(Zawgyi)
ဇီဝက တစ္ေယာက္ မိမိရဲ႕ ေဆးခန္းေလးတြင္ လူနာေတြ ဇယ္ဆက္သလို ၾကည့္ၿပီး နားမည္ အျပဳ။ “ဆရာ ရွိလား” ဟူေသာ အေမးႏွင့္ မိန္းမပ်ိဳႏွစ္ဦး
အခန္းထဲ ဝင္လာ၏ ။
“ဘယ္သူမ်ားလဲ မွတ္တယ္ ၊ဝတ္ဆန္တို႔ကိုး ။”
ဝတ္ဆန္ ။ ။ ဟုတ္ ၊ဆရာ။ကြၽန္မ ညီမေလး ေလ ဆားဝက္ၿခံေပါက္ေနတာ
ေတာ္ေတာ္ၾကာၿပီ ။အဲတာ ဟိုဟာလိမ္း ၊ဒီဟာလိမ္းနဲ႔ မေပ်ာက္ဘူး
သူလည္း အဲ့အတြက္နဲ႔ပဲ ေက်ာင္းေတာင္ မသြားႏိုင္ဘူး ။
ဇီဝက ။ ။ ေဟ ။ျပစမ္းပါဦး ။
ၾကည့္ၿပီးေနာက္
ဇီဝက ။ ။ဆားဝက္ၿခံေတာ့ မွန္တယ္ကြ ။သိပ္ေတာ့ အဆိုးႀကီး အဆင့္ထဲ
မပါေသးဘူး ။ျဖစ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ ။
ဝတ္ဆန္ ။ ။ ၄-၅ လေလာက္ေတာ့ရွိၿပီ ဆရာ ။
ဇီဝက ။ ။ တျခားဘာျဖစ္ေသးလဲ ။
ဥပမာ-ယားတာ ၊နာတာ ေပါ့ကြာ ။
ဝတ္ဆန္။ ။ ဝတ္မႈန္ေျပာျပလိုက္ေလ ။
ဝတ္မႈန္ ။ ။ တျခားေတာ့ ဘာမွ မျဖစ္ဘူး ဆရာ ။
သမီးလည္း သနပ္ခါးေလး လိမ္းလိုက္ ၊ဟိုေဆးေလး လိမ္းလိုက္နဲ႔
မသက္သာလို႔ ။
ဇီဝက ။ ။ ညည္း မျဖစ္ခင္က ဘာမိတ္ကပ္ေတြသုံးေသးလဲ ၊အဆီပါတဲ့ဟာမ်ိဳး
သုံးလား ။ဝက္ၿခံကိုေရာ ညႇစ္ေသးလား ။
ဝတ္မႈန္ ။ ။ အဲ့တာေတာ့ သတိမထားမိဘူး ဆရာ ။
ဝက္ၿခံကိုေတာ့ ညႇစ္မိတယ္ ။
ဇီဝက ။ ။ ညီမ ခံစားေနရတာက ဝက္ၿခံအမ်ိဳး အစားထဲက တစ္မ်ိဳးျဖစ္တဲ့
ဆားဝက္ၿခံေပါ့ကြယ္ ။Black Heads လို႔လည္းေခၚတယ္။
အထူးသျဖင့္ အဆီထြက္တဲ့ မ်က္ႏွာ ၊လည္ပင္း ၊ရင္ဘက္ ၊ေက်ာ ၊
ပုခုံးတို႔မွာ အျဖစ္မ်ားတယ္ ။
ဝတ္ဆန္ ။ ။ ဆားဝက္ၿခံက ဘာေၾကာင့္ျဖစ္တာလဲ ၊ဆရာ ။
ဇီဝက ။ ။ အဓိက ကေတာ့ အဆီထြက္တဲ့ လမ္းေၾကာင္းေတြ ပိတ္လို႔ျဖစ္တာေပါ့
အထူးသျဖင့္ ဟိုမုန္းလ္ အေျပာင္းအလဲမ်ားတဲ့ ဆယ္ေက်ာ္သက္
အ႐ြယ္ကေလးေတြ ၊အဆီပါတဲ့ Oily based မိတ္ကပ္ေတြ သုံးတဲ့သူ
ေတြ မွာ ပိုျဖစ္တတ္တယ္။
အဲ့လိုပိတ္ေတာ့ အဆီေတြ ကစုၿပီး ေဖာင္းလာတာေပါ့ ။
တခ်ိဳ႕ကေတာ့ ေလဟာျပင္နဲ႔ေတြ႕ၿပီး ဓာတ္ျပဳကာ မည္းသြားၿပီး ဆား
ဝက္ၿခံရယ္လို႔ ျဖစ္သြားတယ္ ။တခ်ိဳ႕ကေတာ့ အေရျပားကပဲ ဖုံးထား
ၿပီး ႐ိုး႐ိုး ဝက္ၿခံ White Heads ရယ္လို႔ျဖစ္သြားတယ္ ။
ဝတ္မႈန္ ။ ။ ဘယ္လိုကုသရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ဆားဝက္ၿခံ အတြက္ ကပ္ခြာေလးေတြ ရွိတယ္ ။
မ်က္ႏွာသစ္ေဆး ၊အထူးသျဖင့္ clay based ပါတာနဲ႔သစ္ ။
မ်က္ႏွာလိမ္းေဆးကိုလည္း clay based ပါတာ လိမ္း ။
မ်က္ႏွာေပါင္းတင္ရင္လည္း clay based ပါတာနဲ႔ ေပါင္းတင္ေပါ့ ။
ဝတ္ဆန္ ။ ။ ဘာေတြ သတိထားဖို႔လိုလည္း ဆရာ ။
ဇီဝက ။ ။ ဆားဝက္ၿခံ ကို လက္နဲ႔ မညႇစ္ပါနဲ႔ ၊မဆိတ္ပါနဲ႔ ။
ဘာလို႔လဲ ဆိုရင္ အေရျပားေပၚက ဘတ္တီးရီးယားပိုးေတြ ဝင္ၿပီး
ပိုဆိုးသြားႏိုင္တယ္ ။
မ်က္ႏွာကိုလည္း အရမ္း ေဆးေၾကာသန႔္စင္ျခင္းမလုပ္မိေစနဲ႔ ။
ဘာလို႔လဲ ဆိုရင္ လိုအပ္တဲ့ အဆီေတြမရွိဘဲ မ်က္ႏွာအေရျပားကို
ဆြမိသလိုျဖစ္ၿပီး ပိုးေတြ ဝင္ႏိုင္တယ္ ။
Oily based ပါေသာ မိတ္ကပ္ခရင္မ္ေတြေရွာင္ပါ ။
သနပ္ခါးကို ထူပိန္းေအာင္ မလိမ္းပါနဲ႔ ။
ဆားဝက္ၿခံေတြ ပိုမ်ား ၊ပိုႀကီးလာ ၊နာတာ ၊ယားတာ ၊ျပည္တည္တာ
ရွိရင္ လိမ္းေဆးေတြ ေျပာင္းဖို႔လိုမယ္ ။လိုအပ္ရင္ ပိုးသတ္ေဆးေတြ
ပါေသာက္ရလိမ့္မယ္ ။
ဟုတ္ၿပီေနာ္ ၊ေရွ႕မွာ လိမ္းေဆးေလး ယူသြား ။
ဆရာ ေျပာတဲ့ အခ်က္ေတြ ရွိရင္ ျပန္လာျပ ။
ဟုတ္ၿပီလား ။
ဝတ္မႈန္ ။ ။ ဟုတ္ကဲ့ပါဆရာ ။ ခုလို ရွင္းျပေပးလို႔ ေက်းဇူးတင္ပါတယ္။
Author – ေခတ္သစ္ဇီဝက
(Unicode)
ဇီဝက တစ်ယောက် မိမိရဲ့ ဆေးခန်းလေးတွင် လူနာတွေ ဇယ်ဆက်သလို ကြည့်ပြီး နားမည် အပြု။ “ဆရာ ရှိလား” ဟူသော အမေးနှင့် မိန်းမပျိုနှစ်ဦး
အခန်းထဲ ဝင်လာ၏ ။
“ဘယ်သူများလဲ မှတ်တယ် ၊ဝတ်ဆန်တို့ကိုး ။”
ဝတ်ဆန် ။ ။ ဟုတ် ၊ဆရာ။ကျွန်မ ညီမလေး လေ ဆားဝက်ခြံပေါက်နေတာ
တော်တော်ကြာပြီ ။အဲတာ ဟိုဟာလိမ်း ၊ဒီဟာလိမ်းနဲ့ မပျောက်ဘူး
သူလည်း အဲ့အတွက်နဲ့ပဲ ကျောင်းတောင် မသွားနိုင်ဘူး ။
ဇီဝက ။ ။ ဟေ ။ပြစမ်းပါဦး ။
ကြည့်ပြီးနောက်
ဇီဝက ။ ။ဆားဝက်ခြံတော့ မှန်တယ်ကွ ။သိပ်တော့ အဆိုးကြီး အဆင့်ထဲ
မပါသေးဘူး ။ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ ။
ဝတ်ဆန် ။ ။ ၄-၅ လလောက်တော့ရှိပြီ ဆရာ ။
ဇီဝက ။ ။ တခြားဘာဖြစ်သေးလဲ ။
ဥပမာ-ယားတာ ၊နာတာ ပေါ့ကွာ ။
ဝတ်ဆန်။ ။ ဝတ်မှုန်ပြောပြလိုက်လေ ။
ဝတ်မှုန် ။ ။ တခြားတော့ ဘာမှ မဖြစ်ဘူး ဆရာ ။
သမီးလည်း သနပ်ခါးလေး လိမ်းလိုက် ၊ဟိုဆေးလေး လိမ်းလိုက်နဲ့
မသက်သာလို့ ။
ဇီဝက ။ ။ ညည်း မဖြစ်ခင်က ဘာမိတ်ကပ်တွေသုံးသေးလဲ ၊အဆီပါတဲ့ဟာမျိုး
သုံးလား ။ဝက်ခြံကိုရော ညှစ်သေးလား ။
ဝတ်မှုန် ။ ။ အဲ့တာတော့ သတိမထားမိဘူး ဆရာ ။
ဝက်ခြံကိုတော့ ညှစ်မိတယ် ။
ဇီဝက ။ ။ ညီမ ခံစားနေရတာက ဝက်ခြံအမျိုး အစားထဲက တစ်မျိုးဖြစ်တဲ့
ဆားဝက်ခြံပေါ့ကွယ် ။Black Heads လို့လည်းခေါ်တယ်။
အထူးသဖြင့် အဆီထွက်တဲ့ မျက်နှာ ၊လည်ပင်း ၊ရင်ဘက် ၊ကျော ၊
ပုခုံးတို့မှာ အဖြစ်များတယ် ။
ဝတ်ဆန် ။ ။ ဆားဝက်ခြံက ဘာကြောင့်ဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ အဓိက ကတော့ အဆီထွက်တဲ့ လမ်းကြောင်းတွေ ပိတ်လို့ဖြစ်တာပေါ့
အထူးသဖြင့် ဟိုမုန်းလ် အပြောင်းအလဲများတဲ့ ဆယ်ကျော်သက်
အရွယ်ကလေးတွေ ၊အဆီပါတဲ့ Oily based မိတ်ကပ်တွေ သုံးတဲ့သူ
တွေ မှာ ပိုဖြစ်တတ်တယ်။
အဲ့လိုပိတ်တော့ အဆီတွေ ကစုပြီး ဖောင်းလာတာပေါ့ ။
တချို့ကတော့ လေဟာပြင်နဲ့တွေ့ပြီး ဓာတ်ပြုကာ မည်းသွားပြီး ဆား
ဝက်ခြံရယ်လို့ ဖြစ်သွားတယ် ။တချို့ကတော့ အရေပြားကပဲ ဖုံးထား
ပြီး ရိုးရိုး ဝက်ခြံ White Heads ရယ်လို့ဖြစ်သွားတယ် ။
ဝတ်မှုန် ။ ။ ဘယ်လိုကုသရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ဆားဝက်ခြံ အတွက် ကပ်ခွာလေးတွေ ရှိတယ် ။
မျက်နှာသစ်ဆေး ၊အထူးသဖြင့် clay based ပါတာနဲ့သစ် ။
မျက်နှာလိမ်းဆေးကိုလည်း clay based ပါတာ လိမ်း ။
မျက်နှာပေါင်းတင်ရင်လည်း clay based ပါတာနဲ့ ပေါင်းတင်ပေါ့ ။
ဝတ်ဆန် ။ ။ ဘာတွေ သတိထားဖို့လိုလည်း ဆရာ ။
ဇီဝက ။ ။ ဆားဝက်ခြံ ကို လက်နဲ့ မညှစ်ပါနဲ့ ၊မဆိတ်ပါနဲ့ ။
ဘာလို့လဲ ဆိုရင် အရေပြားပေါ်က ဘတ်တီးရီးယားပိုးတွေ ဝင်ပြီး
ပိုဆိုးသွားနိုင်တယ် ။
မျက်နှာကိုလည်း အရမ်း ဆေးကြောသန့်စင်ခြင်းမလုပ်မိစေနဲ့ ။
ဘာလို့လဲ ဆိုရင် လိုအပ်တဲ့ အဆီတွေမရှိဘဲ မျက်နှာအရေပြားကို
ဆွမိသလိုဖြစ်ပြီး ပိုးတွေ ဝင်နိုင်တယ် ။
Oily based ပါသော မိတ်ကပ်ခရင်မ်တွေရှောင်ပါ ။
သနပ်ခါးကို ထူပိန်းအောင် မလိမ်းပါနဲ့ ။
ဆားဝက်ခြံတွေ ပိုများ ၊ပိုကြီးလာ ၊နာတာ ၊ယားတာ ၊ပြည်တည်တာ
ရှိရင် လိမ်းဆေးတွေ ပြောင်းဖို့လိုမယ် ။လိုအပ်ရင် ပိုးသတ်ဆေးတွေ
ပါသောက်ရလိမ့်မယ် ။
ဟုတ်ပြီနော် ၊ရှေ့မှာ လိမ်းဆေးလေး ယူသွား ။
ဆရာ ပြောတဲ့ အချက်တွေ ရှိရင် ပြန်လာပြ ။
ဟုတ်ပြီလား ။
ဝတ်မှုန် ။ ။ ဟုတ်ကဲ့ပါဆရာ ။ ခုလို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။
Author – ခေတ်သစ်ဇီဝက