fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသားအရေမညီညာခြင်းကို သက်သာစေမယ့်ထိရောက်တဲ့နည်းလမ်း

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ညီညာ​ချောမွတ်ပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာ​လေးနဲ့ အသားအ​ရေကို ပိုင်ဆိုင်နိုင်ဖို့က အားလုံးရဲ့ အိမ်မက်ပဲဖြစ်ပါတယ်။ ​နေ​လောင်ဒဏ်၊ တင်းတိပ်​၊ အမာရွတ်တွေ​ကြောင့် မျက်နှာညိုညစ်လာတာ၊ ဝက်ခြံ​တွေ​ကြောင့်မျက်မှာနီမြန်းလာတာ စတာ​တွေဟာ အလှအပအတွက် စိတ်အ​နှောင့်အယှက်ဖြစ်​စေနိုင်ပါတယ်။ အသားအ​ရေမညီညာမှုကို ဖြစ်​စေနိုင်တဲ့ အဓိကအ​ကြောင်းအရာ​တွေက​တော့ ​နေ​လောင်ဒဏ်၊ ​လေမသန့်ခြင်း၊ အသက်အရွယ်ကြီးမြင့်လာခြင်း၊ ​ဟော်မုန်းမညီမျှခြင်းနဲ့ အချို့​သော​ဆေးဝါးများ​ကြောင့်ပဲဖြစ်ပါတယ်။ Melanin ထုတ်လုပ်မှုများတဲ့​နေရာ​တွေမှာ အသားအ​ရေကပိုပြီးညို​နေတတ်ပါတယ်။

အသားအ​ရောင်မညီညာမှုကို သက်သာ​ပျောက်ကင်း​စေနိုင်ပြီး ညီညာ​ချောမွတ်​တဲ့ အသားအ​ရေကို ပိုင်ဆိုင်နိုင်မယ့် သဘာဝနည်းလမ်း​တွေက​တော့-

ရေဓာတ်ပြည့်ဝ​​ပါစေ

​ရေဓာတ်ပြည့်ဝခြင်းဟာ ကြည်လင်လှပ​သော အသားအ​ရေကို ပိုင်ဆိုင်ရရှိ​စေမှာဖြစ်ပါတယ်။ ​ရေဓာတ်ပြည့်ဝ​စေဖို့ ​ရေများများ​သောက်ဖို့ လိုအပ်သလို ပြင်ပမှ Moisturizer တွေလိမ်း​ပေး​နေဖို့လည်ဒ လိုပါတယ်။ Moisturizer လိမ်း​ပေးခြင်းအားဖြင့် အသားအ​ရေနီမြန်းမှုနဲ့ ​ခြောက်​သွေ့ခြင်း​တွေကို ကာကွယ်နိုင်ပြီး စို​ပြည်ဝင်းပလာ​စေမှာဖြစ်ပါတယ်။

Sunscreen လိမ်းပါ

Sunscreen လိမ်းခြင်းဟာ Skincare Step တွေထဲမှာ အ​ရေးအကြီးဆုံး Step တစ်ခုဖြစ်ပါတယ်။ အသားအ​ရောင်မညီညာခြင်းကို ဖြစ်​စေတဲ့ အဓိကတရားခံဖြစ်တဲ့ ​နေ​လောင်ဒဏ်ကို ကာကွယ်နိုင်ဖို့ Sunscreen ကို ​နေ့စဥ်မ​မေ့မ​လျော့ လိမ်း​ပေးရမှာဖြစ်ပါတယ်။ Sunscreen လိမ်း​​လေ့မရှိသူက အသက်အရွယ်မတိုင်မီ အိုမင်းရင့်​ရော်တတ်ပြီး တင်းတိပ်များလည်း ဖြစ်​ပေါ်လာနိုင်ပါတယ်။

အချို့​​သောအစားအစာ​တွေကို​​ရှောင်ပါ

ညီညာ​ချောမွတ်တဲ့အသားအ​ရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရက်၊ ချိုလွန်း၊ စပ်လွန်း​သောအစားအစာများ၊ နွားနို့နဲ့ အဆီအဆိမ့်များတဲ့အစားအစာ​တွေကို ​ရှောင်ရှားသင့်ပါတယ်။​

Vitamin C ပါဝင်​သော အစားအစာများကိုစားပါ

Vitamin C ပါဝင်တဲ့ အစားအစာ​တွေဖြစ်တဲ့ လိ​မ္မော်သီး၊ စ​တော်ဘယ်ရီသီး၊ မာလကာသီး၊ ကီဝီသီးစတာ​တွေဟာ အသားအ​ရေကို စို​ပြည်ဝင်းပ​စေနိုင်ပါတယ်။ Vitamin C ဟာ Antioxidant တစ်မျိုးဖြစ်ပြီး  အသားအ​ရေမညီညာခြင်းကို ဖြစ်​စေနိုင်တဲ့ တစ်ရှူးပျက်စီးခြင်း​တွေကို ကာကွယ်​ပေးနိုင်ပါတယ်။

Niacin ပါဝင်​သော အစားအစာများ စားသုံးပါ

အသားအ​ရေ၊ ဆံပင်နဲ့ လက်သည်း​ခြေသည်းကျန်းမာ​ရေးအတွက် Niacin ဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်။ Niacin ဓာတ်ဟာ ​ရေဓာတ်ဖြည့်တင်း​ပေးခြင်းအားဖြင့် အသားအ​ရေ မညီညာခြင်း​တွေကို သက်သာ​စေနိုင်ပြီး အရွယ်မတိုင်ခင်အိုမင်းရင့်​ရော်ခြင်းကိုလည်း တားဆီး​ပေးနိုင်ပါတယ်။ ကြက်သား၊ တူနာငါး၊ မှို၊ ပဲစိမ်း စတာ​​တွေက​နေ Niacin ဓာတ်ကို ရရှိနိုင်ပါတယ်။

နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ

ကျန်းမာရေးနဲ့ ညီညွတ်​စေရန် တစ်ပတ်ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်​ပေးသင့်ပါတယ်။  ခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်​​ပေး​မှသာ ​သွေးလှည့်ပတ်မှု​ကောင်း​စေပြီး အရေပြားဆဲလ်အသစ်တွေ ထွက်​ပေါ်လာ​စေရန် ကူညီ​နိုင်မှာဖြစ်ပါတယ်။ အသားအရည် ညီညာပြီး စို​ပြည်ကျန်းမာတဲ့ အသားအရေကို ရရှိဖို့ဆိုရင် အရေပြားဆဲလ်သစ်တွေ ထုတ်လုပ်နိုင်ဖို့ကလည်း အလွန်အ​ရေးကြီးပါတယ်။

သံပရာသီးဖြင့် ပွတ်​ပေးပါ

​သံပရာသီးမှာ ဆဲလ်​သေ​တွေဖယ်ရှား​ပေးနိုင်မယ့် အက်စစ်ဓာတ်ပါဝင်ပြီး Vitamin C လည်း မြင့်မားစွာပါဝင်​နေပါတယ်။ သံပရာသီးကို ​​ရေအနည်းငယ်​ရောပြီး ​နေ​​လောင်ထားတဲ့ ​နေရာ​တွေကို လိမ်း​ပေးခြင်းအားဖြင့် အသားအ​ရောင်မညီတာ​တွေကို သက်သာလာ​စေနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ Scrub လုပ်​ပေးပါ

မုန့်ဖုတ်ဆိုဒါမှာပါတဲ့ သတ္တုဓာတ်နဲ့ ကာဗွန်နိတ်ဆားပါဝင်မှုက အရေပြားပေါ်မှာရှိတဲ့ မညီညာတဲ့ အစက်အပြောက်တွေကိုဖယ်ရှား​စေပြီး အသားအ​ရေကြည်လင်တောက်ပလာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါရဲ့ Exfoliating ဂုဏ်သတ္တိက အသားအရေကို သဘာဝအတိုင်း သန့်စင်ပေးပြီး အေးမြစေသော အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။​

နနွင်းမှုန့်လိမ်းပေးပါ

အားလုံးသိကြတဲ့အတိုင်း နနွင်းဟာ အရေပြားပြဿနာပေါင်းများစွာအတွက် အသုံးဝင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ မွဲခြောက်နေတဲ့အသားအရေကို ကြည်လင်တောက်ပလာစေရန်အတွက် သဘာဝဆေးတစ်လက်အဖြစ် အသုံးပြုကြ​​​​လေ့ရှိပါတယ်။

Apple Cider Vinegar အသုံးပြုခြင်း

Apple Cider Vinegar ဟာ အရေပြား၊ လက်သည်း၊ ဆံပင်ကျန်းမာရေးအတွက် သင့်​​​လျော်ပါတယ်။ ၁၅ မိနစ်ခန့်လိမ်းထားပြီး​နောက် ​ရေ​ဆေးချ​ပေးရပါမယ်။ ပုံမှန်အသုံးပြု​ပေးပါက အမည်းစက်တွေကို သက်သာပျောက်ကင်းစေပြီး အသားအ​​ရေကို ညီညာ​ချောမွတ်လာ​စေနိုင်ပါတယ်။

အသားအ​​ရောင်မညီညာမှုဟာ များ​​သောအားဖြင့် ​နေ​လောင်ဒဏ်​ကြောင့် အဖြစ်များပါတယ်။ အသားအ​ရေသာမက မှဲ့​တွေပါ အ​ရောင်​ပြောင်းလာမယ်၊ ကြီးလာမယ်ဆိုရင်​တော့ ဆရာဝန်နဲ့တိုင်ပင်ပြသရမှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

ရာသီသွေးဆင်းတာများလျှင် သွေးအားနည်းရောဂါဖြစ်နိုင်သလား

Next Post

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်စုပ်ယူမှုကိုအတားအဆီးဖြစ်စေတဲ့ အစားအစာများ

အကုတ်လွန်ပြီးလက်သည်းပူလောင်လို့ အနာဖြစ်တဲ့အခါ

ဇက်ကြောတက်ရင် ဒါလေးတွေမမေ့ပါနဲ့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.