fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကျန်းမာရေးနဲ့ အသားအရေအတွက် အကျိုးပြုတဲ့ Manuka ပျားရည်နဲ့ ရိုးရိုးပျားရည် ဘာတွေကွာခြားလဲ

119
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/05/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ကျန်းမာရေးနဲ့ အသားအရေအတွက် အကျိုးပြုတဲ့ Manuka ပျားရည်နဲ့ ရိုးရိုးပျားရည် ဘာတွေကွာခြားလဲ

ခုခေတ်စားနေတဲ့ Manuka honey အကြောင်း.. ရိုးရိုးပျားရည်နဲ့ ဘာတွေကွာခြားလဲ ??

Manuka Honey ဆိုတာဘာလဲ?

– Manuka Honey ဆိုတာ ၁၉ ရာစုလောက်ကနေစပြီး ဥရောပနိုင်ငံတွေမှာ သဘာဝအိမ်တွင်းဆေးဝါးအဖြစ် ခေတ်စားလာတဲ့ ပျားရည်တစ်မျိုးပေါ့။ Manuka ဆိုတာ နယူးဇီလန်နိုင်ငံမှာ သဘာဝအလျောက်အလေ့ကျပေါက်တဲ့ ချုံပင်အပုလေးတစ်မျိုးပါ။ ဒီ Manuka ပင်ရဲ့ပန်းတစ်မျိုးကိုပဲ စားသုံးတဲ့ပျားလေးတွေဆီကရတဲ့ ပျားရည်ကို Manuka honey လို့ခေါ်တာပါ။ နယူးဇီလန် Manuka ပင်လေးတွေကို အစွဲပြုုပြီးတော့ပေါ့။

ရိုးရိုးပျားရည်နဲ့ Manuka ပျားရည်ဘာတွေကွာခြားလဲ?

– ရိုးရိုးပျားရည်က ပန်းမျိုးစုံအပင်မျိုးစုံကို မှီဝဲထားတဲ့ ပျားလေးတွေဆီကမှ အဆင့်ဆင့်ပြန်သန့်စင်ပြီး ထုတ်ယူထားတာပါ။ Manuka ပျားရည်ကတော့ Manuka ပန်းတစ်မျိုးထဲကိုသာ မှီဝဲထားတဲ့ ဥရောပပျားလေးတွေဆီက ထုတ်ယူထားတဲ့အတွက် ပြန်သန့်စင်ဖို့မလိုတော့အောင် သန့်ရှင်းပါတယ်။

အရောင်အားဖြင့်ကြည့်မယ်ဆိုရင်လဲ ပုံမှန်ပျားရည်က ရွှေညိုရောင်တစ်ပြေးထဲကြည်ကြည်လေးရှိပြီး နည်းနည်းကျဲပါတယ်။ Manuka ပျားရည်ကတော့ ပုံမှန်ထက်ပိုပျစ်တယ် ပိုနောက်တယ် အရောင်နည်းနည်းပိုရင့်ပါတယ်။

ပျားရည်မှာ ဘက်တီးရီးယားပိုးတွေကို သုတ်သင်နိုင်တဲ့ Hydrogen peroxide နဲ့ Methylglyoxal (MGO) လို့ခေါ်တဲ့ ပဋိဇီဝဓာတ်သတ္တိတွေ ပါပါတယ်။ ပုံမှန်ပျားရည်တွေမှာ MGO ကပမာဏ အနည်းငယ်သာပါပြီးတော့ Manuka honey မှာတော့ ပမာဏအလွန်များပြားစွာ ပါရှိနေပါတယ်။ ပိုထူးခြားတာက MGO မဖြစ်ခင်အဆင့်ဖြစ်တဲ့ compound တစ်ခု ( precursor of MGO) Dihydroxyacetone ကလဲ Manuka ပန်းရဲ့ဝတ်ဆံထဲမှာအမြောက်အများပါဝင်နေတာပါပဲ။

ဒါက Manuka ပျားရည်ကိုသာမန်ပျားရည်တွေနဲ့ ကွာခြားသွားစေတဲ့ အဓိကအချက်ပါပဲ။နောက်ထပ်ကွာခြားစေတဲ့ အချက်တွေကတော့ Manuka ပျားရည်ဟာဗီတာမင်နဲ့သတ္တုဓာတ်တွေ နောက်ဓာတ်တိုးဆန်ကျင်ဂုဏ်သတ္တိတွေ (Antioxidant property) နဲ့အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိတွေ (Anti aging property) တွေကသာမန်ပျားရည်ထက်၄ဆပိုမိုပါဝင်နေတာပါပဲ။

အသန့်စင်ဆုံးအကောင်းဆုံး Manuka ပျားရည်ကို ဘယ်မှာရှာဖွေကြမလဲ?

Manuka ပျားရည်ဟာ ခုခေတ်မှာ ကျန်းမာရေးအရရောအလှပရေးရာအရပါ အမျိုးမျိုးအသုံးဝင်နေတော့ ထုတ်လုပ်သူတွေကလဲ ဒီဇိုင်းမျိုးစုံပုံစံမျိုးစုံနဲ့ လွယ်လွယ်ကူကူဝယ်ယူလို့ရနေပါပြီ။ အဲတော့ အကောင်းဆုံ းManuka ပျားရည်ကိုဘယ်လိုရွေးချယ်ကြမလဲပေါ့။

Manuka ပျားရည်ရဲ့ အရေအသွေးကို တိုင်းတာဖို့အားလုံးက Unique Manuka Factor Rating (UMF) ဆိုပြီးအတိုင်းတာတစ်ခုသတ်မှတ်ထားကြပါတယ်။ ဒီကိန်းဂဏန်းအတိုင်းတာကပျားရည်ထဲမှာ MGO & Dihydroxyacetone ဘယ်လောက် Level ပါလဲဆိုတာကိုညွှန်းပါတယ်။ UMF rating မြင့်လေဒီပျားရည်ဟာဆေးဖက်ဝင်လေအရည်သွေးကောင်းလေပါ။

UMF 0-4 – MGO တိုင်းတာလို့မရတဲ့ပမာဏပဲပါပါတယ်။

UMF 5-9 – MGO low level

UMF 10-15 – MGO High level နဲ့

UMF >16 – MGO Very high level ပါပါတယ်။

ကိုယ်တိုင်အသုံးပြုဖို့ဆိုရင်တော့UMF level မြင့်တာကိုရွေးချယ်ဖို့အကြံပေးပါရစေနော်။

အသန့်စင်ဆုံး Manuka ပျားရည်ကိုတော့ Manuka ပင်လေးတွေရဲ့ဇာတိဖြစ်တဲ့ New Zealand နိုင်ငံမှာရရှိနိုင်ပါတယ်။ နယူးဇီလန်နိုင်ငံကရရှိတဲ့ Manuka ပျားရည်ကတော့ UMF level 16 MGO level 260+ ပါရှိပါတယ်။ Austrilia နဲ့တခြားဥရောပနိုင်ငံတွေကလဲ Manuka ပျားရည်ကို Manuka ပန်းအစား Jelly bush နဲ့ Golden Tea Tree ကနေအစားထိုးထုတ်လုပ်ကြတာတွေလဲရှိပါတယ်။ အကောင်းဆုံးကတော့ Manuka ပန်းတစ်မျိုးထဲကနေရရှိတဲ့ New zealand နိုင်ငံက Manuka ပျားရည်ကတော့ အရေအသွေးအကောင်းဆုံးပါပဲ။

ကဲနောက် Manuka ပျားရည်ရဲ့ ကျန်းမာရေးနဲ့ အသားရေအတွက်အကျိုးပြုပုံလေးတွေကိုပြောပြပေးပါမယ်နော်။

– Manuka ပျားရည်က အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် မီးလောင်ဒဏ်ရာထိခိုက်ရှနာတွေကို မြန်မြန်ကျက်စေတယ်။

– antibacterial ပဋိဇီဝဂုဏ်သတ္တိရှိတော့ အရေပြားရောဂါနှင်းခူယားနာတွေကို သက်သာစေတယ်။

– စားသုံးမှီဝဲရင်လဲ အစာအိမ်နာအစာမကြေတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ခုခံအားကိုလည်း ကောင်းစေပါတယ်။

– Manuka ပျားရည်က သာမန်ပျားရည်တွေထက် MGO ပမာဏပိုများတာကြောင့် ဝက်ခြံပြသနာအမျိုးမျိုးကို သက်သာစေတယ်။ အရေပြားရဲ့ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေလို့ ဝက်ခြံမဖြစ်အောင်လဲ ကာကွယ်ပေးနိုင်တယ်။

– ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေနေဒဏ်လေဒဏ်ကြောင့်ဖြစ်တဲ့ တင်းတိတ်မှဲ့ခြောက်တွေကို လျော့ပါးစေတယ်။

-High hydrogen perxoide ပါဝင်တာကြောင့်အရေပြားTone ကိုညှိပေးလို့အသားရောင်မညီတာတွေကိုသက်သာစေတယ်။

– Humectant လို့ခေါ်တဲ့အားကောင်းတဲ့ ရေဓာတ်ဆွဲတဲ့ ပစ္စည်းပါဝင်တာကြောင့် အသားရေအစိုဓာတ်ကို ကြာရှည်စွာ ထိန်းပေးနိုင်တယ်။ ကြည်လင်တောက်ပတဲ့ အသားရေစိုစိုတင်းတင်းပြောင်ပြောင်လေးရဖို့ ကူညီပေးနိုင်တာပေါ့။

– anti aging properties တွေအများြျားကြီး ပါဝင်တာမို့ အရွယ်မတိုင်ခင် အရေးကြောင်းဖြစ်တာတွေကို ကာကွယ်ပေးနိုင်သလို ရှိပြီးသားအရေးကြောင်းတွေကို ပါးသွားအောင်ကူညီပေးနိုင်တယ်။

– Royal jelly လို့ခေါ်တဲ့ ပျားဖယောင်းကလဲ သာမန်ပျားရည်ထက် ပိုပါတာကြောင့် အရေပြားကို တင်းရင်းစေပြီး နုပျိုစေပါတယ်။

– ကျွန်မတို့အရေပြားရဲ့ပုံမှန် PH ဟာအက်စစ် (acid) ဖက်ရောက်ပါတယ်။ နေ့စဉ်အသုံးပြေုနတဲ့ မျက်နှာသစ်ဆပ်ပြာတွေ အသားရေထိန်းသိမ်းတဲ့ ပစ္စည်းအများစုဟာ အယ်လ်ကာလီ (alkali) ဓာတ်ပိုများတော့အရေပြားရဲ့ PH ဟာ Balance မဖြစ်တော့တာကြောင့်အရေပြားမျက်နှာပြင်ခိုင်ခံ့မှု အားနည်းပြီး အသားခြောက်တာအရေးကြောင်းနဲ့ ဝက်ခြံပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ Manuka ပျားရည်ကတော့ PH 4.5 ရှိတာဆိုတော့ အရေပြားရဲ့ PH နဲ့အနီးစပ်ဆုံးတူတာကြောင့် အပေါ်ကပြသနာတွေကို ကာကွယ်ပြီးသားဖြစ်တာပေါ့။

– နောက် Manuka honey ကနှုတ်ခမ်းကွဲတာတွေကိုလဲသက်သာစေပါတယ်ရှင်..

Scarlette (ဆေး၁)

Previous Post

မှန်ကန်တဲ့နည်းလမ်းနဲ့ ခေါင်းလျှော်ကြမယ်

Next Post

အသည်းခြောက်တာ ပျောက်အောင် ကုလို့ရသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
543
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
800

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အသည်းခြောက်တာ ပျောက်အောင် ကုလို့ရသလား

ဒူးနာရင် ဒါတွေမလုပ်နဲ့ ဒါတွေလုပ်

အိပ်မရအောင် ဆိုးတဲ့ချောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.