fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ကိုယ်နံ့ဆိုးနေလား

425
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ေခြၽးထြက္လြန္ၿပီး ကိုယ္နံ႔ဆိုးေတြ ထြက္လာတဲ့အခါ အေပါင္းအသင္းေတြၾကား ပတ္ဝန္းက်င္ၾကားမွာ အင္မတန္မွကို စိတ္ဒုကၡေရာက္ရပါတယ္။ လြန္စြာဆိုးဝါးလွတဲ့ အဲဒီခ်ိဳင္းေခြၽးနံ႔ဟာ တစ္ကိုယ္

ေရသန႔္ရွင္းေရ ထိန္းသိမ္းမႈပုံစံနဲ႔ အစားအေသာက္ စားေသာက္နည္းေတြေပၚ အမ်ားႀကီးမူတည္ေနပါတယ္။ ဒီစိတ္ညစ္စရာေကာင္းတဲ့ အေျခအေနကို ေရွာင္လႊဲႏိုင္ဖို႔ ကိုယ္နံ႔ဆိုးျဖစ္ေပၚရတဲ့ အေၾကာင္းရင္းနဲ႔ ကာကြယ္ထိန္းသိမ္းပုံ၊ တစ္ကိုယ္ေရသန႔္ွရွင္းေရး အေၾကာင္းေလးကို ေလ့လာၾကည့္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ကိုယ္နံ႔ဆိုးတာဟာ ေခြၽးထြက္မ်ားျခင္းေၾကာင့္ အဓိကျဖစ္ေပၚတာပါ။ လူ႔ခႏၶာကိုယ္မွာ ေခြၽးအသင့္အတင့္ လိုအပ္ေပမယ့္ ေခြၽးထြက္မ်ားတာေၾကာင့္ ကိုယ္နံ႔နံ႔တာျဖစ္ေစႏိုင္ပါတယ္။ ခ်ိဳင္း၊ ေပါင္ၿခံစတဲ့   ေနရာေတြမွ ေခြၽးထြက္မ်ားၿပီး ေခြၽးနဲ႔ အစိုဓာတ္ထဲမွာ ရွင္သန္ေပါက္ပြားတဲ့ ဘက္တီးရီးယားပိုးမႊားေတြဟာ ကိုယ္နံ႔ျပင္းျပင္းနံေစပါတယ္။

အလုပ္ရဲ႕ ဖိစီးမႈေၾကာင့္လည္း ျဖစ္ေပၚတတ္တာကို အနည္းအက်ဥ္း ေတြ႕ရပါတယ္။ အဓိကကေတာ့ တစ္ကိုယ္ေရသန႔္ရွင္းေရး အားနည္းတာေၾကာင့္ျဖစ္ၿပီး ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္းနဲ႔ ေက်ာက္ကပ္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အသည္းတြင္ ပိုးဝင္ျခင္းတို႔ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ေခြၽးထြက္မ်ားတာကို Hyperhidrosis လို႔ေခၚၿပီး မ်ိဳး႐ိုးလိုက္ျခင္း၊ သိုင္း႐ြိဳက္ဂလင္းအလုပ္လုပ္လြန္း   ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ စိတ္ဖိစီးမႈနဲ႔ ပူပင္ေသာကမ်ားျခင္း၊ တခ်ိဳ႕ေသာ ေဆးဝါးကုသမႈ၊ အမ်ိဳးသားေဟာ္မုန္း (တက္စတိုစတီ႐ုန္း) ေလ်ာ့နည္းျခင္း၊ ငွက္ဖ်ားေရာဂါ၊ တီဘီေရာဂါ၊ ကင္ဆာအက်ိတ္ Lymphoma နဲ႔ အစားအေသာက္ပုံစံေတြေၾကာင့္ ေခြၽးထြက္လြန္တတ္ပါတယ္။

အနီေရာင္အသားေတြ၊ အရက္၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဆီေၾကာ္အစားအစာေတြနဲ႔ ဓာတုေဆးသုံးထားတဲ့ အသီးအႏွံ၊ အသင့္စားႏိုင္တဲ့ အစားအေသာက္ေတြကို ေလွ်ာ့စားပါ။ ခ်င္း၊ ၾကက္သြန္ျဖဴ၊ အနံ႔ျပင္းၿပီး ပူစပ္တဲ့ အစားအစာေတြ၊ ကင္ခ်ီ၊ အေရာင္ခြၽတ္ထားတဲ့သၾကားနဲ႔ ၾကက္အူေခ်ာင္းအစိမ္းတို႔ဟာ ေခြၽးနံ႔ကို ဆိုးဝါးေစပါတယ္။

အသီးအ႐ြက္ မ်ားမ်ားစားေပးပါ။ အပင္ကထြက္တဲ့ အစားအေသာက္မွာပါတဲ့ ကလို႐ိုဖီးလ္နဲ႔ အျခားအာဟာရဓာတ္ေတြက ကိုယ္တြင္းစနစ္အားလုံးကို သန႔္စင္ဖယ္ရွားႏိုင္ပါတယ္။ တ႐ုတ္နံနံ၊ မုန္လာဥနီ၊ ေက်ာက္ဖ႐ုံသီး၊ ေ႐ႊဖ႐ုံသီး စတဲ့ ဟင္းသီးဟင္း႐ြက္ေတြက ေခြၽးနံ႔ဆိုးကို သက္သာေစပါတယ္။ အခြံခြၽတ္ထားတဲ့ ေကာက္ႏွံနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာေတြကိုလည္း မ်ားမ်ားစားေပးပါ။ ေရကို    လည္း မ်ားမ်ားေသာက္ေပးပါ။

တစ္ေန႔ကို အနည္းဆုံးေရႏွစ္ႀကိမ္ခ်ိဳးပါ။ ေရခ်ိဳးခ်ိန္မွာ ေခြၽးထြက္မ်ားတဲ့ ေနရာေတြျဖစ္တဲ့ ခ်ိဳင္း၊ ေပါင္ၿခံ၊ ရင္သားေအာက္နဲ႔ ေျခဖဝါး၊ ေျခႏွစ္ေခ်ာင္းၾကားကို ေသခ်ာသန႔္ရွင္းေဆးေၾကာေပးပါ။ ေရခ်ိဳးခ်ိန္မွာ ခ်ိဳင္းကို ေက်ာက္ခ်ဥ္နဲ႔ ပြတ္ေပးတာ၊ ေရခ်ိဳးၿပီးခ်ိန္မွာ ခ်ိဳင္းကို ထုံးရည္ၾကည္ေလး ပြတ္ေပးတာတို႔ဟာ ခ်ိဳင္းေခြၽးနံ႔ကို သက္သာေစပါတယ္။ ဘက္တီးရီးယားေတြ ခိုေအာင္းေပါက္ပြားေနႏိုင္တဲ့   ခ်ိဳင္း  ေမႊးေတြကို ပုံမွန္ဖယ္ရွားေပးပါ။ ေရခ်ိဳးၿပီးရင္ ႏူးညံ့တဲ့တဘက္နဲ႔ ေသခ်ာသုတ္ပါ။

ေခြၽးထြက္မ်ားသူဆိုရင္ အဝတ္အစားဝတ္ရင္ ပြပြေခ်ာင္ေခ်ာင္ အဝတ္အစားမ်ိဳး ဝတ္ဆင္ပါ။ တင္းက်ပ္လြန္းတဲ့ အဝတ္အစားေတြက ေခြၽးေပါက္ေတြကို ပိတ္သလိုျဖစ္ကာ အနံ႔ဆိုးကို ျဖစ္ေပၚေစပါတယ္။ ခ်ည္ထည္ေတြဟာ ေခြၽးစုပ္လြယ္ၿပီး ေလဝင္ေလထြက္ေကာင္းေစတာမို႔ ကိုယ္အနံ႔ဆိုးသူေတြ ဝတ္ဆင္သင့္ပါတယ္။
ဝတ္ထားၿပီးသား အဝတ္ေတြကို ေနာက္တစ္ႀကိမ္ ျပန္ဝတ္တာမ်ိဳး မလုပ္ပါနဲ႔။ အဝတ္ေလွ်ာ္တဲ့အခါ ဗင္နီကာတစ္ခြက္ ထည့္ေလွ်ာ္ရင္ အနံ႔ေတြ ကင္းေစပါတယ္။ ေန႔စဥ္ပုံမွန္ အဝတ္ေလွ်ာ္ပါ။ စုေလွ်ာ္တာမ်ိဳး မလုပ္ပါနဲ႔။

ေခြၽးထြက္အရမ္းမ်ားၿပီး ကိုယ္နံ႔ဆိုးေနရင္ ရွဴးရွဲပူစပ္အစာေတြကို ေရွာင္ပါ။ ေဆးလိပ္ေသာက္တတ္ရင္ ျဖတ္လိုက္ပါ။ မၾကာမၾကာ ခ်ိဳင္းေမႊးေတြကို သုတ္ပစ္ဖို႔ကို မေမ့ပါနဲ႔။ အခ်ိန္တိုင္းခ်ိဳင္းကို စိုစြတ္မႈမရွိေအာင္ ဂ႐ုစိုက္ပါ။
ကဲ … ဒီေလာက္ဆိုရင္ ဘာေၾကာင့္ ေခြၽးနံ႔ဆိုးၿပီး ဘာေတြလုပ္ရင္ သက္သာမလဲဆိုတာ သိၿပီမို႔ ျပဳျပင္ၾကည့္လိုက္ပါ။ ေမႊးပ်ံ႕တဲ့ ကိုယ္သင္းရနံ႔ ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Author: ညီညီေက်ာ္, Healthcare Journal, vol 8,no 26 ( 14.7.17)

 

( Unicode )

(Zawgyi)

ချွေးထွက်လွန်ပြီး ကိုယ်နံ့ဆိုးတွေ ထွက်လာတဲ့အခါ အပေါင်းအသင်းတွေကြား ပတ်ဝန်းကျင်ကြားမှာ အင်မတန်မှကို စိတ်ဒုက္ခရောက်ရပါတယ်။ လွန်စွာဆိုးဝါးလှတဲ့ အဲဒီချိုင်းချွေးနံ့ဟာ တစ်ကိုယ်

ရေသန့်ရှင်းရေ ထိန်းသိမ်းမှုပုံစံနဲ့ အစားအသောက် စားသောက်နည်းတွေပေါ် အများကြီးမူတည်နေပါတယ်။ ဒီစိတ်ညစ်စရာကောင်းတဲ့ အခြေအနေကို ရှောင်လွှဲနိုင်ဖို့ ကိုယ်နံ့ဆိုးဖြစ်ပေါ်ရတဲ့ အကြောင်းရင်းနဲ့ ကာကွယ်ထိန်းသိမ်းပုံ၊ တစ်ကိုယ်ရေသန့်ှရှင်းရေး အကြောင်းလေးကို လေ့လာကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်နံ့ဆိုးတာဟာ ချွေးထွက်များခြင်းကြောင့် အဓိကဖြစ်ပေါ်တာပါ။ လူ့ခန္ဓာကိုယ်မှာ ချွေးအသင့်အတင့် လိုအပ်ပေမယ့် ချွေးထွက်များတာကြောင့် ကိုယ်နံ့နံ့တာဖြစ်စေနိုင်ပါတယ်။ ချိုင်း၊ ပေါင်ခြံစတဲ့   နေရာတွေမှ ချွေးထွက်များပြီး ချွေးနဲ့ အစိုဓာတ်ထဲမှာ ရှင်သန်ပေါက်ပွားတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ ကိုယ်နံ့ပြင်းပြင်းနံစေပါတယ်။

အလုပ်ရဲ့ ဖိစီးမှုကြောင့်လည်း ဖြစ်ပေါ်တတ်တာကို အနည်းအကျဉ်း တွေ့ရပါတယ်။ အဓိကကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့်ဖြစ်ပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းတွင် ပိုးဝင်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ချွေးထွက်များတာကို Hyperhidrosis လို့ခေါ်ပြီး မျိုးရိုးလိုက်ခြင်း၊ သိုင်းရွိုက်ဂလင်းအလုပ်လုပ်လွန်း   ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ပူပင်သောကများခြင်း၊ တချို့သော ဆေးဝါးကုသမှု၊ အမျိုးသားဟော်မုန်း (တက်စတိုစတီရုန်း) လျော့နည်းခြင်း၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ ကင်ဆာအကျိတ် Lymphoma နဲ့ အစားအသောက်ပုံစံတွေကြောင့် ချွေးထွက်လွန်တတ်ပါတယ်။

အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုဆေးသုံးထားတဲ့ အသီးအနှံ၊ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို လျှော့စားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ အနံ့ပြင်းပြီး ပူစပ်တဲ့ အစားအစာတွေ၊ ကင်ချီ၊ အရောင်ချွတ်ထားတဲ့သကြားနဲ့ ကြက်အူချောင်းအစိမ်းတို့ဟာ ချွေးနံ့ကို ဆိုးဝါးစေပါတယ်။

အသီးအရွက် များများစားပေးပါ။ အပင်ကထွက်တဲ့ အစားအသောက်မှာပါတဲ့ ကလိုရိုဖီးလ်နဲ့ အခြားအာဟာရဓာတ်တွေက ကိုယ်တွင်းစနစ်အားလုံးကို သန့်စင်ဖယ်ရှားနိုင်ပါတယ်။ တရုတ်နံနံ၊ မုန်လာဥနီ၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး စတဲ့ ဟင်းသီးဟင်းရွက်တွေက ချွေးနံ့ဆိုးကို သက်သာစေပါတယ်။ အခွံချွတ်ထားတဲ့ ကောက်နှံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကိုလည်း များများစားပေးပါ။ ရေကို    လည်း များများသောက်ပေးပါ။

တစ်နေ့ကို အနည်းဆုံးရေနှစ်ကြိမ်ချိုးပါ။ ရေချိုးချိန်မှာ ချွေးထွက်များတဲ့ နေရာတွေဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ရင်သားအောက်နဲ့ ခြေဖဝါး၊ ခြေနှစ်ချောင်းကြားကို သေချာသန့်ရှင်းဆေးကြောပေးပါ။ ရေချိုးချိန်မှာ ချိုင်းကို ကျောက်ချဉ်နဲ့ ပွတ်ပေးတာ၊ ရေချိုးပြီးချိန်မှာ ချိုင်းကို ထုံးရည်ကြည်လေး ပွတ်ပေးတာတို့ဟာ ချိုင်းချွေးနံ့ကို သက်သာစေပါတယ်။ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ပွားနေနိုင်တဲ့   ချိုင်း  မွှေးတွေကို ပုံမှန်ဖယ်ရှားပေးပါ။ ရေချိုးပြီးရင် နူးညံ့တဲ့တဘက်နဲ့ သေချာသုတ်ပါ။

ချွေးထွက်များသူဆိုရင် အဝတ်အစားဝတ်ရင် ပွပွချောင်ချောင် အဝတ်အစားမျိုး ဝတ်ဆင်ပါ။ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေက ချွေးပေါက်တွေကို ပိတ်သလိုဖြစ်ကာ အနံ့ဆိုးကို ဖြစ်ပေါ်စေပါတယ်။ ချည်ထည်တွေဟာ ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းစေတာမို့ ကိုယ်အနံ့ဆိုးသူတွေ ဝတ်ဆင်သင့်ပါတယ်။
ဝတ်ထားပြီးသား အဝတ်တွေကို နောက်တစ်ကြိမ် ပြန်ဝတ်တာမျိုး မလုပ်ပါနဲ့။ အဝတ်လျှော်တဲ့အခါ ဗင်နီကာတစ်ခွက် ထည့်လျှော်ရင် အနံ့တွေ ကင်းစေပါတယ်။ နေ့စဉ်ပုံမှန် အဝတ်လျှော်ပါ။ စုလျှော်တာမျိုး မလုပ်ပါနဲ့။

ချွေးထွက်အရမ်းများပြီး ကိုယ်နံ့ဆိုးနေရင် ရှူးရှဲပူစပ်အစာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်တတ်ရင် ဖြတ်လိုက်ပါ။ မကြာမကြာ ချိုင်းမွှေးတွေကို သုတ်ပစ်ဖို့ကို မမေ့ပါနဲ့။ အချိန်တိုင်းချိုင်းကို စိုစွတ်မှုမရှိအောင် ဂရုစိုက်ပါ။
ကဲ … ဒီလောက်ဆိုရင် ဘာကြောင့် ချွေးနံ့ဆိုးပြီး ဘာတွေလုပ်ရင် သက်သာမလဲဆိုတာ သိပြီမို့ ပြုပြင်ကြည့်လိုက်ပါ။ မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့ ပိုင်ဆိုင်နိုင်ကြပါစေ။

Author: ညီညီကျော်, Healthcare Journal, vol 8,no 26 ( 14.7.17)

Previous Post

ကိုယ့်ကလေး အမှန်တကယ် သိပ်ညှက်နေသလား

Next Post

လျှို့ဝှက်ခဲ့ရမှု ပျောက်ဆုံးတော့မှာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
526
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
786

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.4k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လျှို့ဝှက်ခဲ့ရမှု ပျောက်ဆုံးတော့မှာလား

ပါရာစီတမော အဆိပ်သင့်ခြင်း

နှလုံးအားနည်းတယ်ဆိုတာ ဘာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.