fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရွယ်မတိုင်မီ မအိုမင်းဖို့

77
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အရွယ်မတိုင်မီ မအိုမင်းဖို့

အခုအချိန် နေရောင်ခြည်က ပြင်းထန်သထက်ပြင်းထန်လာသလို အပူချိန်ကလည်းမြင့်သထက်မြင့်လာပါပြီ။ နေရောင်ထဲပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ပမာဏကလည်းများသထက်များလာတာမို့ နေရောင်ဒဏ်ကာကွယ်ဖို့ လိုအပ်လာပါပြီ။

နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် မှဲ့ခြောက်တင်းတိပ်၊ နေလောင်ခြင်း၊ အင်ပြင်ထခြင်း၊ အရေကြည်ဖုများထခြင်း၊ အယားဖုများထခြင်း၊ နှင်းခူ၊ မျက်ကြည်လွှာရောင်ခြင်း၊ အတွင်းတိမ်မှစ၍ အရေပြားကင်ဆာအထိဖြစ်နိုင်ပါတယ်။

ငယ်ငယ်တုန်းကသင်ခဲ့ကြဘူးပါတယ်။ နေရောင်ခြည်သည် ရောဂါပိုးများကိုသေစေနိုင်သည်တဲ့လေ။ နေရောင်ထိတွေ့မှုကြောင့် တချို့ရောဂါပိုးများကို သေစေနိုင်ပါတယ်။ တချို့ရောဂါများကို ကုသရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဥပမာ အတွင်းခံအဝတ်များကို နေရောင်ထဲလှမ်းခြင်းဖြင့် ပွေး၊ ညှင်း၊ ဝဲရောဂါများကုသရာမှာ အထောက်အကူဖြစ်စေပါတယ်။ အရေပြားရောဂါ တချို့မှာ အသုံးပြုတဲ့နေလှမ်းဆေးဆိုလျှင် နေရောင်နဲ့တွေ့မှ ဆေးအာနိသင်ပြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်စောင့်ဓာတ် တမျိုးဖြစ်တဲ့ vitamin D ဖွဲ့စည်းရာမှာ နေရောင်သည် မဖြစ်မနေလိုအပ်ပါတယ်။

ဘယ်အချိန်နေရောင်က အကောင်းဆုံးလဲ။ မနက်ပိုင်းနေရောင်က ကောင်းကျိုးတွေပေးတဲ့ နေရောင်ပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြားကတော့ အပြင်ထဲမထွက်သင့် နေရောင်နဲ့မထိတွေ့သင့်တဲ့ ကာလပါ။

မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြားအပြင်မထွက်ပေမယ့် မိမိအိမ်ပြတင်းတွေက မှန်တွေ နေရောင်ထိုးဖောက်နိုင်တဲ့ ပလတ်စတစ်ပြားတွေနဲ့ ကာထားရင်တော့ နေရောင်ထိနိုင်တာမို့ သတိထားရမှာပါ။

နောက်တချက်က အရိပ်ထဲတော့နေပါတယ်။ တနေကုန် မီးချောင်းအောက်မှာ နေရင်ရောပေါ့။ ဗဟုသုတလိုက်စားတဲ့ လူတော်တော်များများက မီးချောင်းတွေ ခရမ်းလွန်ရောင်ခြည်ထုတ်တာ သိကြပါတယ်။ မွေးကင်းစကလေးတွေ အသားဝါရင် နေရောင်ခြည်ပြတာ သို့မဟုတ် နေရောင်ထုတ်တဲ့ မီးချောင်းပြတာလည်း သိကြပါတယ်။

အဲ့မီးချောင်းကတော့ နေရောင်ထုတ်အောင် နည်းပညာနဲ့ သေသေချာချာထုတ်လုပ်ထားတာပါ။ ထုတ်လွှတ်တဲ့ ခရမ်းလွန်ရောင်ခြည်ပမာဏများသလို မီးချောင်းဈေးကလည်းကြီးပါတယ်။ ပုံမှန်မီးချောင်းတွေကတော့ ဈေးသက်သာသလို ခရမ်းလွန်ရောင်ခြည်ထုတ်လွှတ်တဲ့ပမာဏကလည်း အရမ်းကိုနည်းတာမို့ လူကို လုံးဝအန္တရာယ်မဖြစ်နိုင်ပါဘူး။

တနေကုန် မီးချောင်းအောက်မှာ နေသူတွေအတွက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်လုံးဝနီးပါး မရှိပါဘူး။ နေရောင်ဒဏ် ကာကွယ်ဖို့ နေရောင်ပြင်းထန်တဲ့ ယခုလိုအချိန်မှာ လိုအပ်လာပါပြီ။ တတ်နိုင်သမျှနေပူထဲမထွက်ဘဲနေကြပေမယ့် အရေးကိစ္စ ပေါ်လာလျှင်တော့ မဖြစ်မနေထွက်ကြရပါတော့တယ်။

physical measure ကတော့ ထီး၊ နေကာမျက်မှန်၊ အင်္ကျီတွေနဲ့ နေရောင်ကာတာပါ။ နေပူထဲထွက်ရင် ထီးဆောင်းပေါ့။ ထီးဆောင်းတိုင်းလည်း နေရောင်မကာပါဘူး။ နေကာနိုင်တဲ့ထီးဖြစ်ရပါမယ်။ နေကာတဲ့ထီးဆိုတာ ထီးအမည်းရောင် ဒါမှမဟုတ် UV protect လို့ခေါ်တဲ့ ငွေမှင်ရောင်အောက်ခံပါတဲ့ထီးကို အရိပ်ရအောင်ဆောင်းရမှာပါ။ တချို့ထီးသာ ဆောင်းတယ်။ ထီးအရိပ်က သက်သက် လူကသပ်သပ်မဖြစ်ရပါဘူး။ ထီးအရိပ်ရအောင်ဆောင်းရမှာပါ။ တချို့က လုပ်ငန်းခွင်ဝင်ရမှာမို့ ထီးဆောင်းဖို့မဖြစ်နိုင်တဲ့ အခြေအနေတွေဆိုရင်တော့ လျှာကြီးကြီးပါတဲ့ဦးထုတ်ဆောင်းပြီး အပြင်ထွက်နိုင်ပါတယ်။

နောက်ထပ် ကာကွယ်တဲ့နည်းက နေကာမျက်မှန်တပ်ရမှာပါ။ နေရောင်က အတွင်းတိမ် ရေတိမ်တွေ ဖြစ်တတ်လို့ မျက်လုံးပေါ် နေရောင်တိုက်ရိုက်မကျအောင် နေကာမျက်မှန်တပ်ဆင်ပြီးမှ အပြင်ထွက်သင့်ပါတယ်။

အရောင်ဖျော့သော အင်္ကျီရှည် အပေါ်ကထပ်ဝတ်ပါ။ ဘောင်းဘီရှည်ဝတ်ပြီးထွက်ပါ။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအားလုံး နေရောင်ကာနည်းတွေကို ရှေးယခင်ကတည်းက သိရှိ အသုံးပြုပြီးသားပါ။ ကောက်စိုက်သမလေးတွေကြည့်ပါ။ ကျွန်မပြောခဲ့သလို လျှာကြီးကြီးပါတဲ့ ဦးထုတ်ကြီး ခမောက်ကြီးတွေ ဆောင်းကြတယ် အင်္ကျီရှည် လုံခြည်ရှည်ဝတ်ကြတယ်။ ဘွတ်ဖိနပ်ရှည်ကြီးတွေဝတ်ကြတယ်။ သနပ်ခါးကို ပိန်းနေအောင်လူးကြတယ်။ အားလုံး နေကာဖို့ လုပ်တာပါ။ physical measure ကို အပြည့်အဝအသုံးချပြီး နေရောင်ကာတာပါ။

ခရမ်းလွန်ရောင်ခြည်က ၃ မျိုးရှိပါတယ်။ UV A, UV B, UV C တို့ပါ။ UV C ကလှိုင်းအလျားအတိုဆုံးဖြစ်ပြီး ozone လွှာက စစ်ယူထားလို့ ကမ္ဘာကြီးပေါ်ရောက်မလာပါဘူး။
UV B နဲ့ A ကတော့ ကမ္ဘာမြေပေါ်ရောက်ပြီး အရေပြားကို အန္တရာယ်ဖြစ်စေတာပါ။ ဒီတော့ UV B နဲ့ A ကိုကာကွယ်ဖို့ suncream လူးရမှာပါ။

ဝယ်တော့မယ်ဆိုရင် SPF ကိုကြည့်ဝယ်ရပါမယ်။ SPF ဆိုတာ UV B ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းကိုဆိုလိုတာပါ။ အနည်းဆုံး SPF 30 ကိုရွေးချယ် ဝယ်ယူရမှာပါ။ နေရောင်နဲ့ မတည့်တဲ့ ရောဂါရှိသူတွေအတွက်တော့ SPF 50 လောက်ရွေးချယ်ဝယ်ယူသင့်ပါတယ်။SPF တမျိုးတည်းရေးထားရုံက UV B ပဲကာတာမို့ မလုံလောက်သေးပါဘူး။ UV A ပါ ကာဖို့ လိုအပ်တာမို့ SPF30 PA+++ လို့ရေးထားတဲ့ နေကာဆီကိုရွေးချယ်ဝယ်ယူရပါမယ်။ အဓိပ္ပာယ်က Protection for UV A ပေါ့။ UV A ကိုကာကွယ်သည်လို့ ဆိုလိုတာပါ။ ဝယ်မယ်ဆို SPF 30PA++ ကိုရွေးချယ်ဝယ်ယူရပါမယ်။

နေပူထဲမထွက်ခင် နာရီဝက်ခန့် ကြိုတင်လူးရပါမယ်။ နာရီဝက်ကြာမှ  အစွမ်းသတ္တိပြနိုင်ပါလိမ့်မယ်။ နေပူထဲ နေတာ ၂နာရီထက်ကြာရင်လည်း suncream နေရောင်ကာနိုင်တဲ့ အစွမ်းသတ္တိလျော့ သွားတာမို့ ထပ်ပြီးလူးပေးဖို့ လိုပါလိမ့်မယ်။ နေပူထဲ ၂နာရီကြာတိုင်းတခါ ထပ်ပြီး လူးပေးရပါလိမ့်မယ်။ ကမ်းခြေသွားမယ် ၊ ခရီးသွားမယ် ဆိုရင် ပိုလို့တောင် လိုအပ်ပါလိမ့်မယ်နော်။

Dr.Lynn

Previous Post

” ကိုယ်ဝန်ဆောင်တွေ စားကိုစားရမဲ့ အစားအစာတွေ”

Next Post

လေထိုးလေအောင့် သက်သာစေတဲ့  ဖန်ခါးသီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
541
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
796

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေထိုးလေအောင့် သက်သာစေတဲ့  ဖန်ခါးသီး

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ မဖြစ်မနေလုပ်သင့်တဲ့ အချက် ၆ ချက်

"ငါးလက်မ" မပြည့်သော အမျိုးသားများတွင် ကလေးအဖေဖြစ်ရန်အခွင့်အလမ်းနည်းပါး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.