fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံပိုထွက်စေနိုင်တဲ့ အစားအစာများ

778
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/12/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

“သင်စားတဲ့အစားအစာတွေက သင့်ကိုပုံဖော်ပေးနိုင်ပါတယ်။ You are what you eat.” ဆိုတဲ့ ဆိုရိုးစကားလေးကို သင်ကြားဖူးပါသလား? မိမိနေ့စဉ်စားသောက်နေသော အစားအစာများမှတစ်ဆင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များရရှိပြီး ခန္ဓာကိုယ် ကျန်းမာရေး၊ ကိုယ်အလေးချိန်တို့အပြင် အရေပြားအလှအပကိုပါ သက်ရောက်မှုရှိပါသည်။

နေ့စဉ်စားသုံးသော အစားအသောက်များတွင် အဆီ၊ အငန် ဆိုဒီယမ်ဓာတ်များသော အစားအစာများ၊ ငါးပိ၊ ငါးခြောက်၊ ပင်လယ်စာများနှင့် ဆီကြော်များတွင် ပါဝင်သော Fatty Acids များသည် ရောင်ရမ်းခြင်းကို တိုးမြင့်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ ပြုပြင်ထားသော ခေါက်ဆွဲခြောက်ထုပ်ကဲ့သို့ Readymade အသင့်စား အစားအစာများ၊ ပီဇာ၊ ဟော့ဒေါ့စသည်တို့သည် အရေပြားပေါ်ရှိ အဆီဂလန်းများကို လှုံ့ဆော်ပေးပြီး အဆီပိုထွက်စေကာ ဝက်ခြံထွက်စေပါတယ်။

ခန္ဓာကိုယ်ရှိ ပန်ကရိယခေါ် မုန့်ချိုအိတ်မှ ထုတ်ပေးသည့် သွေးတွင်းသကြားဓာတ် ထိန်းညှိဟော်မုန်းခေါ် အင်ဆူလင်သည် ဝက်ခြံထွက်ခြင်း အပေါ်သက်ရောက်မှုရှိနိုင်သည်ဟု သုတေသနတွေ့ရှိချက်များက ဖော်ပြကြသည်။ ထို့ကြောင့် ကာဗိုဟိုက်ဒရိတ်နှင့် သကြားအချိုဓာတ်များကြောင့် သွေးတွင်းသကြားဓာတ်မြင့်လာလျှင် သကြားဓာတ်ထိန်းဟော်မုန်း အင်ဆူလင်များထုတ်ရပြီး နောက်ဆက်တွဲအနေနဲ့ ဝက်ခြံတွေပိုထွက်လာစေပါတယ်။

အစားအစာများတွင် ပါဝင်သော သကြားဓါတ်ညွှန်းကိန်း Glycemic Index မြင့်လေလေ အင်ဆူလင်ဟော်မုန်းများများထွက်လေလေဖြစ်ပြီး အမျိုးသားဟော်မုန်း Androgen အန်ဒရိုဂျင်ကို အားကောင်းစေပါသည်။ ထို Androgen ဟော်မုန်းသည် ဆဲလ်ကြီးထွားမှုနှင့် အရေပြားအဆီဂလန်းမှ အဆီ Sebum ထုတ်ခြင်းကို လှုံ့ဆော်ပေးပြီး ဝက်ခြံကိုပိုဆိုးစေနိုင်သည်။ ထို့ကြောင့် အဆင့်ဆင့်ပြုပြင်ထားသော ဂျုံမှုန့်အနုဖြင့် ပြုလုပ်ထားသည့် ပေါင်မုန့်အဖြူ၊ ပါစတာခေါက်ဆွဲ Pasta ၊ ဆန်ခေါက်ဆွဲစသည့် Glycemic Index မြင့်သော အစားအစာများကို ဆင်ခြင်စားသုံးသင့်သည်။

နို့နှင့်နို့ထွက်ပစ္စည်းများကြောင့် ဝက်ခြံထွက်ခြင်းကို ဆယ်ကျော်သက်ပျိုဖော်ဝင်ချိန်တွင် တွေ့ရှိရသော်လည်း အကြောင်းရင်းအတိအကျကိုမူ မသိရှိသေးပါ။ ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်နှင့် အရက်ဘီယာ သောက်သုံးမှုများလျှင် ဝက်ခြံထွက်နိုင်သည်။ အားကစားလုပ်သူများ ကြွက်သားထုတက်စေရန် သောက်သော Whey Protein Powder အသားဓာတ်အမှုန့်များသည်လည်း ဝက်ခြံဖြစ်စေနိုင်ပါသည်။ ထို့ကြောင့်ထိုအစားအစာများကို နေ့စဉ်ဆင်ခြင် စားသုံးသင့်ပါသည်။

ချောကလက်များများစားခြင်းသည် ဝက်ခြံထွက်ခြင်းကို ပိုအားပေးတတ်သည်။ ချောကလက်တွင် အဓိကပါဝင်သော ကိုကိုး Cocoa သည် ဝက်ခြံထွက်ခြင်းကို အားပေးပြီး၊ နို့နှင့်နို့ထွက်ပစ္စည်းနှင့် သကြားတို့သည် ဝက်ခြံပိုးဝင်ရောင်ရမ်းမှုကို ဖြစ်စေသော ဗက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားတုံ့ပြန်မှုကို လှုံ့ဆော်ပေးခြင်းဖြင့် ပိုးဝင်ယောင်ရမ်းခြင်း ပိုဆိုးစေနိုင်သည်။

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော Essential Fatty Acid အိုမီဂါ ၆ ဖက်တီးအက်ဆစ် ပါဝင်သော အစားအစာများဖြစ်သည့် ပဲပိစပ်၊ ပဲနို့၊ ပြောင်းဖူးမှပြုလုပ်ထားသော မုန့်စသည်တို့သည် ဝက်ခြံထွက်ခြင်းကို အားပေးသည့် အစားအစာများဖြစ်ပါသည်။ ထို့ကြောင့် ဝက်ခြံထွက်သည့် အသားအရေရှိသူများအနေနှင့် ဆင်ခြင်စားသုံးသင့်ပါသည်။ ကြက်သား ဆိတ်သား စသည့်အဆီမပါသော အသားများစားခြင်းသည် မေးရိုး၊ ပါးနှစ်ဖက်နှင့် လည်ပင်းအစပ်တို့တွင် ဝက်ခြံထွက်ခြင်း အားပေးသောအသားများဖြစ်ပြီး အနီရောင်အသားများကြောင့် ဝက်ခြံထွက်ခြင်းအကြောင်းရင်းကိုမူ တိတိကျကျမသိရှိရပါ။ ကြက်ဥအနှစ်ကို များများစားခြင်းကလည်း
ဝက်ခြံထွက်ခြင်း အားပေးသောအကြောင်းရင်း တစ်ခုဖြစ်ပါသည်။

အသားအရေ အလှအပနှင့် ကျန်းမာရေးအတွက် သန့်ရှင်းလတ်ဆတ်သော သစ်သီးဝလံများကို စားသင့်သော်လည်း အခြောက်ခံထားသောအသီးနှင့် သစ်သီးဖျော်ရည်များသည် သကြားဓာတ်ပါဝင်မှု အလွန်များသောကြောင့် ဝက်ခြံပိုထွက်စေနိုင်ပါသည်။ ထို့ကြောင့် ဝက်ခြံထွက်ခြင်းကို အားပေးသော အထက်ပါအစားအစာများကို ရှောင်ကျဉ်ပြီး အသီးအရွက်များ၊ ဗီတာမင်စီကြွယ်ဝသော အစားအစာများကို အာဟာရပြည့်စုံမျှတအောင် စားပေးခြင်းဖြင့် ဝက်ခြံမထွက်အောင် ကာကွယ်နိုင်ပါသည်။

Author: Dr. Ye Mon

Previous Post

ကိုယ်ဝန်ဆောင်ဗီတာမင်ဓာတ်တွေအကြောင်း သိကောင်းစရာ

Next Post

သင့်ကိုဝိတ်တက်စေမယ့် အမူအကျင့်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
802

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကိုဝိတ်တက်စေမယ့် အမူအကျင့်များ

ယောက်ျားပီသစေမယ့် သဘာဝနည်းလမ်းများ

ပုံမှန်ချစ်တင်းနှောရင်ရနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.