fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရေချိုးပျင်းလျှင်ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ

945
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/01/2022
in ကျန်းမာသော နေထိုင်မှုပုံစံ, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ယခုအခါ ချမ်း​အေးတဲ့​ဆောင်းရာသီ ​ရောက်လာပြီဖြစ်တဲ့အတွက် ​​ရေချိုးဖို့တွန့်ဆုတ်လာကြတဲ့ သူ​တွေရှိ​နေကြမှာအမှန်ပါပဲ။ သင်ဟာ ​ရေချိုးဖို့ပျင်းသူတစ်​ယောက်၊​ ရေချိုးဖို့ဝန်​လေးသူတစ်​ယောက်ဖြစ်တယ်ဆိုရင် ​ရေချိုးခြင်းနဲ့ပတ်သတ်တဲ့​အောက်ပါအ​ကြောင်းအရာ​လေး​တွေကို ဖတ်ကြည့်ပါ​နော်။

ရေချိုးခြင်းဟာ သင့်ရဲ့​​ယေဘုယျကျန်းမာ​ရေးအတွက် အ​ရေးပါတဲ့အပြင် လန်းဆန်း​ဖြစ်နေ​စေပါတယ်။ ​ရေချိုးခြင်းဟာ ​ရောဂါပိုးမွှား​တွေနဲ့ အဆီ​တွေကို သန့်ရှင်း​ပေးရုံသာမက အ​ရေပြား​ပေါ်ရှိ ဆဲလ်အ​သေများကိုပါ ဖယ်ရှား​ပေးပါတယ်။ ဒါ့ပြင် ​ရေပုံမှန်ချိုး​ပေးခြင်းဖြင့် အနံ့ဆိုးများမထွက်​အောင်ပါကူညီ​ပေးပါတယ်။ အချိန်ကြာမြင့်စွာ ​ရေမချိုးပဲ​နေလျှင် ဘာတွေဖြစ်နိုင်လဲ။

၁။ အ​ရေပြား​ရောဂါများဖြစ်ခြင်း

အ​ရေပြားဟာ ​ရောဂါပိုးမွှား​ပေါင်းများစွာရှိ​နေတဲ့အရာတွေ၊ မျက်နှာပြင်တွေနဲ့ အများဆုံးထိ​တွေ့​နေရတဲ့  ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်ပါတယ်။

နိစ္စဓူ၀ထိ​တွေ့​နေတဲ့အရာ​တွေဖြစ်တဲ့ ဖုန်း​တွေ၊ ကွန်ပျူတာ Keyboard တွေ၊ အများသုံးသွားလာ​​ဆက်သွယ်​ရေးနေရာ​တွေ အစရှိတဲ့အရာ​တွေမှာ ​​ရောဂါပိုးမွှား​တွေရှိ​နေကြပါတယ်။ အထူးသဖြင့် လက်​တွေကတစ်ဆင့် ဒီပိုးမွှား​တွေကို
ခန္ဓာကိုယ် ​နေရာအနှံ့အပြားကို​ရောက်​စေပါတယ်။

ခြစ်ရာ၊ ကုတ်ရာ၊ ထိခိုက်ရှနာ​တွေရှိ​နေလျှင် ​သွေးထဲသို့ပင်တိုက်ရိုက်​ရောက်​စေနိုင်ပါတယ်။ အဲဒီအခါ ဗက်တီးရီးယားနဲ့ အ​ရေပြားမှိုစွဲ​ရောဂါတွေ ဖြစ်လာပါတော့​တယ်။ တစ်ကိုယ်​ရေသန့်ရှင်းမှု အားနည်းလျှင် ဖြစ်​လေ့ရှိတဲ့ အ​ရေပြား​ရောဂါများက​တော့ ဝဲ​ရောဂါ၊ ပွေး​ရောဂါနဲ့ ညှင်း​ရောဂါတို့ ဖြစ်ပါတယ်။

၂။ အ​ရေပြား ဂျွတ်တက်ခြင်း

Dermatitis Neglecta (DN) လို့​ခေါ်ပါတယ်။ ချွေးနဲ့အ​ရေပြား​ပေါ်ရှိ အညစ်အ​ကြေးတွေ၊ ဆဲလ်​သေတွေပေါင်းသွားပြီး အ​ရောင်​​ပြောင်း​နေ​သောအကွက်တွေ အ​ရေပြား​ပေါ်မှာပေါ်လာ​တဲ့ အ​ခြေအ​နေဖြစ်ပါတယ်။ တစ်ကိုယ်​ရေသန့်ရှင်းမှု အားနည်းခြင်း​ကြောင့် ဖြစ်လာ​တဲ့ဖြစ်လာ​တဲ့ အ​ရေပြားအ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ အ​ရေပြား​ပေါ်မှာ  Plaque လို့​ခေါ်​တဲ့  မည်းညစ်​နေ​တဲ့အနည်းငယ်မြင့်တက်​နေတဲ့ ဂျွတ်ပြင် ဂျပ်ပြင်အကွက်တွေ တွေ့ရပါမယ်။

တစ်ကိုယ်​ရေသန့်ရှင်းမှုဂရုမစိုက်နိုင်တဲ့ အ​ခြေအ​နေတွေဖြစ်တဲ့ ထိခိုက်ဒဏ်ရာရထားသူတွေ၊ ခွဲစိတ်ထားသူတွေ၊အသက်ကြီး၍လှုပ်ရှားမှုအားနည်းလာသူတွေ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နာတာရှည်မသန်မစွမ်းတစ်ခုခုရှိသူတွေ၊ စိတ်ကျန်းမာ​ရေးဆိုင်ရာ ​ရောဂါရှိသူတွေ၊ အားနည်းသူတွေမှာ တွေ့ရ​လေ့ရှိပါတယ်။

ဒါပေမဲ့ အရေပြားဂျွတ်တက်တာကို ရေပုံမှန်ချိုး​ပေးခြင်းဖြင့် ပြန်​ကောင်း​စေပါတယ်။

၃။ အနံ့ဆိုးများထွက်ခြင်း

အထူးသဖြင့် ​ချွေးထွက်လေ့ရှိ​တဲ့ ​နေရာ​တွေဖြစ်တဲ့ ချိုင်းကြား၊​ ပေါင်ခြံနဲ့ ​ခြေ​ထောက်တွေမှာ အနံ့ဆိုးတွေ ထွက်လာပါလိမ့်မယ်။ ခြေအိတ်ဝတ်​လေ့ရှိသူတွေမှာ ခြေ​ထောက်အနံ့ဆိုးပိုထွက်​လေ့ရှိပါတယ်။

ချွေးကိုယ်တိုင်က အနံ့မရှိ​ပေမဲ့  အ​ရေပြားနဲ့ အ​မွှေးအမျှင်တွေမှာရှိ​နေတဲ့ ဗက်တီးရီးယားပိုးများ​နှင့် ​ပေါင်းသွားသည့်အခါ အနံ့ဆိုးများထွက်လာတာကြောင့်ဖြစ်ပါတယ်။

၄။ ဝက်ခြံ နှင့် ​မွေးကျွတ်နာများထွက်ခြင်း

ရေမချိုးခြင်းဟာ အ​ရေပြား​ပေါ်ရှိ အညစ်အ​ကြေးတွေ၊ ဆဲလ်​သေနဲ့ ​ရောဂါပိုးမွှားတွေနဲ့ ခန္ဓာကိုယ်ရှိ အဆီဂလင်းတွေ၊ မွှေးညှင်း​ပေါက်တွေကို ပိတ်​စေပါတယ်။ အဲဒီအခါ ဝက်ခြံနဲ့ မွေးကျွတ်နာတွေကို ဖြစ်​ပေါ်​စေပါတယ်။

၅။ အ​ရေပြားယားယံခြင်း

​ရေပုံမှန်မချိုးခြင်းဟာ အ​ရေပြား​ပေါ်ရှိဆဲလ်​သေတွေကို စုပုံလာ​စေခြင်းနဲ့ ​ရောဂါပိုးမွှားတွေ ​ပေါက်လာ​စေခြင်းကို ဖြစ်​စေပါတယ်။အဲဒီအခါ သင့်ကို အသားယားတယ်ဆိုတဲ့ ခံစားချက်ဖြစ်​စေလာပါတယ်။

အသားယားယံတဲ့အခါ ကုတ်မိရာမှ အ​ရေပြားအ​ပေါက်အပြဲဖြစ်သွားလျှင် ​သွေးထဲသို့ ဗက်တီးရီးယားပိုးတွေ တိုက်ရိုက်​ရောက်သွားတတ်ပါတယ်။

၆။ အ​ရေပြား​ရောဂါအချို့ကိုကြွလာ​စေခြင်း

ရေချိုးခြင်းဟာ ဆဲလ်​သေတွေကို ဖယ်ရှား​ပေးတဲ့အတွက် ​ရေမချိုးတာကြာလျှင် ထိုအ​ရေပြားဆဲလ်​သေများပိုစုပုံလာပါတယ်။ အဲဒီအခါအ​ရေပြား​ရောင်​စေ၊ ထူ​စေ၊ ဂျက်ခဲဖြစ်​စေ​တဲ့ရောဂါတွေဖြစ်တဲ့ Psoriasis​ ရောဂါ၊ Dermatitis​ ရောဂါနဲ့ Eczema​ ရောဂါ တို့ကို ပြန်ကြွ​စေ၊ ဆိုး​စေပါတယ်။

၇။ အသားအ​ရောင် ညိုမွဲလာခြင်း

အ​ရေပြားဆဲလ်​​သေတွေစု​ပုံလာခြင်းဟာ အသားအ​ရောင်ကို ပိုရင့်ပြီးညိုမွဲလာ​စေပါတယ်။

​ကျန်းမာ​ရေးနှင့်ညီညွတ်​​အောင် ​ဘယ်လိုရေချိုးကြမလဲ

အောက်ပါနည်းလမ်းတွေက​တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

– တစ်​နေ့လျှင် ​ရေတစ်ခါချိုး​ပေးပါ။

– ရေမချိုးဖြစ်လျှင် ​ရေပတ်တိုက်ပါ။ မျက်နှာ၊ ချိုင်းကြားနဲ့ ပေါင်ကြားတွေကို ​ရေစိုဝတ်နဲ့ ​သေချာသုတ်ပါ။

– ရေပူမချိုးပါနဲ့။ ​ရေခပ်​နွေးနွေးဖြင့်သာ​ ချိုးပါ။

– ရေချိုးတဲ့အခါ ၅ မိနစ်မှ ၁၀ မိနစ်​အထိသာ ကြာပါ​စေ။

– ရေချိုးဆပ်ပြာအ​ပျော့စားတွေသာသုံး၍ ​ရေချိုးပါ။

– ရေချိုးပြီးသုတ်တဲ့အခါ တဘဘက်ဖြင့် အားသုံးပြံးသုတ်ခြင်း​ရှောင်ပါ။

– ရေချိုးပြီးတိုင်း အ​ရေပြားအစိုဓာတ်ထိန်း​ပေးတဲ့ Moisturizer သုံး​ပေးပါ။

 

ဒေါက်တာယဉ်ယဉ်ဝင်း

Previous Post

ဒူးနာခြင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ

Next Post

ကိုယ်ခန္ဓာမှာ အဆီပိုတွေစုစေတဲ့အကြောင်းရင်းနဲ့ လျှော့ချနိုင်မယ့်နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
547
About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
805

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ခန္ဓာမှာ အဆီပိုတွေစုစေတဲ့အကြောင်းရင်းနဲ့ လျှော့ချနိုင်မယ့်နည်းလမ်းများ

ညှင်းပေါက်တာဘာကြောင့်လဲ၊ ပျောက်အောင်ဘယ်လိုလုပ်မလဲ

အိုမီခရွန်ကူးစက်ခံရလျှင် နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.