fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဝက်ခြံထွက်လွယ်တဲ့ သူတွေအတွက် အသားအရေကို ဘယ်လိုတွေဂရုစိုက်ကြမလဲ

1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဆေးခန်းမှာ မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းနှစ်ခုရှိပါတယ်၊၊ တစ်ခုက ဝက်ခြံ အမြစ်ပြတ်အရှင်း ပျောက်မှာလား ဆိုတာနဲ့ နောက်တစ်ခုကတော့ သုံးရက်လောက်နဲ့ ဝက်ခြံအမြန်ပျောက်ချင်တယ် ဆိုပြီးတောင်းဆိုတတ်ကြပါတယ်၊၊ လက်တွေ့မှာတော့ ဝက်ခြံဆိုတာ ဟိုမုန်း သွေးသားနဲ့ ဆိုင်တာမို့ အချိန်ယူကုသဖို့ လိုမှာဖြစ်သလို ဝက်ခြံအသစ်တွေ အထွက်မများအောင်သာ ထိန်းထားပေးလို့ရပါတယ်၊၊ ဒါပေမယ့် အချိန်တစ်ခုရောက်ရင်တော့ သွေးသားပြောင်းလဲမှုတွေ တည်ငြိမ်သွားပြီး ဝက်ခြံထပ်မထွက်တော့တာမျိုးကို ရရှိနိုင်ပါတယ်၊၊ အဲဒီအချိန် မတိုင်ခင်ထိတော့ မိမိရဲ့ ဝက်ခြံထွက်လွယ်တဲ့ အသားရေနဲ့ ကိုက်ညီတဲ့ Skin Care မျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

၁။ Cleanser

မျက်နှာသစ်ဆေး က နေ့တစ်နေ့ရဲ့ အစဆိုလဲမမှားပါဘူး။ မိမိရဲ့ အသားရေနဲ. ကိုက်ညီတဲ့ Cleanser ကို သေချာ ရွေးချယ်ဝယ်ယူသင့်ပါတယ်၊၊ အဆီပြန်တဲ့အသားအရေအတွက် ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်၊၊ အများစု ရှာဝယ်လေ့ ရှိကြတာကတော့ “Oil Control” , “ Acne Prone Skin Type” ရေးထားတဲ့ Facial Foam တွေ ဖြစ်ပါတယ်။ ပါဝင်တဲ့ Ingredients တွေမှာ “Salicylic acid” , “Tea tree”, “Benzyol Peroxide”, “Glycolic acid” စတာတွေကို Highlight လုပ်ဖော်ပြပေးထားတတ်ပါတယ်။ တစ်ခုသတိထားရမှာက အလွန်အကျွံ အသုံးမပြုဖို့တော့ လိုပါတယ်။ ပုံမှန် တစ်နေ့ နှစ်ကြိမ်သစ်ရင် လုံလောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရုတ်တရက် အသားအရေကိုခြောက်သွေ့သွားစေပြီး Rebound Sebum Production လို့ခေါ်တဲ့ အဆီပိုတွေကို ထုတ်စေတတ်လို့ပါ။

နောက်တစ်မျိုး ရွေးချယ်လို့ရတာက Soap Free Gentle Cleaning Milk တွေပါ၊၊ Surfactant လို့ခေါ်နေကြတဲ့ sodium sulfate ပါဝင်မှုကို အနိမ့်ဆုံးထိ လျော့ချပေးပါတယ်။ ဒီလို Cleanser သုံးရင်တော့ အမြှုပ် မထွက်တဲ့အတွက် မျက်နှာမှာအညစ်အကြေးတွေ မပြောင်သလိုတော့ ခံစားရတတ်ပါတယ်၊၊ (ဥပမာ-Cetaphil Gentle Wash )ဝက်ခြံ အတွက် လိမ်းဆေး လိမ်းနေတဲ့သူတွေ၊ ဆေးခန်းမှာ Chemical Peeling ကုသမှု ခံယူနေသူတွေ နဲ့ဆိုရင်တော့ နူးညံတဲ့ Gentle Cleanser ကပိုသင့်တော်ပါတယ်၊၊

၂။ Toner

Toner ဟာ အဆီပြန်ပြီး ဝက်ခြံထွက်လွယ်တဲ့ အသားရေမျိုးအတွက် အထူးသင့်လျော်ပါတယ်၊၊ တချို.က Toner ကို ချွေးပေါက်ကျဉ်းဖို့ အတွက်သုံးကြတယ်၊၊ ဒီအယူအဆဟာ မမှန်ကန်ပါဘူး။ မျက်နှာသစ်ဆေးနဲ. သစ်ပြီး ကျန်ခဲ့တဲ့ အဆီ၊ မိတ်ကပ် အညစ်အကြေးတွေ ကို နောက်ထပ်သန့်စင်ဖို့ သုံးရတာ ဖြစ်ပါတယ်၊၊ ပြီးတော့ သူက အရေပြားရဲ့ pH ညွန်းကိန်းကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်၊၊ ချွေးပေါက်မကျဉ်းဘူး ဆိုပေမယ့် ချွေးပေါက်ထဲက အညစ်အကြေးတွေနဲ့ အမှိုက်တွေ ကင်းစင်သွားလို့ ကျဉ်းသယောင် ပိုကြည့်ကောင်းနေမှာပါ၊၊ Toner အများစု ဟာ Alcohol ပါဝင်ကြပါတယ်၊၊ ဝက်ခြံသမားတွေအတွက် ဖြစ်နိုင်ရင် Alcohol Free ဒါမှမဟုတ် Alcohol ပမာဏ နည်းတာကို ပိုသုံးသင့်ပါတယ်။ မျက်နှာသစ်ပြီးတိုင်းမှာ ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး မျက်နှာအနှံ လိမ်းပေးနိုင်ပါတယ်၊၊

၃။ Exfoliant

Exfoliant ဆိုတာ Exfoliation လို့ခေါ်တဲ့ မျက်နှာအရေပြားအပေါ်ယံမှာရှိတဲ့ ဆဲလ်သေတွေ ကွာကျအောင် သုံးတဲ့ Skincare အမျိုးအစားပါ၊၊ ပုံမှန်လုပ်ပေးခြင်းဖြင့် အသားရေကို ချောမွတ်စေပြီး အသားရောင်ကို ဝင်းလာစေပါတယ်၊၊ ဝက်ခြံထွက်တတ်တဲ့သူတွေအတွက်လဲ ချွေးပေါက်တွေမှာ ဆဲလ်သေတွေ ပိတ်ဆို့တာမျိုးကို လျော့ချပေးလို့ ဝက်ခြံဖြစ်ပွားမှုကို လျော့ချပေးပါတယ်၊၊ နေ့တိုင်း အသုံးပြုရမယ့် Skincare မျိုးတော့ မဟုတ်ပါဘူး၊၊ တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် သာ အသုံးပြုသင့်ပါတယ်၊၊

၄။ Moisturizer

Moisturizer ကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားပါ၊၊ အသားရေ ကို အစိုဓာတ်တွေ ပေးတဲ့ အလှကုန်အမျိုးအစားမျိုး တစ်ခုဖြစ်ပါတယ်၊၊ အဆီပြန်တဲ့ အသားရေအမျိုးစား ဆိုရင်တော့ ခပ်ပျစ်ပျစ် Oil Based Cream Type တွေ နဲ့ အဆင်မပြေပါဘူး၊၊ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေပိုပေါက်နိုင်တဲ့ အတွက်ဖြစ်ပါတယ်၊၊ ဒါကြောင့် ဝက်ခြံသမားတွေ အတွက်ဆို Water Based Serum, Emulsion, Gel တွေသာ အသုံးပြုသင့်ပါတယ်၊၊

၅၊၊ Sunscreen/UV Block

ဝက်ခြံသမားတွေအတွက် နေရောင်ကာ လိမ်းဆေး သုံးသင့်မသုံးသင့်ဆိုတာက အယူအဆကွဲလွဲချက်တွေ ရှိနေပါသေးတယ်၊၊ တချို့ဆရာဝန်တွေက နေရောင် က ဝက်ခြံကို ပိုဆိုးစေတယ်၊၊ ဝက်ခြံအမာရွတ် အမဲစက် တွေပိုဖြစ်စေလို့ Sunscreen လိမ်းစေချင်ကြတယ်၊၊ တချို့တွေကျပြန်တော့ နေရောင်ကာ လိမ်းဆေးတွေက ပျစ်လို့ ဝက်ခြံကိုပိုဆိုးစေလို့ မလိမ်းဖို့ တိုက်တွန်းကြပြန်တယ်၊၊ ဒါကြောင့်လိမ်းဖို့ ရှာဝယ်တဲ့နေရာမှာ “Non-Conmedongenic” ဖော်ပြထားတာတဲ့ တံဆိပ်၊ အရည်ကျဲတဲ့ Sunscreen မျိုးကိုသာ အသုံးပြုသင့်ပါတယ်၊၊

Author – Dr. Ye (Clinique de Skin – Dermatology & Laser Clinic)

Previous Post

ကယ္ပယ္အိတ္နာ ျပႆနာမ်ား

Next Post

အရွယ်တင်လှပနုပျိုစေ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
551
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
811

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရွယ်တင်လှပနုပျိုစေ

ကလေးငယ်တွေနဲ့ မှန်သားပြင်အန္တရာယ်

ကြုံတွေ့ရသော နှလုံးရောဂါ အရေးပေါ်အချို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.