fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံခဏခဏထွက်တတ်သူလား ? ဝက်ခြံထွက်တာသက်သာစေမယ့် နေ့စဉ်အမူအကျင့်များ

962
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/11/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆယ်ကျော်သက် အပျိုလူပျိုဖော်ဝင်ချိန် ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်မှစ လူအများစုကြုံတွေ့ဖူးသည့် ပြဿနာတစ်ခုမှာ ဝက်ခြံခဏခဏထွက်ခြင်း ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲများကြောင့်လည်း ဝက်ခြံထွက်ခြင်းပြဿနာကို ကြုံတွေ့ရနိုင်သည်။ စိတ်ဖိစီးမှုများ‌သောအချိန်၊ ပတ်ဝန်းကျင်ရေမြေပြောင်းလဲမှု၊ အရေပြားပေါ်အသုံးပြုသော အလှကုန်ပစ္စည်းများ၊ ပဋိဇီဝဆေးနှင့် ဟော်မုန်းဆေးများကဲ့သို့ သောက်ဆေးများ၊ အမျိုးသမီးများတွင် ဖြစ်တတ်သည့် သားဥအိမ်၌ ရေအိတ်များတည်သောရောဂါ Polycystic Ovary Disease နှင့်အခြားသော အကြောင်းရင်းများကြောင့်လည်း ဝက်ခြံခဏခဏထွက်ခြင်းကို ကြုံတွေ့ရနိုင်ပါသည်။

ဝက်ခြံကို အဓိကအားဖြင့်  ရောင်ရမ်းဝက်ခြံ Inflammatory Acne နှင့် အဆီဖု၊ ဆားဝက်ခြံကဲ့သို့ မရောင်ရမ်းသောဝက်ခြံ Non-inflammatory Acne ဟု၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။ ဝက်ခြံဟာ အရေပြားကျန်းမာရေးနှင့် အလှအပကိုပျက်စီးစေပြီး ဝက်ခြံပိုးဝင်ရောင်ရမ်းခြင်းမှ အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်စေသည့်အတွက် ဝက်ခြံထွက်ခြင်း သက်သာစေမည့်  အောက်ပါနေ့စဉ် အမူအကျင့်များကို မျှဝေပေးလိုက်ရပါသည်။

နေ့စဉ်စားသုံသော အစားအသောက်များတွင် အဆီ၊ အငန် ဆိုဒီယမ်ဓာတ်များသော အစားအစာများ၊ ဆီကြော်များ၊ ကာဗိုဟိုက်ဒရိတ်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ပြုပြင်ထားသော ခေါက်ဆွဲခြောက်ထုတ်ကဲ့သို့ Readymade အသင့်စား အစားအစာများ စသည်တို့ ပါဝင်မှုများလျှင် ဝက်ခြံထွက်နိုင်သည်။ အားကစားလုပ်သူများ ကြွက်သားထုတက်စေရန် သောက်သော Protein Powder အသားဓာတ်အမှုန့်များသည်လည်း ဝက်ခြံဖြစ်စေနိုင်ပါသည်။ ထို့ကြောင့်ထိုအစားအစာများကို နေ့စဉ်ဆင်ခြင် စားသုံးပြီး အာဟာရမျှတသော အစားအစာများ၊ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားပေးသင့်သည်။ ရေများများသောက်ပေးခြင်း၊ ဗီတာမင်စီဓာတ်ပါသော အစားအစာများ များများစားပေးခြင်းဖြင့် အရေပြားကျန်းမာစေပြီး ဝက်ခြံထွက်ခြင်းသက်သာစေနိုင်သည်။

ဝက်ခြံဖြစ်လာရခြင်းသည် မိမိအရေပြားပေါ်ရှိ ချွေးပေါက်များကို အဆီထုတ်ဂလင်းများမှ ထုတ်သောအဆီ၊ အရေပြားပေါ်ရှိ ဆဲလ်အဟောင်းများ၊ ဖုန်မှုန့်၊ အညစ်အကြေးများ ပိတ်ဆို့ပြီး ဗက်တီးရီးယားပိုး၊ အရေပြားမှိုပိုးများဝင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်နေ့စဉ် မျက်နှာကို ချွေးပေါက်အတွင်းထိ သေချာသန့်စင်ပေးခြင်း Double Cleansing၊ မျက်နှာသန့်စင်ဆေး ဆပ်ပြာအပျော့ဖြင့် တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးခြင်း၊ အစိုဓါတ်ထိန်းဆေး Moisturizer နှင့် နေရောင်ကာလိမ်းဆေး Sunscreen ပုံမှန်လိမ်းပေးခြင်း၊ ချွေးပေါက်ပိတ်စေသော မိတ်ကပ်၊ သနပ်ခါးထူထူလိမ်းခြင်းမှ ရှောင်ကျဉ်ခြင်း၊ စတီးရွိုက်ပါသော အလှကုန်ပစ္စည်းများကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းပြုရမည်။

မျက်နှာအတွက် အသုံးပြုသော မျက်နှာသုတ်ပုဝါ၊ မိတ်ကပ်လိမ်းဖော့များကို ပုံမှန်သန့်ရှင်းပေးခြင်း၊ မျက်နှာနှင့်ထိတွေ့မှုရှိသော ဆံပင်၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်စသည်တို့အပါ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်းတို့ပြုလုပ်ရမည်။ မျက်နှာနှင့်ထိကပ်မှု အမြဲရှိသော မိမိလက်ကိုင်ဖုန်း၏ မျက်နှာပြင်ကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည်။ ဖုန်းပြောလျှင်နားကြပ်၊  Bluetooth နားကြပ်များဖြင့် ပြောခြင်းက လက်ကိုင်ဖုန်း၏ မျက်နှာပြင်နှင့် မိမိ၏အရေပြားကို ထိတွေ့မှုနည်းစေပါသည်။ စိတ်ဖိစီးမှုများခြင်းသည် ဝက်ခြံထွက်စေနိုင်သောကြောင့် စိတ်ဖိစီးမှုလျော့အောင် အိပ်ရေးဝဝအိပ်ခြင်း၊ အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းတို့ လုပ်ပေးသင့်သည်။

ယခုကာလတွင် ရောဂါပိုးကူးစက်မှု ကာကွယ်ရန်နေ့စဉ်တပ်ရသော နှာခေါင်းစည်းနှင့် မိမိ၏မျက်နှာ အရေပြားပွတ်တိုက်မှုကြောင့်လည်း ဝက်ခြံဖြစ်နိုင်သည်။ ထိုသို့ Mask ကြောင့်ဖြစ်သော Maskne ကို သက်သာစေရန် Mask ကိုပုံမှန်လဲလှယ်ပေးခြင်း၊ Mask ချွတ်ချိန်တွင် မျက်နှာကို သန့်စင်ပေးခြင်းတို့ပြုလုပ်ပေးနိုင်သည်။ ဤသို့နေ့စဉ်အမူအကျင့်များ ပြောင်းလဲခြင်းဖြင့် ဝက်ခြံခဏခဏထွက်ခြင်းကို သက်သာစေနိုင်သော်လည်း ဝက်ခြံပြဿနာဆိုးလာလျှင် အရေပြားအထူးကုနှင့် တိုင်ပင်ဆွေးနွေးကုသမှုခံယူသင့်ပါသည်။

Author: Dr. Ye Mon

Previous Post

ဆောင်းရာသီမှာ နှာစေးနှာပိတ်သက်သာအောင် ကာကွယ်ဖို့ဆိုရင်

Next Post

ကိုယ်လက်လှုပ်ရှားကစားပြီးချိန် ကြွက်သားနာကျင်ခြင်းမဖြစ်အောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်လက်လှုပ်ရှားကစားပြီးချိန် ကြွက်သားနာကျင်ခြင်းမဖြစ်အောင်

ကိုယ်ဝန်ဆောင်နှင့် ဆေးလိပ်ငွေ့အန္တရာယ်

ဝက်ခြံထွက်ပြီးရင် အမာရွတ်တွေမကျန်အောင် ဒါတွေရှောင်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.