fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အဆီထုတ်ခြင်း Liposuction ကိုသိစေချင်

228
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/05/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

လူတစ္ဦးတြင္ အဆီမ်ားရွိပါက က်န္းမာေရးကို မ်ားစြာထိခိုက္ႏိူင္ပါသည္။ဆီးခ်ိဳေသြးခ်ိဳေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္ျခင္း၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ ႏွင့္ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါမ်ား ျဖစ္ႏိူင္ပါသည္။ ဝမ္းဗိုက္တြင္ အဆီမ်ား ျပည့္ႏွက္ၿပီး ဗိုက္႐ႊဲေနပါက ၾကည့္ရဆိုးပါသည။ လူၾကားထဲတြင္ မ်က္ႏွာမျပရဲေအာင္ ျဖစ္ၿပီး စိတ္ဓာတ္က်ဆင္းတတ္ပါသည္။ အဝတ္အစား ဝတ္ရာတြင္လည္း အဆင္မေျပျဖစ္တတ္ပါသည္။ အဆီစုပ္ထုတ္ျခင္းျပဳလုပ္ပါက က်န္းမာေရးႏွင့္ ညီၫြတ္ၿပီး အလွအပမ်ား ရရွိကာ စိတ္ခ်မ္းသာေစပါသည္။

အဆီစုပ္ထုတ္ျခင္းဆိုသည္မွာ
ခႏၶာကိုယ္ထဲတြင္ ပိုေနေသာ၊ စုေနေသာ အဆီျပင္းမ်ားကို စုပ္ထုတ္ၿပီး ခႏၶာကိုယ္လွပေစရန္ ျပဳလုပ္ေပးျခင္းကို အဆီစုပ္ထုတ္ျခင္းဟု ေခၚဆိုပါသည္။

အဆီစုပ္ထုတ္ႏိုင္ေသာ အသက္အ႐ြယ္
အဆီစုပ္ထုတ္ႏိူင္ေသာ အသက္အ႐ြယ္မွာ အသက္ (၁၈) ႏွစ္မွ (၆၅) ႏွစ္ျဖစ္ပါသည္။ ႏိူင္ငံျခားတြင္ အသက္ (၁၆) ႏွစ္မွ (၈၀) ႏွစ္အထိ ျပဳလုပ္ၾကပါသည္။\

အဆီစုပ္ထုတ္ႏိူင္ေသာ ေနရာမ်ား
ခႏၶာကိုယ္တြင္ အဆီစုပ္ထုတ္ႏိူင္ေသာ ေနရာမ်ားမွာ ေမးေစ့၊ ခ်ိဳင္းေအာက္၊ ပါး၊ ရင္သား၊ ေနာက္ေက်ာ၊ လက္ျပင္၊ ဗိုက္၊ ခါး ႏွင့္ ေပါင္တို႔ ျဖစ္ပါသည္။ ဗိုက္၊ ေပါင္တို႔တြင္ အဆီစုပ္ထုတ္ယူရာ၌ ေနရာက်ယ္ေသာေၾကာင့္ လြယ္ကူပါသည္။ ခါး၊ ေမးေစ့ႏွင့္ ေက်ာကုန္းမ်ားတြင္ ျပဳလုပ္ပါက ခက္ခဲတတ္ပါသည္။

အဆီစုပ္ထုတ္ရာတြင္ ျပဳလုပ္ႏိူင္ေသာပမာဏ
အဆီစုပ္ထုတ္မည့္သူ၏ ခံႏိူင္ရည္ေပၚတြင္ မူတည္ၿပီး ျပဳလုပ္ႏိူင္ပါသည္။ လူတစ္ဦးတြင္ တစ္ႀကိမ္တည္းႏွင့္ ႏွစ္ေနရာခန္႔္အထိပဲ ခံႏိူင္ရည္ရွိပါသည္။ စုပ္ထုတ္ႏိုင္ေသာ အဆီပမာဏသည္လည္း သတ္မွတ္ခ်က္ထိ ပို၍ မရႏိူင္ပါ။ ဝမ္းဗိုက္မွအဆီမ်ားကို ႏွစ္လီတာမွ သုံးလီတာ အထိသာ စုပ္ယူရပါမည္။

အဆီစုပ္ထုတ္ျခင္း မျပဳလုပ္ရေသာသူမ်ား
ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူမ်ား၊ ေက်ာက္ကပ္ေရာဂါရွိသူမ်ား၊ ေဟာ္မုန္းမ်ားစြာ အသုံးျပဳထားသူမ်ားႏွင့္ ေသြးေၾကာပိတ္ေရာဂါရွိသူမ်ားတြင္ အဆီစုပ္ထုတ္ျခင္း မျပဳလုပ္ရပါ။ ႏွလုံးေရာဂါရွိသူမ်ားတြင္ ျပဳလုပ္ပါက ႏွလုံးခုန္ျမန္ျခင္းမ်ား ျဖစ္တတ္ပါသည္။ အဝလြန္ကဲၿပီး ဗိုက္႐ြဲေနသူမ်ားကိုလည္း ခ်က္ျခင္း အဆီစုပ္ထုတ္ျခင္းကို မျပဳလုပ္ႏိူင္ပါ။ ဗိုက္ကိုခြဲစိတ္ျပဳျပင္ၿပီးမွသာ အဆီထုတ္ယူရပါမည္။

အဆီကို စုပ္ထုတ္ျခင္း
အဆီကို စုပ္ထုတ္ရာတြင္ ထုံေဆးကို အသုံးျပဳပါသည္။ ထုံေဆး၏ အတိုင္းအဆအတိုင္း ႏွစ္ေနရာခန႔္အထိဘဲ ျပဳလုပ္ႏိူင္ပါသည္။ လူတိုင္းကို အဆီစုပ္ထုတ္ယူျခင္း မျပဳလုပ္ႏိူင္ပါ။ အဆီစုပ္ထုတ္ယူျခင္း၊ မျပဳလုပ္မီ လူနာမ်ားကို စစ္ေဆးရပါမည္။ သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမွသာ အဆီကို စုပ္ထုတ္ရပါမည္။ တစ္ခါထုတ္ၿပီးပါက တစ္လခန႔္အၾကာတြင္ ထပ္မံအဆီစုပ္ထုတ္ႏိူင္ပါသည္။

အဆီစုပ္ထုတ္မည့္သူမ်ား လိုက္နာရမည့္အခ်က္မ်ား
အဆီစုပ္ထုတ္ယူျခင္း ျပဳလုပ္မည့္လူနာမ်ားအေနျဖင့္ မျပဳလုပ္ခင္ႏွင့္ ျပဳလုပ္ၿပီး အခ်ိန္မ်ားတြင္ သတ္မွတ္ထားေသာအခ်က္မ်ားကို လိုက္နာရပါမည္။ အဆီ စုတ္ထုတ္ျခင္း မျပဳလုပ္ခင္ ေသာက္ေနက်အဆီက်ေဆးမ်ား၊ အကိုက္အခဲေပ်ာက္ေဆးမ်ား၊ ေသြးက်ဲေဆး (အက္စပရင္)၊ အားေဆးမ်ားႏွင့္ေဟာ္မုန္းမ်ားကို တစ္ပတ္ (သို႔မဟုတ္) ႏွစ္ပတ္ခန႔္ ႀကိဳတင္ေရွာင္ထားရပါမည္။
အဆီစုပ္ထုတ္ၿပီးေသာ အခ်ိန္တြင္ ဝမ္းဗိုက္ကို စည္းထားေသာ ပစၥည္းကို အနည္းဆုံး ႏွစ္ရက္ခန႔္ စည္းထားရပါမည္။ အဆီစုပ္ယူေသာရက္တြင္ ေရခ်ိဳးျခင္းမျပဳလုပ္သင့္ပါ။ ေနာက္ေန႔ေရာက္မွသာ ေရခ်ိဳးေပးရပါမည္။ ထိုေန႔တြင္ အဆီစုပ္ထုတ္ထားေသာေနရာကို ေဆးထည့္ျခင္းမ်ား ျပဳလုပ္ေပးရပါမည္။
အဆီစုပ္ထုတ္ၿပီးေသာ အခ်ိန္တြင္ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားကို သုံးရက္အထိ မျပဳလုပ္ရပါ။ သုံးရက္ေက်ာ္ၿပီးမွသာ ျပဳလုပ္ရပါမည္။ သုံးရက္အတြင္း နာပါက အကိုက္အခဲေပ်ာက္ေဆး ေပ်ာ့ေပ်ာ့ကို ေပးႏိူင္ပါသည္။

အႀကံျပဳခ်က္
အဆီစုပ္ထုတ္ျခင္းသည္ တတ္ကြၽမ္းနားလည္သူမ်ားႏွင့္ ျပဳလုပ္ပါက အႏၲရာယ္မရွိပါ။ က်န္းမာေရးႏွင့္ အလွအပအတြက္ ပိုမိုေကာင္းမြန္ေစပါသည္။ သို႔ရာတြင္ အဆီစုပ္ထုတ္ၿပီးေနာက္ တစ္ခါ အဆီထပ္မတက္ေစရန္ အဆီ၊ အခ်ိဳ၊ အဆိမ့္ မ်ားေသာ အစားအစာမ်ားကို ေရွာင္ရပါမည္။ ဟင္းသီးဟင္း႐ြက္မ်ားမ်ား စားရပါမည္။ ပုံမွန္ကိုယ္လက္လႈပ္ရွားမႈမ်ား ျပဳလုပ္သင့္ေၾကာင္း အႀကံျပဳအပ္ပါသည္။

Author: ေဒါက္တာေကာင္းစံ , Healthcare Journal  vol 8, no 13

(Unicode)

လူတစ်ဦးတွင် အဆီများရှိပါက ကျန်းမာရေးကို များစွာထိခိုက်နိူင်ပါသည်။ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် ဦးနှောက်သွေးကြောပိတ်ရောဂါများ ဖြစ်နိူင်ပါသည်။ ဝမ်းဗိုက်တွင် အဆီများ ပြည့်နှက်ပြီး ဗိုက်ရွှဲနေပါက ကြည့်ရဆိုးပါသည။ လူကြားထဲတွင် မျက်နှာမပြရဲအောင် ဖြစ်ပြီး စိတ်ဓာတ်ကျဆင်းတတ်ပါသည်။ အဝတ်အစား ဝတ်ရာတွင်လည်း အဆင်မပြေဖြစ်တတ်ပါသည်။ အဆီစုပ်ထုတ်ခြင်းပြုလုပ်ပါက ကျန်းမာရေးနှင့် ညီညွတ်ပြီး အလှအပများ ရရှိကာ စိတ်ချမ်းသာစေပါသည်။

အဆီစုပ်ထုတ်ခြင်းဆိုသည်မှာ
ခန္ဓာကိုယ်ထဲတွင် ပိုနေသော၊ စုနေသော အဆီပြင်းများကို စုပ်ထုတ်ပြီး ခန္ဓာကိုယ်လှပစေရန် ပြုလုပ်ပေးခြင်းကို အဆီစုပ်ထုတ်ခြင်းဟု ခေါ်ဆိုပါသည်။

အဆီစုပ်ထုတ်နိုင်သော အသက်အရွယ်
အဆီစုပ်ထုတ်နိူင်သော အသက်အရွယ်မှာ အသက် (၁၈) နှစ်မှ (၆၅) နှစ်ဖြစ်ပါသည်။ နိူင်ငံခြားတွင် အသက် (၁၆) နှစ်မှ (၈၀) နှစ်အထိ ပြုလုပ်ကြပါသည်။\

အဆီစုပ်ထုတ်နိူင်သော နေရာများ
ခန္ဓာကိုယ်တွင် အဆီစုပ်ထုတ်နိူင်သော နေရာများမှာ မေးစေ့၊ ချိုင်းအောက်၊ ပါး၊ ရင်သား၊ နောက်ကျော၊ လက်ပြင်၊ ဗိုက်၊ ခါး နှင့် ပေါင်တို့ ဖြစ်ပါသည်။ ဗိုက်၊ ပေါင်တို့တွင် အဆီစုပ်ထုတ်ယူရာ၌ နေရာကျယ်သောကြောင့် လွယ်ကူပါသည်။ ခါး၊ မေးစေ့နှင့် ကျောကုန်းများတွင် ပြုလုပ်ပါက ခက်ခဲတတ်ပါသည်။

အဆီစုပ်ထုတ်ရာတွင် ပြုလုပ်နိူင်သောပမာဏ
အဆီစုပ်ထုတ်မည့်သူ၏ ခံနိူင်ရည်ပေါ်တွင် မူတည်ပြီး ပြုလုပ်နိူင်ပါသည်။ လူတစ်ဦးတွင် တစ်ကြိမ်တည်းနှင့် နှစ်နေရာခန့််အထိပဲ ခံနိူင်ရည်ရှိပါသည်။ စုပ်ထုတ်နိုင်သော အဆီပမာဏသည်လည်း သတ်မှတ်ချက်ထိ ပို၍ မရနိူင်ပါ။ ဝမ်းဗိုက်မှအဆီများကို နှစ်လီတာမှ သုံးလီတာ အထိသာ စုပ်ယူရပါမည်။

အဆီစုပ်ထုတ်ခြင်း မပြုလုပ်ရသောသူများ
ဆီးချိုသွေးချိုရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊ ဟော်မုန်းများစွာ အသုံးပြုထားသူများနှင့် သွေးကြောပိတ်ရောဂါရှိသူများတွင် အဆီစုပ်ထုတ်ခြင်း မပြုလုပ်ရပါ။ နှလုံးရောဂါရှိသူများတွင် ပြုလုပ်ပါက နှလုံးခုန်မြန်ခြင်းများ ဖြစ်တတ်ပါသည်။ အဝလွန်ကဲပြီး ဗိုက်ရွဲနေသူများကိုလည်း ချက်ခြင်း အဆီစုပ်ထုတ်ခြင်းကို မပြုလုပ်နိူင်ပါ။ ဗိုက်ကိုခွဲစိတ်ပြုပြင်ပြီးမှသာ အဆီထုတ်ယူရပါမည်။

အဆီကို စုပ်ထုတ်ခြင်း
အဆီကို စုပ်ထုတ်ရာတွင် ထုံဆေးကို အသုံးပြုပါသည်။ ထုံဆေး၏ အတိုင်းအဆအတိုင်း နှစ်နေရာခန့်အထိဘဲ ပြုလုပ်နိူင်ပါသည်။ လူတိုင်းကို အဆီစုပ်ထုတ်ယူခြင်း မပြုလုပ်နိူင်ပါ။ အဆီစုပ်ထုတ်ယူခြင်း၊ မပြုလုပ်မီ လူနာများကို စစ်ဆေးရပါမည်။ သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ အဆီကို စုပ်ထုတ်ရပါမည်။ တစ်ခါထုတ်ပြီးပါက တစ်လခန့်အကြာတွင် ထပ်မံအဆီစုပ်ထုတ်နိူင်ပါသည်။

အဆီစုပ်ထုတ်မည့်သူများ လိုက်နာရမည့်အချက်များ
အဆီစုပ်ထုတ်ယူခြင်း ပြုလုပ်မည့်လူနာများအနေဖြင့် မပြုလုပ်ခင်နှင့် ပြုလုပ်ပြီး အချိန်များတွင် သတ်မှတ်ထားသောအချက်များကို လိုက်နာရပါမည်။ အဆီ စုတ်ထုတ်ခြင်း မပြုလုပ်ခင် သောက်နေကျအဆီကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ သွေးကျဲဆေး (အက်စပရင်)၊ အားဆေးများနှင့်ဟော်မုန်းများကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ်ခန့် ကြိုတင်ရှောင်ထားရပါမည်။
အဆီစုပ်ထုတ်ပြီးသော အချိန်တွင် ဝမ်းဗိုက်ကို စည်းထားသော ပစ္စည်းကို အနည်းဆုံး နှစ်ရက်ခန့် စည်းထားရပါမည်။ အဆီစုပ်ယူသောရက်တွင် ရေချိုးခြင်းမပြုလုပ်သင့်ပါ။ နောက်နေ့ရောက်မှသာ ရေချိုးပေးရပါမည်။ ထိုနေ့တွင် အဆီစုပ်ထုတ်ထားသောနေရာကို ဆေးထည့်ခြင်းများ ပြုလုပ်ပေးရပါမည်။
အဆီစုပ်ထုတ်ပြီးသော အချိန်တွင် ပြင်းထန်သော လေ့ကျင့်ခန်းများကို သုံးရက်အထိ မပြုလုပ်ရပါ။ သုံးရက်ကျော်ပြီးမှသာ ပြုလုပ်ရပါမည်။ သုံးရက်အတွင်း နာပါက အကိုက်အခဲပျောက်ဆေး ပျော့ပျော့ကို ပေးနိူင်ပါသည်။

အကြံပြုချက်
အဆီစုပ်ထုတ်ခြင်းသည် တတ်ကျွမ်းနားလည်သူများနှင့် ပြုလုပ်ပါက အန္တရာယ်မရှိပါ။ ကျန်းမာရေးနှင့် အလှအပအတွက် ပိုမိုကောင်းမွန်စေပါသည်။ သို့ရာတွင် အဆီစုပ်ထုတ်ပြီးနောက် တစ်ခါ အဆီထပ်မတက်စေရန် အဆီ၊ အချို၊ အဆိမ့် များသော အစားအစာများကို ရှောင်ရပါမည်။ ဟင်းသီးဟင်းရွက်များများ စားရပါမည်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

Author: ဒေါက်တာကောင်းစံ , Healthcare Journal  vol 8, no 13

Previous Post

မည်းမည်းနဲ့ ခေါင်းပေါ်က သန်းတွေ

Next Post

ဖလိုရိုက်၏ ကျန်းမာရေးကောင်းကျိုးနဲ့ ဆိုးပြစ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
640
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.3k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
931

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

3 years ago
1.6k

ဆံပင်တွေအရမ်းကျွတ်နေရင်

3 years ago
1.7k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

3 years ago
2.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖလိုရိုက်၏ ကျန်းမာရေးကောင်းကျိုးနဲ့ ဆိုးပြစ်များ

လှုပ်ရှားမှု မူမမှန်သော ပါကင်ဆန်ရောဂါ

တဖြည်းဖြည်း ဒုက္ခပေးလာတဲ့ သွေးတိုးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.