fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အပြစ်အနာဆာကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ Double cleansing လုပ်ကြစို့

366
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/05/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အပြစ်အနာဆာကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ဖို့ Double cleansing လုပ်ကြစို့

ကဲကဲအားလုံးပဲ Beauty tutorial တွေ၊ မိတ်ကပ် skincare tutorial တွေကြည့်ရင် Double cleansing / Triple Cleansing ဆိုတဲ့ စကားလုံးတွေနဲ့ မစိမ်းလောက်ဘူးလို့ ထင်ပါတယ်ရှင်။ ဒါပေမဲ့ ခက်တာက Double cleansing/ Triple cleansing ဆိုတာ ဘာလဲပေါ့??

ဟုတ်ပါတယ်၊ ဒီ နည်းလမ်းလေးက မိတ်ကပ်တွေနဲ့ နေ့တိုင်းထိတွေ့နေရတဲ့ မင်းသား မင်းသမီးတွေ မော်ဒယ်လ်တွေရဲ့ အခြေခံအကျဆုံး အသားရည်ထိန်းသိမ်းနည်း ထဲကတစ်ခုပါရှင်။ ကိုးရီးယား Cele တွေ မိတ်ကပ်တွေလဲနေ့တိုင်း လိမ်းတယ်။ ဒါပေမဲ့လဲ အမြဲလှနေတယ်ဆိုတာ ဒီလျှို့ဝှက်ချက်ကြောင့်ပါရှင်။

တော်တော်များများ လွဲနေတာလေး တစ်ခုနဲ့စချင်ပါတယ်။ ခုခေတ်မှာ လူတိုင်းက မိတ်ကပ်လိမ်းနေကြပါပြီ။ ကျောင်းသွားရုံးသွား လိမ်းကြတယ်။ နောက်ဆုံး မိတ်ကပ်မလိမ်းဘူးဆိုရင်တောင် BB cream ,သနပ်ခါး အစရှိသဖြင့် လိမ်းနေကြပါတယ်။ ဒါပေမဲ့ ပြန်ပြီး သေချာသန့်စင်ဖို့မှာ အားနည်းကြတယ်။

တစ်ချို့ကျတော့လဲ Micellar water လို့ခေါ်တဲ့ မျက်နှာ ပြန်သစ်စရာ မလိုတဲ့ မိတ်ကပ်ဖျက်ဆေးနဲ့ပဲ ဖျက်ကြတယ်။ ကြော်ငြာအားကောင်းတာလဲ ပါတာပေါ့လေ။ ဒါပေမဲ့ ဒီရဲ့ Cleansing water / micellar water တွေက အပေါ်ယံမိတ်ကပ် တွေကိုသာ သန့်စင်နိုင်ပေမဲ့ ချွေးပေါက်ထဲမှာရှိတဲ့ မိတ်ကပ်တွေကို မသန့်စင်ပေးနိုင်ပါဘူးရှင်။

အဲ့ဒါကြောင့် Cleansing တော့လုပ်တယ် ဒါပေမဲ့ ဝက်ခြံတွေ အဆီဖုတွေ စတဲ့ မလိုလားအပ်တဲ့ ပြသနာတွေနဲ့ စိတ်ညစ်ရတာပေါ့။

ဒါဆို မိတ်ကပ် သနပ်ခါး စတာတွေ အမြဲစွဲလိမ်းတဲ့မမတွေ မိတ်ကပ်ဖျက်ဖို့ ဘာသုံးရမလဲ??

ပထမဆုံးမိတ်ကပ်ဖျက်မယ် ဆိုတာနဲ့ ချွေးပေါက်ထဲမှာထိပါ ကျန်ရှိနေတဲ့ မိတ်ကပ်တွေပါ ပျော်ဝင်ပြီး သန့်စင်စေနိုင်တဲ့ Cleansing cream or gel or oil or balm ကို သုံးရပါမယ်။ စက်ဝိုင်းပုံစံ အပေါ်ကိုပင့်တင်တဲ့ပုံစံလေး ပွတ်ပေးရပါမယ်။ အရေးကြီးတာက တစ်မိနစ်ထက် မကျော်ပါစေနဲ့။ တစ်မိနစ်ထက် ကျော်သွားရင် ချွေးပေါက်ထဲက ပျော်ထွက်လာတဲ့ မိတ်ကပ်နဲ့ အညစ်ကြေးတွေကို အရေပြားက ပြန်လည်စုပ်ယူသွားတတ်လို့ပါရှင်။

ပြီးရင် Wet tissue နဲ့သုတ်ပစ်ပါ။ နောက်တစ်ကြိမ် ဒီ Cleansing cream or gel or oil or balm နဲ့ နောက်တစ်ကြိမ် ထပ်သန့်စင်ပါ။ ဒီတစ်ခေါက်လဲ wet tissue နဲ့သုတ်ကြည့်ပါ။ မိတ်ကပ် အကြွင်းကျန်တွေ ထွက်လာတာတွေ့ရမှာပါရှင်။

ဒီလို ၂ ကြိမ် မိတ်ကပ်သန့်စင်ပြီးပြီ ဆိုမှ မျက်နှာသစ်ဆပ်ပြာ facial foam နဲ့မသစ်ချင်ရင် micellar water နဲ့ သန့်စင်ပေးနိုင်ပါတယ်ရှင်။

နောက် Facial foam အသုံးပြုမယ်ဆိုလဲ အကြမ်းတစ်ကြိမ် အချောတစ်ကြိမ် ၂ ကြိမ်သစ်ပေးပါ။ ဒီလို ၂ ခါသန့်စင်တာကို Double Cleansing လို့ခေါ်ပါတယ်ရှင်။

မိတ်ကပ်တော့လှလှလေး အချိန်ပေးပြီးလိမ်းတယ်။ ပြန်ဖျက်ရမှာကျတော့ ပျင်းကြတယ်။ အဲ့လိုလုပ်လို့မရပါဘူး။ မိတ်ကပ် ပြန်ဖျက်တဲ့အခါမှာလည်း အခြေခံအကျဆုံး မျက်နှာ သန့်ရှင်းရေးကို အပေါ်မှာ ပြောခဲ့သလို သေချာ အချိန်ပေးပြီး လုပ်ပါမှ အပြစ်အနာဆာ ကင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်မှာပါ။

ဝက်ခြံ အဆီဖု စတဲ့ အရေပြား ပြသနာအများစုက မိတ်ကပ်ပစ္စည်း skincare စတာတွေနဲ့ မတည့်လို့ ဖြစ်တာမဟုတ်ပါဘူး။ အဓိကက သေချာ cleansing မလုပ်ကြလို့ပါ။

ကဲ ခုတော့ Double Cleansing လေးလုပ်ပြီး အပြစ်အနာဆာကင်းစင်တဲ့ မျက်နှာလေးကို တူတူပိုင်ဆိုင်ကြရအောင်နော်။

Scarlette ( ဆေး၁ )

Previous Post

စနစ်တကျ အရက်သောက်နည်း

Next Post

မှန်ကန်တဲ့နည်းလမ်းနဲ့ ခေါင်းလျှော်ကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
543
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
800

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မှန်ကန်တဲ့နည်းလမ်းနဲ့ ခေါင်းလျှော်ကြမယ်

ကျန်းမာရေးနဲ့ အသားအရေအတွက် အကျိုးပြုတဲ့ Manuka ပျားရည်နဲ့ ရိုးရိုးပျားရည် ဘာတွေကွာခြားလဲ

အသည်းခြောက်တာ ပျောက်အောင် ကုလို့ရသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.