fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆောင်းရာသီမှာအရေပြားခြောက်သွေ့အက်ကွဲတာကို ကာကွယ်နိုင်ဖို့

305
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2021
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆောင်းရာသီတွင် အအေးဓာတ်များတာနှင့်အမျှ လူ့ခန္ဓာကိုယ်အရေပြားမှ အစိုဓာတ်ပမာဏလျော့ကျပြီး အရေပြားခြောက်သွေ့အက်ကွဲတာ ဖြစ်လာပါသည်။ ဆောင်းရာသီတွင် လေထုထဲရှိ စိုထိုင်းမှုလျော့ကျပြီး ခြောက်သွေ့သောလေနှင့် ထိတွေ့မှုကြောင့် အရေပြားအစိုဓာတ်များ ငွေ့ရည်ဖွဲ့ပြီး လေထုတွင်းသို့ ဆုံးရှုံးသွားလေ့ရှိပါသည်။ နောက်ဆက်တွဲအနေဖြင့် အသားအရည် ခြောက်သွေ့ခြင်း၊ အသားပပ်အက်ကွဲကာတင်းပြီး ယားယံခြင်း၊ အဖတ်များကွာကာ သွေးထွက်ခြင်းမှတဆင့် အရေပြားမှိုစွဲခြင်းအထိ ဖြစ်နိုင်ပါသည်။

ဆောင်းရာသီ၌ ရေချိုးလျှင် အပူချိန်မြင့်သောရေနွေးဖြင့် ချိုးခြင်းက အရေပြားခြောက်သွေ့မှု ဖြစ်စေသောကြောင့် ရေကြက်သီးနွေး အပူချိန်မျှသာ အသုံးပြုသင့်သည်။ ရေကိုမြန်မြန်ချိုးပြီး အစိုဓာတ်ပေးသော အလှဆီရင်မ် Moisturizing Cream ချက်ချင်းလိမ်းပေးခြင်းက အရေပြားခြောက်သွေ့အက်ကွဲတာကို ကာကွယ်နိုင်ပါသည်။ အရေပြား၏ အစိုဓာတ်ခံတပ် Moisture Barrier ထိခိုက်ပျက်စီးစေနိုင်သည့် ဓာတုပစ္စည်း၊ အရက်ပြန်စသည်တို့ ပါဝင်သော အသားအရည်ထိန်းသိမ်းမှု ပစ္စည်းများသုံးခြင်းကို ရှောင်ကြဉ်ပြီး အပျော့စားမျက်နှာသန့်စင်ဆေး၊ ဓာတုလျော့ဆပ်ပြာ၊ သဘာဝပစ္စည်းအခြေခံသည့် အလှကုန်များဖြင့် အရေပြားကိုထိန်းသိမ်းမှု ပြုပေးသင့်သည်။

အရေပြား အစိုဓာတ်ထိန်းပေးသည့် အလှဆီခရင်မ်များဖြစ်သည့် Body Butter၊ Body Lotion နှင့် အဆီတစ်မျိုးမျိုးကို ရေချိုးပြီးတိုင်း ပုံမှန်လိမ်းပေးသင့်ပါတယ်။ ညအိပ်ရာဝင်တိုင်း Overnight Treatment အရေပြားကိုအစိုဓာတ်ဖြည့်ပေးခြင်းဖြင့် အရေပြားအစိုဓာတ်ပြည့်ဝစေပြီး ခြောက်သွေ့အက်ကွဲတာ ကာကွယ်နိုင်ပါသည်။ အရေပြားခြောက်သွေ့အက်ကွဲမှု သက်သာစေမည့် အဆီဓာတ်ပြည့်ဝသော Shea Butter, Cocoa Butter, Rosehip Oil, Jojoba Oil, Petroleum Jelly အခြေခံသော အသားလှခရင်မ်များကို ဆောင်းရာသီမှာ ဖြည့်စွက်အသုံးပြုပေးသင့်ပါသည်။

အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးသည့် Exfoliation/ Scrub ကြေးချွတ်ပွတ်တိုက်ခြင်းကို ပြုလုပ်ခြင်းသည် အရေပြားအပေါ်လွှာရှိ အစိုဓာတ်ဆုံးရှုံးပြီး အသားအရည်ခြောက်သွေ့စေနိုင်သည့်အတွက် အလွန်အကျွ့ပြုလုပ်ခြင်း ရှောင်သင့်သည်။ နေရောင်ခြည်ဒဏ်ကာကွယ်သည့် Sun Protection Factor- SPF ပါဝင်သော နေရောင်ကာလိမ်းဆေးကို အမြဲပုံမှန်လိမ်းပေးခြင်းကလည်း နေရောင်ခြည်ဓာတ်ကြောင့် အရေပြားခြောက်သွေ့ပျက်စီးမှု သက်သာစေနိုင်ပါသည်။ အရေပြားအစိုဓာတ်ကို လျော့ကျစေသည့် အပူပေးစက်ဖွင့်ခြင်း၊ မီးလှုံခြင်းတို့ကို တတ်နိုင်သမျှရှောင်ကျဉ်ပြီး အစိုဓာတ်ထိန်းစက် Humidifier ကို အသုံးပြုပေးခြင်းဖြင့် အသားခြောက်ခြင်း သက်သာစေနိုင်ပါသည်။

ဆောင်းရာသီတွင် အရေပြားအစိုဓာတ်ထိန်းပေးနိုင်သည့် နည်းတစ်ခုမှာ မိမိခန္ဓာကိုယ်၏ ရေဓာတ်ပြည့်ဝမှုရှိစေရန် ရေများများသောက်ပေးခြင်း ဖြစ်ပါသည်။ ကျန်းမာသောအရေပြားဆဲလ်များ ရရှိစေရန် ရေဓာတ်ဖြည့်တင်းခြင်း၊ အရေပြားအလှပျက်စေသည့် ဓာတ်တိုးခြင်းကို ဆန့်ကျင်ပေးသည့် Antioxidants ပါ အစားအစာများ၊ Omega-3 Fatty Acids ကြွယ်ဝသည့် အာဟာရများ ဖြည့်စွက်စားသုံးပေးသင့်ပါသည်။ အရေပြားခြောက်သွေ့မှုကြောင့် အသားရည် ပျက်စီးထိခိုက်မှုနည်းစေရန် ပွပွချောင်ချောင် သဘာဝအထည်ကဲ့သို့ အဝတ်အစားဝတ်ဆင်ခြင်း၊ အဝတ်လျှော်ဆပ်ပြာအပျော့ သုံးစွဲခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။
အထက်ပါနည်းလမ်းများဖြင့် ဆောင်းရာသီ၌ အသာခြောက်သွေ့အက်ကွဲတာ ကာကွယ်နိုင်ပြီး လိုအပ်လျှင် တတ်ကျွမ်းနားလည်သောဆရာဝန်များ၊ အရေပြားအထူးကုများနှင့် ပြသပြီးကုသမှုခံယူသင့်ကြောင်း မျှဝေရေးသားလိုက်ရပါသည်။

Author: Dr. Yee Mon

Previous Post

သွေးအားနည်းရောဂါအမျိုးအစားများ

Next Post

ကျန်းမာတဲ့အသားအရေနဲ့ Vitamin C

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
789

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာတဲ့အသားအရေနဲ့ Vitamin C

ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

ဒူးနာခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.