(Zawgyi)
ပုံမွန္အိပ္ခ်ိန္တစ္ခုထားၿပီး နံနက္ခင္း ေစာေစာအိပ္ရာက ႏိုးထျခင္းဟာ ခႏၶာကိုယ္ကို က်န္းမာေစၿပီး တက္ႂကြလန္းဆန္းကာ သြယ္လ်ႏုပ်ိဳေစႏိုင္တယ္လို႔ စူးစမ္းေလ့လာသူေတြက ဆိုပါတယ္။ ေလ့လာမႈမ်ားအရ ညဥ့္နက္သည္အထိ မအိပ္ဘဲ ေနျမင့္မွထသူေတြထက္ ညဘက္ ၁၀နာရီေလာက္အိပ္ၿပီး နံနက္ ၅ နာရီေလာက္ ထသူေတြက လူမႈဘဝမွာ ပိုမိုေပ်ာ္႐ႊင္လို႔ ႏုပ်ိဳၾကတယ္လို႔ သိရပါတယ္။
နံနက္ေစာေစာ အိပ္ရာထသူေတြဟာ လုပ္ငန္းခြင္မွာ တျခားသူေတြထက္ ပိုမိုစြမ္းေဆာင္ႏိုင္စြမ္းရွိၿပီး အလုပ္တြင္က်ယ္မႈရွိတာေၾကာင့္ လုပ္ငန္းဝင္ေငြ (သို႔) လစာပိုေကာင္းလာတတ္ပါတယ္။ နံနက္ခင္း ေနာက္က်မွ အိပ္ရာထသူေတြထက္ မွတ္ဉာဏ္စြမ္းအား ပိုမိုေကာင္းမြန္ကာ စီမံခန႔္ခြဲတဲ့စြမ္းရည္ေတြ ျမင့္တက္လာပါလိမ့္မယ္။
ေလ့လာသူမ်ားရဲ႕အဆိုအရ အ႐ြယ္ေရာက္သူ ၆၆၅၀ ဦးတို႔ရဲ႕ အိပ္ခ်ိန္ေတြနဲ႔ သူတို႔စြမ္းရည္၊ သည္းခံႏိုင္မႈ၊ လူမႈဝန္းက်င္တို႔ကို ေလ့လာၾကည့္ရာ ေစာေစာအိပ္ရာထသူေတြက အရာရာကို တိတိက်က် စီမံခန႔္ခြဲႏိုင္ၿပီး ျပႆနာေတြကို အလြယ္တကူ ေျဖရွင္းႏိုင္ၾကတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ေက်ာင္းသား ေက်ာင္းသူမ်ားကို ေလ့လာၾကည့္ရာ နံနက္ ေစာေစာထကာ ေလ့လာမွတ္သားမႈ ျပဳလုပ္တဲ့အခါ ညဘက္ ေလ့လာမႈထက္ ပိုမိုျမန္ဆန္စြာ မွတ္သားႏိုင္တယ္လို႔ ဆိုၾကပါတယ္။
ေနျမင့္မွ အိပ္ရာထသူေတြဟာ ေစာေစာအိပ္ၿပီး ေစာေစာထသူေတြထက္ အဝလြန္ႏိုင္ေျခ ႏွစ္ဆပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္တက္မွာစိုးရင္ ညဘက္ ေစာေစာအိပ္ကာ နံနက္ခင္းကို ေစာေစာထပါ။ ဆယ္ေက်ာ္သက္မ်ား ညဥ့္နက္သည္အထိ မအိပ္ဘဲ တီဗီအလြန္အမင္းၾကည့္ျခင္း၊ ကြန္ပ်ဴတာ၊ အင္တာနက္ အလြန္အကြၽံသုံးျခင္းတို႔ေၾကာင့္ လႈပ္ရွားမႈနည္းကာ တျဖည္းျဖည္း အဝလြန္လာေစႏိုင္ပါတယ္။ ဒါ့ျပင္ အိပ္ရာေစာေစာထသူေတြဟာ ညဥ့္နက္မွ အိပ္ရာဝင္တဲ့သူေတြထက္ ကယ္လိုရီစားသုံးမႈ ေလ်ာ့နည္းေၾကာင္း ေတြ႕ရပါတယ္။
နံနက္ေစာေစာ အိပ္ရာထတဲ့ အက်င့္ဟာ အသက္ရွည္ေစတဲ့ ေဆးတစ္ခြက္ပါပဲ။ နံနက္ခင္းမွာ ရွဴရႈိက္ရတဲ့ေလနဲ႔ ေနေရာင္ျခည္ႏုႏုဟာ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစၿပီး စိတ္ရဲ႕လန္းဆန္းတက္ႂကြမႈကို ေထာက္ကူေပးတဲ့ ဓာတ္ေတြရရွိေစကာ ႏုပ်ိဳမႈကိုလည္း ေပးစြမ္းပါတယ္။ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစကာ ကိုယ္တြင္းအဂၤါေတြပါ ေသြးလွည့္ပတ္မႈ ေကာင္းေစပါတယ္။
စိတ္ပိုင္းဆိုင္ရာ ေလ့လာသူေတြရဲ႕ ေျပာၾကားခ်က္အရ အိပ္ရာေစာေစာထသူေတြဟာ လုပ္ငန္းခြင္မွာ ဖိအားမရွိဘဲ ပိုမိုေပ်ာ္႐ႊင္တက္ႂကြမႈရွိေၾကာင္း ေတြ႕ရပါတယ္။ အ႐ိုးအဆစ္ေတြ သန္မာေစဖို႔၊ ကိုယ္တြင္းကလီစာေတြ က်န္းမာဖို႔နဲ႔၊ အဆီေတြ ေခ်ဖ်က္ဖို႔အတြက္ ေလ့က်င့္ခန္း၊ ေယာဂစတာေတြလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္က နံနက္ေစာေစာ အခ်ိန္ပါပဲ။
ေလ့က်င္းခန္း ပုံမွန္လုပ္တာဟာ ဦးေႏွာက္ထဲက စိတ္ခံစားမႈ ေကာင္းေစတဲ့ဓာတ္ေတြကို ပိုမိုအားေပးၿပီး စြမ္းအားေတြ ရရွိေစကာ တစ္ေန႔တာလုံး စိတ္ခံစားမႈ ေကာင္းမြန္လန္းဆန္းေစပါတယ္။က်န္းမာထက္ျမက္ၿပီး ႏုပ်ိဳလွပေစဖို႔ ေစာေစာအိပ္ရာဝင္လို႔ နံနက္ခင္း ေစာေစာထၾကရေအာင္ေနာ္ ။ ။
Author: ေ႐ႊနန္းစံ, Healthcare Journal,vol 8, no 32 (25.8.17)
(Unicode)
ပုံမှန်အိပ်ချိန်တစ်ခုထားပြီး နံနက်ခင်း စောစောအိပ်ရာက နိုးထခြင်းဟာ ခန္ဓာကိုယ်ကို ကျန်းမာစေပြီး တက်ကြွလန်းဆန်းကာ သွယ်လျနုပျိုစေနိုင်တယ်လို့ စူးစမ်းလေ့လာသူတွေက ဆိုပါတယ်။ လေ့လာမှုများအရ ညဉ့်နက်သည်အထိ မအိပ်ဘဲ နေမြင့်မှထသူတွေထက် ညဘက် ၁၀နာရီလောက်အိပ်ပြီး နံနက် ၅ နာရီလောက် ထသူတွေက လူမှုဘဝမှာ ပိုမိုပျော်ရွှင်လို့ နုပျိုကြတယ်လို့ သိရပါတယ်။
နံနက်စောစော အိပ်ရာထသူတွေဟာ လုပ်ငန်းခွင်မှာ တခြားသူတွေထက် ပိုမိုစွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ်တွင်ကျယ်မှုရှိတာကြောင့် လုပ်ငန်းဝင်ငွေ (သို့) လစာပိုကောင်းလာတတ်ပါတယ်။ နံနက်ခင်း နောက်ကျမှ အိပ်ရာထသူတွေထက် မှတ်ဉာဏ်စွမ်းအား ပိုမိုကောင်းမွန်ကာ စီမံခန့်ခွဲတဲ့စွမ်းရည်တွေ မြင့်တက်လာပါလိမ့်မယ်။
လေ့လာသူများရဲ့အဆိုအရ အရွယ်ရောက်သူ ၆၆၅၀ ဦးတို့ရဲ့ အိပ်ချိန်တွေနဲ့ သူတို့စွမ်းရည်၊ သည်းခံနိုင်မှု၊ လူမှုဝန်းကျင်တို့ကို လေ့လာကြည့်ရာ စောစောအိပ်ရာထသူတွေက အရာရာကို တိတိကျကျ စီမံခန့်ခွဲနိုင်ပြီး ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် ကျောင်းသား ကျောင်းသူများကို လေ့လာကြည့်ရာ နံနက် စောစောထကာ လေ့လာမှတ်သားမှု ပြုလုပ်တဲ့အခါ ညဘက် လေ့လာမှုထက် ပိုမိုမြန်ဆန်စွာ မှတ်သားနိုင်တယ်လို့ ဆိုကြပါတယ်။
နေမြင့်မှ အိပ်ရာထသူတွေဟာ စောစောအိပ်ပြီး စောစောထသူတွေထက် အဝလွန်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်တက်မှာစိုးရင် ညဘက် စောစောအိပ်ကာ နံနက်ခင်းကို စောစောထပါ။ ဆယ်ကျော်သက်များ ညဉ့်နက်သည်အထိ မအိပ်ဘဲ တီဗီအလွန်အမင်းကြည့်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အလွန်အကျွံသုံးခြင်းတို့ကြောင့် လှုပ်ရှားမှုနည်းကာ တဖြည်းဖြည်း အဝလွန်လာစေနိုင်ပါတယ်။ ဒါ့ပြင် အိပ်ရာစောစောထသူတွေဟာ ညဉ့်နက်မှ အိပ်ရာဝင်တဲ့သူတွေထက် ကယ်လိုရီစားသုံးမှု လျော့နည်းကြောင်း တွေ့ရပါတယ်။
နံနက်စောစော အိပ်ရာထတဲ့ အကျင့်ဟာ အသက်ရှည်စေတဲ့ ဆေးတစ်ခွက်ပါပဲ။ နံနက်ခင်းမှာ ရှူရှိုက်ရတဲ့လေနဲ့ နေရောင်ခြည်နုနုဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး စိတ်ရဲ့လန်းဆန်းတက်ကြွမှုကို ထောက်ကူပေးတဲ့ ဓာတ်တွေရရှိစေကာ နုပျိုမှုကိုလည်း ပေးစွမ်းပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေကာ ကိုယ်တွင်းအင်္ဂါတွေပါ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
စိတ်ပိုင်းဆိုင်ရာ လေ့လာသူတွေရဲ့ ပြောကြားချက်အရ အိပ်ရာစောစောထသူတွေဟာ လုပ်ငန်းခွင်မှာ ဖိအားမရှိဘဲ ပိုမိုပျော်ရွှင်တက်ကြွမှုရှိကြောင်း တွေ့ရပါတယ်။ အရိုးအဆစ်တွေ သန်မာစေဖို့၊ ကိုယ်တွင်းကလီစာတွေ ကျန်းမာဖို့နဲ့၊ အဆီတွေ ချေဖျက်ဖို့အတွက် လေ့ကျင့်ခန်း၊ ယောဂစတာတွေလုပ်ဖို့ အကောင်းဆုံးအချိန်က နံနက်စောစော အချိန်ပါပဲ။
လေ့ကျင်းခန်း ပုံမှန်လုပ်တာဟာ ဦးနှောက်ထဲက စိတ်ခံစားမှု ကောင်းစေတဲ့ဓာတ်တွေကို ပိုမိုအားပေးပြီး စွမ်းအားတွေ ရရှိစေကာ တစ်နေ့တာလုံး စိတ်ခံစားမှု ကောင်းမွန်လန်းဆန်းစေပါတယ်။ကျန်းမာထက်မြက်ပြီး နုပျိုလှပစေဖို့ စောစောအိပ်ရာဝင်လို့ နံနက်ခင်း စောစောထကြရအောင်နော် ။ ။
Author: ရွှေနန်းစံ, Healthcare Journal,vol 8, no 32 (25.8.17)