fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမျိုးသားများအသားအရေ ထိန်းသိမ်းတတ်ရန်

243
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/03/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

( Zawgyi )

အမ်ိဳးသားမ်ားသည္ အမ်ိဳးသမီးမ်ားကဲ့သို႔အသားအေရ ျပဳျပင္ထိန္းသိမ္းမႈမ်ားကို ျပဳလုပ္ေပးသင့္ပါသည္။ အသားအေရလွပသန႔္စင္မႈကိုလည္း တန္ဖိုးထားရပါမယ္။ ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားျခင္းနဲ႔ေနပူထဲ ေလွ်ာက္ သြားျခင္းသည္ အသားအေရကိုပ်က္စီးေစပါသည္။ အမ်ိဳးသားမ်ားအေနျဖင့္ က်န္းမာေသာအသားအေရရွိပါက ဆြဲေဆာင္မႈရွိပါသည္။ ၾကည့္ေကာင္းသူတစ္ေယာက္ျဖစ္သြားႏိုင္ပါသည္။ ထို႔ေၾကာင့္အမ်ိဳးသားမ်ား အသားအ ေရထိန္းသိမ္းနည္းကိုလိုက္နာသင့္ပါသည္။

အသားအေရမပ်က္စီးေအာင္ကာကြယ္ျခင္း
အမ်ိဳးသားမ်ားအေနျဖင့္ လွပသန႔္စင္ေနေသာ အသားအေရကိုပိုင္ဆိုင္ပါက ႏုပ်ိဳေသာအသြင္ကိုေဆာင္ႏိုင္ပါ သည္။ အသားအေရကိုမပ်က္စီးေအာင္ ကာကြယ္ျခင္းျဖင့္ လွပသန႔္စင္ေစပါသည္။ ေနေရာင္ျခည္သည အသား အေရကိုအညိဳစက္မ်ားျဖစ္ေစပါသည္။ အေရျပားေရာဂါအခ်ိဳ႕ကိုလည္းျဖစ္ေစတတ္ပါသည္။ ေနေရာင္ျခည္အ လြန္အကြၽံထိေတြ႕မိပါက အေရးအေၾကာင္းမ်ားကိုပိုမိုထင္ရွားေစပါသည္။ ထို႔ေၾကာင့္ေနေရာင္ျခည္ထိေတြ႕မႈကို တတ္ႏိုင္သမွ်ေရွာင္ရွားရပါမည္။ အကယ္လို႔ အျပင္ထြက္ရမည္ဆိုပါက အနည္းဆုံး SPF 15 ပါေသာခရင္မ္တစ္ မ်ိဳးကိုလိမ္းရပါမည္။ဗီတာမင္စီႏွင့္ ဗီတာမင္အီးပါဝင္ေသာ အစားအစာမ်ားကို ေန႔စဥ္စားေပးရပါမည္။ အရက္အလြန္အကြၽံေသာက္ ျခင္းနဲ႔ ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ရွားရပါမည္။ စိတ္ဖိစီးမႈမ်ားျခင္းကို ေလ်ာ့ခ်ရပါမည္။ ေညာင္းညာႏုံးခ်ိ သည္အထိ အလုပ္လုပ္ျခင္းကိုလည္း တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ရပါမည္။ အရာရာကိုအသင့္အတင့္ မလုပ္ေဆာင္ ပါကမ်က္ႏွာေသြးလွည့္ပတ္မႈ နည္းေစၿပီး႐ုပ္ရွင့္ေစပါသည္။ကိုယ္လက္လႈပ္ရွားအားကစား ျပဳလုပ္ျခင္းသည္ အ႐ြယ္မတိုင္မီအိုမင္းရင့္ေရာ္မႈကို ေလ်ာ့က်ေစပါသည္။ တစ္ သွ်ဴးမ်ားတြင္းေအာက္စီဂ်င္ဓာတ္မ်ားျပားေစၿပီး အသားအေရကိုပိုမိုၾကည့္ေကာင္းေစပါသည္။

အသားအေရကိုျပဳျပင္ျခင္း
အမ်ိဳးသားမ်ား၏ အသားအေရသည္ အဆီျပန္ျခင္း၊ ေျခာက္ေသြ႕ျခင္း၊ အဆီျပန္ျခင္းႏွင့္ေျခာက္ေသြ႕ျခင္း ေပါင္း စပ္တတ္ျခင္းႏွင့္ ပုံမွန္ျဖစ္ျခင္းမ်ားျဖစ္တတ္ပါသည္။ မည္သည့္အသားအေရမဆို ေခ်းခြၽတ္သန႔္စင္ေပးရန္လို အပ္ပါသည္။ မ်က္ႏွာေခ်းခြၽတ္သန႔္စင္ျခင္းကို အလွျပင္ဆိုင္သို႔သြားၿပီး တစ္ပတ္တစ္ခါေဆာင္႐ြက္ႏိုင္ပါသည္။ မိမိအိမ္တြင္လည္း လိုအပ္ေသာပစၥည္းမ်ားဝယ္ယူၿပီး ေခ်းခြၽတ္သန႔္စင္ႏိုင္ပါသည္။ ဆဲလ္ေသမ်ားကိုဖယ္ရွားႏိုင္ ပါသည္။ အဆီစုပ္တစ္သွ်ဴး (သို႔) ေပါင္ဒါမႈန႔္ခပ္ပါးပါးကိုအသုံးျပဳၿပီး အဆီပိုမ်ားကိုဖယ္ရွားေပးရပါမည္။ အဆီမျပန္ေသာ ေၾကာင့္သဘာဝအတိုင္းၾကည့္ေကာင္းႏိုင္ပါသည္။ အမ်ိဳးသားမ်ားသည္ မုတ္ဆိတ္ရိတ္ၿပီးေသာအခါတြင္ အယ္ လ္ကိုေဟာမပါဝင္ေသာ အသားအလွဆီကိုလိမ္းေပးရပါမည္။ အနည္းဆုံး SPF 15 ပါဝင္ေသာ ႏႈတ္ခမ္းဆိုး ေဆးအဆီကိုလိမ္းျခင္း၊ ႏႈတ္ခမ္းမ်ားရွိအေရျပားကို ထိန္းသိမ္းႏိုင္ပါသည္။ ႏႈတ္ခမ္းကိုလည္းသင္းပ်ံ႕ေစၿပီးမိမိ ကိုယ္ကိုၾကည္ႏူးလန္းဆန္းေစေသာ ႏႈတ္ခမ္းဆိုးေဆးအဆီကိုအသုံးျပဳႏိုင္ပါသည္။

အမ်ိဳးသားမ်ား၏မ်က္ႏွာကိုေန႔စဥ္ ဂ႐ုစိုက္သန႔္စင္ေပးျခင္း
အမ်ိဳးသမီးမ်ားထက္အမ်ိဳးသားမ်ားသည္ အဆီျပန္ေသာအသားအေရကို ပိုင္ဆိုင္ၾကပါသည္။ ေခြၽးေပါက္လည္း ပိုက်ယ္တတ္ပါသည္။ ေခြၽးေပါက္က်ယ္ျခင္းေၾကာင့္ အသားအေရကိုညစ္ႏြမ္းေစပါသည္။ ထို႔ေၾကာင့္ေခြၽးေပါက္ က်ဥ္းေစေသာသန႔္စင္ေဆးကို အသုံးျပဳၿပီးေန႔စဥ္မ်က္ႏွာကို ဂ႐ုတစိုက္သန႔္စင္ေပးရပါမည္။ သို႔မွသာ အသားအ ေရကိုပိုမိုၾကည္လင္ေစၿပီး ၾကည့္ေကာင္းေစပါသည္။ေၾကး (ေခ်း) ခြၽတ္ဆပ္ျပာသည္ ဆဲလ္ေသမ်ားကိုဖယ္ရွားေစၿပီး မ်က္ႏွာျပင္ကိုေခ်ာေမြ႕ေစေသာေၾကာင့္ အသုံး ျပဳႏိုင္ပါသည္။ သို႔ရာတြင္ အေစ့မ်ား၊ ၾကမ္းရွရွအခဲမ်ားပါဝင္ေသာ ေၾကး (ေခ်း)ခြၽတ္ဆပ္ျပာကို အသုံးသင့္ပါ။ အ သားအေရေခ်ာေမြ႕ဆီအနည္းငယ္ကိုလည္း မ်က္ႏွာသန႔္စင္ၿပီး မုတ္ဆိတ္ေမြးရိတ္ၿပီးေသာအခါတြင္ အသုံးျပဳႏိုင္ ပါသည္။ အသားအေရေခ်ာေမြ႕ေစရန္ ဗီတာမင္အီး (သို႔) ရွားေစာင္းလတ္ပတ္ပါဝင္ေသာအဆီကို အသုံးျပဳႏိုင္ပါ သည္။အေမႊးနံ႔မ်ားေသာဆပ္ျပာ၊ ဓာတုေဗဒပစၥည္းပါဝင္မႈမ်ားေသာ မ်က္ႏွာသန႔္စင္ေဆးမ်ားကို အသားအေရကိုထိ ခိုက္ေစေသာေၾကာင့္ မသုံးသင့္ပါ။

ေခြၽးေပါက္က်ဥ္းေအာင္ထိန္းသိမ္းျခင္း
အမ်ိဳးသားမ်ားအတြက္ ပတ္ဝန္းက်င္မွဖုန္မႈန႔္၊ အမႈိက္သ႐ိုက္မ်ားႏွင့္ အညစ္အေၾကးမ်ားသည္အသားအေရကို ဒုကၡေပးပါသည္။ Toner သည္အသားအေရအတြက္ အေကာင္းဆုံးျပဳျပင္ထိန္းညႇိေပးႏိုင္ေသာေၾကာင့္ ေခြၽး ေပါက္က်ယ္ျခင္းကိုတားဆီးေပးပါသည္။ အသားအေရအတြက္လည္းေကာင္းေစပါသည္။ယေန႔ေခတ္အခ်ိန္အခါတြင္ အမ်ိဳးသားမ်ားသည္အမ်ိဳးသမီးမ်ားနည္းတူ အသားအေရျပဳျပင္ထိန္းသိမ္းျခင္းကို စိတ္ဝင္စားလာၾကပါသည္။ အသားအေရလွပျခင္းေၾကာင့္ ၾကည့္ေကာင္းလာပါသည္။ အ႐ြယ္တင္ႏုပ်ိဳေစပါ သည္။ ထို႔ေၾကာင့္အသားအေရထိန္းသိမ္းျခင္းကို အမ်ိဳးသားတိုင္းေဆာင္႐ြက္သင့္ေၾကာင့္ အႀကံျပဳအပ္ပါသည္။

Author: ေဒါက္တာမင္းသူရိန္ (Vol -8 / No- 5 Healthcare Journal)

( Unicode )

အမျိုးသားများသည် အမျိုးသမီးများကဲ့သို့အသားအရေ ပြုပြင်ထိန်းသိမ်းမှုများကို ပြုလုပ်ပေးသင့်ပါသည်။ အသားအရေလှပသန့်စင်မှုကိုလည်း တန်ဖိုးထားရပါမယ်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနဲ့နေပူထဲ လျှောက် သွားခြင်းသည် အသားအရေကိုပျက်စီးစေပါသည်။ အမျိုးသားများအနေဖြင့် ကျန်းမာသောအသားအရေရှိပါက ဆွဲဆောင်မှုရှိပါသည်။ ကြည့်ကောင်းသူတစ်ယောက်ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့်အမျိုးသားများ အသားအ ရေထိန်းသိမ်းနည်းကိုလိုက်နာသင့်ပါသည်။

အသားအရေမပျက်စီးအောင်ကာကွယ်ခြင်း
အမျိုးသားများအနေဖြင့် လှပသန့်စင်နေသော အသားအရေကိုပိုင်ဆိုင်ပါက နုပျိုသောအသွင်ကိုဆောင်နိုင်ပါ သည်။ အသားအရေကိုမပျက်စီးအောင် ကာကွယ်ခြင်းဖြင့် လှပသန့်စင်စေပါသည်။ နေရောင်ခြည်သည အသား အရေကိုအညိုစက်များဖြစ်စေပါသည်။ အရေပြားရောဂါအချို့ကိုလည်းဖြစ်စေတတ်ပါသည်။ နေရောင်ခြည်အ လွန်အကျွံထိတွေ့မိပါက အရေးအကြောင်းများကိုပိုမိုထင်ရှားစေပါသည်။ ထို့ကြောင့်နေရောင်ခြည်ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ရှားရပါမည်။ အကယ်လို့ အပြင်ထွက်ရမည်ဆိုပါက အနည်းဆုံး SPF 15 ပါသောခရင်မ်တစ် မျိုးကိုလိမ်းရပါမည်။ဗီတာမင်စီနှင့် ဗီတာမင်အီးပါဝင်သော အစားအစာများကို နေ့စဉ်စားပေးရပါမည်။ အရက်အလွန်အကျွံသောက် ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားရပါမည်။ စိတ်ဖိစီးမှုများခြင်းကို လျော့ချရပါမည်။ ညောင်းညာနုံးချိ သည်အထိ အလုပ်လုပ်ခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်ရပါမည်။ အရာရာကိုအသင့်အတင့် မလုပ်ဆောင် ပါကမျက်နှာသွေးလှည့်ပတ်မှု နည်းစေပြီးရုပ်ရှင့်စေပါသည်။ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကို လျော့ကျစေပါသည်။ တစ် သျှူးများတွင်းအောက်စီဂျင်ဓာတ်များပြားစေပြီး အသားအရေကိုပိုမိုကြည့်ကောင်းစေပါသည်။

အသားအရေကိုပြုပြင်ခြင်း
အမျိုးသားများ၏ အသားအရေသည် အဆီပြန်ခြင်း၊ ခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်းနှင့်ခြောက်သွေ့ခြင်း ပေါင်း စပ်တတ်ခြင်းနှင့် ပုံမှန်ဖြစ်ခြင်းများဖြစ်တတ်ပါသည်။ မည်သည့်အသားအရေမဆို ချေးချွတ်သန့်စင်ပေးရန်လို အပ်ပါသည်။ မျက်နှာချေးချွတ်သန့်စင်ခြင်းကို အလှပြင်ဆိုင်သို့သွားပြီး တစ်ပတ်တစ်ခါဆောင်ရွက်နိုင်ပါသည်။ မိမိအိမ်တွင်လည်း လိုအပ်သောပစ္စည်းများဝယ်ယူပြီး ချေးချွတ်သန့်စင်နိုင်ပါသည်။ ဆဲလ်သေများကိုဖယ်ရှားနိုင် ပါသည်။ အဆီစုပ်တစ်သျှူး (သို့) ပေါင်ဒါမှုန့်ခပ်ပါးပါးကိုအသုံးပြုပြီး အဆီပိုများကိုဖယ်ရှားပေးရပါမည်။ အဆီမပြန်သော ကြောင့်သဘာဝအတိုင်းကြည့်ကောင်းနိုင်ပါသည်။ အမျိုးသားများသည် မုတ်ဆိတ်ရိတ်ပြီးသောအခါတွင် အယ် လ်ကိုဟောမပါဝင်သော အသားအလှဆီကိုလိမ်းပေးရပါမည်။ အနည်းဆုံး SPF 15 ပါဝင်သော နှုတ်ခမ်းဆိုး ဆေးအဆီကိုလိမ်းခြင်း၊ နှုတ်ခမ်းများရှိအရေပြားကို ထိန်းသိမ်းနိုင်ပါသည်။ နှုတ်ခမ်းကိုလည်းသင်းပျံ့စေပြီးမိမိ ကိုယ်ကိုကြည်နူးလန်းဆန်းစေသော နှုတ်ခမ်းဆိုးဆေးအဆီကိုအသုံးပြုနိုင်ပါသည်။

အမျိုးသားများ၏မျက်နှာကိုနေ့စဉ် ဂရုစိုက်သန့်စင်ပေးခြင်း
အမျိုးသမီးများထက်အမျိုးသားများသည် အဆီပြန်သောအသားအရေကို ပိုင်ဆိုင်ကြပါသည်။ ချွေးပေါက်လည်း ပိုကျယ်တတ်ပါသည်။ ချွေးပေါက်ကျယ်ခြင်းကြောင့် အသားအရေကိုညစ်နွမ်းစေပါသည်။ ထို့ကြောင့်ချွေးပေါက် ကျဉ်းစေသောသန့်စင်ဆေးကို အသုံးပြုပြီးနေ့စဉ်မျက်နှာကို ဂရုတစိုက်သန့်စင်ပေးရပါမည်။ သို့မှသာ အသားအ ရေကိုပိုမိုကြည်လင်စေပြီး ကြည့်ကောင်းစေပါသည်။ကြေး (ချေး) ချွတ်ဆပ်ပြာသည် ဆဲလ်သေများကိုဖယ်ရှားစေပြီး မျက်နှာပြင်ကိုချောမွေ့စေသောကြောင့် အသုံး ပြုနိုင်ပါသည်။ သို့ရာတွင် အစေ့များ၊ ကြမ်းရှရှအခဲများပါဝင်သော ကြေး (ချေး)ချွတ်ဆပ်ပြာကို အသုံးသင့်ပါ။ အ သားအရေချောမွေ့ဆီအနည်းငယ်ကိုလည်း မျက်နှာသန့်စင်ပြီး မုတ်ဆိတ်မွေးရိတ်ပြီးသောအခါတွင် အသုံးပြုနိုင် ပါသည်။ အသားအရေချောမွေ့စေရန် ဗီတာမင်အီး (သို့) ရှားစောင်းလတ်ပတ်ပါဝင်သောအဆီကို အသုံးပြုနိုင်ပါ သည်။အမွှေးနံ့များသောဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းပါဝင်မှုများသော မျက်နှာသန့်စင်ဆေးများကို အသားအရေကိုထိ ခိုက်စေသောကြောင့် မသုံးသင့်ပါ။

ချွေးပေါက်ကျဉ်းအောင်ထိန်းသိမ်းခြင်း
အမျိုးသားများအတွက် ပတ်ဝန်းကျင်မှဖုန်မှုန့်၊ အမှိုက်သရိုက်များနှင့် အညစ်အကြေးများသည်အသားအရေကို ဒုက္ခပေးပါသည်။ Toner သည်အသားအရေအတွက် အကောင်းဆုံးပြုပြင်ထိန်းညှိပေးနိုင်သောကြောင့် ချွေး ပေါက်ကျယ်ခြင်းကိုတားဆီးပေးပါသည်။ အသားအရေအတွက်လည်းကောင်းစေပါသည်။ယနေ့ခေတ်အချိန်အခါတွင် အမျိုးသားများသည်အမျိုးသမီးများနည်းတူ အသားအရေပြုပြင်ထိန်းသိမ်းခြင်းကို စိတ်ဝင်စားလာကြပါသည်။ အသားအရေလှပခြင်းကြောင့် ကြည့်ကောင်းလာပါသည်။ အရွယ်တင်နုပျိုစေပါ သည်။ ထို့ကြောင့်အသားအရေထိန်းသိမ်းခြင်းကို အမျိုးသားတိုင်းဆောင်ရွက်သင့်ကြောင့် အကြံပြုအပ်ပါသည်။

Author: ဒေါက်တာမင်းသူရိန် (Vol -8 / No- 5 Healthcare Journal)

Previous Post

ယောင်္ကျား ၊မိန်းမ ဘယ်ကစ

Next Post

တကျိကျိနဲ့ အံကြိတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
524
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
785

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တကျိကျိနဲ့ အံကြိတ်ခြင်း

စိတ်သွားတိုင်း အသံမပါ ၊အသံဝင် အသံနာ

ကလေး မျက်စိ နား၊ နှာခေါင်းလည်ချောင်းရောဂါ အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.