fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မိုးရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းသင့်လဲ?

how to take care of your skin during the rainy season
306
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/05/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

မိုးတဖြိုက်ဖြိုက်နှင့် မိုးရာသီသို့​ရောက်ရှိလို့လာတဲ့အခါ ​လေထုထဲတွင် စိုထိုင်းစမြင့်တတ်လာမှုများ​ကြောင့် အသားအ​ရေမွဲ​ခြောက်ခြင်း၊ မှိုနှင့် ဘက်တီးရီးယားများ​ပေါက်လွယ်ခြင်း​ကြောင့် ဝက်ခြံနှင့် အ​ရေပြားယားယံခြင်းတို့ ဖြစ်​လေ့ရှိပါတယ်။ ရာသီဥတုအ​ခြေအ​နေနှင့် စိုထိုင်းစပမာဏ အတက်အကျမြန်တာ​ကြောင့် အ​ပြောင်းအလဲများကို သင့်အသားအ​ရေမှ လိုက်လံ​ညှိယူ​ပြောင်းလဲမှုလုပ်​ပေးရန် ခက်ခဲတဲ့အတွက် အသားအ​ရေမွဲခြင်းကို ဖြစ်​စေပါတယ်။ ဒါ့အပြင် အဆီပြန်​တဲ့ အသားအ​​ရေပိုင်ရှင်များနှင့် ဝက်ခြံထွက်တတ်သူများအတွက်လည်း မိုးရာသီတွင်  အဆီပြန်မှုကို ထိန်းချုပ်ရတာ ခက်ခဲ​စေပါတယ်။

ဒါ့​ကြောင့် မိုးရာသီတွင် သင့်အသားအ​ရေစို​ပြေ​ကျန်းမာစေဖို့ ​အသားအ​ရေထိန်းသိမ်းနည်း​လေးများကို Bio-Oil​ ကို အသုံးပြုပြီး လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အသား​အ​ရေ ထိန်းသိမ်းနည်း​လေးများကို မ​ပြောခင် Bio-Oil ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်။ Bio-Oil ဆိုတာကတော့  အသားအ​ရေထိန်းသိမ်းရာတွင်သုံးတဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ 100% သဘာဝမှရ​သော အသီးအရွက်နှင့် အပင်များမှရရှိ​သော အဆီအနှစ်များ (အထူးသဖြင့် lavender, rosemary, chamomile) တို့မှ ထုတ်လုပ်ထားပြီး ဗီတာမင် A,E နှင့် သဘာဝဓာတ်တိုးဆန့်ကျင်ဓာတ်များ များစွာပါဝင်တာ​ကြောင့် အမာရွတ်များ၊ အ​ကြောပြတ်ရာများ၊ အ​ရေပြား အရောင်မညီညာမှုများ၊ အမဲစက်များ၊ အသားအ​ရေအိုမင်းရင့်​ရော်မှုနှင့် အသားအ​ရေ​ခြောက်​သွေ့ခြင်းတွေကို သက်သာ​စေပါတယ်။ ဒါ့အပြင် သဘာဝအဆီများတွင် Bio-Oil ဟာ ​စေးကပ်မှု အလွန်နည်းပြီး ​ပေါ့ပါးတာ​ကြောင့် ​ချွေး​ပေါက်များ မပိတ်​စေတဲ့အတွက် ဘယ်အသားအ​ရေပိုင်ရှင်မဆို သုံးနိုင်ပါတယ်။ ဘေးဥပါဒ်ကင်းရှင်းတာ​ကြောင့် ကိုယ်ဝန်​ဆောင်မိခင်များနှင့် ​က​လေးမီးဖွားပြီးတဲ့ နို့တိုက်မိခင်များပါ ​အသားအ​ရေထိန်းသိမ်းရာတွင် အသုံးပြုနိုင်ပါတယ်။ တစ်​နေ့ (၂)ကြိမ်နှင့် အနည်းဆုံး (၃)လကြာ အသုံးပြု​ပေးရင် အကျိုးအာနိသင် မြင်သာ​စေပါတယ်။

မိုးရာသီအတွက် Bio-Oil ​လေးသုံးပြီး ဘယ်လိုအသားအ​ရေထိန်းသိမ်းမလဲဆိုတာ ဖတ်ကြည့်ကြမယ်​နော် …

(၁) သင့်မျက်နှာသန့်စင်​စေရန် မျက်နှာ​သေချာသစ်​ခြင်း

အသားအ​ရေ စို​ပြေ​ချော​မွေ့​စေဖို့၊ အဆီပြန်မှုထိန်းချုပ်နိုင်ဖို့နှင့် ​ချွေး​ပေါက်မပိတ်ဘဲ ဝက်ခြံထွက်ခြင်း သက်သာ​စေဖို့ မျက်နှာသန့်စင်မှုဟာ အ​ရေးပါပါတယ်။ မိတ်ကပ်လိမ်းတတ်သူများအတွက် ပထမဆုံး မိတ်ကပ်ဖျက်​ပေးရပါမယ်။ မိတ်ကပ်ဖျက်ဖို့အတွက် သဘာဝအဆီဖြစ်တဲ့ Bio-Oil ​လေးကိုသုံးပြီး ဖျက်​ပေးနိုင်ပါတယ်။ ပြီးရင်တော့ မျက်နှာသစ်​ဆေး အ​ပျော့စား​လေးကိုသာသုံးပြီး မျက်နှာသန့်စင်​ပေးပါ။ သတိထားဖို့လိုတာက​တော့ တစ်​နေ့ကို မျက်နှာ (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်ခန့်သာ မျက်နှာသစ်​ပေးရုံဖြင့် လုံ​လောက်ပါတယ်။ တရားလွန် မျက်နှာသစ်မိခြင်းကလည်း အဆီ​တွေကို တန်ပြန်ပိုထွက်​စေတာ​ကြောင့် ဝက်ခြံထွက်​စေပါတယ်။

(၂) Exfoliation ဟု​ခေါ်​သော မျက်နှာအဆိပ်ထုတ်​ ချေးချွတ်ခြင်း

တစ်ပတ်လျှင် (၂)ကြိမ်ခန့် Scrubs သုံးပြီး မျက်နှာကို အဆိပ်ထုတ်​ ချေးချွတ်​ပေးခြင်းက ဆဲလ်​သေများကို သန့်စင်​စေတာ​ကြောင့် အသားအ​ရေကို စို​ပြေ​စေပါတယ်။ ဆဲလ်​သေများ သန့်စင်သွားတဲ့အတွက် အသားအ​ရေထိန်းသိမ်း​ပေးတဲ့ skin care များကို အသားအ​ရေထဲ ပိုစိမ့်ဝင်​စေပါတယ်။ သဘာဝအ​ကောင်းဆုံး Scrubs များက​တော့ ​ကော်​ဖီ၊ သကြား၊ tea bags၊ မုန့်ဖုတ်ဆိုဒါ၊ ဒိန်ချဥ်၊ သ​င်္ဘောသီး နှင့် oatmeal တို့ဖြစ်ပါတယ်။ ထိုသို့ exfoliation လုပ်ပြီးရင် Bio-Oil ​လေးကို ထပ်မံလိမ်း​ပေးပါက အသားအ​ရေ​ခြောက်သွေ့သွားခြင်းမှ ကာကွယ်​ပေးပြီး တင်းရင်းစို​ပြေ​ချော​မွေ့​စေပါတယ်။

(၃) ​ပေါ့ပါး​သော အသားအ​ရေအစိုဓာတ်ထိန်း​ပေး​သော Moisturizer သုံး​ခြင်း

မိုးရာသီဖြစ်လျက်နှင့်  Moisturizer သုံးရန် လိုအပ်လားလို့မေးရင် Moisturizer လိမ်းရန် လူတိုင်းအတွက် တစ်နှစ်ပတ်လုံး လိုအပ်ပါတယ်။ ​ပေါ့ပါးပြီး ​မ​စေးကပ်​တဲ့ သဘာဝ moisturizer များ သုံး​ပေးရင် ပို​ကောင်းပါတယ်။ ဥပမာ – ရှား​စောင်းလတ်ပတ်၊ hyaluronic acid၊ Bio-Oil

(၄) နေ​ရောင်ကာ Sunscreen ​နေ့စဥ်လိမ်း​ခြင်း

မိုးရာသီတွင် လူအများစု အလုပ်မိဆုံးအမှားတစ်ခုက​တော့ ​နေ​ရောင်ကာ Sunscreen ကို မလိုအပ်ဘူးထင်လို့ မလိမ်းခြင်းပဲဖြစ်ပါတယ်။ မိုးအုံ့​နေ​ပေမယ့် ​နေ​ရောင်ခြည်မှ ခရမ်းလွန်​ရောင်ခြည် UV rays များဟာ သင်တို့အသားအ​ရေအ​ပေါ် ဆိုးကျိုးသက်​ရောက်​စေနိုင်ပါ​သေးတယ်။ ဒါ့​ကြောင့် အပြင်မထွက်ခင် SPF အနည်းဆုံး ၂၀ မှ ၃၀ ပါ​တဲ့ Suncreen ကို နာရီဝက်ခန့်ကြိုပြီး လိမ်းသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် မနက် (၁၀)နာရီမှ ​နေ့လယ် (၃)နာရီအတွင်း သတိထားလိမ်း​ပေးပါ။

(၅) Toner သုံး​ပေးခြင်း

Toner သုံး​ပေးတာဟာ မိတ်ကပ်အကြွင်းအကျန်များကို ရှင်း​စေရုံမက အသားအ​ရေကို တင်း​စေပါတယ်။ မျက်နှာသစ်ပြီး​နောက် toner သုံး​ပေးခြင်းက ​ချွေး​ပေါက်များကို ပြန်ကျဥ်း​စေပါတယ်။ Alcohol မပါ​သော toner များကို ပိုမို​ရွေးချယ် သုံးစွဲသင့်ပါတယ်။

(၆) ​ရေဓာတ်ပြည့်​အောင်​ နေထိုင်ခြင်း

​ရေဓာတ်ပြည့်ဝ​နေခြင်းဟာ သင့်ကိုယ်တွင်းမှ အဆိပ်အ​တောက်များကို ဖယ်ရှား​ပေးတဲ့အတွက် အသားအ​ရေကြည်လင်​စေပြီး ဝက်ခြံသက်သာ​စေတယ်လို့ဆိုပါတယ်။ တစ်​နေ့ကို အနည်းဆုံး ​ရေဖန်ခွက် (၇)ခွက်မှ (၈)ခွက် ​သောက်သုံး​ပေးရပါမယ်။

(၇) မိတ်ကပ်ခပ်ပါးပါးသာလိမ်းခြင်း

မိတ်ကပ်များဟာ ​ချွေး​ပေါက်များကို ပိတ်​စေတာ​ကြောင့် မိတ်ကပ်ခပ်ပါးပါးသာလိမ်းဖို့ သတိပေးပါရ​စေ။ ဖြစ်နိုင်ရင် မိတ်ကပ်လိမ်းခြင်း​ရှောင်ပါ။ ညအိပ်ယာမဝင်ခင်လည်း မိတ်ကပ်ကို ​သေ​သေချာချာဖျက်ပြီးမှ အိပ်ယာဝင်ပါ။ မိတ်ကပ်ဖျက်တဲ့အခါ သဘာဝ Bio-Oil​လေးသုံးပြီး ဖျက်​ပေးနိုင်ပါတယ်။

Author: Dr. Yin Yin Win

Previous Post

ကလေးတွေ မိုးရာသီမှာ အဖြစ်များတဲ့ ဝေဒနာများ

Next Post

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း - လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

About the negative aspects of mucus

ချွဲတာကောင်းတာဆိုလို့ ချစ်သူချွဲတာပဲကောင်းတယ် (ချွဲရဲ့ မကောင်းတဲ့ အချက်တွေအကြောင်း)

Avoid the common cold during the rainy season

မိုးရာသီမှာ အအေးမိတုပ်ကွေး မဖြစ်ရလေအောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.