လေထုညစ်ညမ်းမှု၊ အရက်၊ ဆေးလိပ်နှင့်ခရမ်းလွန်ရောင်ခြည်များကြောင့် ကိုယ်ခန္ဓာတွင်းမှ Free Radicals များ ထွက်ပေါ်လာတတ်သည်။ ထို Free Radicals များကြောင့် အရေပြား မွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်း၊ အက်ကွဲခြင်း၊ ခြောက်သွေးခြင်းနှင့် အဆုံးတွင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
Free Radicals များကြောင့် ဖြစ်စေသော အရေပြားကျန်းမာရေးအတွက် Vitamin E က ကာကွယ်ပေးနိုင်ပါသည်။ Vitamin E အား သောက်သုံးပေးခြင်းဖြင့် နေလောင်ခြင်းကြောင့် ဖြစ်ပေါ်နေသော အသားနီတာ အသားကွဲအက်တာများကို သက်သာ ပျောက်ကင်းစေပါသည်။ Vitamin E သည် ဆဲလ်အသစ်ဖြစ်ပေါ် ရာတွင်အထောက်အကူပြုသည့်အတွက် အမာရွတ်နှင့် အညိုအမည်းစွဲနေသည်များကိုလည်း သက်သာစေပါသည်။
Vitamin E ပါ၀င်သော Skin Care မျိုးသုံးပေးခြင်းက အသားအရေကို အစိုဓာတ်ထိန်းပေးသည်။ ထို့ပြင် အသားအရေ နူးညံ့လာမည်။ ကြည်လင်လာမည်။ အမျိုးသမီးတိုင်းလိုလားသော Glow Skin လေးကို ရရှိမည်ဖြစ်သည်။ သို့သော် Vitamin E တွင် အသားဖြူစေသော အာနိသင်မရှိပေ။ ယခုလို ဆောင်းရာသီတွင် နှုတ်ခမ်းကွဲခြောက်ခြင်းနှင့် အသားအရေ ခြောက်သွေ့ခြင်းအတွက် အကောင်းဆုံး ကုသမှုကား Vitamin E ပါ၀င်သော အဆီတစ်မျိုးမျိုး လိမ်းပေးခြင်းဖြစ်သည်။
Vitamin E ကြွယ်၀သော အသီးများ (ကီ၀ီသီး၊ သရက်သီး၊ ထောပတ်သီး) အစေ့အဆန်များ(မြေပဲ၊ နေကြာစေ့ ၊ ဗာဒံစေ့)၊ နှင့်အဆီများ(နေကြာဆီ၊ အုန်းဆီ၊ သံလွင်ဆီ) စားသုံးပေးခြင်းဖြင့် ဆုတောင်းစရာမလိုပဲ နုပျိုခြင်းကို ရရှိနိုင်မည်ဖြစ်သည်။
Author: Dr. Aye Chan Moe