fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အရေ ပြားရဲ့အလှ

33
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/06/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အသားအရေရဲ့ကောင်းခြင်းဟာ အမျိုးသမီးများရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ပါဝင်ပါတယ်။
သည်တစ်ပတ် မင်္ဂလာ မောင်မယ်ကျန်းမာရေးစကားဝိုင်းမှာ အရေပြားရဲ့ အလှအကြောင်း
ဆွေးနွေးထားတယ်။

မောင် – အရေပြားရဲ့ထူးခြားမှု ဆွေးနွေးပေးပါဆရာ ။
ဒေါက်တာမင်္ဂလာ – အရေပြားဆိုရာမှာ အရေပြား ၊ ဆံပင် ၊ လက်သည်း ၊ ခြေသည်း၊
အမွှေးအမျှင်နဲ့ ချွေးအိတ်များ ပါဝင်ပါတယ်။ ဆံခြည်မျှင်ဟာ အရေပြားထဲကနေ Hair Follicle ဆိုတဲ့
ဆံချည်မျှင်အိတ်က ထွက်လာတယ်။ ဆံချည်မျှင်ရဲ့ အတွင်းဘက်ဆုံးမှာ မယ်ဒါလာအလွှာရှိတယ်။
နောက် ကော့ထက် ၊ နောက် ကျူတီကယ်ခေါ် ကာရာတင်က ငါးကြေးခွံလို အထပ်လိုက်ရှိတယ်။

မယ် – ဆံပင်က လူတစ်ယောက်အတွက် မရှိမဖြစ်ပဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ အထူးသဖြင့်  အမျိုးသမီးတွေအတွက်
ဆံပင်ရဲ့ကောင်းခြင်းက အထူးအရေးပါတယ်။ ရုပ်ရည်ရူပကာနဲ့ အခြားဆွဲဆောင်မှုလည်းရှိပါတယ်။
ဆံပင်က နေရောင်ခြည်ကာကွယ်ပေးတဲ့အပြင် ဦးရေပြားရဲ့ အပူအအေးကိုမျှတစေပါတယ်။
ဆံချည်မျှင်အိတ်မှာ အာရုံကြောမျှင်တွေ အမြောက်အမြားရှိတဲ့အတွက် ဆံပင်ကတစ်ဆင့်
သိမ်မွေ့နူးညံတဲ့ အထိအတွေ့ခံစားရရှိတယ် ။

မောင် – ဆံပင်တစ်ချောင်းရဲ့အသက်နဲ့ လူတစ်ယောက်မှာ ဆံပင်ဘယ်နှစ်ချောင်းပါနိုင်သလဲ
ဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်တစ်ချောင်းသာ သေတဲ့အထိ အသက်ရှင်နိုင်တယ်။
ကြီးထွားရှင်သန်တဲ့အဆင့် ခေတ္တနားတဲ့အဆင့် လုံးဝရှည်ထွက်ခြင်းမရှိတဲ့ ဆံပင်ဆိုပြီး
အဆင့်သုံးဆင့်ရှိတယ် ။ ကျွတ်တဲ့ဆံပင်အစား အသစ်ထွက်လာတဲ့ ဆံခြည်နုလေးတွေ
သံသရာလည်နေတယ်။ လူတစ်ယောက်ဟာ တစ်ရက်ကို ဆံပင်ချောင်းရေ ၅၀ကနေ ၁၀၀ထိ
ပုံမှန်ကျွတ်ထွက်ပါတယ်။ လူတစ်ယောက်မှာ ဆံပင်တစ်သန်းမှ နှစ်သန်းထိရှိနိုင်ပါတယ်။

မယ် – ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ငှက်ဖျားရောဂါ အူရောင်ငန်းဖျားရောဂါစတဲ့ နာတာရှည်ရောဂါ၊
အပြင်းဖျားရောဂါ ၊ သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့ရောဂါများမှာ ဆံပင်ကျွတ်တတ်ပါတယ်။
ကင်ဆာဆေးသုံးရခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်ဝန်ဆောင်နဲ့ သွေးဆုံးပြီးချိန်တို့မှာ
ဆံပင်ကျွတ်တတ်သလို စိတ်ဖိစီးမှုများရင် ကျွတ်တယ်။ SLE လိုအရေပြားလေးဖက်နာရောဂါနဲ့
လည်ပင်းအကျိတ်ရောဂါတို့ရှိရင်လည်း ဆံပင်ပါးတတ်ပါတယ်။

မောင်- ဆံပင်ကျွတ်တိုင်း စိတ်ပူစရာလိုသလားဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်ဆိုတာ အချိန်တန်ရင် ကျွတ်မှာပဲ ။ ဆံပင်မကျွတ်စေဖို့
တတ်နိုင်သမျှ ဂရုစိုက်ဖို့လိုပါတယ်။ အကြောင်းမရှိလဲ ဆံပင်ကျွတ်ရင် ၊ ပါးလာရင် ဆရာဝန်နဲ့
ပြသဖို့လိုပါမယ်။ ဆံပင်ကျွတ်တိုင်း စိတ်ပူဖို့မလိုပါ။

မယ် – အားဆေးတွေကြောင့် ဆံပင်ကျွတ်နိုင်သလားဆရာ။
ဒေါက်တာမင်္ဂလာ – ငါးကြီးဆီ ဗီတင်မင်အေ များများသောက်ရင် ဆံပင်ကျွတ်တတ်တယ်။
စိတ်ဖိစီးရင် ပိုပြီးကျွတ်တယ်။ ဆံပင်ကျွတ်တာ အခြားရောဂါကင်ဆာနဲ့
လည်ပင်းအကျိတ်ရောင်ရောဂါတို့ ဂရုစိုက်ဖို့လိုပါတယ်။

မောင် – ဆံပင်လည်း အာဟာရလိုမှာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ – လိုပါတယ်။ အာဟာရမျှတအောင် စားသင့်တယ်။ အသားဓာတ်
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ ပြည့်ပြည့်ဝဝစားပေးသင့်တယ်။

မယ် – ဆံပင်ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးခန့်မှန်းနိုင်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – အာဟာရချို့တဲ့တဲ့သူရဲ့ဆံပင်ကပါးနေတတ်တယ်။ မွဲခြောက်ခြောက်၊
ဖြူရော်ရော်နဲ့ အဆီမရှိသလိုတွေ့ရတယ်။ ဗီတာမင်အီး အပါအဝင် အားဆေးများလိုအပ်သလို
မှီဝဲသင့်ပါတယ်။ ရေသောက်ရမယ်။

မောင် – ခေါင်းမှန်မှန်ဖြီးသင့်တာပေါ့ဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းမှန်မှန်ဖြီးတဲ့ဆံပင်နဲ့ တစ်ခါတစ်ရံမှ ဖြီးတဲ့ဆံပင်ကွာတယ်။
ဆံကေသာကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ရှိရင် စိတ်ကြည်လင်ပြီး အဆီပိုထွက်လာကာ
သဘာဝအတိုင်း ပြောင်လက်စေနိုင်ပါတယ်။

မယ် – ဘီးရွေးချယ်သင့်ပါသလားဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသားတွေအတွက် ဘီးရွေးချယ်ဖို့ သိပ်မလိုအပ်ပေမဲ့
အမျိုးသမီးတွေမှာ သူ့နေရာနဲ့သူ အသုံးပြုသင့်တဲ့ ဘီးအမျိုးအစား ဒီဇိုင်းပုံစံအမျိုးမျိုးရှိပါတယ်။
ဆံပင်ကိုသင့်တော်တဲ့ ဘီးနဲ့ ဖြီးသင့်တယ်။

မောင် – ဗောက်အကြောင်း ပြောပြပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ခေါင်းဖြီးတဲ့အခါ အကြေးခွံသေးသေးလေးတွေလို ဖွာပြီးကျလာရင်
ဗောက်ခေါ်တယ်။ အရေပြားမှိူတစ်မျိုးကြောင့် ဖြစ်ရတယ်။ သာမာန်ဖြစ်ရိုးဖြစ်စဉ်ရှိနိုင်တဲ့အပြင် HIV
လူနာနဲ့ အာဟာရချို့တဲ့သူတွေမှာ ပိုပြီးအတွေ့ရများတတ်ပါတယ်။

မယ် – ဘယ်လိုခေါင်းလျှော်ရည်မျိုး ရွေးသင့်လဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ကီတိုကိုနစောဆိုတဲ့ မှိုသတ်ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို
ဆလေနီယမ်တာဖိတ်ပါတဲ့ ခေါင်းလျှော်ရည်သုံးပေးရင် သက်သာနိုင်ပါတယ်။
ယင်းခေါင်းလျှော်ရည်မျိုးသုံးရင် အခြားခေါင်းလျှော်ရည် သုံးသလို ချက်ချင်းရေလောင်းချခြင်းမပြုဘဲ
နည်းနည်းကြာငါးမိနစ်လောက်နေပြီး ရေလောင်းချမှ အာနိသင်ရရှိနိုင်ပါတယ်။

မောင် – သန်းစွဲနေရင်ရော ဆရာ။
ဒေါက်တာမင်္ဂလာ – အခန်းဖော် ခရီးဖော်တွေမှာ သန်းရှိရင် ကိုယ့်ကိုကူးဖို့ ပြဿနာရှိတယ်။
ကလေးတွေမှာ အဖြစ်များသလို အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဦးထုပ်၊ ခေါင်းအုံးမှ တဆငိ့
ကူးနိုင်ပါတယ်။

မယ် – သန်းထူတဲ့ဆံပင်ကို ဘယ်လိုရှင်းပစ်သင့်လဲဆရာ။
ဒေါက်တာမင်္ဂလာ – ပိုးသတ်ဆေး ဝ.၅ရာခိုင်နှုန်းပြင်းအားရှိ မာလာသီယွန်ကို ခေါင်းမှာ
အုန်းဆီလိမ်းသလို တစ်ပတ်ကိုတစ်ကြိမ်နဲ့ နှစ်ပတ်လောက်လိမ်းရုံနဲ့ သန်းဥပါ ကင်းစင်နိုင်ပါတယ်။
လင်ဒိန်းပိုးသတ်ဆေး ၁ရာခိုင်နှုန်းပါဝင်တဲ့ ဆေးရည်နဲ့ ခေါင်းကို သုံးလေးမိနစ်ကြာလောက်လိမ်းပေးပြီး
ခဏကြာရင် လျှော်ပေးမယ်ဆိုလည်း ပျောက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မှာတော့
မသုံးသင့်ပါ။

မောင် – သန်းပြန်မစွဲအောင်ဘယ်လိုနေသင့်လဲ ဆရာ။
ဒေါက်တာမင်္ဂလာ – သန်းပြန်မစွဲအောင် တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းဖို့နဲ့ ဘီး၊ ဦးထုပ်၊
ခေါင်းအုံးစတာတွေကို အရောရော အနှောနှောမသုံးဖို့ အရေးကြီးတယ်။

မယ် – ဆံပင်ဖြူတာကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အသက်၅၀ကျော်ရင် ဆံပင်စပြီးဖြူတာ ဇရာအရဖြူတာပါ။
အသက်၃၅နှစ်မတိုင်မီ ဆံပင်ဖြူတယ်ဆိုရင် အချိန်မတိုင်မီ ဖြူတာခေါ်ပြီး မျိုးရိုးလိုက်ပါတယ်။
တခြားရောဂါ ခရှန်ရောဂါစုနှင့် အခြားရောဂါများကြောင့် ဆံပင်ဖြူနိုင်ပါတယ်။ အာဟာရမမျှတရင်
ဆံပင်ဖြူသလို သွေးထဲ သံဓာတ်ချို့တဲ့ရင်လည်း ဆံပင်ဖြူတတ်ပါတယ်။

မောင် – ဘယ်လို အစားအသောက်ရှောင်သင့်လဲဆရာ။
ဒေါက်တာမင်္ဂလာ – လက်ဖက်ရည် ၊ ကော်ဖီ ၊အရက် ၊ အပူအစပ်နှင့် ဆီကြော်မုန့်တွေ
အလွန်အကျွံစားသုံးရင် အရွယ်မတိုင်ခင် ဆံပင်ဖြူတတ်တယ်။
ဆံပင်ဆိုဆံပင်ဆိုးဆေးလိမ်းပေးရင်လည်း အဆင်ပြေနိုင်ပါတယ်။

မယ် – ဆံပင်ဆိုးဆေးများအကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆံပင်သန့်စင်အောင်လျော်တဲ့ ခေါင်းလျော်ရည်
ဆံပင်ပျော့ပျောင်းနူးညံစေတဲ့ ဆေး ဆံပင်အရောင်ချွတ်ဆေး ဆံပင်ကောက်ဆေး
ဆံပင်ဖြောင့်ဆေးတို့ရှိပါတယ်။

မောင် – သီးခြားညွှန်ကြားပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ -ဓာတုပစ္စည်းနဲ့ တည့်မတည့် စမ်းသပ်ပြီးမှ
အလှပြင်ပစ္စည်းများသုံးသင့်ပါတယ်။ ဓာတ်မတည့်မှုရှိနိုင်ပါတယ်။

Author: ဒေါက်တာမင်္ဂလာ, Healthcare Journal,(28.4.17) vol 8,no 15

Previous Post

သားတို့သမီးတို့ အရပ်ရှည်စေဖို့

Next Post

လိင်တူဆက်ဆံခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
550
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်တူဆက်ဆံခြင်း

ခွဲမွေးတာဟာ လွယ်သလား

အရွယ်ကျလာတဲ့အမျိုးသားများ ပြန်လည်လန်းဆန်းတက်ကြွစေတဲ့နည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.