(Zawgyi)
သင့္မ်က္ႏွာအသားအေရ တျဖည္းျဖည္းပ်က္ဆီးလာတာၾကည့္ၿပီး စိတ္ပ်က္ေနပါသလား? အလွကုန္ပစၥည္းမ်ိဳးစုံသုံးၿပီး အဆင္မေျပျဖစ္ေနပါသလား? အေရျပားကုသမူမ်ားထဲမွ အေကာင္းဆုံးနဲ႔ေပၚျပဴလာအျဖစ္ဆုံး နည္းလမ္းတစ္ခု ရွိပါတယ္။ ဒါကေတာ့ လူတိုင္းအလြယ္တကူလုပ္ႏိုင္မယ့္ နည္းလမ္းျဖစ္တဲ့ မ်က္ႏွာကို ေရခဲကပ္ျခင္းပါပဲ။ ေရခဲကပ္ျခင္းက ေငြကုန္ေၾကးက်မမ်ားပဲ သင့္မ်က္ႏွာကို ပိုမို ေကာင္းမြန္ႏူးညံေခ်ာေမြ႕ေစပါတယ္။ ေရခဲကပ္ေပးျခင္းျဖင့္ သင့္မ်က္ႏွာေပၚတြင္ အံ့အားသင့္ဖြယ္အက်ိဳးေက်းဇူးရရွိႏိုင္ပါလိမ့္မယ္။
(၁)ေရခဲကပ္ေပးျခင္းသည္ ေသြးလည္ပတ္မူေကာင္းေစေသာေၾကာင့္ သင့္မ်က္ႏွာ လန္းဆန္းၾကည္လင္လာပါလိမ့္မယ္။
(၂)ဝက္ၿခံမ်ား၊အမဲစက္မ်ား ၊ အနီကြက္မ်ား ႏွင့္အေရျပားေယာင္ရမ္းမူရွိခဲ့ရင္ အထူးသက္သာေစပါတယ္။ ေရခဲတုံးေလးမ်ားကို ဝက္ၿခံေပၚ ၅မိနစ္ခန႔္ အေရျပားထုံလာသည္အထိ တင္ထားေပးလွ်င္ ဝက္ၿခံမ်ား သိသာစြာေပ်ာက္ကင္းပါလိမ့္မယ္။ ေန႔စဥ္ အိပ္ယာမဝင္ခင္ ျပဳလုပ္ေပးပါ။
(၃)မ်က္ကြင္းညိဳျခင္းဟာ လူအမ်ားအတြက္ စိတ္ညစ္စရာတစ္ခုပါပဲ။ ေရႏွင့္သခြားသီးေပါင္းစပ္ထားေသာ ေရခဲတုံးကေလးမ်ားကပ္ျခင္းျဖင့္ စိတ္ေသာကကင္းေဝးေစႏိုင္ပါလိမ့္မယ္။ မ်က္အိတ္တြဲက်ျခင္းကိုလည္း ေရခဲကပ္ျခင္းက ေလ်ာ့ပါးေစႏိုင္ပါတယ္။
(၄)လြယ္ကူသက္သာေသာtonerအျဖစ္လည္းအသုံးဝင္ပါတယ္။ မိတ္ကပ္မလိမ္းခင္ ေရခဲကပ္ျခင္းသည္ ေခြၽးေပါက္က်ဥ္းေစၿပီး မိတ္ကပ္အသားပိုမိုတက္ေစပါတယ္။ ေရခဲကပ္ၿပီးမွ primerလိမ္းပါ။
(၅)သင္သည္ မိတ္ကပ္လိမ္းဖို႔အခ်ိန္မေပးႏိုင္ေအာင္ အလုပ္မ်ားခဲ့လွ်င္ ေရခဲကပ္႐ုံျဖင့္သင္မ်က္ႏွာ သဘာဝအတိုင္း ၾကည္လင္ေတာက္ပေနပါလိမ့္မယ္။
**ေရခဲကပ္လွ်င္ အဝတ္စအၿမဲခံစရာမလိုေပမယ့္ လက္အိတ္စြပ္၍ ကပ္လို႔ရပါတယ္။
**အဝတ္စခံကပ္သည္ျဖစ္ေစ ေရခဲတိုက္႐ိုက္ကပ္သည္ျဖစ္ေစ အက်ိဳးအာနိသင္အတူတူပဲရရွိႏိုင္ပါတယ္။
**ေရခဲအရမ္းေအးခဲလွ်င္ ေသးငယ္ေသာေသြးေၾကာမွ်င္မ်ားပ်က္စီးႏိုင္ပါသျဖင့္ ေရခဲေသတၱာထဲမွ ထုတ္ထုတ္ခ်င္းမကပ္ပါနဲ႔။အျပင္မွာ တစ္မိနစ္ ၂မိနစ္ထားၿပီးမွ ကပ္ပါ။
**သင့္မ်က္ႏွာေအးလာၿပီးဟုခံစားရလ်င္ ေရခဲကပ္ျခင္းရပ္ပါ။ မ်က္ႏွာေပၚတြင္ ၁၅မိနစ္ထက္ပိုမကပ္ပါနဲ႔။
**ေရခဲတုံးျပဳလုပ္ရာတြင္ ေရႏွင့္ႏွင္းဆီရည္၊ လိေမၼာ္ရည္၊ လက္ဖက္စိမ္း၊ သခြားသီးစသည့္ ေဆးဘက္ဝင္အသီးရည္မ်ားျဖင့္ ေပါင္းစပ္ျပဳလုပ္ႏိုင္လွ်င္ ပိုမိုအက်ိဳးေက်းဇူးရရွိႏိုင္ပါတယ္။
Author: Dr. ျပည့္ရွင္း
(Unicode)
သင့်မျက်နှာအသားအရေ တဖြည်းဖြည်းပျက်ဆီးလာတာကြည့်ပြီး စိတ်ပျက်နေပါသလား? အလှကုန်ပစ္စည်းမျိုးစုံသုံးပြီး အဆင်မပြေဖြစ်နေပါသလား? အရေပြားကုသမူများထဲမှ အကောင်းဆုံးနဲ့ပေါ်ပြူလာအဖြစ်ဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ လူတိုင်းအလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းဖြစ်တဲ့ မျက်နှာကို ရေခဲကပ်ခြင်းပါပဲ။ ရေခဲကပ်ခြင်းက ငွေကုန်ကြေးကျမများပဲ သင့်မျက်နှာကို ပိုမို ကောင်းမွန်နူးညံချောမွေ့စေပါတယ်။ ရေခဲကပ်ပေးခြင်းဖြင့် သင့်မျက်နှာပေါ်တွင် အံ့အားသင့်ဖွယ်အကျိုးကျေးဇူးရရှိနိုင်ပါလိမ့်မယ်။
(၁)ရေခဲကပ်ပေးခြင်းသည် သွေးလည်ပတ်မူကောင်းစေသောကြောင့် သင့်မျက်နှာ လန်းဆန်းကြည်လင်လာပါလိမ့်မယ်။
(၂)ဝက်ခြံများ၊အမဲစက်များ ၊ အနီကွက်များ နှင့်အရေပြားယောင်ရမ်းမူရှိခဲ့ရင် အထူးသက်သာစေပါတယ်။ ရေခဲတုံးလေးများကို ဝက်ခြံပေါ် ၅မိနစ်ခန့် အရေပြားထုံလာသည်အထိ တင်ထားပေးလျှင် ဝက်ခြံများ သိသာစွာပျောက်ကင်းပါလိမ့်မယ်။ နေ့စဉ် အိပ်ယာမဝင်ခင် ပြုလုပ်ပေးပါ။
(၃)မျက်ကွင်းညိုခြင်းဟာ လူအများအတွက် စိတ်ညစ်စရာတစ်ခုပါပဲ။ ရေနှင့်သခွားသီးပေါင်းစပ်ထားသော ရေခဲတုံးကလေးများကပ်ခြင်းဖြင့် စိတ်သောကကင်းဝေးစေနိုင်ပါလိမ့်မယ်။ မျက်အိတ်တွဲကျခြင်းကိုလည်း ရေခဲကပ်ခြင်းက လျော့ပါးစေနိုင်ပါတယ်။
(၄)လွယ်ကူသက်သာသောtonerအဖြစ်လည်းအသုံးဝင်ပါတယ်။ မိတ်ကပ်မလိမ်းခင် ရေခဲကပ်ခြင်းသည် ချွေးပေါက်ကျဉ်းစေပြီး မိတ်ကပ်အသားပိုမိုတက်စေပါတယ်။ ရေခဲကပ်ပြီးမှ primerလိမ်းပါ။
(၅)သင်သည် မိတ်ကပ်လိမ်းဖို့အချိန်မပေးနိုင်အောင် အလုပ်များခဲ့လျှင် ရေခဲကပ်ရုံဖြင့်သင်မျက်နှာ သဘာဝအတိုင်း ကြည်လင်တောက်ပနေပါလိမ့်မယ်။
**ရေခဲကပ်လျှင် အဝတ်စအမြဲခံစရာမလိုပေမယ့် လက်အိတ်စွပ်၍ ကပ်လို့ရပါတယ်။
**အဝတ်စခံကပ်သည်ဖြစ်စေ ရေခဲတိုက်ရိုက်ကပ်သည်ဖြစ်စေ အကျိုးအာနိသင်အတူတူပဲရရှိနိုင်ပါတယ်။
**ရေခဲအရမ်းအေးခဲလျှင် သေးငယ်သောသွေးကြောမျှင်များပျက်စီးနိုင်ပါသဖြင့် ရေခဲသေတ္တာထဲမှ ထုတ်ထုတ်ချင်းမကပ်ပါနဲ့။အပြင်မှာ တစ်မိနစ် ၂မိနစ်ထားပြီးမှ ကပ်ပါ။
**သင့်မျက်နှာအေးလာပြီးဟုခံစားရလျင် ရေခဲကပ်ခြင်းရပ်ပါ။ မျက်နှာပေါ်တွင် ၁၅မိနစ်ထက်ပိုမကပ်ပါနဲ့။
**ရေခဲတုံးပြုလုပ်ရာတွင် ရေနှင့်နှင်းဆီရည်၊ လိမ္မော်ရည်၊ လက်ဖက်စိမ်း၊ သခွားသီးစသည့် ဆေးဘက်ဝင်အသီးရည်များဖြင့် ပေါင်းစပ်ပြုလုပ်နိုင်လျှင် ပိုမိုအကျိုးကျေးဇူးရရှိနိုင်ပါတယ်။
Author: Dr. ပြည့်ရှင်း