သဘာဝအတိုင်း နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်ဖို့
ကောက်လိုက် ဖြောင့်လိုက် တို့ဆံပင်တွေ ဘယ်သူအတွက်လဲ ချစ်အတွက်ပါပဲ ဟူ၍ အမျိုးမျိုးသောပြုပြင်မှုတွေကြောင့် သင်ဆြံပင်ပါးလာသည်ကို ကြည့်ရတာစိတ်ပျက်စရာပါ။ အထူးသဖြင့် ဆံပင်စုစည်းသောအခါ ဆံပင်နားသန်ထောင့်လေးနားမှာ ဆံပင်ကျွတ်၍ ပါးနေသည်မှာ ကြည့်ရအလွန်ဆိုးပါတယ်။
အဆိုပါ ဆံပင်ထောင့်နေရာပါးနေသည်ကို သဘာဝအတိုင်း ပြန်အားဖြည့်ပေါက်လာအောင်
ဘယ်လိုနည်းသုံးသင့်သလဲ အဖြေရှာနေသူများအတွက် ရိုးရှင်းသောနည်းများ ဖော်ပြလိုက်ပါတယ်။
ဆံပင်ကျွတ်ခြင်းသည် အမျိုးသားရော အမျိုးသမီးများပါဖြစ်နိုင်သော်လည်း အများအားဖြင့်အမျိုးသားများသည် ထိပ်ပြောင်တတ်၍ အမျိုးသမီးများသည် ဆံပင်နားသန်ထောင့်နားလေးများပါးလာတတ်ပါတယ်။
(1) ဖြစ်စေသော အကြောင်းရင်းများမှာ
– မျိုးရိုးဗီဇကြောင့် ဖြစ်စေခြင်း
– ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်ခြင်း
– ဆံပင်ပြုပြင်ခြင်း
– ဟော်မုန်းမညီမျှခြင် းစသည်တို့ကြောင့် အဖြစ်များပါတယ်။
(2) သဘာဝနည်းလမ်းများဖြင့် ဆံပင်ပြန်လည်ပေါက်၍ သန်စွမ်းစေနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
– သံလွင်ဆီ
သံလွင်ဆီသည် အလှအပအတွက် အမျိုးမျိုးအဖုံဖုံအသုံးဝင်သော အဆီဖြစ်ပါတယ်။ သံလွင်ဆီ အနည်းငယ်ကို အပူပေးကာ ဦးရေပြားကို လိမ်းခြယ်နှိပ်နယ်ပေးပါ။ ဆံပင်နားသန်ထောင့်နေရာ အဓိကထားပါ။ ၁၅ မိနစ်ခန့် ပွတ်လိမ်းပေးပါ။ ထို့နောက် တနေကုန်ထားလိုက်ပါ။ အလုပ်မှအပြန် သံလွင်ဆီအနည်းငယ်နှင့် ထပ်မံပွတ်လိမ်းပြီးနောက် ရေအေးဖြင့်ဆေးချပေးပါ။ သံလွင်ဆီဖြင့် နှိပ်နယ်ပေးမှုကြောင့် ဆံပင်အမွှေးပေါက်များကို လှုံဆော်မူပေးကာ သွေးလည်ပတ်မူအားကောင်း၍ ဆံပင်များ ပြန်လည်ထူထပ်လာပါလိမ့်မယ်။ တစ်ပတ်လျှင် ၂ – ၃ ကြိမ်ပြုလုပ်ပါ။
– ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အသားကို ခြစ်ယူကာ ဆံပင်တစ်ခုလုံး သုတ်လိမ်းပေးပါ။ တစ်နာရီခန့်အကြာ ခေါင်းလျော်ရည်အပျော့ဖြင့် လျော်ချလိုက်ပါ။ ရှားစောင်းလက်ပတ်တွင် ပါဝင်သော
ဆံပင်သန်စွမ်းစေသေ ာဗီတာမင် A; B; C နဲ့ E ကြောင့် ဆံပင်အာဟာရပြည့်ကာ ပြန်လည်သန်စွမ်းလာပါလိမ့်မယ်။ တစ်ပတ် ၃ – ၄ ကြိမ်ပြုလုပ်ပါ။
– ကြက်သွန်နီ
သင့်မီးဖိုချောင်ထဲက ကြက်သွန်နီသည်လည်း သင့်ဆံပင်အတွက် အထူးကောင်းမွန်သည်ကို မမေ့ပါနဲ့။ ကြက်သွန်နီကို အရည်ညစ်ကာ ဆံပင်နားသန်ထောင့် ပါးသောနေရာကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ခေါင်းလျော်ရည်အပျော့ဖြင့် လျော်ပါ။ ကြက်သွန်နီတွင် ဆာဖာလ်ပါဝင်မှုများေကြောင့် ဆံပင်ကျွတ်စေသော ပိုးမွှားများသေစေနိုင်သည့်အပြင် သွေးလည်ပတ်မှုကောင်းကာ ဆံပင်ပြန်လည်ထူးလာနိုင်ပါတယ်။
– လက်ဖက်စိမ်း
လက်ဖက်စိမ်းခြောက်နှစ်ထုပ်ကို ဖျော်ပါ။ ပြီးနောက်အအေးခံကာ ဦးရေပြားနှင့် ဆံပင်တခုလုံး သုတ်လိမ်းပေးပါ။ မိနစ် ၃၀ အကြာ ရေဆေးချပါ။ လက်ဖက်စိမ်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဦးရေပြားဆဲလ်များ ပျက်ဆီးခြင်းကို ကာကွယ်ပြီး ကျန်းမာသန်စွမ်းသော ဆံပင်များ ပြန်လည်ရရှိစေနိုင်ပါတယ်။
– အားလူးပြုတ်ရည်
အရွယ်အနေတော်အားလူး ၂ လုံးအလုံးအတိုင်းကို ရေထဲထည့်ပြုတ်ကာ ရရှိလာသော အားလူးပြုတ်ရည်ကို အအေးခံပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျော်ပါ။ နောက်ဆုံးတွင် အဆိုပါ အာလူးပြုတ်ရည်နှင့် ခေါင်းလျော်လိုက်ပါ။ အားလူးတွင်ပါဝင်သော vit B; vit C ; ဇင့်နှင့် နာရာစင် တို့ကြောင့် ဆံပင်များ အာဟာရပြည့်ကာ ကျန်းမာသန်စွမ်းစေပါတယ်။
– အုန်းဆီ
သဘာဝအုန်းဆီ အသုံးပြုသူနည်းလာသောကြောင့် အဆိုပါနည်းပါ ထည့်သွင်းရေးသားလိုက်ပါတယ်။ အုန်းဆီကို အနည်းငယ်နွေးအောင်ပြုလုပ်၍ တစ်ခေါင်းလုံးရွှဲအောင် ပြုလုပ်ပေးပါ။ မိနစ် ၃၀ အကြာ ရေးဆေးချလိုက်ပါ။ အုန်းဆီတွင်ပါဝင်သော Fatty acid သည် ဦးရေပြားအားဖြည့်ကာ ဆံသားများပျော့ပြောင်း နူးညံ့စေပါတယ်။ ပိုးစေနိုင်သောကြောင့် ဆံပင်များ ကျန်းသန်စွမ်းစေပါတယ်။
အထက်ပါ လွယ်ကူသက်သာ ဘေးအန္တရာယ်ကင်းစေသော သဘာဝနည်းလမ်းများကို တစ်ပတ်လျှင် ၂ ကြိမ် ၃ ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းမႈကို ပြန်လည်ရယူလိုက်ပါ။
Dr.ပြည့်ရှင်း