“ဟယ် နင်အသားရေ တအားညစ်သွားတယ်နော်…”
“စိတ်ညစ်လိုက်တာဟယ် ဘွဲ့ယူဖို့ကနီးနေပြီ.. ခရီးသွားထားလို့ နေလောင်ထားတာတွေနဲ့ အသားရေက ခုထိမညီနိုင်သေးဘူး”
” နင်အသားရေလေး နည်းနည်းပါးပါး ဂရုစိုက်ပါဦးဟ .. မှဲ့ခြောက်တွေ ပိုပိုများလာပြီ “…
ကဲကဲ … အဲ့လို နေလောင်ထားတာ၊ အသားရောင်မညီတာ၊ ညစ်ညစ်နွမ်းနွမ်းဖြစ်နေတာ၊ အမဲစက်၊မှဲ့ခြောက်၊ တင်းတိတ် စတဲ့ အသားရေ ပြဿနာတွေကို ခံစားနေရတဲ့ ကိုကိုမမတွေ မောင်လေးညီမလေးတွေအတွက် သတင်းကောင်းနော်..
မြန်မြန်လည်း အသားရေ ဝင်းဝင်းပပလေး ဖြစ်ချင်တယ်.. ဒါပေမဲ့လည်း အသားရေအတွက် အချိန်ပေးပြီး ထိန်းသိမ်းမှု မလုပ်နိုင်တဲ့သူတွေအတွက် ဒီလို ပြဿနာတွေက တကယ့်ကို စိတ်ညစ်စရာပါ..
အခု ဝေမျှပေးမဲ့နည်းလေးကတော့ အချိန်လည်းမကုန်ဘူး.. အချိန် ၁၅ မိနစ်ပေးရုံနဲ့ ဝင်းလက်တောက်ပတဲ့ အသားရေလေးကို ပိုက်ပိုက်လဲမကုန်ပဲ အမြန်ဆုံး ရရှိစေမဲ့ အိမ်တွင်း အသားရေထိန်းသိမ်းတဲ့ နည်းလေးပါ.. အပေါ်မှာပြောထားတဲ့ အသားရေ ညစ်နွမ်းတာ၊ တင်းတိတ်၊ မှဲ့ခြောက်၊ အမည်းစက်နဲ့ နေလောင်တာတွေရဲ့ အဓိကတရားခံကတော့ Melanin လို့ခေါ်တဲ့ အသားရေ မဲနက်စေတဲ့ ရောင်ခြယ်ပစ္စည်းပါ.. အဓိကကတော့ နေရောင်ခြည်ပေါ့.. သူ့ကြောင့် အရေပြားမှာ Melanin ဓာတ်တွေထွက်လာအောင် လှုံ့ဆော်သလိုဖြစ်ပြီး အမည်းစက်တွေ ဖြစ်လာရတာပေါ့..
ကဲ နည်းလမ်းလေးကတော့…
ခရမ်းချဉ်သီးတစ်လုံး ကို အစေ့တွေဖယ်ထားပါ။ ပိုးသတ်ဆေးတွေ မပါဘဲ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ Organic ခရမ်းချဉ်သီးဆို ပိုကောင်းပါတယ်။ အဲ့ဒါလေးကို အရည်ကြိတ်ထားပေါ့။ နောက်တစ်ခုက ဂျုံမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပါ။ ဇလုံသန့်သန့်လေးထဲမှာ အဲ့ ၂ ခုကို ရောမွှေရုံပါပဲ။ ပန်းရောင်ဖျော့ဖျော့ မပြစ်မကျဲ paste အနေထားလေးရရင် ရပါပြီရှင်။ မျက်နှာသန့်စင်ပြီး ရေနွေးပူပူစိမ်ပြီး ညှစ်ထားတဲ့ သဘက် (သို့) microwave ထဲအပူပေးထားတဲ့ သဘက်နဲ့ ၁၅ စက္ကန့်လောက် မျက်နှာပေါ်အုပ်ထားပါ။ ပြီးတာနဲ့ ခုနက လုပ်ထားတဲ့ homemade whitening ခရမ်းချဉ်သီး mask လေးကို မျက်နှာအနှံ့ ထူထူလေးလိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးချရင် နုနယ် ဝင်းပ အိစက်တဲ့ အသားရေလေး ရပြီပေါ့…
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ Melanin ထုတ်လုပ်မှုကို ဟန့်တားပေးနိုင်တဲ့ ဓာတ်ပါပါတယ်။ Lycopene က ရှိပြီးသား တင်းတိတ်မှဲ့ခြောက် အမည်းစက်တွေကို လျော့ပါးအောင် လုပ်ပေးနိုင်တဲ့ သတ္တိလည်းရှိတယ်။ ခရမ်းချဉ်သီးက သာမန် Vitamin E ထက်လည်း ဓာတ်တိုးဆန့်ကျင်တဲ့ သတ္တိက အဆ ၁၀၀ ပိုပါပါတယ်ရှင်..
ကဲ အဲ့တော့ အသားဖြူစေတဲ့ skincare တွေဘယ်လောက်လိမ်းလိမ်း၊ အသားဖြူစေတဲ့ skincare တွေလိမ်းချင်ပေမဲ့ ဝက်ခြံပေါက်နေလို့ မလိမ်းရတဲ့သူတွေ၊ ဘွဲ့၊ မင်္ဂလာဆောင်၊ပွဲတွေနီးလို့ မြန်မြန်အချိန်မကုန် ငွေမကုန်ပဲ အသားမြန်မြန်ဖြူချင်သူတွေ ဒီနည်းလမ်းလေးကို တစ်ပါတ် နှစ်ခါခန့် လုပ်ကြည့်ုကြပါနော်..
Scarlette (ဆေး ၁)