fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

Collagen ရဲ့အကျိုးကျေးဇူးများ

benefits of collagen
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/05/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဖြည့်စွက်အာဟာရ supplement နှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေ ပိုများလာပြီး လူတွေပိုသိလာကြတာနဲ့အမျှ ဖြည့်စွက်အာဟာရများကို ပို၍မှီဝဲလာကြပါတယ်။ ထိုဖြည့်စွက်အာဟာရ supplement များထဲမှ အသားအရေအလှအပအတွက် အသုံးပြုလာကြတာကတော့ ကော်လာဂျင် (Collagen) supplement တွေပဲ ဖြစ်ပါတယ်။ ကော်လာဂျင် (Collagen) ကို မိမိတို့စားသုံးသော အစားအစာ၊ ဖြည့်စွက်အာဟာရ အမှုန့်၊ အရည်၊ ဆေးပြား၊ ဆေးလုံး စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါတယ်။ ကော်လာဂျင် (Collagen) ဆိုတာ အလှအပအတွက်ပဲ အကျိုးကျေးဇူးရှိတာ မဟုတ်ဘဲ အခြားသော ကောင်းကျိုးများလည်း ရှိပါတယ်။

ခန္ဓာကိုယ်အရေပြားရဲ့ (၇၅) ရာခိုင်နှုန်းနှင့် ခန္ဓာကိုယ်တည်ဆောက်ထားသော ပရိုတင်းများရဲ့ (၂၅ -၃၅) ရာခိုင်နှုန်းခန့်ဟာ Collagen ဖြင့် ဖွဲ့စည်းထားတာပါ။ ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်သည် အစားအစာမှရရှိသော အမိုင်နိုအက်ဆစ်ကို အသုံးပြုပြီး ကော်လာဂျင် (Collagen) ပရိုတင်းကို ပြုလုပ်ပါတယ်။ Collagen ကို နေ့စဉ်စားသုံးနေသော အစားအစာများနှင့် ဖြည့်စွက်အာဟာရ ဆေးများမှလည်း ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှ Collagen ထုတ်နိုင်ရန် ပရိုလင်း (Proline)၊ ဂလိုင်စင်း (Glycine)၊ ဗီတာမင်စီ၊ ဇင့် (Zn)၊ ကော့ပါး (Copper) စတဲ့ ဓာတ်များ လိုအပ်ပါတယ်။ Collagen အမျိုးအစားလေးမျိုး (Type 1, Type 2, Type 3, Type 4)  ရှိပြီး ခန္ဓာကိုယ်ရှိ အဓိက Collagen မှာ Type 1 collagen ဖြစ်ပြီး အသားအရေ၊ အရိုး၊ သွေးကြောနှင့် အစာအိမ် အူလမ်းကြောင်း နံရံများတွင် ပါဝင်ဖွဲ့စည်းထားပါတယ်။

Collagen ဟာ တွယ်ဆက်တစ်ရှူးတွေကို ဖြစ်စေတဲ့ ပရိုတင်း တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်၏ထောက်တိုင်သဖွယ် ဆောင်ရွက်ပေးပါတယ်။ Collagen ဟာ အရေပြား တင်းရင်းမှုကို ထောက်ပံ့ပေးပြီး ပျက်စီးသွားသော အရေပြားဆဲလ်များကို ပြုပြင်ပေးကာ အသားအရေ ကြည်လင်စေပါတယ်။ ကော်လာဂျင် ပရိုတင်းဟာ ခန္ဓာကိုယ်ရှိ အရိုးအဆစ်၊ အရိုးနု၊ အရွတ်၊ တွယ်ဆက်တစ်ရှူး၊ ဆံပင်၊ ခြေသည်းလက်သည်း၊ သွား၊ ကြွက်သား၊ သွေးနှင့် အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများအတွက်ပါ လိုအပ်ပါတယ်။

အသက်(၂၅)နှစ်နောက်ပိုင်းမှစပြီး ခန္ဓာကိုယ်မှ Collagen ထုတ်လုပ်မှု ကျဆင်းလာတတ်ပါတယ်။ ထို့ကြောင့် Collagen သောက်သုံးပေးခြင်းဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းနှင့် အသားအရေပျက်စီးခြင်း၊ ဆံပင်နှင့် ခြေသည်းလက်သည်းများ မွဲခြောက်ခြင်း၊ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ Collagen သည် ဆီးချိုထိန်းညှိဟော်မုန်း insulin ၏ လုပ်ဆောင်မှုကို ကောင်းစေတဲ့ glycine ပါသောကြောင့် အမျိုးအစား၂ ဆီးချိုရောဂါရှိသူများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အရိုးနှင့် အဆစ်အမြစ်နာကျင်သူများ၊ အရိုးကျီးပေါင်းရှိသူများအတွက်  collagen သည် အကျိုးရှိသော အားဖြည့်အာဟာရဓာတ်ဖြစ်ပါတယ်။

Collagen ဖြည့်စွက်သောက်ပေးခြင်းက အသက်ကြီးသူများအတွက် အရိုးပါး၊ အရိုးဆတ်ခြင်းကို ကာကွယ်ပေးပြီး အရိုးအားဖြည့်သန်မာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူများတွင် collagen ဓာတ်ဖြည့်ပေးခြင်းဖြင့် အနာကျက်နှုန်းမြန်ခြင်း၊ အရိုးကျိုးဒဏ်ရာ အမြန်သက်သာစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်သူ၊ ထိပ်ပြောင်သူများအတွက်လည်း ဆံကေသာကို အားဖြည့်ပေးနိုင်တဲ့ ကောင်းကျိုးရှိပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ လက်သည်း၊ ခြေသည်းများကိုလည်း ရရှိစေပါတယ်။

Collagen ဟာ ဦးနှောက်မှ ဆီရိုတိုနင်ခေါ် (Serotonin mood enhancer) စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထွက်စေသည့်အပြင် glycine ၏ အစွမ်းသတ္တိကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့စေပြီး ကောင်းမွန်စွာ အိပ်စက် အနားရစေနိုင်ပါတယ်။ Glycine ဟာ အာရုံကြောကို တက်ကြွမှုဟန့်တားသည့် inhibitory neurotransmitter ဂါဘာ (GABA) နှင့် အလားတူဖြစ်သဖြင့် အိပ်ပျော်ရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အကျိုးကျေးဇူးများရှိပါတယ်။ အသက်အရွယ်ကြီးလာတာနှင့်အမျှ ခန္ဓာကိုယ်မှ collagen ထုတ်နိုင်စွမ်းလည်း ကျဆင်းလာပြီး မိမိစားသုံးတဲ့ အစာအာဟာရနှင့် collagen ဖြည့်စွက်အာဟာရများ မှီဝဲခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။

Author: Dr. Yee Mon

Previous Post

ကိုယ်နေဟန်ထားနှင့် အရိုးအဆစ်ကျန်းမာရေး

Next Post

ဘယ်လိုလူတွေက လေဖြတ်နိုင်ခြေများလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
791

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
what types of people are at risk for stroke

ဘယ်လိုလူတွေက လေဖြတ်နိုင်ခြေများလဲ?

Prevent Cold Flu

အအေးမိတုပ်ကွေးမဖြစ်အောင် ဘာတွေဆင်ခြင်လိုက်နာရမလဲ

anemia after childbirth

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.