fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဖြူစင်တင့်တယ်သော အသားအရေ

128
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/07/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Unicode)

အသားလေးတွေ ဖြူစင်ဝင်းမွတ်နေတာကို အမျိုးသမီးတိုင်း တောင့်တကြပါတယ်။ အသားဖြူသူကလည်း ပိုလို့နူးညံ့ဝင်းဝါတဲ့ အသားအရေ ဖြစ်ချင်တယ်။ အသားညိုသူကတော့ ဆိုဖွယ်ရာမရှိပေါ့။ ကဲ နဂိုဖြူရာကနေ ညိုသွားသူတွေနဲ့ နဂိုညိုသူတွေ ကြည်လင်ဖြူဝင်းစေဖို့ နည်းလမ်းအဖြာဖြာကို လေ့လာကြည့်ရအောင်။

ခရမ်းချဉ်သီး နှစ်လုံး၊ သုံးလုံးလောက်ကို ကြိတ်ပြီး အရည်ညစ်ချပါ။ ပြီးရင် သံပရာရည် တစ်စက်၊ နှစ်စက်လောက် အဲဒီအရည်ထဲကို ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ ပြီးရင် အခြောက်ခံထားပြီး မိနစ် ၂၀ လောက်နေမှ ရေအေးအေးလေးနဲ့ ဆေးကြောသန့်စင်ပါ။ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။ ၁၅ ရက်ကနေ ရက် ၂၀အတွင်း ဝင်းလက်စိုပြေလာပါလိမ့်မယ်။

လိမ္မော်သီးရဲ့ အခွံကို နေပူထဲမှာ လှမ်းထားပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးတဲ့နောက် နို့စိမ်းနဲ့ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီအရည်ကို အရေပြားကို လိမ်းပေးပြီး လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပစ်လိုက်ပါ။ ဒီနည်းကလည်း အသားအရေကို ဖြူစင်ဝင်းမွတ်သေမှာပါ။

သခွားသီးကို အရည်ဖြစ်သွားအောင် ကြိတ်ချေပြီး စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက် ရယူပါ။ ပြီးရင် သံပုရာရည် တစ်စက်နှစ်စက်ရောပါ။ သမအောင် ရောပြီးသွားရင် အဲဒီအရည်ကို လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီး မပူမအေး ရေနွေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။ အသားအရေတွေ အရင်ကထက် ပိုပြီးတောက်ပြောင်ရွှန်းလဲ့လာပါလိမ့်မယ်။ နနွင်းဟာ အသားအရေ ဖြူစင်လှပဖို့အတွက် အကောင်းဆုံး သဘာဝ ပစ္စည်းတစ်မျိုးပါ။ အိပ်ရာမဝင်ခင် တစ်နာရီလောက်အလိုမှာ နွားနို့နွေးနွေးတစ်ဖန်ခွက်ထဲကို နနွင်းမှုန့် လက်ဖက်ရည် ဇွန်းတစ်ဝက်လောက် ထည့်ပြီး သောက်သုံးပေးပါ။ ချိုမှသောက်တတ်ရင် သကြားအနည်းငယ်ထည့်ပါ။ လအနည်းငယ်သောက်သုံးပေးရင် သိသိသာသာ ဖြူဝင်းလာပါလိမ့်မယ်။ တစ်ခု သတိထားရမှာက နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ ပူပြင်းတဲ့ ရာသီဥတုမျိုးမှာတော့ ဒီနည်းကို မပြုလုပ်စေချင်ပါဘူး။

သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး အနှစ်ပျစ်ပျစ်ထုတ်ယူကာ စားပွဲတင်ဇွန်းတစ်ဇွန်းနှစ်ဇွန်း ရယူပါ။ ပျားရည်စစ်စစ်စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောပြီး လိမ်းပေးပါ။ မြင်းခွာရွက်ကြိတ်ပြီး ထည့်နိုင်ရင်တော့ ပိုကောင်းပါတယ်။ မြင်းခွာရွက်အရည်ကို စားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ပါ။ ပြီးရင် လိမ်းပြီး ခြောက်သွားအောင် မိနစ် ၂၀ လောက်နေမှ ပြန်ဆေးချပါ။ အသားအရေ စိုပြေရုံမက မြင်းခွာရွက်ကြောင့် နဖူးနဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေ ပျောက်ပြီး တင်းတင်းရင်းရင်းနဲ့ လှပစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

ငှက်ပျောသီးနှစ်လုံးကို ကြိတ်ချေပြီး အနှစ်ဖတ်တွေရအောင် လုပ်ပါ။ ပြီးရင် နွားနို့လက်ဖက်ရည်ခွက်ရဲ့ လေးပုံတစ်ပုံစာ ရောထည့်ပါ။ သံပုရာရည်နည်းနည်း၊ ဂျုံနှစ်နည်းနည်းထည့်ပါ။ အဲဒီနောက် နှံ့စပ်အောင် မွှေကာ ပျစ်ပျစ်နှစ်နှစ်လေးရရင် မျက်နှာပြင်ကော၊ ခန္ဓာကိုယ်အရေပြားတွေကိုပါ သုတ်လိမ်းပါ။ ၁၅ မိနစ်ထားပြီး ရေနဲ့သန့်စင်လိုက်ပါ။ ပိုးသားလေးလို နုအိပြီး ချောမွတ်တင်းရင်းလာပါလိမ့်မယ်။

သတိပြုရှောင်ရှားဖို့က အသားညိုသူတွေဟာ ဖြူချင်တာတစ်ခုကိုပဲ သိပြီးအသားဖြူစေတယ်လို့ ကြေညာတဲ့အလှကုန်မှန်သမျှ ဝယ်ယူအသုံးပြုတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး ရှောင်ကြဉ်ပါ။

နောက်တစ်ခုက အစားအသောက်ပါ။ ပူစပ်တဲ့ အစားအစာတွေ ဆီကြော်အစားအစာတွေက အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက်လာစေပါတယ်။ ရေများများသောက်ပါ။

နေပူထဲသွားတဲ့အခါ နေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ဦးထုပ်၊ ထီးဆောင်းဖို့ကို မမေ့ပါနဲ့၊ မျက်နှာသစ်တဲ့အခါ အသားအရေမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ မိတ်ကပ်ချေးတွေ ကုန်စင်အောင် သေချာသစ်ဖို့ ဂရုစိုက်ပါလို့ ပြောချင်ပါတယ်။

ကာယလေ့ကျင့်ခန်း နေ့စဉ်မှန်မှန် ပြုလုပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းမွန်ပြီး အသုံးပြုမယ့် အသားဖြူစေနိုင်တဲ့ ပစ္စည်းတွေ အသားထဲကို ပိုမိုမြန်ဆန်စွာ စိမ့်ဝင်နိုင်ပါတယ်။ ဒါကြောင့် Whitening Product တွေ သုံးရတာ အကျိုးရှိအောင် ကိုယ်ကာယလေ့ကျင့်ခန်းတွေလည်း လုပ်စေချင်တယ်။

ကဲ…… မျက်နှာပြင်နဲ့ ခန္ဓာကိုယ်အသားအရေဖြူစင်ပြီး ကြည်လင်လာအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလောက်ပါပြီး ဒီနည်းလမ်းတွေက အမျိုးသားတွေလည်း ပြုလုပ်နိုင်ပါတယ်။ အားလုံးပဲ ဖြူစင်တင့်တယ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Author: ညီညီကျော်, Healthcare Journal

(Zawgyi)

အသားေလးေတြ ျဖဴစင္ဝင္းမြတ္ေနတာကို အမ်ိဳးသမီးတိုင္း ေတာင့္တၾကပါတယ္။ အသားျဖဴသူကလည္း ပိုလို႔ႏူးညံ့ဝင္းဝါတဲ့ အသားအေရ ျဖစ္ခ်င္တယ္။ အသားညိဳသူကေတာ့ ဆိုဖြယ္ရာမရွိေပါ့။ ကဲ နဂိုျဖဴရာကေန ညိဳသြားသူေတြနဲ႔ နဂိုညိဳသူေတြ ၾကည္လင္ျဖဴဝင္းေစဖို႔ နည္းလမ္းအျဖာျဖာကို ေလ့လာၾကည့္ရေအာင္။

ခရမ္းခ်ဥ္သီး ႏွစ္လုံး၊ သုံးလုံးေလာက္ကို ႀကိတ္ၿပီး အရည္ညစ္ခ်ပါ။ ၿပီးရင္ သံပရာရည္ တစ္စက္၊ ႏွစ္စက္ေလာက္ အဲဒီအရည္ထဲကို ထည့္ၿပီး မ်က္ႏွာကို လိမ္းေပးပါ။ ၿပီးရင္ အေျခာက္ခံထားၿပီး မိနစ္ ၂၀ ေလာက္ေနမွ ေရေအးေအးေလးနဲ႔ ေဆးေၾကာသန႔္စင္ပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္လုပ္ေပးႏိုင္ပါတယ္။ ၁၅ ရက္ကေန ရက္ ၂၀အတြင္း ဝင္းလက္စိုေျပလာပါလိမ့္မယ္။

လိေမၼာ္သီးရဲ႕ အခြံကို ေနပူထဲမွာ လွမ္းထားပါ။ ေျခာက္ေသြ႕သြားတဲ့အခါ ေပါင္ဒါလို အမႈန႔္ျဖစ္ေအာင္ ႀကိတ္ပါ။ ၿပီးတဲ့ေနာက္ ႏို႔စိမ္းနဲ႔ေရာၿပီး ပ်စ္ခဲေနေအာင္ ေဖ်ာ္ပါ။ အဲဒီအရည္ကို အေရျပားကို လိမ္းေပးၿပီး လုံးလုံးေျခာက္ေသြ႕သြားတဲ့အခ်ိန္က်ရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာသန႔္စင္ပစ္လိုက္ပါ။ ဒီနည္းကလည္း အသားအေရကို ျဖဴစင္ဝင္းမြတ္ေသမွာပါ။

သခြားသီးကို အရည္ျဖစ္သြားေအာင္ ႀကိတ္ေခ်ၿပီး စားပြဲတင္ဇြန္းတစ္ဇြန္းစာေလာက္ ရယူပါ။ ၿပီးရင္ သံပုရာရည္ တစ္စက္ႏွစ္စက္ေရာပါ။ သမေအာင္ ေရာၿပီးသြားရင္ အဲဒီအရည္ကို လိမ္းေပးပါ။ နာရီဝက္ေလာက္ ထားၿပီး မပူမေအး ေရေႏြးနဲ႔ ေဆးေၾကာသန႔္စင္လိုက္ပါ။ အသားအေရေတြ အရင္ကထက္ ပိုၿပီးေတာက္ေျပာင္႐ႊန္းလဲ့လာပါလိမ့္မယ္။ နႏြင္းဟာ အသားအေရ ျဖဴစင္လွပဖို႔အတြက္ အေကာင္းဆုံး သဘာဝ ပစၥည္းတစ္မ်ိဳးပါ။ အိပ္ရာမဝင္ခင္ တစ္နာရီေလာက္အလိုမွာ ႏြားႏို႔ေႏြးေႏြးတစ္ဖန္ခြက္ထဲကို နႏြင္းမႈန႔္ လက္ဖက္ရည္ ဇြန္းတစ္ဝက္ေလာက္ ထည့္ၿပီး ေသာက္သုံးေပးပါ။ ခ်ိဳမွေသာက္တတ္ရင္ သၾကားအနည္းငယ္ထည့္ပါ။ လအနည္းငယ္ေသာက္သုံးေပးရင္ သိသိသာသာ ျဖဴဝင္းလာပါလိမ့္မယ္။ တစ္ခု သတိထားရမွာက နႏြင္းဟာ ကိုယ္တြင္းအပူခ်ိန္ကို ျမႇင့္တင္ေပးတာမို႔ ပူျပင္းတဲ့ ရာသီဥတုမ်ိဳးမွာေတာ့ ဒီနည္းကို မျပဳလုပ္ေစခ်င္ပါဘူး။

သေဘၤာသီးမွည့္ကို ႀကိတ္ေခ်ၿပီး အႏွစ္ပ်စ္ပ်စ္ထုတ္ယူကာ စားပြဲတင္ဇြန္းတစ္ဇြန္းႏွစ္ဇြန္း ရယူပါ။ ပ်ားရည္စစ္စစ္စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ကို ေရာၿပီး လိမ္းေပးပါ။ ျမင္းခြာ႐ြက္ႀကိတ္ၿပီး ထည့္ႏိုင္ရင္ေတာ့ ပိုေကာင္းပါတယ္။ ျမင္းခြာ႐ြက္အရည္ကို စားပြဲတင္ဇြန္း ႏွစ္ဇြန္းထည့္ပါ။ ၿပီးရင္ လိမ္းၿပီး ေျခာက္သြားေအာင္ မိနစ္ ၂၀ ေလာက္ေနမွ ျပန္ေဆးခ်ပါ။ အသားအေရ စိုေျပ႐ုံမက ျမင္းခြာ႐ြက္ေၾကာင့္ နဖူးနဲ႔ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ ေပ်ာက္ၿပီး တင္းတင္းရင္းရင္းနဲ႔ လွပစိုေျပတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာပါ။

ငွက္ေပ်ာသီးႏွစ္လုံးကို ႀကိတ္ေခ်ၿပီး အႏွစ္ဖတ္ေတြရေအာင္ လုပ္ပါ။ ၿပီးရင္ ႏြားႏို႔လက္ဖက္ရည္ခြက္ရဲ႕ ေလးပုံတစ္ပုံစာ ေရာထည့္ပါ။ သံပုရာရည္နည္းနည္း၊ ဂ်ဳံႏွစ္နည္းနည္းထည့္ပါ။ အဲဒီေနာက္ ႏွံ႔စပ္ေအာင္ ေမႊကာ ပ်စ္ပ်စ္ႏွစ္ႏွစ္ေလးရရင္ မ်က္ႏွာျပင္ေကာ၊ ခႏၶာကိုယ္အေရျပားေတြကိုပါ သုတ္လိမ္းပါ။ ၁၅ မိနစ္ထားၿပီး ေရနဲ႔သန႔္စင္လိုက္ပါ။ ပိုးသားေလးလို ႏုအိၿပီး ေခ်ာမြတ္တင္းရင္းလာပါလိမ့္မယ္။

သတိျပဳေရွာင္ရွားဖို႔က အသားညိဳသူေတြဟာ ျဖဴခ်င္တာတစ္ခုကိုပဲ သိၿပီးအသားျဖဴေစတယ္လို႔ ေၾကညာတဲ့အလွကုန္မွန္သမွ် ဝယ္ယူအသုံးျပဳတတ္ပါတယ္။ ဒီအခ်က္ကို သတိထားၿပီး ေရွာင္ၾကဥ္ပါ။

ေနာက္တစ္ခုက အစားအေသာက္ပါ။ ပူစပ္တဲ့ အစားအစာေတြ ဆီေၾကာ္အစားအစာေတြက အေရျပားေပၚက ေရဓာတ္ေျခာက္ခမ္းမႈကို ျဖစ္ေပၚေစၿပီး အေရျပားကို ေျခာက္ေသြ႕မည္းကြက္လာေစပါတယ္။ ေရမ်ားမ်ားေသာက္ပါ။

ေနပူထဲသြားတဲ့အခါ ေနေရာင္ျခည္ တိုက္႐ိုက္မထိေတြ႕ေအာင္ ဦးထုပ္၊ ထီးေဆာင္းဖို႔ကို မေမ့ပါနဲ႔၊ မ်က္ႏွာသစ္တဲ့အခါ အသားအေရမွာ ကပ္ၿငိေနတဲ့ အညစ္အေၾကးေတြ၊ မိတ္ကပ္ေခ်းေတြ ကုန္စင္ေအာင္ ေသခ်ာသစ္ဖို႔ ဂ႐ုစိုက္ပါလို႔ ေျပာခ်င္ပါတယ္။

ကာယေလ့က်င့္ခန္း ေန႔စဥ္မွန္မွန္ ျပဳလုပ္ေပးျခင္းအားျဖင့္ ေသြးလည္ပတ္မႈေကာင္းမြန္ၿပီး အသုံးျပဳမယ့္ အသားျဖဴေစႏိုင္တဲ့ ပစၥည္းေတြ အသားထဲကို ပိုမိုျမန္ဆန္စြာ စိမ့္ဝင္ႏိုင္ပါတယ္။ ဒါေၾကာင့္ Whitening Product ေတြ သုံးရတာ အက်ိဳးရွိေအာင္ ကိုယ္ကာယေလ့က်င့္ခန္းေတြလည္း လုပ္ေစခ်င္တယ္။

ကဲ…… မ်က္ႏွာျပင္နဲ႔ ခႏၶာကိုယ္အသားအေရျဖဴစင္ၿပီး ၾကည္လင္လာေအာင္ ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ သိေလာက္ပါၿပီး ဒီနည္းလမ္းေတြက အမ်ိဳးသားေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။ အားလုံးပဲ ျဖဴစင္တင့္တယ္တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

Author: ညီညီေက်ာ္, Healthcare Journal

Previous Post

ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အစားအသောက်များ

Next Post

သင့်ကလေး အဝလွန်နေတာကို သတိထားမိကြရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
546
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
804

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကလေး အဝလွန်နေတာကို သတိထားမိကြရဲ့လား

ဆီးပူဆီးကျဉ် မဖြစ်ရလေအောင်

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် ဘယ်လောက်ရှိရမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.