fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပအောင်

516
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/04/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

လက်သည်းခြေသည်းလေးတွေ ကျန်းမာလှပအောင်

ဟိုနေ့က မှတ်မှတ်ရရ Duty off တုန်းလေး သူငယ်ချင်းတွေနဲ့ မုန့်သွားစားဖြစ်တယ်လေ။ ဘာရယ်မဟုတ်ပါဘူး အအေးခွက်လေးကို ကိုင်ထားတုန်း သူငယ်ချင်းမတစ်ယောက်က..

“ဟယ် နင့်လက်ကလေးကလှလိုက်တာ..လက်သည်းလေးတွေလည်းလှလိုက်တာ…House ဆင်းနေတာတောင် လက်လေးတွေကအစ လှအောင် ပြင်ပြင်ဆင်ဆင် နေနိုင်တုန်း..ငါတို့မှာတော့ လက်မပြောနဲ့ ကိုယ့်မျက်နှာတောင် မိတ်ကပ်မလိမ်းအားဘူးတော်…”

နောက်တစ်ယောက်ကလည်း..

“ဟုတ်ပါ့…အရင်ကနင် ခြေသည်းလက်သည်း အရှည်ထားမရဘူးလေ၊ ခြေစွယ်လဲ ခဏခဏငုတ်လို့ Nail spa တစ်ချိန်လုံးပြေးနေရတာ..ပွဲတွေဘာတွေရှိလို့ သွားခါနီးရင်လည်း ခြေသည်းအတု ဆက်ရတာအမော…ပြီးရင် နင်ဆိုခြေသည်းလက်သည်း အရှည်ထားလို့ရတယ်နော်..ငါလည်း မိန်းကလေးဆန်ဆန် ခြေသည်းလက်သည်းလှလှလေးနဲ့ နေချင်တာပေါ့..ဒါပေမဲ့ ငါ့လက်သည်းတွေက ကျွတ်ဆတ်ပြီး အရမ်းကျိုးလွယ်လို့ တုံးတိတိ လက်ပုတိုနဲ့ပဲနေနေရတယ်..”

သူများတွေတော့မသိဘူး။ ကျွန်မကိုယ်တိုင် အမြင်ဆိုလေ မိန်းကလေး တစ်ယောက်က မျက်နှာလေးပဲ လှနေရုံ ခြယ်သထားရုံနဲ့မပြီးဘူး။ လက်လေးတွေ ခြေထောက်လေးတွေ လှပစိုပြေနေမှ အမြင်တင့်တယ်တယ်လိုထင်တယ်။အဲ့ဒါကြောင့်လဲ လက်လေးတွေ ခြေထောက်လေးတွေက အစ ဂရုစိုက်ဖြစ်တယ်။

အမြဲလိုလို Nail spa တွေသွားပြီး မထိန်းသိမ်းနိုင်တဲ့ ကျွန်မလို လူတွေအတွက် လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ အချိန်မကုန်ဘဲ လက်သည်းခြေသည်း အလှ ထိန်းသိမ်းနည်းလေးတွေကို ပြောပြပေးပါရစေနော်။

အရင်ဆုံး ရေကြက်သီးနွေးလေးထဲကို သံလွင်ဆီ၅စက်လောက်ထည့်ပါ။ ပြီးရင် လက်သည်းလေးတွေ မြုပ်ရုံထည့်ထားပါနော်။ ၅ မိနစ်ခန့်ပေါ့။ သံလွင်ဆီက လက်သည်းလေးတွေ ကျိုးလွယ်တာကို ကာကွယ်ပေးပါတယ်ရှင်။

လက်သည်းခြေသည်း အမြဲအရောင်ဆိုး၊ ပုံဆွဲထားတဲ့ သူတွေ တစ်လမှာ တစ်ပါတ်လောက် color free, chemical free period လေးထားပေးပါနော်။ လက်သည်းခြေသည်း ဆိုတာကလည်း သဘာဝအလင်းရောင်၊ သဘာဝ အောက်ဆီဂျင် ရဖို့လိုအပ်ပါတယ်ရှင်။ အမြဲတမ်း ဆိုးဆေးတွေနဲ့ဖုံးကွယ်ထားတာက လက်သည်း အောက်ဆီဂျင်ဓာတ်ကို လျော့နည်းစေသလို လက်သည်းဝါပြီး လက်သည်းခြေသည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ရှားစောင်းလက်ပက်ဂျယ်လ်၊ Vaseline လေး ရေချိုးပြီးတိုင်း လက်သည်း ခြေသည်းပေါ် လိမ်းပြီး လက်သည်းအတွက်လိုအပ်တဲ့ အာဟာရဓာတ် အစိုဓာတ်ကို ဖြည့်ကြမယ်။

နောက်တစ်ခုက လက်သည်းပန်းကုံးလေးတွေ အသားမာတက်တာ၊ အသားတက်တာ၊ အဖတ်လန်တာတွေ ကင်းဝေးစေဖို့ Baby oil၊ အုန်းဆီ စတဲ့ အဆီတစ်မျိုးမျိုး လိမ်းဖို့ မမေ့ကြပါနဲ့နော်။

Beauty from within ဆိုတဲ့အတိုင်းပဲ လက်သည်းခြေသည်းအလှကို အတွင်းထဲကနေ ထိန်းသိမ်းကြမယ်။ ဆိုလိုတာကတော့ သံဓာတ်အားဖြည့်ဆေး မှီဝဲကြပါလို့…သံဓာတ်က လက်သည်းခြေသည်း သန်စွမ်းဖို့ ကျန်းမာဖို့ အားပေးလို့ မှီဝဲကြဖို့ အကြံပေးပါရစေနော်…

အားလုံးပဲ လက်သည်းခြေသည်းလေးတွေ သဘာဝအတိုင်း ကျန်းမာလှပအောင် ဒီဆောင်းပါးလေးက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Scarlette( ဆေး၁ )

Previous Post

ကလေးတွေမှာအဖြစ်များသော တီဘီပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ

Next Post

ဆီးခုံမွေး ရိတ်သင့်ရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
538
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးခုံမွေး ရိတ်သင့်ရဲ့လား

ခရမ်းသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မနက်အိပ်ရာထမှာ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.