(Zawgyi)
ကိုယ့္လက္သည္းေျခသည္းေလးေတြ ၾကည့္လို႔အေကာင္းဆုံး အေျခအေနမွာရွိေနေစဖို႔ လက္သည္းေျခသည္း အလွျပင္တဲ့ အေလ့အထဟာ ေခတ္စားလာေနပါတယ္။ တစ္ပတ္တစ္ခါေလာက္ လက္သည္းေျခသည္း အလွျပင္ေနတဲ့သူေတြေတာင္ ေတာ္ေတာ္ေလးရွိေနၿပီလို႔ ဆိုပါတယ္။
ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ပိုမ်ားၿပီး ျမန္မာႏိုင္ငံမွာလည္း ဒီအေလ့အထဟာ တျဖည္းျဖည္းမ်ားလာေနတာပါ ဒီေနရာမွာ လက္သည္းဆိုးတာဟာ လုံးဝအႏၲရာယ္ကင္းတဲ့ အရာမဟုတ္ဘူး ဆိုတာေလးကို ေျပာျပခ်င္တာပါ။
လက္သည္းဆိုးတာကေန ပိုးဝင္တာမ်ိဳးကစလို႔ ကင္ဆာျဖစ္ႏိုင္ေခ်တိုးေစတာအထိ ျဖစ္ႏိုင္တာပါ။ လက္သည္းဆိုးတာမွာလည္း ေရွး႐ိုးလက္သည္းဆိုးတာမ်ိဳးကစလို႔ အခုဆိုရင္ ဂ်ယ္လ္ (HJ) သုံးၿပီး လက္သည္းဆိုးတာမ်ိဳးအထိ အမ်ိဳးမ်ိဳး ရွိေနပါတယ္။ ဘယ္လိုလက္သည္းဆိုးတာမ်ိဳးမဆို မသန႔္ရွင္းတဲ့ ပစၥည္းေတြသုံးတာ လက္သည္းပန္းကုံးကို ညႇပ္တာေ႐ြတာ ျဖစ္တဲ့အတြက္ ေျခသည္း လက္သည္းနဲ႔ ပန္းကုံးေတြကို ဘက္တီးရီးယားပိုးဝင္တာ၊ မႈိပိုးဝင္တာေတြ ျဖစ္ေစဖို႔ လြယ္ကူေစတာပဲ ျဖစ္ပါတယ္။
အခုေနာက္ပိုင္း ေခတ္စားလာတဲ့ ဂ်ယ္လ္နဲ႔ လက္သည္းဆိုးတာကေတာ့ ခရမ္းလြန္ေရာင္ျခည္သုံးၿပီး လက္သည္းေျခသည္းကို ေတာက္ေျပာင္ေအာင္ လုပ္တာျဖစ္ပါတယ္။ အဲဒီလို လက္သည္းေျခသည္း အေရာင္တင္တာဟာ သာမန္လက္သည္းဆိုးတာထက္ ပိုတာရွည္ခံၿပီး လက္သည္းေျခသည္းကို ျခစ္ပစ္တာမ်ိဳးလည္း လုပ္ဖို႔မလိုတဲ့အတြက္ ပိုၿပီးေခတ္စားလာတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ခရမ္းလြန္ေရာင္ျခည္ ၾကာၾကာထိတာဟာ လက္ရဲ႕အေရျပားကို အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈ ပိုျဖစ္ေစႏိုင္တဲ့အျပင္ အေရျပားကင္ဆာေတြ အထိကို ျဖစ္ေစႏိုင္တာမ်ိဳး ျဖစ္ပါတယ္။ တစ္ဖက္ကျပန္ၾကည့္မယ္ ဆိုရင္ေတာ့ ဂ်ယ္လ္နဲ႔ လက္သည္းဆိုးတာမွာ အသုံးျပဳတဲ့ ခရမ္းလြန္ေရာင္ျခည္ဟာ ပမာဏနည္းနည္းေလးနဲ႔ ခဏပဲထိေတြ႕တာျဖစ္တဲ့အတြက္ အေရျပားကင္ဆာ ျဖစ္ေပၚႏိုင္ေခ် ေတာ္ေတာ္နည္းတယ္လို႔ ေျပာရမွာပါ။
ဒါေပမယ့္ အႏၲရာယ္ျဖစ္ႏိုင္ေခ်ကို တတ္ႏိုင္သေလာက္ နည္းေအာင္ႀကိဳတင္ျပင္ဆင္ထားသင့္ၾကပါတယ္။ ဒါ့ေၾကာင့္ ဂ်ယ္လ္နဲ႔လက္သည္းဆိုးတာကို ႏွစ္ သက္သူေတြအေနနဲ႔ သူတို႔ရဲ႕ ေျခ၊ လက္၊ အေရျပားေတြကို ခရမ္းလြန္ေရာင္ျခည္ ပိုမထိေစရေအာင္ ကာကြယ္ထားသင့္ၾကပါတယ္။ ခရမ္းလြန္ေရာင္ျခည္ ကာကြယ္တဲ့ လက္အိတ္၊ ေျခအိတ္ေတြသုံးတာ၊ ေနေရာင္ကာဆီေတြ သုံးတာ စတာေတြျပဳလုပ္ၿပီးမွ ဂ်ယ္လ္နဲ႔လက္သည္း ဆိုးသင့္ပါတယ္။ လက္သည္းဆိုးတဲ့ အႀကိမ္ေရကိုလည္း တတ္ႏိုင္သေလာက္ ေလွ်ာ့သင့္ပါတယ္။ ဒါ့ေၾကာင့္ ဂ်ယ္လ္နဲ႔လက္သည္းဆိုးမယ္ဆိုရင္ ေဖာ္ျပခဲ့တဲ့ ခရမ္းလြန္ေရာင္ျခည္ အကာအကြယ္ေတြ သုံးၾကဖို႔ အေရျပားကုဆရာဝန္ေတြ ေထာက္ခံထားၾကပါတယ္။
လက္သည္းဆိုးေဆးဆိုးရာမွာ ျပဳလုပ္တတ္တဲ့ ေနာက္တစ္ခုက လက္သည္းေျခသည္း ပန္းကုံးေတြကို ညႇပ္ၾကတာပါ။ ဒီလို ပန္းကုံးေတြ ညႇပ္ၾကမယ္ဆိုရင္ အစမွာ ေဖာ္ျပခဲ့သလိုပဲ လက္သည္းေျခသည္းနဲ႔ ပန္းကုံးေတြကို ဘက္တီးရီးယားေတြ မႈိပိုးေတြ အလြယ္တကူဝင္ေစႏိုင္တာမို႔လို႔ လက္သည္းဆိုးတဲ့ေနရာမွာ ပန္းကုံးေတြကို ဒဏ္ရာမရေအာင္ ျပဳလုပ္ၾကဖို႔ လိုအပ္ပါတယ္။ လက္သည္းေျခသည္းနဲ႔ ပန္းကုံးပိုးဝင္တာဟာ အခန႔္မသင့္ရင္ အခ်ိန္ၾကာၾကာ ျဖစ္ေန တတ္တာမို႔ အစကတည္းက မျဖစ္ရေအာင္ ဂ႐ုစိုက္သင့္ၾကပါတယ္။
လက္သည္းဆိုးတဲ့ေနရာမွာ ေနာက္ထပ္ အေရးႀကီးတာတစ္ခုကေတာ့ လက္သည္းေျခသည္းအလွျပင္တဲ့ေနရာရဲ႕ သန႔္ရွင္းမႈ၊ ပိုးသတ္ထားႏိုင္မႈပဲ ျဖစ္ပါ တယ္။ လက္သည္းဆိုးတဲ့ေနရာမွာ အသုံးျပဳတဲ့ ပစၥည္းကိရိယာေတြဟာ ပိုးသတ္ထားတဲ့ သန႔္ရွင္းတဲ့ ပစၥည္းေတြပဲျဖစ္ရမွာပါ။ ဒါမွသာ ကိုယ္ျပဳလုပ္လိုက္တဲ့ လက္သည္းဆိုးတာဟာ ကိုယ္ျဖစ္ေစခ်င္တဲ့ လွပတဲ့ လက္သည္းေျခသည္းေလးေတြကို ျဖစ္ေစၿပီး ကိုယ္မလိုလားတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္မလာမွာပဲ ျဖစ္ပါတယ္။ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ ေတာက္ေျပာင္လွပတဲ့ လက္သည္းေျခသည္းပိုင္ရွင္ေတြ ျဖစ္ႏိုင္ၾကပါေစလို႔ . . . ။
Author: ကိုေအာင္ ေဆး ၁, Healthcare Journal, vol 8,no 27 ( 21.7.17)
(Unicode)
ကိုယ့်လက်သည်းခြေသည်းလေးတွေ ကြည့်လို့အကောင်းဆုံး အခြေအနေမှာရှိနေစေဖို့ လက်သည်းခြေသည်း အလှပြင်တဲ့ အလေ့အထဟာ ခေတ်စားလာနေပါတယ်။ တစ်ပတ်တစ်ခါလောက် လက်သည်းခြေသည်း အလှပြင်နေတဲ့သူတွေတောင် တော်တော်လေးရှိနေပြီလို့ ဆိုပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ပိုများပြီး မြန်မာနိုင်ငံမှာလည်း ဒီအလေ့အထဟာ တဖြည်းဖြည်းများလာနေတာပါ ဒီနေရာမှာ လက်သည်းဆိုးတာဟာ လုံးဝအန္တရာယ်ကင်းတဲ့ အရာမဟုတ်ဘူး ဆိုတာလေးကို ပြောပြချင်တာပါ။
လက်သည်းဆိုးတာကနေ ပိုးဝင်တာမျိုးကစလို့ ကင်ဆာဖြစ်နိုင်ချေတိုးစေတာအထိ ဖြစ်နိုင်တာပါ။ လက်သည်းဆိုးတာမှာလည်း ရှေးရိုးလက်သည်းဆိုးတာမျိုးကစလို့ အခုဆိုရင် ဂျယ်လ် (HJ) သုံးပြီး လက်သည်းဆိုးတာမျိုးအထိ အမျိုးမျိုး ရှိနေပါတယ်။ ဘယ်လိုလက်သည်းဆိုးတာမျိုးမဆို မသန့်ရှင်းတဲ့ ပစ္စည်းတွေသုံးတာ လက်သည်းပန်းကုံးကို ညှပ်တာရွေတာ ဖြစ်တဲ့အတွက် ခြေသည်း လက်သည်းနဲ့ ပန်းကုံးတွေကို ဘက်တီးရီးယားပိုးဝင်တာ၊ မှိုပိုးဝင်တာတွေ ဖြစ်စေဖို့ လွယ်ကူစေတာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဂျယ်လ်နဲ့ လက်သည်းဆိုးတာကတော့ ခရမ်းလွန်ရောင်ခြည်သုံးပြီး လက်သည်းခြေသည်းကို တောက်ပြောင်အောင် လုပ်တာဖြစ်ပါတယ်။ အဲဒီလို လက်သည်းခြေသည်း အရောင်တင်တာဟာ သာမန်လက်သည်းဆိုးတာထက် ပိုတာရှည်ခံပြီး လက်သည်းခြေသည်းကို ခြစ်ပစ်တာမျိုးလည်း လုပ်ဖို့မလိုတဲ့အတွက် ပိုပြီးခေတ်စားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည် ကြာကြာထိတာဟာ လက်ရဲ့အရေပြားကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ပိုဖြစ်စေနိုင်တဲ့အပြင် အရေပြားကင်ဆာတွေ အထိကို ဖြစ်စေနိုင်တာမျိုး ဖြစ်ပါတယ်။ တစ်ဖက်ကပြန်ကြည့်မယ် ဆိုရင်တော့ ဂျယ်လ်နဲ့ လက်သည်းဆိုးတာမှာ အသုံးပြုတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ ပမာဏနည်းနည်းလေးနဲ့ ခဏပဲထိတွေ့တာဖြစ်တဲ့အတွက် အရေပြားကင်ဆာ ဖြစ်ပေါ်နိုင်ချေ တော်တော်နည်းတယ်လို့ ပြောရမှာပါ။
ဒါပေမယ့် အန္တရာယ်ဖြစ်နိုင်ချေကို တတ်နိုင်သလောက် နည်းအောင်ကြိုတင်ပြင်ဆင်ထားသင့်ကြပါတယ်။ ဒါ့ကြောင့် ဂျယ်လ်နဲ့လက်သည်းဆိုးတာကို နှစ် သက်သူတွေအနေနဲ့ သူတို့ရဲ့ ခြေ၊ လက်၊ အရေပြားတွေကို ခရမ်းလွန်ရောင်ခြည် ပိုမထိစေရအောင် ကာကွယ်ထားသင့်ကြပါတယ်။ ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ လက်အိတ်၊ ခြေအိတ်တွေသုံးတာ၊ နေရောင်ကာဆီတွေ သုံးတာ စတာတွေပြုလုပ်ပြီးမှ ဂျယ်လ်နဲ့လက်သည်း ဆိုးသင့်ပါတယ်။ လက်သည်းဆိုးတဲ့ အကြိမ်ရေကိုလည်း တတ်နိုင်သလောက် လျှော့သင့်ပါတယ်။ ဒါ့ကြောင့် ဂျယ်လ်နဲ့လက်သည်းဆိုးမယ်ဆိုရင် ဖော်ပြခဲ့တဲ့ ခရမ်းလွန်ရောင်ခြည် အကာအကွယ်တွေ သုံးကြဖို့ အရေပြားကုဆရာဝန်တွေ ထောက်ခံထားကြပါတယ်။
လက်သည်းဆိုးဆေးဆိုးရာမှာ ပြုလုပ်တတ်တဲ့ နောက်တစ်ခုက လက်သည်းခြေသည်း ပန်းကုံးတွေကို ညှပ်ကြတာပါ။ ဒီလို ပန်းကုံးတွေ ညှပ်ကြမယ်ဆိုရင် အစမှာ ဖော်ပြခဲ့သလိုပဲ လက်သည်းခြေသည်းနဲ့ ပန်းကုံးတွေကို ဘက်တီးရီးယားတွေ မှိုပိုးတွေ အလွယ်တကူဝင်စေနိုင်တာမို့လို့ လက်သည်းဆိုးတဲ့နေရာမှာ ပန်းကုံးတွေကို ဒဏ်ရာမရအောင် ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ လက်သည်းခြေသည်းနဲ့ ပန်းကုံးပိုးဝင်တာဟာ အခန့်မသင့်ရင် အချိန်ကြာကြာ ဖြစ်နေ တတ်တာမို့ အစကတည်းက မဖြစ်ရအောင် ဂရုစိုက်သင့်ကြပါတယ်။
လက်သည်းဆိုးတဲ့နေရာမှာ နောက်ထပ် အရေးကြီးတာတစ်ခုကတော့ လက်သည်းခြေသည်းအလှပြင်တဲ့နေရာရဲ့ သန့်ရှင်းမှု၊ ပိုးသတ်ထားနိုင်မှုပဲ ဖြစ်ပါ တယ်။ လက်သည်းဆိုးတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေဟာ ပိုးသတ်ထားတဲ့ သန့်ရှင်းတဲ့ ပစ္စည်းတွေပဲဖြစ်ရမှာပါ။ ဒါမှသာ ကိုယ်ပြုလုပ်လိုက်တဲ့ လက်သည်းဆိုးတာဟာ ကိုယ်ဖြစ်စေချင်တဲ့ လှပတဲ့ လက်သည်းခြေသည်းလေးတွေကို ဖြစ်စေပြီး ကိုယ်မလိုလားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မလာမှာပဲ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ တောက်ပြောင်လှပတဲ့ လက်သည်းခြေသည်းပိုင်ရှင်တွေ ဖြစ်နိုင်ကြပါစေလို့ . . . ။
Author: ကိုအောင် ဆေး ၁, Healthcare Journal, vol 8,no 27 ( 21.7.17)