fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

မျက်နှာသွယ်လျ လှပစေဖို့

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

သင့္ရဲ႕မ်က္ႏွာသြယ္လ် လွပေနမယ္ဆိုရင္ေတာ့ သင့္ရဲ႕အလွအပနဲ႔ ယုံၾကည္မႈက အထူးေျပာစရာမလိုေအာင္ ျပည့္စုံေနပါလိမ့္မယ္။ သင့္မ်က္ႏွာသည္ ျပည့္ေဖာင္းေနလွ်င္ မ်က္ႏွာအဆီပိုမ်ား ဖယ္ရွားသင့္ေၾကာင္း ေဖာ္ျပေနျခင္းပင္ ျဖစ္ပါတယ္။ သို႔မဟုတ္ေမးေစ့ ၂ထပ္ျဖစ္ၿပီး လည္ပင္း ၾကယ္သီးတပ္ဖို႔ေတာင္ ခက္ခဲေနၿပီဆို ပို၍ပင္ အဆီပို ဖယ္သင့္ေနပါၿပီ။ မ်က္ႏွာတစ္ခုတည္း အဆီပို သီးသန႔္ဖယ္ရွားရန္နည္းကေတာ့ မလြယ္ပါ။ ကိုယ္ခႏၶာအေလးခ်ိန္ ေလ်ာ့က်ေစေသာ နည္းလမ္းမ်ားျဖင့္သာလုပ္ေဆာင္ရပါမယ္။

မ်က္ႏွာသြယ္လ် လွပ အဆီပိုမရွိ ျဖစ္ေစရန္ အေကာင္းဆုံး နည္းလမ္းတစ္ခုကေတာ့ အစားအေသာက္ေ႐ြးခ်ယ္စားသုံးျခင္းပဲ ျဖစ္ပါတယ္။ မ်က္ႏွာႂကြက္သားမ်ား က်စ္လ်စ္သြယ္လ်ေစရန္ အထူးနည္းလမ္းမ်ားလည္းရွိပါတယ္။

သင့္ရဲ႕ မ်ိဳး႐ိုးဗီဇအရ မ်က္ႏွာသည္ လုံးလုံးဝိုင္းဝိုင္းျဖစ္ေနတာလား? အကယ္၍ ထိုသိုျဖစ္ခဲ့လွ်င္ သင္သည္ ေလ့က်င့္ခန္းလုပ္ၿပီး အစာေလ်ာ့စားေသာ္ျငားလည္း မ်က္ႏွာဝိုင္းဝိုင္းေလးကေတာ့ မေလ်ာ့သြားပါ။ သင္သည္ က်န္းမာလွပေသာ ကိုယ္ခႏၶာ ပိုင္ဆိုင္ထားမယ္ဆိုရင္ သင့္မ်က္ႏွာဝိုင္းကို လက္ခံရမွာပါပဲ။ သင့္မ်က္ႏွာ မို႔မို႔ေဖာင္းေဖာင္းေလးပုံစံႏွင့္ ေဖာေရာင္ေဖာင္းကားေသာ မ်က္ႏွာပုံစံ ၂ခုသည္ကြာျခားမႈရွိပါတယ္။ အဆိုပါ ကြာျခားမႈကို ကြဲကြဲ ျပားျပားသိလွ်င္ မ်က္ႏွာသြယ္လ်လွပရန္ ပထမဦးဆုံး အဆင့္ပင္ ျဖစ္ပါတယ္။

သင္ရဲ႕ပါး၊ေမးေစ့ႏွင့္ လည္ပင္းတြင္ အဆီပိုမ်ားရွိလွ်င္ မို႔မို႔ေဖာင္းေဖာင္းမ်က္ႏွာ ျဖစ္ေနပါလိမ့္မယ္။ေရာဂါေၾကာင့္ဆိုလွ်င္ ေဖာေရာင္ေသာ မ်က္ႏွာျဖစ္ေနပါလိမ့္မယ္။ ေရဓာတ္ခမ္းေျခာက္ျခင္း၊ အရက္ေသာက္ျခင္းႏွင့္ ရာသီဥတုပူျခင္းတို႔ေၾကာင့္ မ်က္ႏွာ၊ ဒူးေခါင္းႏွင့္ ဝမ္းဗိုက္စသည္တို႔တြင္ ေရစုျခင္းေၾကာင့္ ေဖာေရာင္လာတတ္ပါတယ္။ ထိုအခါမ်ိဳးမွာေတာ့ ဆရာဝန္အကူအညီျဖင့္ ေရာဂါကုျခင္းျဖင့္ ပုံမွန္သြယ္လ်လာပါလိမ့္မယ္။

(က)သင့္အေလးခ်ိန္တိုးလာေသာေၾကာင့္ မ်က္ႏွာေဖာင္းကား အဆီပိုစုေနလွ်င္ သင့္မ်က္ႏွာအလြယ္တကူ သြယ္လ်ရန္ လြယ္ကူပါလိမ့္မယ္။ နည္းလမ္းကေတာ့
(၁)သင့္အစားအစာထဲတြင္ ကယ္လိုရီနည္းေသာ အစာအစားမ်ားသာ ေ႐ြးခ်ယ္စားသုံးပါ။
(၂)က်န္းမာေရးႏွင့္ မညီၫြတ္ေသာ အဆီမ်ား၊ အခ်ိဳဓာတ္လြန္ကဲေသာ အစာမ်ား လုံးဝမစားပါနဲ႔။ ထိုအဆီမ်ားသည္ ေသြးေၾကာခဲေစပါတယ္။ ဗိုက္၊ ေပါင္ႏွင့္ မ်က္ႏွာတြင္ အဆီပိုအေနနဲ႔ လာစုတတ္ပါတယ္။
(၃)အစိမ္းေရာင္ရွိေသာ အသီးအ႐ြက္ႏွင့္ အမွ်င္ဓာတ္ပါေသာ အစားအစာမ်ား မ်ားမ်ားစားေပးပါက အစာေခ်မႈျမန္၍ သင့္မ်က္ႏွာအသားအေရ က်စ္လ်စ္စိုေျပ လာပါလိမ့္မယ္။
(၄)အာဟာရမွ်တေသာ အစားအစာမ်ား ေ႐ြးခ်ယ္စားသုံးပါ။ စားခ်င္စိတ္ကို ထိန္းပါ။ ပိုမိုအေထာက္အကူျပဳတဲ့ အစားအစာမ်ားကို စားပါ။ ဥပမာ ဒိန္ခ်ဥ္သည္ အစာေခ်ဖ်က္မႈ အားေကာင္းေစပါတယ္။ ဘယ္ရီသီးမ်ားသည္ ကိုယ္ခံအား ေကာင္းေစပါတယ္။ လက္ဘက္ေျခာက္စိမ္းသည္ ကိုယ္အေလးခ်ိန္ ေလ်ာ့ေစပါတယ္။
(၅)ဝိတ္က်ေစေသာ ေလ့က်င့္ခန္းမ်ား လုပ္ပါ။ အစားအေသာက္ ေ႐ြးခ်ယ္စားသုံးျခင္းႏွင့္ ေလ့က်င့္ခန္းလုပ္ျခင္းက မ်က္ႏွာသြယ္လ် လွပေစပါတယ္။ ေျပးျခင္း၊ စက္ဘီးစီးျခင္းႏွင့္ ေရကူးျခင္းစေသာ ေလ့က်င့္ခန္းမ်ားသည္ မ်က္ႏွာေပၚမွ အဆီပိုမ်ားကို ေလ်ာ့က်ေစပါတယ္။

မ်က္ႏွာေလ့က်င့္ခန္းလုပ္ျခင္းသည္ မ်က္ႏွာသြယ္လ်ေစေသာ နည္းလမ္းေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။မ်က္ႏွာေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ မ်က္ႏွာႂကြက္သား ေတာင့္တင္းမႈ႕ ေလ်ာ့က်၍ သြယ္လ်လာပါလိမ့္မယ္။ ပါးစပ္ႂကြက္သားမ်ားအတြက္ X ႏွင့္ Oဟု ေရ႐ြတ္သည့္ေလ့က်င့္ခန္း ထပ္တလဲလဲ လုပ္ေပးပါ။ပါးေဖာင္းေနျခင္းေလ်ာ့ရန္ ပါးစပ္ေစ့ကာအၿပဳံးမ်က္ႏွာ ခဏခဏ လုပ္ေပးပါ။ ပါးစပ္က်ယ္က်ယ္ ဝိုင္းဝိုင္း ဟလိုက္ ျပန္ပိတ္လိုက္ တစ္ေန႔ အႀကိမ္ ၃၀ လုပ္ပါ။ ပါးစပ္အတြင္း ေလေဖာင္းကာ ထိုေလကို ပါးေစာင္းအတြင္း ဘယ္ညာပို႔ေသာေလ့က်င့္ခန္း လုပ္ေပးပါ။ ပီေကဝါးျခင္းသည္လည္း မ်က္ႏွာႂကြက္သားအတြက္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။

(ခ)ေဖာေရာင္ေနေသာ မ်က္ႏွာသြယ္လ်ေစရန္ နည္းလမ္းမ်ားကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
အငန္ဓာတ္ေလ်ာ့စားပါ။ အငန္ဓာတ္သည္ ႏွလုံးႏွင့္ေသြးေၾကာကို ထိခိုက္ေစၿပီး ကိုယ္ခႏၶာအတြင္း ေရစု လာႏိုင္ပါတယ္။ ထို႔ေၾကာင့္ မ်က္ႏွာသည္ ေဖာေရာင္လာပါတယ္။ သင့္အစားအစာမ်ားတြင္ အငန္ဓာတ္ေလ်ာ့ဖို႔က အေရးႀကီးပါတယ္။ သၾကားနဲ႔ ကာဗြန္ဟိုက္ဒရိတ္ စားသုံးျခင္းလည္း ေလ်ာ့ခ်ရပါမယ္။

မ်က္ႏွာအသားအေရ က်စ္လ်စ္သြယ္လ်ေစရန္ ေရမ်ားမ်ားေသာက္ပါ။ ေရဓာတ္ခမ္းေျခာက္မႈနည္း၍ မ်က္ႏွာေဖာေရာင္ျခင္းကို ကာကြယ္ႏိုင္ပါလိမ့္မယ္။ အသားအေရ ၾကည္လင္စိုေျပ လာပါလိမ့္မယ္။အရက္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ။ လမ္းေဘးေဆးဆိုင္တြင္ စပ္ေဆးမ်ား အလြယ္တကူ ဝယ္ေသာက္ခဲ့လွ်င္လည္း မ်က္ႏွာေဖာေရာင္လာပါလိမ့္မယ္။ နားလည္တတ္ကြၽမ္းေသာ ဆရာမ်ားျဖင့္ျပပါ။

သင့္မ်က္ႏွာအဆီက် သြယ္လ် လွပေစရန္ ေကာင္းေသာ အမူအက်င့္မ်ား ရွိရန္လည္း လိုအပ္ပါတယ္။

-အိပ္ေရးဝဝအိပ္ပါ။ အိပ္ေရးပ်က္လွ်င္ မ်က္ႏွာအသားအေရ ပ်က္ဆီးတတ္ပါတယ္။ အိပ္ေရးပ်က္လွ်င္အစာပိုစားေသာေၾကာင့္ မ်က္ႏွာအဆီ ပိုတတ္ပါတယ္။
-ေဆးလိပ္ေသာက္သုံးျခင္း ေရွာင္ၾကဥ္ပါ။ ေဆးလိပ္ေၾကာင့္ အသားအေရႏွင့္ မ်က္ႏွာအိုမင္း ရင့္ေရာ္မႈ ပိုမိုျမန္ဆန္ေစပါတယ္။
-ဆံပင္ပုံစံေျပာင္းပါ။ သင့္မ်က္ႏွာသည္ နဂိုျပည့္ျပည့္ေလးျဖစ္ေနလွ်င္ ဆံပင္ပုံစံေျပာင္းျခင္းျဖင့္ သြယ္လ်ေနသလို ထင္ဟပ္ႏိုင္ပါတယ္။ ဥပမာဆံပင္တိုသည္ အသက္ငယ္႐ြယ္ ႏုပ်ိဳႏိုင္ပါတယ္။
-မိတ္ကပ္လိမ္းျခယ္ျခင္း ။မိမိမ်က္ႏွာပုံစံႏွင့္ လိုက္ဖက္ေသာ မိတ္ကပ္လိမ္းျခယ္တတ္လွ်င္လည္း မ်က္ႏွာသြယ္လ်မႈကို အေထာက္အပံေကာင္း ရရွိေစႏိုင္ပါတယ္။
ေမးေစ့၂ထပ္ႏွင့္ အဆီပိုမ်က္ႏွာ ျဖစ္ေနခဲ့လွ်င္ လြယ္ကူေသာ ေလ့က်င့္ခန္းမ်ားျဖင့္ အဆီခ်ႏိုင္ပါတယ္။
-ပါးစပ္က်ယ္က်ယ္ဟပါ။ လွ်ာကို ေမးေစ့ႏွင့္ ထိႏိုင္သမွ်ထိေအာင္ ထုတ္ပါ။ ဆယ္ႀကိမ္လုပ္ပါ။လည္ပင္းႂကြက္သားမ်ား ေျပေလ်ာ့ေစပါတယ္။
-ခုတင္သို႔မဟုတ္ ဆိုဖာေပၚတြင္ လွဲ၍ ဦးေခါင္းေအာက္သို႔ တြဲေလာင္းခ်လိုက္ပါ။ ၿပီးေနာက္ ရင္ဘတ္ႏွင့္ေမးေစ့ထိေအာင္ ျပန္တင္ပါ။
-ေခါင္းေမာ့၍ ေမးေစ့အေပၚသို႔ ပင့္တင္ပါ။ ႏူတ္ခမ္းကို ဆူထားပါ။ ျပန္ခ်လိုက္ရင္ လည္ပင္းႂကြက္သားမ်ား ေျပေလ်ာ့ေစပါတယ္။
-ေမးေစ့ႏွင့္ ပခုံးတစ္တန္းတည္းထား၍ ေခါင္းကို ေျဖးညႇင္းစြာ လွည့္ခ်လိုက္ပါ။ ထိုသို႔ေလ့က်င့္ခန္းမ်ား ေန႔စဥ္ျပဳလုပ္လွ်င္ သြယ္လ်လွပႏိုင္ပါတယ္။ အျခားေသာ ကိုယ္အေလးခ်ိန္ေလ်ာ့ေစေသာေလ့က်င့္ခန္းမ်ားလည္း လုပ္ျခင္းျဖင့္ သြယ္လ်လွပေသာမ်က္ႏွာ ပိုင္ဆိုင္ၾကပါေစ။

Author : Dr. ျပည့္ရွင္း

(Unicode)

သင့်ရဲ့မျက်နှာသွယ်လျ လှပနေမယ်ဆိုရင်တော့ သင့်ရဲ့အလှအပနဲ့ ယုံကြည်မှုက အထူးပြောစရာမလိုအောင် ပြည့်စုံနေပါလိမ့်မယ်။ သင့်မျက်နှာသည် ပြည့်ဖောင်းနေလျှင် မျက်နှာအဆီပိုများ ဖယ်ရှားသင့်ကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပါတယ်။ သို့မဟုတ်မေးစေ့ ၂ထပ်ဖြစ်ပြီး လည်ပင်း ကြယ်သီးတပ်ဖို့တောင် ခက်ခဲနေပြီဆို ပို၍ပင် အဆီပို ဖယ်သင့်နေပါပြီ။ မျက်နှာတစ်ခုတည်း အဆီပို သီးသန့်ဖယ်ရှားရန်နည်းကတော့ မလွယ်ပါ။ ကိုယ်ခန္ဓာအလေးချိန် လျော့ကျစေသော နည်းလမ်းများဖြင့်သာလုပ်ဆောင်ရပါမယ်။

မျက်နှာသွယ်လျ လှပ အဆီပိုမရှိ ဖြစ်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အစားအသောက်ရွေးချယ်စားသုံးခြင်းပဲ ဖြစ်ပါတယ်။ မျက်နှာကြွက်သားများ ကျစ်လျစ်သွယ်လျစေရန် အထူးနည်းလမ်းများလည်းရှိပါတယ်။

သင့်ရဲ့ မျိုးရိုးဗီဇအရ မျက်နှာသည် လုံးလုံးဝိုင်းဝိုင်းဖြစ်နေတာလား? အကယ်၍ ထိုသိုဖြစ်ခဲ့လျှင် သင်သည် လေ့ကျင့်ခန်းလုပ်ပြီး အစာလျော့စားသော်ငြားလည်း မျက်နှာဝိုင်းဝိုင်းလေးကတော့ မလျော့သွားပါ။ သင်သည် ကျန်းမာလှပသော ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားမယ်ဆိုရင် သင့်မျက်နှာဝိုင်းကို လက်ခံရမှာပါပဲ။ သင့်မျက်နှာ မို့မို့ဖောင်းဖောင်းလေးပုံစံနှင့် ဖောရောင်ဖောင်းကားသော မျက်နှာပုံစံ ၂ခုသည်ကွာခြားမှုရှိပါတယ်။ အဆိုပါ ကွာခြားမှုကို ကွဲကွဲ ပြားပြားသိလျှင် မျက်နှာသွယ်လျလှပရန် ပထမဦးဆုံး အဆင့်ပင် ဖြစ်ပါတယ်။

သင်ရဲ့ပါး၊မေးစေ့နှင့် လည်ပင်းတွင် အဆီပိုများရှိလျှင် မို့မို့ဖောင်းဖောင်းမျက်နှာ ဖြစ်နေပါလိမ့်မယ်။ရောဂါကြောင့်ဆိုလျှင် ဖောရောင်သော မျက်နှာဖြစ်နေပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်း၊ အရက်သောက်ခြင်းနှင့် ရာသီဥတုပူခြင်းတို့ကြောင့် မျက်နှာ၊ ဒူးခေါင်းနှင့် ဝမ်းဗိုက်စသည်တို့တွင် ရေစုခြင်းကြောင့် ဖောရောင်လာတတ်ပါတယ်။ ထိုအခါမျိုးမှာတော့ ဆရာဝန်အကူအညီဖြင့် ရောဂါကုခြင်းဖြင့် ပုံမှန်သွယ်လျလာပါလိမ့်မယ်။

(က)သင့်အလေးချိန်တိုးလာသောကြောင့် မျက်နှာဖောင်းကား အဆီပိုစုနေလျှင် သင့်မျက်နှာအလွယ်တကူ သွယ်လျရန် လွယ်ကူပါလိမ့်မယ်။ နည်းလမ်းကတော့
(၁)သင့်အစားအစာထဲတွင် ကယ်လိုရီနည်းသော အစာအစားများသာ ရွေးချယ်စားသုံးပါ။
(၂)ကျန်းမာရေးနှင့် မညီညွတ်သော အဆီများ၊ အချိုဓာတ်လွန်ကဲသော အစာများ လုံးဝမစားပါနဲ့။ ထိုအဆီများသည် သွေးကြောခဲစေပါတယ်။ ဗိုက်၊ ပေါင်နှင့် မျက်နှာတွင် အဆီပိုအနေနဲ့ လာစုတတ်ပါတယ်။
(၃)အစိမ်းရောင်ရှိသော အသီးအရွက်နှင့် အမျှင်ဓာတ်ပါသော အစားအစာများ များများစားပေးပါက အစာချေမှုမြန်၍ သင့်မျက်နှာအသားအရေ ကျစ်လျစ်စိုပြေ လာပါလိမ့်မယ်။
(၄)အာဟာရမျှတသော အစားအစာများ ရွေးချယ်စားသုံးပါ။ စားချင်စိတ်ကို ထိန်းပါ။ ပိုမိုအထောက်အကူပြုတဲ့ အစားအစာများကို စားပါ။ ဥပမာ ဒိန်ချဉ်သည် အစာချေဖျက်မှု အားကောင်းစေပါတယ်။ ဘယ်ရီသီးများသည် ကိုယ်ခံအား ကောင်းစေပါတယ်။ လက်ဘက်ခြောက်စိမ်းသည် ကိုယ်အလေးချိန် လျော့စေပါတယ်။
(၅)ဝိတ်ကျစေသော လေ့ကျင့်ခန်းများ လုပ်ပါ။ အစားအသောက် ရွေးချယ်စားသုံးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းက မျက်နှာသွယ်လျ လှပစေပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းစသော လေ့ကျင့်ခန်းများသည် မျက်နှာပေါ်မှ အဆီပိုများကို လျော့ကျစေပါတယ်။
မျက်နှာလေ့ကျင့်ခန်းလုပ်ခြင်းသည် မျက်နှာသွယ်လျစေသော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။မျက်နှာလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျက်နှာကြွက်သား တောင့်တင်းမှု့ လျော့ကျ၍ သွယ်လျလာပါလိမ့်မယ်။ ပါးစပ်ကြွက်သားများအတွက် X နှင့် Oဟု ရေရွတ်သည့်လေ့ကျင့်ခန်း ထပ်တလဲလဲ လုပ်ပေးပါ။ပါးဖောင်းနေခြင်းလျော့ရန် ပါးစပ်စေ့ကာအပြုံးမျက်နှာ ခဏခဏ လုပ်ပေးပါ။ ပါးစပ်ကျယ်ကျယ် ဝိုင်းဝိုင်း ဟလိုက် ပြန်ပိတ်လိုက် တစ်နေ့ အကြိမ် ၃၀ လုပ်ပါ။ ပါးစပ်အတွင်း လေဖောင်းကာ ထိုလေကို ပါးစောင်းအတွင်း ဘယ်ညာပို့သောလေ့ကျင့်ခန်း လုပ်ပေးပါ။ ပီကေဝါးခြင်းသည်လည်း မျက်နှာကြွက်သားအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(ခ)ဖောရောင်နေသော မျက်နှာသွယ်လျစေရန် နည်းလမ်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အငန်ဓာတ်လျော့စားပါ။ အငန်ဓာတ်သည် နှလုံးနှင့်သွေးကြောကို ထိခိုက်စေပြီး ကိုယ်ခန္ဓာအတွင်း ရေစု လာနိုင်ပါတယ်။ ထို့ကြောင့် မျက်နှာသည် ဖောရောင်လာပါတယ်။ သင့်အစားအစာများတွင် အငန်ဓာတ်လျော့ဖို့က အရေးကြီးပါတယ်။ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် စားသုံးခြင်းလည်း လျော့ချရပါမယ်။

မျက်နှာအသားအရေ ကျစ်လျစ်သွယ်လျစေရန် ရေများများသောက်ပါ။ ရေဓာတ်ခမ်းခြောက်မှုနည်း၍ မျက်နှာဖောရောင်ခြင်းကို ကာကွယ်နိုင်ပါလိမ့်မယ်။ အသားအရေ ကြည်လင်စိုပြေ လာပါလိမ့်မယ်။အရက်သောက်ခြင်း ရှောင်ကြဉ်ပါ။ လမ်းဘေးဆေးဆိုင်တွင် စပ်ဆေးများ အလွယ်တကူ ဝယ်သောက်ခဲ့လျှင်လည်း မျက်နှာဖောရောင်လာပါလိမ့်မယ်။ နားလည်တတ်ကျွမ်းသော ဆရာများဖြင့်ပြပါ။

သင့်မျက်နှာအဆီကျ သွယ်လျ လှပစေရန် ကောင်းသော အမူအကျင့်များ ရှိရန်လည်း လိုအပ်ပါတယ်။
-အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးပျက်လျှင် မျက်နှာအသားအရေ ပျက်ဆီးတတ်ပါတယ်။ အိပ်ရေးပျက်လျှင်အစာပိုစားသောကြောင့် မျက်နှာအဆီ ပိုတတ်ပါတယ်။
-ဆေးလိပ်သောက်သုံးခြင်း ရှောင်ကြဉ်ပါ။ ဆေးလိပ်ကြောင့် အသားအရေနှင့် မျက်နှာအိုမင်း ရင့်ရော်မှု ပိုမိုမြန်ဆန်စေပါတယ်။
-ဆံပင်ပုံစံပြောင်းပါ။ သင့်မျက်နှာသည် နဂိုပြည့်ပြည့်လေးဖြစ်နေလျှင် ဆံပင်ပုံစံပြောင်းခြင်းဖြင့် သွယ်လျနေသလို ထင်ဟပ်နိုင်ပါတယ်။ ဥပမာဆံပင်တိုသည် အသက်ငယ်ရွယ် နုပျိုနိုင်ပါတယ်။
-မိတ်ကပ်လိမ်းခြယ်ခြင်း ။မိမိမျက်နှာပုံစံနှင့် လိုက်ဖက်သော မိတ်ကပ်လိမ်းခြယ်တတ်လျှင်လည်း မျက်နှာသွယ်လျမှုကို အထောက်အပံကောင်း ရရှိစေနိုင်ပါတယ်။
မေးစေ့၂ထပ်နှင့် အဆီပိုမျက်နှာ ဖြစ်နေခဲ့လျှင် လွယ်ကူသော လေ့ကျင့်ခန်းများဖြင့် အဆီချနိုင်ပါတယ်။
-ပါးစပ်ကျယ်ကျယ်ဟပါ။ လျှာကို မေးစေ့နှင့် ထိနိုင်သမျှထိအောင် ထုတ်ပါ။ ဆယ်ကြိမ်လုပ်ပါ။လည်ပင်းကြွက်သားများ ပြေလျော့စေပါတယ်။
-ခုတင်သို့မဟုတ် ဆိုဖာပေါ်တွင် လှဲ၍ ဦးခေါင်းအောက်သို့ တွဲလောင်းချလိုက်ပါ။ ပြီးနောက် ရင်ဘတ်နှင့်မေးစေ့ထိအောင် ပြန်တင်ပါ။
-ခေါင်းမော့၍ မေးစေ့အပေါ်သို့ ပင့်တင်ပါ။ နူတ်ခမ်းကို ဆူထားပါ။ ပြန်ချလိုက်ရင် လည်ပင်းကြွက်သားများ ပြေလျော့စေပါတယ်။
-မေးစေ့နှင့် ပခုံးတစ်တန်းတည်းထား၍ ခေါင်းကို ဖြေးညှင်းစွာ လှည့်ချလိုက်ပါ။ ထိုသို့လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်လျှင် သွယ်လျလှပနိုင်ပါတယ်။ အခြားသော ကိုယ်အလေးချိန်လျော့စေသောလေ့ကျင့်ခန်းများလည်း လုပ်ခြင်းဖြင့် သွယ်လျလှပသောမျက်နှာ ပိုင်ဆိုင်ကြပါစေ။

Author : Dr. ပြည့်ရှင်း

Previous Post

ဆံပင်ဖြူခြင်း

Next Post

အမေးများတဲ့ရေအိတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
801

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမေးများတဲ့ရေအိတ်

ရာသီမလာခင် ကိုက်ခဲနာကျင်ခြင်း

ရွှေဖရုံသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.