fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ဆုတောင်းစရာမလိုဘဲ ရနိုင်မယ့် V-shape မျက်နှာလေး

653
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

လူသားတိုင္းရဲ႕ဘဝဟာ မတူညီၾကပါဘူး။ တခ်ိဳ႕ေတြက ဘဝေပးအေျခအေနေတြအရ က်န္းမာ ခ်မ္းသာၾကတယ္။ တခ်ိဳ႕က်ျပန္ေတာ့ ပင္ပန္းဆင္းရဲစြာ ႐ုန္းကန္လႈပ္ရွားၾကရတယ္။ တခ်ိဳ႕ ေတြက ေခ်ာေမာလွပၾကေပမယ့္ တခ်ိဳ႕ေတြက်ေတာ့လည္း လွပေခ်ာေမာသူေတြကို ေငးေမာအားက်ေနရတဲ့ ဘဝေတြလည္း ရွိတယ္။ ႐ုပ္ရည္ ႐ူပကာက စိတ္ရင္းေစတနာေလာက္ အေရးမႀကီးဘူး ဆိုေပမယ့္လည္း အထိုက္အေလ်ာက္ေတာ့ အေရးႀကီးသည္သာ။

႐ုပ္ရည္ဆိုတဲ့ ေနရာမွာလည္း မ်က္ႏွာ၊ ခႏၶာကိုယ္အခ်ိဳးအစား၊ ေနထိုင္မႈပုံစံ အားလုံးအက်ဳံးဝင္တယ္။ မ်က္ႏွာကတဆင့္ လူတစ္ေယာက္ရဲ႕ က်န္းမာေရး အေျခအေန ၊ စိတ္ေနစိတ္ထား အေျခအေနေတြကို ခန႔္မွန္းႏိုင္တယ္လို႔ ဆိုၾကတယ္။

လူတစ္ေယာက္ရဲ႕ မ်က္ႏွာ အမ်ိဳးအစား တစ္မ်ိဳးႏွင့္ တစ္မ်ိဳး မတူတတ္ၾကပါဘူး။ မ်က္ႏွာ အမ်ိဳးအစားေတြ မ်ားစြာ ရွိပါတယ္။ ႀတိဂံပုံ မ်က္ႏွာ ၊ လုံးဝန္းတဲ့မ်က္ႏွာ ၊ ရွည္လ်ားတဲ့ မ်က္ႏွာ ၊ အသည္းပုံမ်က္ႏွာ ၊ ေလးေထာင့္ပုံရွိတဲ့မ်က္ႏွာ ၊ စတုဂံလိုမ်က္ႏွာ အစရွိတဲ့ မ်က္ႏွာ ပုံသ႑န္မ်ားစြာ ရွိပါတယ္။ ေလးေထာင့္ပုံ မ်က္ႏွာပိုင္ရွင္ေတြက အေတြးအေခၚ အားေကာင္းတယ္၊ မ်က္ႏွာဝိုင္းတဲ့သူေတြက သနားၾကင္နာတတ္တယ္ အစရွိသျဖင့္ မ်က္ႏွာ သြင္ျပင္ကို ဖတ္ၿပီး လူ႔တစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားကို ခန႔္မွန္းၾကတာေတြလည္း ရွိတယ္။

မ်က္ႏွာကေနတဆင့္ လူတစ္ေယာက္ရဲ႕ က်န္းမာေရးကိုလည္း ခန႔္မွန္းႏိုင္တယ္။ မ်က္ႏွာမွာ အနီစက္ေတြ ရွိေနလား ၊ ဝက္ၿခံေတြ ရွိေနလားဆိုတာၾကည့္ၿပီး လူတစ္ေယာက္ရဲ႕ က်န္းမာေရးကို ခန႔္မွန္းလို႔ရတယ္။ တခ်ိဳ႕ေတြမွာက် အဝလြန္ေရာဂါေၾကာင့္ အဆီပိုေတြ ရွိၿပီး ေမး ၂ ထပ္ျဖစ္ေနတာေတြ ဒါမွမဟုတ္ မ်ိဳး႐ိုးဗီဇေၾကာင့္ပဲျဖစ္ျဖစ္ အသက္အ႐ြယ္ ႀကီးလာတဲ့အခါ အိုမင္းရင့္ေရာ္မႈေတြေၾကာင့္ပဲျဖစ္ျဖစ္ မ်က္ႏွာမွာရွိတဲ့ အသားအေရေတြ တြဲက်ေနတာေတြလည္း ရွိတယ္။

ခႏၶာကိုယ္မွာ ရွိတဲ့ အဆီေတြထဲမွာ ရင္ဘတ္အနီးတဝိုက္က အဆီေတြက ေရာင္ရမ္းေစတဲ့ ဓာတ္ေတြကို ပိုထြက္ေစတဲ့အတြက္ လူကို အႏၲရာယ္ျဖစ္ေစတယ္လို႔ ဆိုတယ္။ ဒီလိုဆို မ်က္ႏွာမွာ ရွိေနတဲ့ အဆီပိုေတြကေကာ ေရရွည္အတြက္ အႏၲရာယ္ ကင္းႏိုင္ရဲ႕လားဆိုတာ စဥ္းစားစရာ တစ္ခုအေနနဲ႔ ျဖစ္လာပါတယ္။ ဒါ့အျပင္ ေမးႏွစ္ထပ္ျဖစ္ၿပီး ပိုေနတဲ့ အဆီေတြက သင့္ရဲ႕ အလွတရားေတြကို ေလ်ာ့ပါးေစပါတယ္။ ဒါဆို မ်က္ႏွာမွာ ရွိတဲ့ ဒီအဆီပိုေတြကို ဘယ္လိုေတြ ေလ်ာ့ခ်ၾကမလဲ။

အခုေခတ္မွာေတာ့ မ်က္ႏွာမွာ ရွိတဲ့ အဆီပိုေတြကို ေလ်ာ့ခ်ၿပီး ကိုယ္လိုခ်င္တဲ့ ပုံစံေလးျဖစ္ေအာင္ ခြဲစိတ္ကုသနည္းနဲ႔ပဲ ျဖစ္ျဖစ္ ၊ Botox ေဆးထိုးၿပီးေတာ့ပဲျဖစ္ျဖစ္ ၊ အဆီက်ေစႏိုင္တဲ့ အာနိသင္ေတြ ပါဝင္တဲ့ mask ကို အသုံးျပဳၿပီးပဲ ျဖစ္ျဖစ္ လြယ္ကူစြာ ျပဳလုပ္လို႔ ရေနပါၿပီ။ ခြဲစိတ္ကုသျခင္းကေတာ့ အခ်ိန္အနည္းငယ္ေပး လုပ္ေဆာင္ရမွာ ျဖစ္ၿပီး ေဆးထိုးျခင္းကေတာ့ ေဆးထိုးတဲ့ေနရာတစ္ဝိုက္ ရဲလာျခင္းစတဲ့ ဆိုးက်ိဳးေလးေတြေတာ့ အနည္းငယ္ ရွိတတ္ပါတယ္။

သဘာဝနည္းနဲ႔ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ မ်က္ႏွာမွာ ရွိေနတဲ့ အဆီပိုေတြကို ေလ်ာ့ခ်လို႔လည္း ရပါတယ္။ လွ်ာကို ထုတ္ႏိုင္သမွ် ထုတ္ၿပီး လွ်ာဖ်ားကို အေပၚဖက္ကို ေကာ့ၿပီး ေခါင္းကို အေနာက္သို႔ လွန္ခ်ပါ။ ထိုအေနအထားျဖင့္ ၁၀ စကၠန႔္ခန႔္ ေနေပးပါ။ ဒီလိုျပဳလုပ္ျခင္းျဖင့္ မုတ္ခ်ိဳအိတ္အတြင္းက အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးႏိုင္တဲ့ ဓာတ္ေပါင္းေတြကို ထြက္ေစပါတယ္။

ေနာက္နည္းေလးတစ္ခုကေတာ့ ေခါင္းကို အေနာက္သို႔လွန္ၿပီး မ်က္ႏွာက်က္ သို႔မဟုတ္ အေပၚ ကို ၾကည့္ပါ။ လက္ျဖင့္ ေမးကို လည္ပင္းေက်ာေတြ တင္းသည္အထိ ပင့္တင္ေပးပါ။ ထိုအေနအထားျဖင့္ ၁ မွ ၁၀ ေရတြက္ပါ။ ဒါမွမဟုတ္ရင္ ေမးေစ့ေအာက္မွာ ၉ လက္မေလာက္ရွိတဲ့ ေဘာလုံးေလးတစ္လုံး ထားေပးပါ။ ထိုေဘာလုံးေလးကို လက္ျဖင့္ ဖိေပးပါ။ တစ္ေန႔ကို ၂၅ ႀကိမ္ခန႔္ ေန႔တိုင္းျပဳလုပ္ေပးပါ။

ေနာက္နည္းေလးတစ္ခုကေတာ့ ေခါင္းကို အေပၚေမာ့ၿပီး ညာဖက္သို႔ ေစာင္းပါ။ ေမးကို အေရွ႕သို႔ လက္ျဖင့္ပင့္တင္ေပးပါ။ ၅ စကၠန႔္ေလာက္ထားၿပီးရင္ လြတ္ပါ။ ဘယ္ဖက္ကိုလည္း ထိုနည္းအတိုင္းျပဳလုပ္ေပးပါ။

ဒီေလ့က်င့္ခန္းနည္းေတြနဲ႔လည္း သြယ္လ်တဲ့ မ်က္ႏွာေလးကို ရႏိုင္သလို ေန႔စဥ္ စားသုံးတဲ့ အစားအစာေတြထဲမွာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကို စားျခင္းျဖင့္လည္း ေမးေစ့ေအာက္က အဆီပိုေတြကို က်ေစပါတယ္။ အငန္ဓာတ္လြန္ကဲတဲ့ အစားအစာေတြ အဆီမ်ားလြန္းတဲ့ ဆီေၾကာ္မုန႔္ေတြ အသင့္ထုတ္အစားအစာေတြကို ေရွာင္သင့္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားစားေပးပါ။ အသီးအႏွံေတြကို တစ္ေန႔ကို ၃ ခါေလာက္စားေပးသင့္ပါတယ္။ ဒီလိုနည္းလမ္းေလးေတြနဲ႔ အဆီပိုေတြကင္းၿပီး ဆြဲေဆာင္မႈေတြ အျပည့္နဲ႔ သြယ္လ်လွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Author : Dr. ေမ

(Unicode) 

လူသားတိုင်းရဲ့ဘဝဟာ မတူညီကြပါဘူး။ တချို့တွေက ဘဝပေးအခြေအနေတွေအရ ကျန်းမာ ချမ်းသာကြတယ်။ တချို့ကျပြန်တော့ ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားကြရတယ်။ တချို့ တွေက ချောမောလှပကြပေမယ့် တချို့တွေကျတော့လည်း လှပချောမောသူတွေကို ငေးမောအားကျနေရတဲ့ ဘဝတွေလည်း ရှိတယ်။ ရုပ်ရည် ရူပကာက စိတ်ရင်းစေတနာလောက် အရေးမကြီးဘူး ဆိုပေမယ့်လည်း အထိုက်အလျောက်တော့ အရေးကြီးသည်သာ။

ရုပ်ရည်ဆိုတဲ့ နေရာမှာလည်း မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစား၊ နေထိုင်မှုပုံစံ အားလုံးအကျုံးဝင်တယ်။ မျက်နှာကတဆင့် လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ၊ စိတ်နေစိတ်ထား အခြေအနေတွေကို ခန့်မှန်းနိုင်တယ်လို့ ဆိုကြတယ်။

လူတစ်ယောက်ရဲ့ မျက်နှာ အမျိုးအစား တစ်မျိုးနှင့် တစ်မျိုး မတူတတ်ကြပါဘူး။ မျက်နှာ အမျိုးအစားတွေ များစွာ ရှိပါတယ်။ တြိဂံပုံ မျက်နှာ ၊ လုံးဝန်းတဲ့မျက်နှာ ၊ ရှည်လျားတဲ့ မျက်နှာ ၊ အသည်းပုံမျက်နှာ ၊ လေးထောင့်ပုံရှိတဲ့မျက်နှာ ၊ စတုဂံလိုမျက်နှာ အစရှိတဲ့ မျက်နှာ ပုံသဏ္ဍန်များစွာ ရှိပါတယ်။ လေးထောင့်ပုံ မျက်နှာပိုင်ရှင်တွေက အတွေးအခေါ် အားကောင်းတယ်၊ မျက်နှာဝိုင်းတဲ့သူတွေက သနားကြင်နာတတ်တယ် အစရှိသဖြင့် မျက်နှာ သွင်ပြင်ကို ဖတ်ပြီး လူ့တစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းကြတာတွေလည်း ရှိတယ်။

မျက်နှာကနေတဆင့် လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုလည်း ခန့်မှန်းနိုင်တယ်။ မျက်နှာမှာ အနီစက်တွေ ရှိနေလား ၊ ဝက်ခြံတွေ ရှိနေလားဆိုတာကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရတယ်။ တချို့တွေမှာကျ အဝလွန်ရောဂါကြောင့် အဆီပိုတွေ ရှိပြီး မေး ၂ ထပ်ဖြစ်နေတာတွေ ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် အသက်အရွယ် ကြီးလာတဲ့အခါ အိုမင်းရင့်ရော်မှုတွေကြောင့်ပဲဖြစ်ဖြစ် မျက်နှာမှာရှိတဲ့ အသားအရေတွေ တွဲကျနေတာတွေလည်း ရှိတယ်။

ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေထဲမှာ ရင်ဘတ်အနီးတဝိုက်က အဆီတွေက ရောင်ရမ်းစေတဲ့ ဓာတ်တွေကို ပိုထွက်စေတဲ့အတွက် လူကို အန္တရာယ်ဖြစ်စေတယ်လို့ ဆိုတယ်။ ဒီလိုဆို မျက်နှာမှာ ရှိနေတဲ့ အဆီပိုတွေကကော ရေရှည်အတွက် အန္တရာယ် ကင်းနိုင်ရဲ့လားဆိုတာ စဉ်းစားစရာ တစ်ခုအနေနဲ့ ဖြစ်လာပါတယ်။ ဒါ့အပြင် မေးနှစ်ထပ်ဖြစ်ပြီး ပိုနေတဲ့ အဆီတွေက သင့်ရဲ့ အလှတရားတွေကို လျော့ပါးစေပါတယ်။ ဒါဆို မျက်နှာမှာ ရှိတဲ့ ဒီအဆီပိုတွေကို ဘယ်လိုတွေ လျော့ချကြမလဲ။

အခုခေတ်မှာတော့ မျက်နှာမှာ ရှိတဲ့ အဆီပိုတွေကို လျော့ချပြီး ကိုယ်လိုချင်တဲ့ ပုံစံလေးဖြစ်အောင် ခွဲစိတ်ကုသနည်းနဲ့ပဲ ဖြစ်ဖြစ် ၊ Botox ဆေးထိုးပြီးတော့ပဲဖြစ်ဖြစ် ၊ အဆီကျစေနိုင်တဲ့ အာနိသင်တွေ ပါဝင်တဲ့ mask ကို အသုံးပြုပြီးပဲ ဖြစ်ဖြစ် လွယ်ကူစွာ ပြုလုပ်လို့ ရနေပါပြီ။ ခွဲစိတ်ကုသခြင်းကတော့ အချိန်အနည်းငယ်ပေး လုပ်ဆောင်ရမှာ ဖြစ်ပြီး ဆေးထိုးခြင်းကတော့ ဆေးထိုးတဲ့နေရာတစ်ဝိုက် ရဲလာခြင်းစတဲ့ ဆိုးကျိုးလေးတွေတော့ အနည်းငယ် ရှိတတ်ပါတယ်။

သဘာဝနည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မျက်နှာမှာ ရှိနေတဲ့ အဆီပိုတွေကို လျော့ချလို့လည်း ရပါတယ်။ လျှာကို ထုတ်နိုင်သမျှ ထုတ်ပြီး လျှာဖျားကို အပေါ်ဖက်ကို ကော့ပြီး ခေါင်းကို အနောက်သို့ လှန်ချပါ။ ထိုအနေအထားဖြင့် ၁၀ စက္ကန့်ခန့် နေပေးပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် မုတ်ချိုအိတ်အတွင်းက အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေကို ထွက်စေပါတယ်။

နောက်နည်းလေးတစ်ခုကတော့ ခေါင်းကို အနောက်သို့လှန်ပြီး မျက်နှာကျက် သို့မဟုတ် အပေါ် ကို ကြည့်ပါ။ လက်ဖြင့် မေးကို လည်ပင်းကျောတွေ တင်းသည်အထိ ပင့်တင်ပေးပါ။ ထိုအနေအထားဖြင့် ၁ မှ ၁၀ ရေတွက်ပါ။ ဒါမှမဟုတ်ရင် မေးစေ့အောက်မှာ ၉ လက်မလောက်ရှိတဲ့ ဘောလုံးလေးတစ်လုံး ထားပေးပါ။ ထိုဘောလုံးလေးကို လက်ဖြင့် ဖိပေးပါ။ တစ်နေ့ကို ၂၅ ကြိမ်ခန့် နေ့တိုင်းပြုလုပ်ပေးပါ။

နောက်နည်းလေးတစ်ခုကတော့ ခေါင်းကို အပေါ်မော့ပြီး ညာဖက်သို့ စောင်းပါ။ မေးကို အရှေ့သို့ လက်ဖြင့်ပင့်တင်ပေးပါ။ ၅ စက္ကန့်လောက်ထားပြီးရင် လွတ်ပါ။ ဘယ်ဖက်ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းနည်းတွေနဲ့လည်း သွယ်လျတဲ့ မျက်နှာလေးကို ရနိုင်သလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားခြင်းဖြင့်လည်း မေးစေ့အောက်က အဆီပိုတွေကို ကျစေပါတယ်။ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေ အဆီများလွန်းတဲ့ ဆီကြော်မုန့်တွေ အသင့်ထုတ်အစားအစာတွေကို ရှောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။ အသီးအနှံတွေကို တစ်နေ့ကို ၃ ခါလောက်စားပေးသင့်ပါတယ်။ ဒီလိုနည်းလမ်းလေးတွေနဲ့ အဆီပိုတွေကင်းပြီး ဆွဲဆောင်မှုတွေ အပြည့်နဲ့ သွယ်လျလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Author : Dr. မေ

Previous Post

အတွင်းတိမ်

Next Post

ဘေလုံးထိခိုက်ဒဏ်ရာရခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
542
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
796

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘေလုံးထိခိုက်ဒဏ်ရာရခြင်း

ငါ စိတ်ဓာတ်များ ကျနေတာလား

ခေါင်းမူးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.