fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမာရွတ်ပျောက်စေတဲ့ အိမ်တွင်းဆေးနည်းများ

7.7k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

လူတိုင်းသည် မိမိတွင်အမာရွတ်ရှိသည်ကို မနှစ်မြို့ကြပါ။ အမာရွတ်သည် ဒဏ်ရာရလို့ဖြစ်စေ။ ဝက်ခြံ၊ အကောင်ကိုက်လို့ ဖြစ်စေ ရရှိနိုင်ပါတယ်။ အထူးသဖြင့် အခြားသူ အလွယ်တကူတွေ့နိုင်သော မျက်နှာ၊ လက်တို့တွင်ရှိပါက ဖျောက်ဖျက်ရန် အမြဲတစေကြိုးစားကြပါတယ်။ အမာရွတ်ပျောက်ရန် အိမ်တွင်းဆေးမြီတိုနည်းလေးများ လက်ဆင့်ကမ်းဝေမျှလိုက်ပါတယ်။

အမာရွတ်မဖျောက်ခင် အမာရွတ်အကြောင်းလေး သိသင့်ပါတယ်။ အမာရွတ်ဖြစ်စေသော အကြောင်းရင်းပေါ်မူတည် ကွဲပြားပါတယ်။

– ချိုင့်ခွက်ကဲ့သို့ အမာရွတ်
ကုတ်ဖဲ့သောကြောင့် ချိုင့်ခွက်ကဲ့သို့ဖြစ်နေသောအမာရွတ်

– ကီးလွိုက်အမာရွတ်
အမဲရောင် ကြီးမာသော အဖုအလုံးကဲ့သို့ ကြည့်ရရုပ်ဆိုးသော အမာရွတ်

– အဖုလိုဖြစ်နေသော အမာရွတ်
အများဆုံးဖြစ်တတ်သော အမာရွတ်အမျိုးအစား ဖြစ်ပါတယ်။

အမာရွတ်သည်ဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်၍ ပုံစံအမျိုးမျိုး ကွဲပြားခြားနားတတ်ပါတယ်။ နည်းလမ်းများသည်လည်း အချိန်အတိုင်အတာတစ်ခုထိ ပြုလုပ်ရန် လိုအပ်ပါတယ်။

(1) လိမ္မော်ရည်

ပထမဦးဆုံးအနေဖြင့် အမာရွတ်အနီးတဝိုက်ကို သန့်စင်အောင်ပြုလုပ်ပါ။ ညှစ်ထားသော လိမ္မော်ရည်ထဲကို ဂွမ်းလုံးအသန့်ကိုနှစ်၍ အမာရွတ်ကိုတို့ပေးပါ။ ဆယ်မိနစ်ခန့်အကြာထားပြီး ရေသေချာဆေးချပါ။ တနေ့ ၂ ကြိမ်ပြုလုပ်ပေးပါ။ လိမ္မော်ရည်တွင် ပါဝင်သော AHA အက်ဆစ်သည် မကောင်းသောဆဲလ်များ ဖယ်ရှားပေးပြီး အမာရွတ်ကို သဘာဝနည်းဖြင့် ချွတ်ပေးသောကြောင့် အမာရွတ်သည် ထင်ရှားမှုလျော့ကာ အချိန်အတန်ကြာလျှင် ပျောက်ကင်းစေနိုင်ပါတယ်။

(2) ပျားရည်

ပျားရည်နှင် မုန့်ဖုတ်ဆော်ဒါကို ရောမွှေပါ။ ပြီးလျှင် အမာရွတ်ပေါ် သုတ်လိမ်းပေးပါ။ ထို့နောက် ပေါင်းထားသော အပူငွေ့ရှိသော သဘက်စကို အဆိုပါနေရာတွင် အုပ်ထားပါ။ သဘက်စ အေးလျှင် အဆိုပါနေရာကို သုတ်ချ၍ သန့်ရှင်းရေး ပြုလုပ်ပေးပါ။ တနေ့ ၂ ကြိမ်ပြုလုပ်ပေးပါ။ အဆိုပါနည်းသည် ပျားရည်တွင်ရှိသော နုပျိုစေသေ ာအစွမ်းသည် တစ်ရှုးများအသစ်ပြန်ဖြစ်ရန် အားပေးပြီး မုန့်ဖုတ်ဆော်ဒါသည် ဆဲလ်အသေများဖယ်ရှားကာ ချောမွေ့သော အသားအရေ ပြန်လည်ရရှိစေနိုင်ပါတယ်။

(3) ကြက်သွန်နီ

ကြက်သွန်နီကို ပါးပါးလှီးအရည်ညစ်ပါ။ ကြက်သွန်နီ အရည်ကို အမာရွတ်ပေါ်သို့ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့် အခြောက်ခံပါ။ ရေဆေးချပါ။ ကြက်သွန်နီတွင် ပါဝင်သော
အရောင်ကျစေသောအစွမ်းနှင့် ကိုလက်ဂျင်ထုတ်မှုတားစေသောအစွမ်းတို့ကြောင့် အမာရွတ်သည် တဖြေးဖြေး ပါးလာပါလိမ့်မယ်။ တနေ့ ၃ ကြိမ်ပြုလုပ်ပေးပါ။

(4) ရှာစောင်းလက်ပတ်

ရှာစောင်းလက်ပတ်အစေးကို အမာရွတ်အပေါ် သုတ်လိမ်းပေးပါ။ ၎င်းတွင်ပါဝင်သော အရေပြားဆဲလ်အသစ်ဖြစ်တည်မှုကို အားပေးသော အစွမ်းကြောင့် အရေပြားညစ်ညမ်းမှု သက်သာစေပါတယ်။ နေ့စဉ် ၃ ကြိမ်ပြုလုပ်ပေးပါ။

(5) Goose ဘယ်ရီ ပေါင်ဒါ

Goose ဘယ်ရီ ပေါင်ဒါမူန့်ကို သံလွင်ဆီရောပြီး အမာရွတ်ပေါ် သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပါ။ ရေဆေးချပေးပါ။ တစ်ရက်ခြား ပြုလုပ်ပေးပါ။ Goose berry တွင် ပါဝင်သော ဗီတာမင်စီသည် အမာရွတ်ကြီးလာမှုကို ဟန့်တားပြီး သံလွင်ဆီသည် အာဟာရရှိအောင် အားဖြည့်ပေးပါတယ်။

(6) လက်ဘက်စိမ်း

လက်ဘက်စိမ် အဆီတစ်စက် ၂ စက်ကို ရေနှင့် သံလွင်ဆီ ရောပါ။ အမာရွတ်ပေါ် သုတ်လိမ်းပေးပါ။ တစ်ညထားပါ။ ညစဉ်အိပ်ရာဝင်တိုင်း လိမ်းပေးပါ။ လဘက်စိမ်းတွင် ပါဝင်သော phytochemicals ကြောင့် အမာရွတ်ကို သက်သာစေပါတယ်။ အမာရွတ်ဆီသို့ သွေးရောက်မှုများစေကာ ပိုးကူးစက်မှုကို ကာကွယ်ပေးပါတယ်။

အထက်ပါ အိမ်သုံးနည်းများအပြင် ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိနိုင်သော ဆေးများလည်းရှိပါတယ်။

(7) ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော လိမ်းဆေးများ

အရေပြား အထူးကုဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ အကြံပေးချက်အညီ သင့်တော်သော
အမာရွတ်လိမ်းဆေးများကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

(8) အမာရွတ်ပျောက်စေသော အလှပြင်ပစ္စည်းများ

အမာရွတ်ပျောက်စေသေ ာအလှပြင်ပစ္စည်းများဖြင့် အမာရွတ်ကို ဖယ်ရှားပေးလို့ရပါတယ်။ မိမိနှင်သြင့်တော်သော   အမာရွတ်ပျောက်စေသော အလှပြင်ပစ္စည်းများ ရွေးချယ်၍ ချေးချွတ်ပေါင်းတင်ပါ။ အဆိုပါနည်းသည် အပေါ်ယံအမာရွတ်များကို အလွယ်တကူ ပျောက်ကင်းစေပါတယ်။

(9) လေဆာဖြင့်ဖျောက်နည်း

အမာရွတ်အကြီးစားများသည် အထက်ပါနည်းဖြင့် ဖျောက်ရန် မလွယ်ကူပါ။ ထိုအခါ လေဆာနည်းဖြင့် အသုံးပြုနိုင်ပါတယ်။ လေဆာဖြင့် ကီးလွိုက်အမာရွတ်ကို ဖျောက်ရန်သင့်တော်ပါတယ်။ လေဆာနည်းသည် အချိန်တိုအတွင်း မည်သည့်အမာရွတ်မဆို အမြန်ပျောက်ကင်းပါတယ်။

အထက်ပါ နည်းလမ်းများ အသုံးပြု၍ အမာရွတ်ကြောင့် စိတ်မသက်သာဖြစ်နေသော သင့်အရေပြားကို အမာရွတ်ကင်းစင်သော ဘဝသို့ ပြန်လည်ရောက်ရှိရန် ကြိုးစားသင့်ပါတယ်။

Dr. Pyae Shin

Previous Post

 သားအိမ်ခြစ်ပြီး  ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ

Next Post

   အကြောပြတ်ခြင်း(Stretch Marks)အတွက် အကောင်းဆုံးအဖြေ                                

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

   အကြောပြတ်ခြင်း(Stretch Marks)အတွက် အကောင်းဆုံးအဖြေ                                

ပုံမှန်ချစ်တင်းနှောခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ကြောင်း တွေ့ ရှိ

သားအိမ်ထဲထည့်တဲ့သန္ဓေတားပစ္စည်း IUD ဟာ ဘယ်လောက်စိတ်ချရသလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.