fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

စိတ်ဖိစီးမှုနှင့် အသားအရေ

Stress and the skin
249
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/09/2022
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံနဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုနောက်ပိုင်းမှာ ကမ္ဘာတဝှမ်းကလူတွေရဲ့ စိတ်ဖိစီးမှုပမာဏတွေ ပိုများလာကြပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ များလာခြင်းကြောင့် ခန္ဓာကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးထိခိုက်မှုတွေ ပိုများလာတာ တွေ့ရပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးထိခိုက်ရာတွင် အရေပြားကျန်းမာရေးနှင့် အသားအရေ အလှအပထိခိုက်မှုလည်း အပါအဝင်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလျှင် ခန္ဓာကိုယ်ရှိ ကော်တီဇော cortisol နှင့် အက်ဒရီနလင်း adrenaline ဟော်မုန်းများထွက်ခြင်းကြောင့် အရေပြားကျန်းမာရေး ပြဿနာများ ဖြစ်ပွါးနိုင်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ထွက်သော stress hormones ဟော်မုန်းများဟာ အရေပြားပြောင်းလဲမှု အခြေအနေများစွာကို ဖြစ်ပေါ်စေပါတယ်။ ယောင်ရမ်းမှုများ ဖြစ်ပေါ်လာခြင်း၊ အရေပြားရှိ oil/ sebum အညစ်အကြေး အဆီများ ပိုထွက်စေခြင်း၊ အရေပြား၏ ရောဂါပိုးမွှားများကို ခုခံကာကွယ်နိုင်မှု စွမ်းရည်ကျဆင်းခြင်း၊ ဒါဏ်ရာအနာကျက်နှုန်း နှေးခြင်းတို့ကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများဟာ ယောင်ရမ်းမှုကို ဖြစ်စေတာကြောင့် ဝက်ခြံ၊ ဆံပင်ကျွတ်ခြင်း၊ နှင်းခူ Eczema၊ အရေပြားယားနာ၊ ဦးရေပြားယားခြင်းစတဲ့ အရေပြားပြဿနာ အခြေအနေများကို ပိုဆိုးစေနိုင်ပါတယ်။

စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတဲ့အတွက် အရေပြားယောင်ရမ်းမှု ပြဿနာများ rashes၊ ဝက်ခြံပိုးဝင်ယောင်ရမ်းခြင်း၊ အရေပြားမှိုရောဂါများ ကူးစက်ဖြစ်ပွါးရန် ပိုလွယ်ကူစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများပြီး အိပ်ရေးပျက်တဲ့အခါ မျက်လုံးအောက်ဖက်ရှိ မျက်အိတ်များဖောင်းခြင်း၊ မျက်တွင်းများကျခြင်း၊ အသားအရေတင်းရင်းမှု လျော့နည်းခြင်း ပြဿနာများ ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးမှုဟာ အရေပြားအပေါ်ယံရှိ stratum corneum အရေပြားခံတပ် လုပ်ဆောင်မှု ပျက်ယွင်းစေပြီး အရေပြားရှိ အဆီဓါတ်၊ ပရိုတင်းဖွဲ့စည်းမှုနှင့် အရေပြားကျုံ့ဆန်နိုင်မှုကို ပြောင်းလဲစေကာ အသားအရေခြောက်သွေ့ခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကဲ့သို့ အရွယ်မတိုင်ခင် အိုမင်းခြင်း ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ မယ်လနိုဆိုက် melanocytes ခေါ် အမည်းရောင်ခြယ် ပစ္စည်းထုတ်ပေးတဲ့ ဆဲလ်များကို ထိခိုက်စေတာကြောင့်အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း၊ ဆံပင်ရဲ့ ပုံမှန်ရှင်သန်မှုစက်ဝန်း ထိခိုက်ပြီး ဆံပင်ကျွတ်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

အချို့သူတွေမှာ စိတ်ဖိစီးမှုများတဲ့အခါ သတိမမူမိဘဲ ပြုလုပ်မိတတ်တဲ့ မျက်နှာကို လက်ဖြင့် မကြာခဏ ကိုင်တွယ်မိခြင်းကဲ့သို့ အပြုအမူအချို့ကြောင့် ဝက်ခြံ အခြေအနေများ ပိုဆိုးတတ်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုများပြီး အိပ်ရေးပျက်ခြင်း၊ အစားအသောက် လေ့ကျင့်ခန်း ပုံမှန်မပြုလုပ်ခြင်း၊ မျက်နှာပုံမှန် သန့်စင်ခြင်းနှင့် အရေပြားထိန်းသိမ်းမှု မပြုလုပ်ခြင်း၊ အချိုနှင့် ကာဗိုဟိုက်ဒရိတ် ကစီဓါတ်လွန်ကဲသော အစားအစာများ စားသုံးမိခြင်းတို့ကြောင့် အသားအရေထိခိုက် ပျက်စီးခြင်း ပိုဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှုများကြုံရလျှင် စိုးရိမ်ပူပန်မှု ခံစားရတတ်ခြင်းဟာ ပုံမှန်တုံ့ပြန်မှုသာဖြစ်ကြောင်း သိရှိလက်ခံသင့်ပါတယ်။ ထိုစိတ်ဖိစီးစရာ ကိစ္စများအပေါ် တွေးတောပူပန်ခြင်းကို တတ်နိုင်သလောက်လျှော့ချပြီး နေသင့်ပါတယ်။အသက်ရှူလေ့ကျင့်ခန်းများ၊ ကြွက်သားဖြေလျော့ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ ပုံမှန်ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ လိုအပ်ပါက တတ်ကျွမ်းနားလည်သော ပညာရှင်များရဲ့ အကူအညီကို ယူသင့်ပါတယ်။

ဒါ့ကြောင့် အသားအရေ ကျန်းမာလှပစေရန် စိတ်ဖိစီးမှု လျှော့ချပေးရန် လိုအပ်သကဲ့သို့ သင့်တင့်မျှတသော အစာအာဟာရ၊ အသားအရေထိန်းသိမ်းမှုနှင့် လိုအပ်သောကုသမှုများ ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။

 

Author: Dr.Yee Mon

Previous Post

နည်းမှန် လမ်းမှန်ခေါင်းလျှော်တတ်ပြီလား?

Next Post

နို့သီးခေါင်း အရောင်ပြောင်းခြင်းအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
533
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
790

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Good to know about nipple discoloration

နို့သီးခေါင်း အရောင်ပြောင်းခြင်းအကြောင်း သိကောင်းစရာ

About pain with irregular bowel movements

အူလှုပ်ရှားမှုပုံမှန်မဟုတ်သော ဝေဒနာအကြောင်း

The easiest ways to relieve a runny nose

နှာရည်ယိုသက်သာစေမယ့် အလွယ်ကူဆုံးနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.