fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

Liposuction ဆိုတာ ??

163
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/07/2019
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

Liposuction ဆိုတာ ??

Gym ကစား၊ diet လုပ်နေပေမဲ့ ဘယ်လိုဆော့ဆော့ ဘယ်လိုအစားရှောင်ရှောင်မရတဲ့ အမတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ ဟိုတစ်လောကရောက်လာတယ် ..

“ညီမလေးရယ် အမတော့ ဒီတစ်သက် မပိန်တော့ဘူး ထင်ပါတယ်ဟယ်.. အရမ်းစိတ်ညစ်နေပြီ..”

“အမရယ် ဇွဲရှိမှပေါ့..”

“မဟုတ်ဘူးဟဲ့.. အမမှာဖြစ်နေတဲ့ အဆီနေရာတွေက ဆော့လို့လဲမကျတော့တဲ့ နေရာတွေ၊ မြန်မာဝတ်စုံတွေဝတ်ရင် အထစ်ထစ်နဲ့ အရမ်းရုပ်ဆိုးတာ..”

ဟုတ်ပါတယ်..

အကြောင်းအမျိုးမျိုးကြောင့် အဆီထူနေတယ် အဆီချရခက်နေတယ်ဆိုတဲ့ သူတွေအတွက် liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်း နည်းပညာအကြောင်းလေး ဝေမျှပေးချင်ပါတယ်။

အလှပအတွက် အဖက်ဖက်က တိုးတက်လာတဲ့အချိန်မှာ ကျန်းမာရေးရှုထောင့်အရရော အကျိုးရှိတဲ့အဆီစုပ်ထုတ်ခြင်း နည်းပညာက ခေတ်စားလာခဲ့ပါတယ်။

အမျိုးသမီးတွေ ပုံမှန်ဝိတ်ချတယ်အစားနဲ့ လျှော့တယ်၊ လေ့ကျင့်ခန်းလုပ်တယ်။ ဒါပေမဲ့ ဘယ်လိုလျှော့လျှော့ အဆီမကျတဲ့ နေရာတွေရှိပါတယ်။ များသောအားဖြင့်ကတော့ လက်မောင်း၊ ဘော်လီဝတ်ရင် လက်မောင်းနဲ့ ရင်သားကြားမှာ ကျောအနောက်မှာ ထွက်နေတတ်တဲ့ အဆီစု၊ လိမ္မော်ခွံလို အထစ်ထစ်ဖြစ်နေတတ်တဲ့ ပေါင်က cellulite လို့ခေါ်တဲ့ အဆီခဲပြင်၊ ဝမ်းဗိုက် ချက်အောက်ပိုင်း၊ ခြေသလုံးအဆီ၊ ဂုတ်သားနဲ့ လည်ပင်းအဆီတို့ပဲ ဖြစ်ပါတယ်။ ဒီနေရာတွေ ဘယ်လိုချချမကျလို့ စိတ်ညစ်နေရတဲ့သူတွေ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ လူ ၁၀၀ မှာ အယောက် ၈၇ ယောက်ရှိပါတယ်တဲ့။

“ဟိုတစ်လောက အမမဂ္ဂဇင်းတစ်ခုထဲမှာ ဖတ်လိုက်ရတယ်.. အဆီစုပ်ထုပ်လို့ ရတယ်ဆို.. အဲ့ဒါဘာလဲဟင်?? ကြားတော့ကြားဖူးနေတယ်.. ဒါပေမဲ့သေချာမသိလို့..”

“ဟုတ်တာပေါ့.. အဆီစုပ်ထုပ်ခြင်းဆိုတဲ့ နည်းပညာကို ညီမတောင် ဟိုနေ့ကပဲ သေချာလေ့လာထားတာ.. ပြောပြမယ်နော်..

– ဝလာတယ် အဆီစုလာတာနဲ့အမျှ အဆီဆဲလ်အရေတွက်နဲ့ အရွယ်စားကကြီးလာတယ်..

– ဗိုက်အောက်ပိုင်း၊ ချိုင်းနဲ့ bra bulge လို့ခေါ်တဲ့ အမျိုးသမီးတွေ ဘော်လီဝတ်ရင် အပေါ်မှာထွက်နေတတ်တဲ့ အဆီစုတွေက တစ်ခါရံမှာ ဘယ်လိုကစားကစား မကျတော့ဘူး.. ရုပ်ဆိုးတာပေါ့လေ..

– အဲ့လိုမလိုလားအပ်တဲ့ အဆီတွေစုပ်ထုပ်ဖို့အတွက် စုပ်ထုပ်မဲ့ မျက်နှာပြင်မှာ ထုံဆေးသုံးပြီး cannula လို့ခေါ်တဲ့ လိပ်ပြာအပ်လေးကို အရေပြားကနေတစ်ဆင့် အဆီပြင်ထဲထိုးထည့်ပြီး အဆီစုပ်မဲ့ စက်ကလေးနဲ့ စုပ်ထုပ်လိုက်တာ..

– စုပ်ထုပ်တဲ့ နေရာမှာလည်း

Tumescent liposuction

Ultrasound assisted liposuction

Power assisted liposuction

Laser assisted liposuction

ဆိုပြီး စက်တွေပေါ်မူတည်ပြီးရှိသေးတယ်.. ဒါကတော့ကိုယ်သွားမဲ့ clinic ကဘယ်နည်းပညာသုံးမှာလဲ ကိုယ်ကရော ဘယ်ဟာကို ပိုကြိုက်လဲဆိုတာ ကိုယ့်ရွေးချယ်မှုပေါ့..

– ဒီဟာလေးက အသေးစား ( minor procedure) ပဲဖြစ်လို့ အမာရွတ်ကျန်ခဲ့မှာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မှာ စိတ်ပူဖို့ မလိုဘူးအမရဲ့

– ဒီ procedure လေးလုပ်မဲ့သူက medically & physically fit ဖြစ်ရပါမယ်။ သွေးကြဲဆေး မှီဝဲနေရတဲ့သူတွေနဲ့ သွေးမတိတ်တဲ့ရောဂါ၊ keloid လို့ခေါ်တဲ့ အသားတက်တတ်တဲ့သူတွေက ဒီလုပ်ငန်းစဉ်မလုပ်ခင်မှာ ဆောင်ရွက်ပေးမဲ့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ လိုတယ်.. အမမှာက ဒါတွေမရှိတော့ လုပ်ဖို့ ပိုလွယ်တာပေါ့

– တခြားဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိလို့ အဆီပိုတွေအတွက် စိတ်ညစ်နေရတဲ့သူတွေအတွက် ဒီ liposuction နည်းပညာလေးက ခုကမ္ဘာမှာ အရမ်းခေတ်စားနေတာတဲ့..”

“ကျေးဇူးတင်လိုက်တာ ညီမလေးရယ်.. အမျိုးသားရော လုပ်လို့ရလား?? ”

“ရတာပေါ့ ကျားမမရွေးလှချင်ရင် လုပ်လို့ရတယ်”

“တကယ်ကျေးဇူးတင်တယ် ညီမလေးရယ်ကျ ားကျားပါ တူတူလုပ်ဖို့ စွဲဆောင်လိုက်ဦးမယ်..”

ကဲ.. အဆီပိုတွေကို သဘာဝနည်းလမ်းနဲ့ ချရခက်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီလိုနည်းလမ်းလေးတွေ ရှိသေးတယ်ဆိုတာ သတင်းကောင်းပါးလိုက်ရပါတယ်နော်

Scarlette (ဆေး၁)

Previous Post

ကလေးမွေးပြီးနောက်ဖြစ်တဲ့ စိတ်ကျရောဂါ (Post partum depression) က ကလေးအတွက် ဘယ်လောက် အန္တရာယ်ကြီးလဲ ?

Next Post

ကလေးအချင်းချင်းဖြစ်တဲ့ မုဒိမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
541
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
796

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးအချင်းချင်းဖြစ်တဲ့ မုဒိမ်း

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ

မျက်နှာအလှကို ပြုပြင်ပေးတဲ့ အဆီထိုးခြင်းနည်းပညာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.