ငှက်ပျောသီးဟာ ကျန်းမာဖို့အတွက် အကျိုးပြုတာမဟုတ်ဘဲ အလှအပအတွက်လည်း များစွာ အကျိုးပြုပါတယ်။ ငှက်ပျောသီးမှာ ထရိုင်တိုဖန်နဲ့ အမိုင်နိုအက်ဆစ်တွေ ပါဝင်တဲ့အတွက် စိတ်ခံစားမှုကောင်းစေပြီး စိတ်ဓာတ်ကျဆင်းမှုနဲ့ စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်လို့လည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ကို ကြည်လင်စေပြီး မှတ်ဉာဏ်ကို ဖွံ့ဖြိုးစေပါတယ်။
ငှက်ပျောသီးမှာပါဝင်တဲ့ ဗီတာမင်ဘီ ၆၊ ဘီ ၁၂၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်များစွာ ပါဝင်လို့ ဆေးလိပ်ဖြတ်သူတွေမှာ နီကိုတင်းဖြတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန်ကောင်းအောင် ကူညီနိုင်တယ်။ နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
ပျိုမေတို့ လစဉ်ခံစားရတဲ့ ဝေဒနာတွေကို ငှက်ပျောသီးက ကုသစားပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်အမြောက်အမြား ပါဝင်တဲ့အတွက် အမျိုးသမီးတွေ ရာသီမလာခင် ခံစားရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေတဲ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေက ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင်ကြီးထွားဖို့ လှုံဆော်နိုင်တာကြောင့် သွေးအားနည်းရောဂါအတွက် သင့်တော်တဲ့အပြင် သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဘင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့တွက် ပျိုမေတို့ ရာသီလာပြီးချိန်မှာ ကုန်ခန်းသွားတဲ့ ဟေမိုဂလိုဘင်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။
ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေ အမြောက်အမြားပါဝင်တဲ့အတွက် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုလည်ပတ်အောင် ကူူညီပေးနိုင်ပါတယ်။ လို့ ခေါ်တဲ့ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက်ပုံမှန်ရွေ့လျား အလုပ်လုပ်အောင် ကူညီပေးပါတယ်။ ဒါကြောင့် ဝမ်းပုံမှန်သွားဖို့ အတွက်ဆိုရင် ငှက်ပျောသီးကို စားသုံးသင့်ပါတယ်။
ပျိုမေတို့ရဲ့ မျက်နှာကို ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းချင်တယ်ဆိုရင်တော့ ငှက်ပျောခွံနဲ့ မျက်နှာကိုပွတ်ပေးနိုင်ပါတယ်။ ဝက်ခြံရှိသူတွေအတွက် ပိုမိုကောင်းမွန်ပြီး အလွယ်တကူ ပျောက်ကင်းတာကို တွေ့ရပါလိမ့်မယ်။ ပေါင်းတင်ချင်ရင် ငှက်ပျောသီး အသားကိုချေပြီး မျက်နှာကို လိမ်းပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ချပါ။ ပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင် မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်ကာ အသားအရေ ကြည်လင်ဝင်းပပြီး အမာရွတ်တွေကိုပါ ပျောက်ကင်းစေပါတယ်။
ခေါင်းလျှော်ပြီးအချိန် ဆံပင် အနည်းငယ်ခြောက်သွေ့ချိန်မှာ ငှက်ပျောသီးသက်သက်ကိုပဲ အခွံခွာပြီး ဆံပင်ကို ပွတ်ပေးကာ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနဲ့ ပြန်လျှော်ချပါ။ ဆံသားဟာ တောက်ပြောင်ပြီး ပျော့ပြောင်းနူးညံ့သွားတာကို တွေ့ရမှာပါ။
ငှက်ပျောသီးဟာ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့အတွက် အစာအိမ်မှာ အစာမရှိတဲ့အချိန် စားမိရင်တော့ သွေးထဲမှာမဂ္ဂနီစီယမ်ဓာတ် မြင့်တက်ပြီး သွေးလည်ပတ်မှုနှုန်းမြန်စေတဲ့အတွက် ရုတ်တရက် နှလုံးခုန် ရပ်တန့်တာတွေ၊ မူးမေ့တာတွေ ဖြစ်တတ်တာမို့ အစာစားပြီးချိန်မှသာ စားသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း ကျန်းမာဖို့နဲ့ အလှအပအတွပ်ပါလိုသလို အသုံးချပြီး လှပကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Author: ရွှေနန်းစံ, Healthcare Journal