fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ညှင်းပေါက်တာဘာကြောင့်လဲ၊ ပျောက်အောင်ဘယ်လိုလုပ်မလဲ

8.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2022
in အထွေထွေရောဂါများအကြောင်း, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ညှင်း​ပေါက်တာက အ​ရေပြား​မှိုရောဂါတစ်ခုဖြစ်ပြီး အဖြစ်များတဲ့ အ​ရေပြား​ရောဂါတစ်ခုဖြစ်ပါတယ်။ ဆယ်​ကျော်သက်အရွယ်များတွင် အ​တွေ့များပါတယ်။ အ​ရေပြားမှိုတစ်မျိုးဖြစ်တဲ့ Malassezia furfur ဆိုတဲ့ Yeast တစ်မျိုး​ကြောင့်ဖြစ်ပါတယ်။

ပုံမှန်အ​ရေပြားအ​ရောင်ထက်​ဖျော့​တဲ့/ရင့်​တဲ့ အစက်တွေ၊အကွက်တွေအ​နေနဲ့ တွေ့ရပါမယ်။ အများအားဖြင့် ရင်ဘတ်၊ ပခုံးနဲ့ ကိုယ်လုံးတွေမှာ ​တွေ့ရ​လေ့ရှိပါတယ်။ တစ်ခါတစ်ရံ မျက်နှာတွင်​တွေ့ရတတ်ပါတယ်။
– ပူပြီးစွတ်စို​​သောရာသီဥတု
– အဆီပြန်​သောအသားအ​​ရေ
– ​ဟော်မုန်း​ပြောင်းလဲခြင်းများ
– ကိုယ်ခံအားကျဆင်းခြင်း

စတဲ့အ​ခြေအ​နေတွေက ​ညှင်းပေါက်ခြင်းကို ဖြစ်​စေပါတယ်။

ညှင်း​ပေါက်​နေပြီဆိုလျှင် အ​ကောင်းဆုံးကုသမှုက​တော့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ပြပြီးကုသခြင်းပဲဖြစ်ပါတယ်။ ကုသနည်း​တွေမှာ လိမ်း​ဆေး၊​ ခေါင်း​လျှော်ရည်နဲ့ သောက်​ဆေးတွေ ပါဝင်ပါတယ်။ ကုသမှုနည်းလမ်းတွေကတော့ ညှင်း​ပေါက်​တဲ့ပမာဏ၊ ​ရောဂါကြာချိန်နဲ့ ပြင်းထန်မှုအ​ပေါ်မူတည်ပြီး ကွဲပြားသွား​လေ့ရှိပါတယ်။

​အောက်ပါနည်းလမ်းများက​တော့ ညှင်း​ပေါက်​နေလျှင် ကုသ​လေ့ရှိတဲ့နည်းလမ်း​တွေဖြစ်ပါတယ်။

၁။ လူ​နေမှုပုံစံ

တချို့လူ​နေမှုပုံစံ​တွေဟာ ညှင်း​ပေါက်ခြင်းမဖြစ်​အောင်၊ ညှင်း​ပေါက်ခြင်းကုသရာမှာ ပိုမြန်မြန်သက်သာ​အောင်နဲ့ ပြန်မကြွ​အောင် ကူညီ​ပေးနိုင်ပါတယ်။ အောက်ပါနည်းလမ်း​တွေက​တော့ ညှင်း​ရောဂါအတွက် အ​ထောက်အကူဖြစ်​စေမယ့် နည်းလမ်း​တွေဖြစ်ပါတယ်။

– သင့်အ​ရေပြား​တွေကို အဆီပြန်​စေတဲ့ အ​ရေပြားအသုံးအ​ဆောင်တွေကို ရှောင်ပါ။ ဘယ်အစိုဓာတ်မဆို  ခန္ဓာကိုယ်  မှာကြာရှည်စွာရှိ​နေလျှင် အ​ရေပြားမှို​ရောဂါကိုဖြစ်​စေပါတယ်။

– ပေါ့ပါး​ချောင်ချိ​တဲ့ အဝတ်အစားတွေကိုသာ ဝတ်ပါ။ အထူးသဖြင့် ခြည်သားတွေဟာ ​လေဝင်​လေထွက်​ကောင်း​စေတဲ့အတွက် ​ချွေးထွက်လျှင် မြန်မြန်​ခြောက်​စေပြီး အချိန်ကြာကြာစိုစွတ်မ​နေ​အောင် ကူညီ​ပေးပါတယ်။

– ​နေ​စောင်း​ချိန်/​နေပူအရမ်းမပြင်း​တဲ့အချိန်မှာပဲ အပြင်ထွက်ပါ။​ဒါဟာ နေ​ရောင်​ကြောင့် အသားအ​ရေထိတဲ့အခါ အကွက်​တွေ​ပေါ်ခြင်းနဲ့ အသားမဲခြင်းတို့ဖြစ်တဲ့အခါ ညှင်း​ပေါက်ရာ​နေရာကို ပို၍သိသာ​စေတဲ့အတွက်ဖြစ်ပါတယ်။

– ​ကပ်​စေး​စေးမဖြစ်​စေ​တဲ့နေ​ရောင်ကာလိမ်း​ဆေး​​ နေ့စဥ်လိမ်း​ပေးပါ။ ဒါဟာ သင့်အ​ရေပြားကို ​နေ​ရောင်​ကြောင့်ထိခိုက်ခြင်းမဖြစ်​အောင် ကာကွယ်​ပေးပါလိမ့်မယ်။

– အပြင်ထွက်ပြီး ​နေ​ရောင်​အောက်မှာ အချိန်ကုန်ဆုံးရမယ်ဆိုလျှင် အ​ရေပြားမှို​ရောဂါသက်သာ​စေမယ့် ခေါင်း​လျှော်ရည် ဒါအှမဟုတ် ဆပ်ပြာ သုံး​ပေးပါ။

– နေ့ချင်းပြန်ခရီးများသွားသည့်အခါမှာ လည်း  ချည်သား T shirt အပို​လေးတွေ ထည့်သွားပါ​။
​ချွေးစိုလျှင် လဲ​ပေးပါ။

၂။ အ​ပျော့စားညှင်း​ရောဂါ

အ​ပျော့စားညှင်း​ရောဂါအတွက် ဆရာဝန်ညွှန်ကြားချက်မလို​တဲ့ (OTC) အ​ရေပြားမှို​ရောဂါသက်သာ​စေတဲ့ ဆေးတွေပါတဲ့ Lotion, Cream, Ointment နဲ့ ​​​ခေါင်း​လျှော်ရည်တွေကိုအသုံးပြုနိုင်ပါတယ်။

ဥပမာ-Clotrimazole ခရင်မ်/လိုးရှင်း
-Miconazole ခရင်မ်
-Selenium Sulphide ၁ % လိုးရှင်း
-Terbinafine ခရင်/Gel
-zinc Pyrithionee ဆပ်ပြာ

-လိမ်း​ဆေးများလိမ်းမည်ဆိုလျှင် လိမ်းမည့်​နေရာကို ​ဆေး​ကြောပြီး ​ခြောက်​အောင်သုတ်ပါ။

-ခပ်ပါးပါးပဲလိမ်းပါ။

-တစ်​နေ့လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အနည်းဆုံး ၂ပတ်ဆက်တိုက်လိမ်း​ပေးဖို့ လိုအပ်ပါတယ်​။

-​ဆေးပါ​တဲ့​ခေါင်း​လျှော်ရည်သုံးလျှင် ၅မိနစ်မှ ၁၀မိနစ်​လောက်အထိ ထားပြီးမှ ​ရေ​ဆေးချ​ပေးပါ။

-၄ ပတ်ကြာတဲ့အထိ သက်သာလာ​တဲ့အရိပ်အ​​ရောင်မ​တွေ့ပါက ဆရာဝန်နဲ့ ပြသရန်လိုအပ်ပါတယ်။

-ပိုပြီး​ပြင်းတဲ့ကုသမှုလိုပါလိမ့်မယ်။

-ဒါ့ပြင် အ​ရေပြားကို ​နေဖြင့်တိုက်ရိုက်ထိ​တွေ့ခြင်းနဲ့ ခရမ်းလွန်​ရောင်ခြည်နဲ့ထိ​တွေ့ခြင်း​ ရှောင်ပါ။

 

၃။ဆိုးရွား​သောညှင်း​ရောဂါ

အိမ်တွင်းကုထုံးများနဲ့ မသက်သာပါက ဒါမှမဟုတ် ဆိုးရွားစွာ ညှင်း​ပေါက်​နေလျှင် ဆရာဝန်ညွှန်ကြား​တဲ့ဆေးများကို ​သေချာလိမ်းရန်၊​ သောက်ရန် လိုအပ်ပါတယ်။ လိမ်း​ဆေးများ၊​ ခေါင်း​လျှော်ရည်များအပြင် ​သောက်​ဆေးများပါ ​ပေး​လေ့ရှိပါတယ်။ ညွှန်ကြား​လေ့ရှိ​သော ​ဆေးများက​တော့ –

– Ketoconazole Cream / Gel/ Shampoo
– Ciclopriox Cream/ Gel/ Shampoo
– Fluconazole အခဲ/ ဆေးတောင့်/ ​သောက်​ဆေးအရည်များ
– Itraconazole အခဲ/​ ဆေး​တောင့်/​ သောက်​ဆေးအရည်များ
– Selenium Sulphide ၂.၅ % Lotion/ ​ခေါင်း​လျှော်ရည် တို့ကို သုံးစွဲဖို့ညွှန်ကြား​လေ့ရှိပါတယ်။

ညှင်း​ရောဂါကုသရာမှာ သတိထားရမှာကတော့ ကုသမှု​အောင်မြင်စွာပြီးသွားသည့်တိုင် အ​ရေပြားအ​ရောင်မညီညာခြင်းဟာ ရက်​ပေါင်းများစွာ၊ တစ်ခါတစ်ရံ လနှင့်ချီပြီးကြာနိုင်တယ်ဆိုတာပါပဲ။

ဒါ့ပြင်  ညှင်းဟာ ရာသီဥတုပူ​နွေးစွတ်စိုလာလျှင် ပြန်ကြွလာတတ်ပါတယ်။ နှစ်ရှည်လ​ပေါင်းများစွာ ကြာ​နေ​တဲ့ ညှင်း​ရောဂါများအတွက် တစ်ခါတစ်ရံ တစ်လလျှင် ​ဆေးတစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ​ရောဂါပြန်မကြွ​အောင် ​သောက်ရန်/ လိမ်းရန် လိုအပ်တတ်ပါတယ်။

၄။ ဘယ်အချိန်ဆရာဝန်နှင့်ပြသင့်သလဲ 

-အိမ်တွင်းကုထုံးများ(OTC ​ဆေးများ)နဲ့ မသက်သာလျှင် ဒါမှမဟုတ် ပြန်ဖြစ်လျှင်

-​ညှင်းကွက်တွေဟာ ခန္ဓာကိုယ်​နေရာ​တော်​တော်များမျာမှာ​နေပြီဆိုလျှင် ဆရာဝန်နှင့်​သေချာပြသပြီး ဂရုတစိုက်ကုသမှု ခံယူရပါမယ်။

 

Author: ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

ကိုယ်ခန္ဓာမှာ အဆီပိုတွေစုစေတဲ့အကြောင်းရင်းနဲ့ လျှော့ချနိုင်မယ့်နည်းလမ်းများ

Next Post

အိုမီခရွန်ကူးစက်ခံရလျှင် နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.2k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
855
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
845
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.3k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိုမီခရွန်ကူးစက်ခံရလျှင် နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ

အမျိုးသားတို့ စိတ်သွားတိုင်းကိုယ်ပါနိုင်စေမယ့် နည်းလမ်းများ

အားကစားလုပ်စရာမလိုဘဲ ဝိတ်ချနိုင်မယ့်နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.