ရှောက်သီးဟာဗီတာမင်စီအလွန်ကြွယ်ဝတဲ့အပြင် ဗီတာမင်စီ၊ ကယ်စီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီစီယမ်စတဲ့ သတ္ထုဓာတ်တွေနဲ့ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဖိုလိတ်နဲ့အမျှင်ဓာတ်တွေလည်းပါဝင်ကာ ဓာတ်ဆိုးဆန့်ကျင် ပစ္စည်းတွေများစွာပါဝင်ပါတယ်။ ရှောက်ရည် ၁၀၀ ဂရမ်မှာဗီတာမင်စီ ၆၀ ဂရမ်ပါဝင်တဲ့အတွက် အသီးတွေထဲ မှာဗီတာမင်စီအများဆုံးပါဝင်တဲ့အမျိုးအစားလို့ ဆိုရမှာပါ။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက အလှအပအ တွက်ရှောက်သီးကို ဘယ်လိုအသုံးချနိုင်သလဲဆိုတော့ –
ရှောက်သီးဟာသဘာဝပိုးသတ်ဆေး တစ်မျိုးဖြစ်ပြီး အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေကိုု ကုသပေး နိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝလွန်းတာကြောင့် အရေပြားကိုပွတ်လိမ်းပေးပါက အမာရွတ်၊ အစက်အပြောက် တွေမှေးမှိန်ကာအသားအရေ ကြည်လင်ဝင်းပစေပါတယ်။ ရှောက်ရည်ဟာသွေးထဲက အဆိပ်တွေကိုဖယ်ရှား ပေးနိုင်တာကြောင့်အသားအရေ သန့်ရှင်းမှုရှိစေနိုင်ပါတယ်။
ရှောက်ရည်ဟာဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံပျောက်ကင်းစေပြီး မျက် နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားပေးနိုင်ကာအဆီပြန်ခြင်းကိုပါ သက်သာစေနိုင်ပါတယ်။ တံတောင်ဆစ်နဲ့ဒူး ခေါင်းတွေညိုမည်းနေရင် ရှောက်သီးတစ်ခြမ်းနဲ့ပွတ်တိုက်လိုက်တာနဲ့ ပြန်လည်ဖြူဝင်းလာပါလိမ့်မယ်။ ဒါပြင့် လက်သည်းနီခဏခဏဆိုးတာကြောင့် လက်သည်းပျက်စီးတဲ့အခါမျိုးမှာ ရှောက်ရည်နဲ့သံလွင်ဆီကိုရောစပ်ထား တဲ့အရည်ထဲမှာ လက်သည်းတွေကိုနှစ်ပေးရင် လက်သည်းတွေကိုပျက်စီးမှုမှ သက်သာစေပါတယ်။
ခံတွင်းနဲ့လည်ချောင်းတစ်လျှောက်လုံးအတွက်လည်း ရှောက်သီးဟာအသုံးဝင်ပါတယ်။ သွားကိုက် တဲ့နေရာကိုရှောက်ရည်နဲ့ သုတ်လိမ်းပေးပါကနာကျင်မှုကို သက်သာစေတဲ့အပြင်သွားဖုံး ပြည်ယိုခြင်း၊ သွေး ထွက်ခြင်းစတဲ့သွားရောဂါတွေကို ပျောက်ကင်းစေပြီး ခံတွင်းအနံ့ဆိုးကိုလည်းပျောက်ကင်းစေပါတယ်။ ပါးသီး ရောင်ခြင်း၊ လည်ချောင်းနာခြင်းစတဲ့ လည်ချောင်းအတွင်းဖြစ်တတ်တဲ့ ရောဂါအမျိုးမျိုးတို့အတွက် ရှောက်ရည်နဲ့ ရေကိုဆတူရောပြီး မကြာခဏအာခေါင်ကျင်းပေးရင် လည်ချောင်းနာခြင်းကိုသက်သာစေပါတယ်။
ဒါ့အပြင်ရှောက်ရည်နဲ့ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ရောပြီး ဝါဂွမ်းနဲ့သွားတွေကိုလိမ်းပေးကာ ခဏနေရင် သွားပွတ်တံနဲ့တိုက်ကာ ပလုတ်ကျင်းပေးရင်ဖြူဖွေးသန့်စင်တဲ့ သွားတွေရနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် နှုတ် ခမ်းကိုရှောက်ရည်လိမ်းပေးပြီး မနက်ရောက်ရင်ဆေးကြောလိုက်ပါက နှုတ်ခမ်းကဆဲလ်အသေတွေကို ဖယ်ရှား ပြီးနှုတ်ခမ်းသားခြောက်သွေ့မှုကို စိုပြေစေပါတယ်။
အမျှင်ဓာတ်များစွာပါဝင်တာကြောင့် ရှောက်သီးဟာအစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့အပြင်ဆာလောင် မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အတွင်းကမလိုအပ်တဲ့ အဆိတ်အတောက်တွေ၊ အဆီ တွေကိုဖယ်ရှားပေးပြီး ကိုုယ်အလေးချိန်ကျဆင်းနှုန်းမြန်စေပါတယ်။
ရှောက်ရည်ဟာ သည်းခြေမှာတည်တဲ့ကျောက်တွေကို ပျော်ဝင်ကျေပျက်သွားအောင် ကူညီပေးပြီး ခန္ဓာ ကိုယ်မှချွဲသလိပ်ထွက်တာကို လျှော့စေပါတယ်။ အူလမ်းကြောင်းကိုကောင်းမွန်စေကာ ဝမ်းမှန်စေပါတယ်။ ရှောက်သီးမှာဗီတာမင်နဲ့ သတ္ထုဓာတ်တွေများစွာပါဝင်တာမို့ အစာခြေလမ်းကြောင်းအတွင်းက အဆိပ်အ တောက်တွေကိုဖယ်ရှားနိုင်ပါတယ်။
လေရောဂါရှိသူတွေ၊ အစာမကြေသူတွေနဲ့ အစာခံလိုက်လို့လေခံနေတဲ့သူတွေအတွက် ရှောက်သီး တစ်စိပ်ကိုနုတ်နုတ်စင်းပြီး ထန်းလျက်တစ်ဆယ်သားနဲ့ရောကြိုကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လက်ဖက် ရည်အကြမ်းပန်းကန်တစ်ဝက်သောက်ပေးရင် ရင်ထဲမှာရှင်းပြီးအစာကြေလွယ်ကာ လေရောဂါကိုသက်သာ စေပါတယ်။ ခန္ဓာကိုယ်တွေတောင့်တင်းပြီးနာကျင်နေမယ်၊ အကြောတွေအလွန်တက်နေမယ်ဆိုရင် ရှောက် ရည်တစ်ဆ၊ နနွင်းမှုန့်တစ်ဆရောပြီး ညအိပ်ရာဝင်ချိန်မှာ လိမ်းပေးရင်သက်သာစေပါတယ်။ သဘာဝပိုးသတ် ဆေးအနေနဲ့လည်း ရှောက်သီးဟာအနာကျက်မြန်စေခြင်းနဲ့ ပိုးကူးစက်ခြင်းကိုပါဟန့်တားပေးနိုင်ပါတယ်။
Author: ရွှေနန်းစံ (Vol-8 / No-8) Healthcare Journal