fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းစင်တဲ့အသားအရေပိုင်ဆိုင်ဖို့

474
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/06/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဝက်ခြံထွက်ခြင်းသည် အရေပြားရောင်ရမ်းခြင်း ပြဿနာတစ်ခုဖြစ်ပြီး အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

-မျက်နှာပေါ်တွင်ရှိသည့် မွေးညင်းပေါက်များသည် အဆီများ ၊ အမှုန်များဖြင့် ပိတ်နေခြင်း
-ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှ အဆီဓာတ်ကို ပိုမိုထုတ်လုပ်ခြင်း
-ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ရောင်ရမ်းခြင်းကို ဖြစ်စေခြင်း စသည့်အကြောင်းရင်းများကြောင့် ဝက်ခြံထွက်ရခြင်းဖြစ်ပါသည်။

အသက် ၁၂ နှစ် မှ ၂၄ နှစ်အတွင်းရှိသူများ၏ ၈၅ ရာခိုင်နှုန်းခန့်သည် ဝက်ခြံထွက်လေ့ရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ပြင် မျိုးရိုးလိုက်ခြင်းသည်လည်း ဝက်ခြံထွက်ခြင်း၏ အကြောင်းရင်းများအနက် တစ်ခုအဖြစ် ပါဝင်ကြောင်း တွေ့ရှိရပါသည်။

အောက်ပါတို့သည် ဝက်ခြံကင်းစင်ပြီး ကြည်လင်လှပသော အသားအရေရရှိစေနိုင်သည့် နည်းလမ်းများ ဖြစ်ကြပါသည်။

( ၁ ) မျက်နှာကို သန့်ရှင်းအောင် သေချာစွာ ဆေးကြောသန့်စင်ပါ
မျက်နှာကို Benzoyl Peroxide ဓာတ်ပါဝင်သည့် မျက်နှာသစ်ဆပ်ပြာဖြင့် နေ့စဉ် တစ်နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် သန့်စင်ပေးပါ။ ၎င်းဒြပ်ပေါင်းသည် ရောင်ရမ်းခြင်းကို လျော့နည်းစေပြီး ဝက်ခြံဖြစ်စေသော ဗက်တီးရီးယားပိုးများကို သေစေနိုင်သည့် အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။ သို့သော်သတိပြုရမည့်အချက် တစ်ချက်မှာ Benzoyl Proxide ပါဝင်သည့် မျက်နှာသစ်ဆပ်ပြာဖြင့် မျက်နှာကို ဆေးကြောပြီး အရေပြားတွင် ဓာတ်မတည့်သည့် အကွက်များဖြစ်လာသည်ကို တွေ့ရှိလျှင် ဆက်လက်၍ အသုံးပြုခြင်းအား ရပ်တန့်ရန် လိုအပ်ပါသည်။

( ၂ ) မျက်နှာသုတ်ပုဝါဖြင့် မျက်နှာကို ပွတ်တိုက်ခြင်းမှ ရှောင်ကြဉ်ပါ
မျက်နှာကို သန့်စင်ပြီး အခြောက်ခံသည့်အခါ မျက်နှာသုတ်ပုဝါဖြင့် ပွတ်တိုက်ခြင်းသည် ဝက်ခြံထွက်ခြင်းကို ပို၍ အားပေးသဖြင့် ထိုသို့ပြုလုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

(၃ ) ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို စားသုံးပေးပါ
အချိုဓာတ်များလွန်းသော အစားအစာများ၊ ငန်လွန်းသော အစားအစာများ သို့မဟုတ် ဆီကြော်အစားအစာများကို အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးခြင်းသည် ကျန်းမာရေးကောင်းမွန်စေနိုင်သည့်အပြင် အသားအရေလှပခြင်းကိုလည်း အထောက်အကူပြုနိုင်ပါသည်။

( ၄ ) ဆံပင်ကိုလည်း သန့်ရှင်းစွာထားပါ
အဆီဓာတ်များသော ဆံကေသာပိုင်ရှင်များသည် ခြောက်သွေ့သည့် ဆံပင်ပိုင်ရှင်များထက် ဆံပင်ကို ပို၍ ဆေးကြောပေးရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။ သန့်ရှင်းမှုမရှိသည့် ဆံပင်များနှင့် မျက်နှာကို ထိတွေ့ခြင်းဖြင့်လည်း ဝက်ခြံထွက်ခြင်းကို အားပေးနိုင်သဖြင့် ဝက်ခြံထွက်ခြင်းမှ ကာကွယ်ရန်အတွက် ဆံပင်ကို သန့်ရှင်းစွာ ထားရန် လိုအပ်ပေသည်။

( ၅ ) မျက်နှာအတွက် သီးသန့်ပြုလုပ်ထားသည့် ရေဓာတ်ဖြည့် အလှကုန်ပစ္စည်းများနှင့် နေလောင်ဒဏ်မှ ကာကွယ်ပေးသည့် ခရင်မ်များကို အသုံးပြုပါ
ခန္ဓာကိုယ်အတွက် အသုံးပြုရန် ပြုလုပ်ထားသည့် Lotion လိမ်းဆေးများသည် မျက်နှာတွင် အသုံးပြုလျှင် မျက်နှာပေါ်ရှိ ချွေးပေါက်များကို ပိတ်စေနိုင်ပါသည်။ ဝက်ခြံထွက်ခြင်းကို ကာကွယ်ပေးနိုင်သည့် ဒြပ်ပေါင်းများဖြစ်သော Glycerine, Hyaluronic acid ပါဝင်သည့် အလှကုန်ပစ္စည်း များကို အသုံးပြုခြင်းဖြင့်လည်း ဝက်ခြံထွက်ခြင်းကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။

( ၆ ) ရေဓာတ်ကို အခြေခံ၍ အဆီဓာတ်မပါသော မိတ်ကပ်များကို ရွေးချယ်အသုံးပြုပါ
Cocoa ထောပတ် နှင့် ဓာတ်သတ္တုအဆီဓာတ်များပါဝင်ပြုလုပ်ထားသည့် မိတ်ကပ်များကို လိမ်းခြယ်အသုံးပြုခြင်းသည် ဝက်ခြံကို ပို၍ထွက်စေနိုင်သဖြင့် ရေဓာတ်ကို အခြေခံပြီး အဆီဓာတ်မပါသော မိတ်ကပ်များကို ရွေးချယ်အသုံးပြုခြင်းသည် ဝက်ခြံထွက်ခြင်းကို ကာကွယ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ၇ ) မျက်နှာအရေပြားပေါ်ရှိ အမွေးအမှင်များကို သတိထား၍ ဖယ်ရှားခြင်းပြုလုပ်ပါ
မျက်နှာပေါ်ရှိ အမွေးအမှင်များကို ဖယ်ရှားရာတွင် အသုံးပြုသော ဘလိတ်ဓားကို ပုံမှန်ဆေးကြောသန့်စင်ပေးပါ။
ထို့ပြင် ချည်ကြိုးကို အသုံးပြုခြင်းဖြင့် မျက်နှာပေါ်ရှိ အမွေးအမှင်များကို ဖယ်ရှားခြင်းသည် ဝက်ခြံထွက်ခြင်းကို အားပေးနိုင်သဖြင့် ၎င်းနည်းလမ်းကို အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်သည်။

( ၈ ) သန့်ရှင်းမှုမရှိသည့် လက်ဖြင့် မျက်နှာကို ထိတွေ့ခြင်းအား မကြာခဏပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ
သန့်ရှင်းမှုမရှိသော လက်ချောင်းများဖြင့် မျက်နှာကို ထိတွေ့ခြင်းသည် လက်ချောင်းများရှိ ဖုန်များ၊ အညစ်အကြေးများကြောင့် ဝက်ခြံထွက်ခြင်းကို အားပေးသဖြင့် လက်ကို မကြာခဏဆေးကြော ပေးခြင်းသည် ဝက်ခြံထွက်ခြင်းအား ကာကွယ်သည့် နည်းလမ်းတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

( ၉ ) ဝက်ခြံများရှိ အဆန်များအား လက်ဖြင့်ညှစ်ခြင်းမှ ရှောင်ကြဉ်ပါ
၎င်းအပြုအမူသည် ဝက်ခြံများအား ပိုမိုရောင်ရမ်းစေရန် အားပေးနိုင်သည့်အတွက် ရှောင်ကြဉ်သင့်သည့် အပြုအမူတစ်ရပ်ဖြစ်ပေသည်။

( ၁၀ ) အိပ်ရာအခင်းများအား အနည်းဆုံးတစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်ပေးပါ
ခေါင်းအုံးအစွပ်များ ၊ အိပ်ရာဖုံးအခင်းများသန့်ရှင်းမှုမရှိလျှင် ၎င်းတို့တွင်ရှိသော ရောဂါပိုးများသည် အိပ်စက်သည့်အခါတွင် မျက်နှာနှင့်ထိတွေ့ပြီး ဝက်ခြံများကို ထွက်စေနိုင်ပါသည်။
ထို့ကြောင့် အိပ်ရာခင်းများ၊ ခေါင်းအုံးအစွပ်များကို အနည်းဆုံးတစ်ပတ်လျှင် တစ်ကြိမ်ခန့် လဲလှယ်ပေးခြင်းဖြင့် ဝက်ခြံထွက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

မည်သည့်အချိန်တွင် အရေပြားဆရာဝန်နှင့် ပြသရန်လိုအပ်ပါသလဲ
-အသက် ၈ နှစ်အောက် ကလေးများတွင် ဝက်ခြံထွက်လျှင်လည်းကောင်း
-တစ်လခွဲ သို့မဟုတ် နှစ်လခန့်ကြာအောင် ဝက်ခြံပျောက်လိမ်းဆေးများကို ဆေးဆိုင်များမှ ဝယ်ယူအသုံးပြုသော်လည်း ရောဂါသက်သာမှုမရှိလျှင် သော်လည်းကောင်း
-ဝက်ခြံများ ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာလျှင်လည်းကောင်း

ဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုအပ်ကြောင်း အကြံပြုလိုပါသည်။

Author: Dr. မိုး (ဆေး ၁)

Previous Post

Omega-3 Fatty Acids ရရှိဖို့ စားသုံးသင့်တဲ့အစားအစာများ

Next Post

ရေဓာတ်ပြည့်ဝတဲ့ အသားအရေပိုင်ဆိုင်ဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
524
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
784

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေဓာတ်ပြည့်ဝတဲ့ အသားအရေပိုင်ဆိုင်ဖို့

DHA ချို့တဲ့လျှင် တွေ့ရသောလက္ခဏာများ

DHA က သားသားမီးမီးတို့ အိပ်စက်ခြင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.