fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး
မှန်ကန်စွာ ရွေးချယ်တတ်မှ
332
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A
( Zawgyi )
ဝ.၅ လက်မ AA
၁ လက်မ A
၂ လက်မ B
၃ လက်မ C
၎ လက်မ D
၅ လက်မ DD
၆ လက်မ DDD
(UKဆိုဒ်E)
၇ လက်မ DDDD/F
(UKဆိုဒ်F)
၈ လက်မ G/H
(UKဆိုဒ်FF)
၉ လက်မ I/J
(UKဆိုဒ်G)
၁၀ လက်မ J
(UKဆိုဒ်GG)
(Unicode)
မိန်းမသားတို့ရဲ့ အလှအပဟာ ဘယ်လောက်ပဲ ခေတ်မီအဝတ်အစားတွေ ဝတ်ဆင်ထားပါစေ၊ အတွင်းမှာဝတ်တဲ့ အဝတ်အစားရွေးချယ်မှု မမှန်ကန်ရင်တော့ ဘယ်လို တင့်တယ်နိုင်မှာ မဟုတ်ပါဘူး။
အတွင်းခံ၊ ဘရာစီယာ ဘော်လီတို့ဆိုတာ အမျိုးသမီးတို့အတွက် အင်မတန်မှကို အရေးကြီးလှပါတယ်။ မိမိနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဆိုဒ်အမှန်ကို ရွေးချယ်နိုင်ပါမှ တစ်သက်တာ အချိုးကျလှပ နိုင်ပါလိမ့်မယ်။ အဲလိုမှမဟုတ်ရင်တော့ ရင်ပုံဆိုဒ်သေးနေတဲ့အခါ လျှံထွက်ပြီး ကြည့်ရဆိုးသလို နောက်ကျော်နာကျင်မှု ဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။ ဆိုဒ်ကြီးတာဝယ်မိရင်လည်း၊ တွန့်ဝင်ကာ ချိုင့်နေတတ်ပြီး ရေရှည်မှာ ရင်သားတွဲကျတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အမျိုးသမီးထုရဲ့ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာဆိုဒ်ကိုသာ ဝတ်ဆင်နေကြတယ်လို့ စစ်တမ်းကောက်ယူသူတွေက ဆိုပါတယ်။ အများအားဖြင့် ရင်ပုံခွက် Cups ဆိုဒ်အမှန်ကို မရွေးချယ်နိုင်ကြပါဘူးတဲ့။ တစ်ယောက်နဲ့ တစ်ယောက် ရင်သားရဲ့ တစ်ပတ်လည် band ဆိုဒ် တူညီကြပေမယ့် Cups ဆိုဒ်ကတော့ မတူညီနိုင်ပါဘူး။ တင်းရင်းမှု၊ ဆူဖြိုးမှု၊ ကြုံလှီမှု၊ လျော့တွဲမှုတွေပေါ်မူတည်ပြီး Cups ဆိုဒ်ကွဲလွဲမှုရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဆိုဒ် ၃၂ ချင်းတူပေမယ့် Cups ဆိုဒ်က မတူညီနိုင်ပါဘူး။
မိမိရဲ့ ရင်သားအနေအထားကိုလိုက်ပြီး သင့်တော်မှန်ကန်တာကို ရွေးချယ်တတ်အောင် ကြိုးစားရပါလိမ့်မယ်။ မှန်ကန်စွာ ရွေးချယ်တတ်မှ ရင်သားထာဝစဉ်လှမှာမို့ . . .
Step A. ရင်သားနှစ်မြွာအောက်နားပတ်လည် Band ဆိုဒ်ကိုတိုင်းတာခြင်း
ရင်သားရဲ့ အောက်ခြေအဆုံးကနေ ပတ်လည်ကို တိုင်းတာရမှာဖြစ်ပါတယ်။ အဝတ်ပေကြိုးဖြင့် တိုင်းတာပါ။ မတင်းလွန်း၊ မလျော့လွန်းဘဲ အလျားလိုက်တိုင်းဖို့ ဂရုပြုပါ။ ရရှိတဲ့ အတိုင်းအတာ(လက်မကို) ကို ချရေးပါ။ တိုင်းတာမှု စုံ ဂဏန်းဖြစ်လျှင် ၄ လက်မ။ မ ဂဏန်းဖြစ်လျှင် ၅ လက်မပေါင်းပါ။ (ဥပမာ- တိုင်းတာမှု ၂၈ လက်မ ရရင် ၂၈+၄ လက်မ = ၃၂ လက်မ။ တိုင်းတာမှု ၃၁ လက်မ ရရင် ၃၁+၅ လက်မ = ၃၆ လက်မ)
Step B. ရင်ပုံ Cups ဆိုဒ်ကို တိုင်းတာခြင်း
ရင်သားနှစ်မြွာကို တိုင်းတာရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အတိုင်းအတာရဖို့ အရေးကြီးပါတယ်။ တိုင်းတာတဲ့နေရာမှာ ရင်သားနှစ်မြွာဟာ နူးညံ့တာကြောင့် မှန်ကန်တဲ့အတိုင်းရဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ် အပေါ်ပိုင်းကို မြေပြင်နဲ့ မျဉ်းပြိုင်အနေအထား ဖြစ်အောင်ထားပါ။ ပြီးရင် ချိုင်းအောက်ကနေလျှိုပြီး ရင်သားနဲ့ နို့သီးနေရာပေါ် ဖြတ်ပြီးတိုင်းပါ။ ပေကြိုးကို အတင်းဆွဲတာမျိုးမဟုတ်ဘဲ ရင်သားရဲ့ တစ်သျှူးတွေကို ဆွဲမညှစ်မိအောင် ပုံမှန်အတိုင်းတိုင်းပါ။ အဲဒီအနေအထားမှာ တိုင်းတာခြင်းဟာ ဆိုဒ်အမှန်ကိုရမှာဖြစ်ပါတယ်။ ရရှိတဲ့အတိုင်းအတာကို မှတ်သားထားပါ။ (ဥပမာ – ၃၄ လက်မ)
Step C. ဘရာစီယာဆိုဒ်ကို တွက်ချက်ခြင်း
အဲဒီနောက်မှာတော့ Step B. မှာ ရရှိတဲ့ အတိုင်းအတာကို Step A. ရဲ့ အတိုင်းအတာထဲက နှုတ်ပါ။ နှုတ်လို့ရတဲ့ခြားနားခြင်းဟာ ရင်ပုံခွက်ရဲ့ အရွယ်အစားပဲ ဖြစ်ပါတယ်။ ဇယားမှာကြည့်ပါ။
ခြားနားခြင်း ရင်ပုံအရွယ်အစား
ဝ.၅ လက်မ AA
၁ လက်မ A
၂ လက်မ B
၃ လက်မ C
၄ လက်မ D
၅ လက်မ DD
၆ လက်မ DDD
(UKဆိုဒ်E)
၇ လက်မ DDDD/F
(UKဆိုဒ်F)
၈ လက်မ G/H
(UKဆိုဒ်FF)
၉ လက်မ I/J
(UKဆိုဒ်G)
၁၀ လက်မ J
(UKဆိုဒ်GG)
(ဥပမာ. . Step B – Step A = အရွယ်အစား ၃၄ – ၃၂ = ၂ လက်မ)
ဒါ့ကြောင့် ရင်ပုံခွက်အရွယ်အစားမှာ Cup B ဖြစ်ပြီး သင်ဝယ်ယူရမယ့် ဘရာစီယာ အရွယ်အစားမှာ Size 32 B ဖြစ်ပါတယ်။
ကဲ . . . ဒီလောက်ဆိုရင် ကိုယ့်ရဲ့ဘရာစီယာဆိုဒ်အမှန်ကို ဘယ်လိုတိုင်းတာရမယ် ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဒါ့ပြင် အစမ်းဝတ်ကြည့်ဖို့လည်း အကြံပေးပါရစေ။ Brand ရှိတဲ့ တံဆိပ်တွေက ဆိုဒ်အမှန်နဲ့ အသေးစိတ် အံဝင်ခွင်ကျရှိပေမယ့် တချို့တံဆိပ်တွေဟာ ဆိုဒ်အမှန်တွေ မလာတတ်လို့ပါ။ တချို့တရုတ်ထည်တွေဆိုရင် ချုပ်ထားတဲ့ဆိုဒ်က ၃၂ ဖြစ်ပေမယ့် သူတို့တပ်ထားတဲ့ ဆိုဒ်နံပါတ်က ၃၄ ဒါမှမဟုတ် ၃၆ ဖြစ်နေတတ်တာမို့ ဂရုပြုစေချင်ပါတယ်။
ရင်ပုံခွက် အောက်ခံကြိုးဟာ ရင်သားအောက်ကနေ ပင့်မပြီး စည်းထားတာကြောင့် ရွှေရင်နှစ်မြွာကို ထောက်မမှုပေးပါတယ်။ ရင်သားတွဲ မကျအောင်လည်း ကာကွယ်ပေးပါတယ်။ တင်းရင်းတဲ့ အောက်ခံကြိုးပါမှ ရင်သားရဲ့ ပမာဏကို ကောင်းစွာထိန်းနိုင်မယ်ဆိုတာ မမေ့ပါနဲ့။ ဒါမှသာ သင့်ရဲ့ရင်သားဟာ လျော့ကျလွယ်ခြင်းကင်းပြီး တစ်သက်တာလုံး လုံးဝန်းလှပတင်းရင်းနေမှာ ဖြစ်ပါတယ်။ ။
(အချက်အလက်များကို ပေးပို့ကူညီသော နှင်းပွင့်ဖြူကို ကျေးဇူးတင်လျှက်)
Author: ရွှေနန်းစံ, Healthcare Journal, vol 8,no 28 ( 28.7.17)
Previous Post
အိမ်ထောင် မပြုခင် မပေါ့စေချင် ကျန်းမာရေးသတိရှိစေချင်
Next Post
အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့် အစားအစာများ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About liposuction, which is becoming popular
ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း
1 year ago
553
About the biotin you should know
သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း
1 year ago
1.1k
How important is biotin for hair health?
ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?
2 years ago
812
မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း
2 years ago
1.5k
ဆံပင်တွေအရမ်းကျွတ်နေရင်
2 years ago
1.6k
To make the skin clear and white from the inside
အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့
2 years ago
2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့် အစားအစာများ
ဆီးချို ကြောင့်ခြေဖဝါးကျိန်းခြင်း
ကျွန်တော်နဲ့ သွေးတိုးလူနာ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.