာသီး

သံပရာရည်ဟာ အသားအရည်ကို ချောမွတ်လှပစေတယ်လို့ အရင်ကတည်းက လူသိများကြပါတယ်။ အသင့်သုံး သနပ်ခါး ဘူးတွေနဲ့ တစ်ချို့သော အလှကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းကြပါတယ်။

သံပရာရည်မှာ ပါဝင်တဲ့ Citric acid ဟာ အသားအရေပေါ်က အမဲစက်တွေကို ဖယ်ရှားပေးနိုင်လို့ မျက်နှာကို ကြည်လင် ရှင်းသန့် တောက်ပစေမှာပါ။

ခပ်နွေးနွေး လက်ဖက်ရည်တစ်ဇွန်းစာ အုန်းဆီ အသန့်ထဲမှာ သကြားကြမ်း ကိုရောပြီး အပေါ်က သံပရာရည်ကို လောင်းထည့်ပေးပါ။ ဒါဆိုရင်တော့ အလုပ်ခွင်က ပြန်လာတဲ့ အခါမှာ အနားယူရင်း အသုံးပြုလို့ ရမဲ့ facial scrub ရလာပါလိမ့်မယ်။

၂) နနွင်း

ကိုယ်ဝန်ဆောင်တွေ မီးဖွားပြီးတဲ့ အချိန်မှာ ကျန်းမာလှပဖို့ အတွက် မီးတွင်းကထွက်ရင် ဆနွင်းလိမ်းရတယ်ဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။

ဆနွင်းကို ပဲမှုန့် နွားနို့ အစရှိတဲ့ ပစ္စည်းတွေနဲ့ အချိုးကျကျ ရောစပ်ပြီး မျက်နှာပေါင်းတင်တဲ့ အလှပြင်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့ အခါမှာ သန့်စင်တဲ့ ဆနွင်းကို ရဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဒီလို ပုံမှန်သုံးသွားပေးမယ်ဆိုရင်တော့ တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ။

၃) ဆန်ဆေးရည်

ဆန်ကို ဆေးပြီး ကျန်ခဲ့တဲ့ ဆန်ဆေးရေဟာလည်း အလွယ်တကူရရှိနိုင်သလို အသားအရေကို ထိန်းသိမ်းပေးနိုင်မဲ့  အဖိုးတန်သဘာဝပစ္စည်း ပါပဲ။ ဆန်ဆေးရည်နဲ့ နေ့စဉ် မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်လို့ ဝက်ခြံထွက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၄) အုန်းဆီ

အုန်းဆီဟာ ဆံပင်သန်စွမ်းတဲ့ အသုံးပြုတဲ့ သဘာဝပစ္စည်းအဖြစ် လူသိများပါတယ်။ အုန်းဆီဟာ ဆံကေသာအတွက်သာမက အသားအရေကို ထိန်းသိမ်းပေးဖို့အတွက်လည်း ကူညီပေးပါတယ်။ မျက်နှာနဲ့ ကိုယ်ပေါ်က အသားအရေတွေမှာ လိမ်ပေးခြင်းဖြင့် အစိုဓာတ်ထိန်းသိမ်းပေးဖို့ အတွက် ကူညီပေးနိုင်မှာ ဖြစ်သလို အသားအရေ ကို တင်းရင်းစေပါတယ်။

၅) လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း အရည်ကို မျက်နှာပေါ်မှာ လိမ်းရမယ်ဆိုတော့ ထူးဆန်းတယ်လို့ ခံစားနေရပါလိမ့်မယ်။ လက်ဖက်ရည်ကြမ်း သောက်ခြင်းဟာ ဝက်ခြံဖြစ်ပေါ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဟော်မုန်းဓာတ်မညီမျှမှုကို ထိန်းညှိပေးနိုင်သလို ဂွမ်းလုံးလေးတွေကို သုံးပြီး မျက်နှာပေါ်မှာ လက်ဖက်ရည်ကြမ်းအရည်ကို လိမ်းပေးမယ်ဆိုရင် မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနိုင်ပါတယ်။

ဒါတွေကတော့ အလွယ်တကူ ရရှိနိုင်တဲ့ အသားအရေကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ တည့်မတည့် စမ်းသပ်ကြည်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Dr. မွှေး

Unicode Version

 

 

 

 

 

Previous Post

ကျန်းမာစေဖို့ လမ်းလျှောက်ကြပါစို့

Next Post

လိင်အင်္ဂါသန့်ရှင်းရေး အထူးအလေးထား ဆောင်ရွက်ပေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်အင်္ဂါသန့်ရှင်းရေး အထူးအလေးထား ဆောင်ရွက်ပေး

အလှအပ ကို ဖျက်ဆီးတတ်တဲ့ ဝက်ခြံတွေ ကို ဘယ်လိုဖြေရှင်းကြမလဲ?

ကိုယ်ဝန်ဆောင်စဉ် အမျိုးသားနှင့် အတူနေရန် သင့်/မသင့်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.