fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အလှအပ ကို ဖျက်ဆီးတတ်တဲ့ ဝက်ခြံတွေ ကို ဘယ်လိုဖြေရှင်းကြမလဲ?

112
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အလှအပကို မြတ်နိုးလာတတ်တဲ့ ဆယ်ကျော်သက် အရွယ် လောက်ကစပြီး မျက်နှာ နဲ့ ချွေးထွက်များတဲ့ နေရာတွေမှာ ဝက်ခြံပေါက်တတ်တဲ့ ပြဿနာတွေ စဖြစ်လာတယ်။

ရိုးရိုးဝက်ခြံပေါက်တဲ့ အခါ သိပ်ပြီးတော့ စိတ်မညစ် ရသေးပေမဲ့ ဝက်ခြံတွေက ရောင်ရမ်းပြီး အမာရွတ်တွေ ကျန်ခဲ့တဲ့အခါ ဒုက္ခရောက်ရတော့တယ်။ အထူးသဖြင့် လူအများ မြင်လွယ်တဲ့ မျက်နှာလို နေရာမျိုးမှာ ကျန်ခဲ့တာဆိုရင် အပြင်ထွက်တာနဲ့ ဒီအမာရွတ်တွေကို ဖုံးကွယ်ဖို့ အထိ မိတ်ကပ်လိမ်းရတာ အစ အချိန်ပိုယူလာပါတယ်။

ဒါကြောင့် ဒီနေ့တော့ ဒီလိုမျိုး အလှအပကို ဖျက်ဆီးတတ်တဲ့ ဝက်ခြံတွေ အကြောင်း နဲ့ သူတို့မဖြစ်အောင် ကာကွယ် လို့ရတဲ့ နည်းလမ်းလေး တစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။

ဝက်ခြံ ပေါက်တဲ့ ပြဿနာဟာ အပျိုဖော် လူပျိုဖော် စဝင်တဲ့ မိန်းကလေး ယောင်္ကျားလေး အသက်အရွယ်တွေမှာ စဖြစ်ပြီး အသက် ၂၀ နဲ့ ၂၅ လောက် ရောက်တဲ့ အခါမှာ ဝက်ခြံပေါက်တာဟာ တဖြည်းဖြည်းနည်းသွားပါတယ်။ စားသောက်နေထိုင်တဲ့ ပုံစံပေါ် လိုက်ပြီး တစ်ချို့သော သူတွေမှာတော့ အသက် ၃၀ ကျော် အထိပါ ဝက်ခြ ံဖြစ်နိုင်ပါသေးတယ်။

ဝက်ခြံ ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ အဆီပြန်တာ များတာကြောင့် ပဲဖြစ်တယ်။ ဝက်ခြံတွေ ဘာကြောင့် အပျိုဖော်ဝင်စမှာ စဖြစ်ရတာလဲ လို့မေးရင် ခန္ဓာကိုယ်က ဇီဝဖြစ်စဉ် အတော်များများကို ထိန်းချုပ်ရာမှာ ပါဝင်တဲ့ မျိုးပွားဟော်မုန်းတွေဟာ အပျိုဖော်ဝင်စမှာ ကိုယ်တွင်းမှာ စတင်များလာလို့ လို့ဆိုရမှာပါပဲ။

ဟော်မုန်း ဓာတ်တွေဟာ အရေပြားမှာ အဆီဓာတ်ထွက်တာ နည်းတာ များတာတွေကို ဖြစ်စေပါတယ်။ Androgen နဲ့  Progestogens ဟော်မုန်းတွေဟာ အရေပြားမှာ အဆီထွက်ခြင်းကို ဖြစ်စေပြီး မဟော်မုန်း လို့ ဆိုနိုင်တဲ့ Oestrogen ဟော်မုန်းကတော့ အဆီထွက်တာကို လျော့ချပေးပါတယ်။

နောက်အကြောင်းရင်း တစ်ခုကတော့ အဆီဓာတ် ထွက်တဲ့ ချွေးဂလင်းတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာကြောင့် ပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယား ပေါက်ဖွားမှုကြောင့် ဖြစ်ရတဲ့ ဝက်ခြံတွေဟာ ရောင်ရမ်းနေတတ်ပါတယ်။ ရောင်ရမ်းတဲ့ ဝက်ခြံတွေဟာလည်း အမာရွတ်ကို ပိုမို ဖြစ်စေပါတယ်။

မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်ရှင်းရေး ပုံမှန်မလုပ်ပေးနိုင်တဲ့ အခါမှာ ဒီလို ဘက်တီးရီးယား ကြောင့် ဖြစ်တဲ့ ဝက်ခြံမျိုး ပိုဖြစ်တတ်ပါတယ်။

ဝက်ခြံတွေ ရဲ့ လက္ခဏာ

ဝက်ခြံပေါက်တဲ့ အခါမှာ မျက်နှာပေါ်မှာသာ မကဘဲ ကိုယ်အပေါ်ပိုင်း ချွေးထွက်များတဲ့ နေရာတွေမှာပါ ဖြစ်နိုင်ပါတယ်။ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို တစ်ခါတစ်ရံ blackheads အနေနဲ့ မြင်ရတတ်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ဝက်ခြံပေါက်တဲ့ အရေပြားအနီးနား တစ်ဝိုက်မှာ ရောင်ရမ်းနေတာတွေကို လည်း တွေ့ရတတ်ပါတယ်။ ဒါဟာ ချွေးပေါက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်နိုင်သလို ဝက်ခြံတွေကို မသန့်ရှင်းတဲ့ လက်တွေနဲ့ သွားကိုင်လိုက်မိရာက ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဖျားတာ နဲ့ ကိုယ်လက်ကိုက်ခဲတဲ့ လက္ခဏာတွေဟာ ဝက်ခြံ အပြင်းအထန် ပေါက်တဲ့ အခါမှာ တွေ့နိုင်ပါတယ်။ ဒီလို မျိုးအထိ ဖြစ်လာပြီဆိုရင် ဆရာဝန်ကို သွားပြသင့်ပါတယ်။

ကိုယ်တိုင် ကာကွယ်ဖို့

၁) အဆီဓာတ် ထွက်တာ များတယ်လို့ ခံစားရရင်တော့ အဆီဓာတ်ကို လျော့ချပေးမယ့် အလှကုန်ပစ္စည်းတွေကို စမ်းသုံးကြည့်လို့ ရပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ချင့်ချိန် သုံးဖို့တော့ လိုအပ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အသားအရေ ခြောက်သွေ့ပြီး တခြား အရေပြား ပြဿနာတစ်ခု ထပ်ဖြစ်ပါလိမ့်မယ်။

၂)   မျက်နှာ ကို တစ်နေ့ နှစ်ကြိမ်လောက် စိတ်ရှည်ရှည်နဲ့ သန့်ရှင်းရေး လုပ်ပေးမှသာ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရတယ်ဆိုရင် လက်ကိုလည်း ဂရုတစိုက် ဆေးပေးနေရပါမယ်။

မသန့်ရှင်းတဲ့ လက်တွေနဲ့ မျက်နှာကို မကြာခဏ ကိုင်မိတဲ့ အခါ ဝက်ခြံတွေ ဖြစ်လာနိုင်တဲ့ အတွက်ပါပဲ။

Author : Dr.မွှေး

Previous Post

လိင်အင်္ဂါသန့်ရှင်းရေး အထူးအလေးထား ဆောင်ရွက်ပေး

Next Post

ကိုယ်ဝန်ဆောင်စဉ် အမျိုးသားနှင့် အတူနေရန် သင့်/မသင့်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ် အမျိုးသားနှင့် အတူနေရန် သင့်/မသင့်

ကိုယ်ဝန်ဆောင် ချိန်ှဗိုက် အကြောပြတ်ခြင်း

ရင်ခဏခဏတုန်တဲ့အမျိုးသမီးတွေ ဘာဖြစ်တတ်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.