fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၁)

471
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

ဒီတစ်ပတ်မှာတော့ တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပဉ္စမမြောက်ရောဂါအဖြစ် ဆေးမတည့်လို့ဖြစ်တဲ့၊ ဖြစ်ပြီးသားနေရာမှာပဲ ထပ်ကာထပ်ကာဖြစ်တတ်တဲ့ အမဲ၊ အညိုကွက်တွေ (Fixed Drug Eruption) အကြောင်းကို ဆက်ပြီး ပြောပြချင်ပါတယ်။ ဒီအမဲ၊ အညိုကွက်တွေဟာ များသောအားဖြင့် သောက်သုံးလိုက်တဲ့ ဆေးဝါးတွေနဲ့ သောက်သုံးမိတဲ့သူ ဓာတ်မတည့်ရာကနေ ဖြစ်ပေါ်လာတာများပါတယ်။

မတည့်တဲ့ ဆေးကြောင့် ဖြစ်လာဖြစ်တဲ့အတွက် ဓာတ်မတည့်မှုလို့ပဲ ထားရမလား၊ အရေပြားရောဂါတစ်ခုအဖြစ် သတ်သတ်မှတ်မှတ် ထားသင့်ရဲ့လားဆိုတဲ့ ရောဂါဟုတ်မဟုတ်ဆိုတဲ့ အချက်ကို ခဏထားပြီး ဒီဆောင်းပါးမှာတော့ အရေပြားရောဂါတစ်ခုလို့ပဲ ထားလိုက်ကြရအောင်ပါ။ အရေပြားနဲ့ ဓာတ်မတည့်တဲ့ပစ္စည်းတွေ လိမ်းလို့ဖြစ်လာတဲ့ အရေပြားရောင်ရမ်းမှု၊ ပြင်းအားများတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရာကဖြစ်လာတဲ့ အရေပြားလောင်တာ စတာတွေကိုလဲ အရေပြားရောဂါအဖြစ်ပဲ သတ်မှတ်ကုသနေကြတာလဲ ဖြစ်ပါတယ်။

ဒီဖြစ်ပြီးသားနေရာမှာပဲ ထပ်ကာထပ်ကာဖြစ်တဲ့ အညိုအမဲကွက်တွေဟာ ကိုယ်ခန္ဓာတစ်ခုလုံး ဘယ်နေရာမှာမဆို ဖြစ်နိုင်တာဖြစ်တတ်တာမျိုးပါ။ လူမြင်ကွင်း အရေပြားတွေဖြစ်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေ စတဲ့နေရာတွေမှာ အညိုအမဲကွက်တွေ ရှိနေပြီဆိုရင်တော့ ဘာဖြစ်တာလဲဆိုတဲ့ မေးခွန်းကို အမေးခံရတာ အကြည့်ခံရတာမျိုး မလွဲမသွေကြုံကြရမှာပါ။ ဒီတစ်ခါမှာ စိတ်ဖိစီးမှုက တပါတည်း ပါလာတာပါပဲ။ လူမြင်ကွင်းမဟုတ်ပဲ အဝတ်အစားနဲ့ ဖုံးအုပ်ကာကွယ်ထားလို့ ရတဲ့နေရာတွေမှာ ဖြစ်နေရင်တောင် မြင်နေတဲ့သူတွေရဲ့ မိမိကိုယ်ကိုယုံကြည်မှုဟာ အနည်းနဲ့အများ ကျဆင်းနေတတ်ပြီး စိတ်ဖိအားများနေစေတာမျိုးပါ။

ဒီ အမဲကွက် အညိုကွက်တွေဟာ မျိုးပွားအင်္ဂါတွေမှာလဲ ဖြစ်နိုင်တာပါ။ အဲဒီအခါမှာ အိမ်ထောင်ရှင်တွေမှာ အိမ်ထောင်ရေး မသာမယာဖြစ်တာ၊ အိမ်ထောင်မရှိသေးတဲ့ သူတွေမှာလဲ မိမိကိုယ်ကို ဘာများဖြစ်သလဲဆိုပြီး ယုံကြည်မှုနည်းလာတာမျိုးတွေ ဖြစ်တတ်တာမျိုးပါ။

နောက်ထပ် ပြောစရာတစ်ခုကတော့ ဒီနေရာဖြစ်ပြီးသား နေရာမှာပဲ ထပ်ကာထပ်ကာ ဖြစ်နေတာပါ။ အညိုအမဲကွက်တွေရဲ့ အရေအတွက်ဟာ ဖြစ်တဲ့ အကြိမ်ရေပေါ်မူတည်ပြီး များလာနေတာမျိုး ဖြစ်ပေမယ့် အရင်ကတည်းကဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့ နေရာတွေမှာ ထပ်ကာ ထပ်ကာ ဖြစ်နေရင်း အခြားနေရာတွေမှာပါ ထပ်ဖြစ်လာတတ်တာပါ။ ဒီလို ကိုယ်ခန္ဓာရဲ့နေရာတစ်ခုမှာ ထပ်ကာထပ်ကာ ဖြစ်နေတာကလဲ ခံစားနေရတဲ့သူအတွက် ဖြစ်စေတဲ့အကြောင်းရင်းကို မသိဘူးဆိုရင် တော်တော်လေး စိတ်ရှုပ်စရာဖြစ်မှာပါ။ ဒီဖြစ်ပြီးသားနေရာမှာ ထပ်ကာထပ်ကာဖြစ်တဲ့ ဆေးမတည့်လို့ဖြစ်လာတဲ့ အညိုကွက် အမဲကွက်တွေဟာ မျက်လုံးတို့ နှုတ်ခမ်းတို့လို နေရာမျိုးမှာ ဖြစ်နေခဲ့မယ်ဆိုရင် မျက်လုံး ဒါမှမဟုတ် နှုတ်ခမ်းတစ်ခုလုံးဖြစ်တာ မဟုတ်ပဲ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံ ဒါမှမဟုတ် အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကိုခွ ပြီးတော့ ရှိနေတဲ့ အမဲကွက် အညိုကွက်တွေအဖြစ် ရှိနေတတ်တာမျိုးပါ။

ဒင်္ဂါးလို အဝိုင်းလိုပုံစံ အမဲကွက် အညိုကွက်တွေဟာ နှုတ်ခမ်းထောင့် မျက်လုံးထောင့်တွေမှာ အပေါ်အောက်နှုတ်ခမ်းနှစ်ခုကို ခွပြီးရှိနေတာမျိုးဟာ တွေ့တဲ့သူတိုင်းအတွက် သတိထားမိစရာ ဖြစ်နိုင်တာကြောင့် ဘာဖြစ်တာလဲဆိုတဲ့မေးခွန်းဟာ ခံစားနေရတဲ့သူအတွက် တော်တော်လေးစိတ်ဒုက္ခဖြစ်စေတတ်တာပါ။

ဖြစ်ဖူးပြီးသားနေရာမှာ ထပ်ကာထပ်ကာဖြစ်တဲ့ ဆေးမတည့်တဲ့ အကြောင်းကို နည်းနည်းလေး အသေးစိတ်ဆက်ပြီး ပြောပြချင်ပါသေးတယ်။ ဒီဆေးမတည့်တဲ့အတွက်ကြောင့် ဖြစ်ဖြစ်လာတတ်တဲ့ အညိုကွက် အမဲကွက်တွေဟာ ဖြစ်စေတဲ့၊ မတည့်တဲ့ဆေးသောက်သုံးပြီး မိနစ် ၃၀ ကနေ ၈ နာရီလောက်အတွင်းမှာ ဖြစ်လာတတ်တာလို့ ဆိုပါတယ်။ ဒီ အညိုကွက် အမဲကွက်တွေကို ဖြစ်စေတဲ့ ဆေးမတည့်မှုမှာ ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေကို ပြောပြပါဆိုရင်တော့ တော်တော်များများသော ဆေးတွေကဖြစ်စေနိုင်တာပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီဆေးတွေအထဲက အများဆုံးဖြစ်စေတဲ့ ဆေးတွေဆိုရင်တော့ ဆာလဖာပါဝင်တဲ့ Septrin လိုဆေးတွေ၊ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေထဲမှာဆိုရင် NSAID အုပ်စုဝင်တွေလို့ ပြောရမှာပါ။

ဗြိတိန်မှာလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ဒီဆေးမတည့်တာကို ဖြစ်စေတဲ့ဆေးတွေကို လေ့လာရာမှာ NSAID 25%, ပါရာစီတမော 25%, Septrin 5%, နဲ့ တက်ထရာဆိုင်ကလင်း 5% ဆိုပြီး တွေ့ရှိတယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာလုပ်တဲ့ လေ့လာမှုမှာတော့ NSAID 25%,ပါရာစီတမော 15%, Carbocystine 7%, Amoxicillin 7% ဆိုပြီး တွေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီအညိုအမဲကွက်တွေကို ဖြစ်ပြီးသားနေရာတွေမှာ ထပ်ကာထပ်ကာဖြစ်စေတဲ့ ဆေးမတည့်မှုဟာ နေရာဒေသအလိုက် ဆေးသုံးစွဲမှုပုံစံပေါ် မူတည်ပြီး ဘယ်ဆေးတွေကဖြစ်စေသလဲ ဆိုတဲ့နေရာမှာ ကွာခြားနိုင်တာမျိုး ဖြစ်ပါတယ်။ အများစုဖြစ်စေတဲ့ ဆေးအုပ်စုတွေကတော့ အထက်မှာ ပြောခဲ့သလိုပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ နောက်ထပ်ပြောစရာတစ်ခုကတော့ ဆေးဖက်ဝင်အပင်တွေကနေ ထုတ်လုပ်ထားတယ်ဆိုတဲ့ ဆေးဝါးတွေ၊ အစားအစာ အချို့တွေဟာလဲ ဒီဆေးမတည့်မှုမျိုးကို ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အားလုံးသောဆေးဝါးတွေကို ဒီလို ဆေးမတည့်မှုမျိုး ဖြစ်လာတဲ့အချိန်မှာ ဖြစ်စေနိုင်တဲ့ ဆေးဝါးတွေအဖြစ် ထည့်သွင်းစဉ်းစား ကြရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဘာဆေးမှ မသောက်ပဲ ဒီလို အညိုအမဲကွက်တွေ ထပ်ကာထပ်ကာ ဖြစ်လာနေတဲ့လူနာတွေလဲ ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာဆိုရင်တော့ သူ့ရဲ့နေထိုင်မှု၊ ပတ်ဝန်းကျင်နှင့် အလုပ်အကိုင် စတဲ့နေရာတွေမှာ ဘာနဲ့ထိတွေ့မိနေသလဲ ဆိုတာမျိုးကို စဉ်းစားကြရမှာပါ။

ရှားရှားပါးပါးဆိုပေမဲ့ ကတ္တရာနံ့ကို ကြာကြာရှူမိပြီး ဒီလိုအမဲကွက် အညိုကွက်တွေ ထပ်ကာထပ်ကာဖြစ်နေတဲ့ သူတစ်ဦးကို မှတ်မှတ်ရရ ကြုံခဲ့ဖူးပါတယ်။ အညာဖက်ကလာတဲ့ အဲဒီအမျိုးသားဟာ နေပူပူမှာ ခပ်ဝေးဝေး မော်တော် ဆိုင်ကယ်စီးတဲ့အခါ ဒီလို အညိုအမဲကွက်တွေ ထွက်ထွက်လာတတ်တာပါ။ ပထမတော့ ဆေးပဲထိုးပြီးနေမိပေမယ့် နှစ်ခါသုံးခါလောက် ထပ်ထပ်ဖြစ်လာအပြီးမှာတော့ သူ့အတွက် ဖြစ်စေတဲ့အရာဟာ အဲဒီ ကတ္တရာလမ်းမှာ ပူပြင်းနေတုန်း ဆိုင်ကယ် အကြာကြီးစီးတာဖြစ်မယ်လို့ပဲ ကောက်ချက်ချလိုက်ရတာပါ။ အဲဒီ အပြုအမူရှောင်လိုက်တဲ့အတွက် အခုဆို အဆင်ပြေသွားပါပြီ။ ရှားရှားပါးပါးပေမယ့် တစ်ခါတစ်လေမှာ ဆေးကြောင့်မဟုတ်ပဲ ဒီလိုဖြစ်ပြီးသားနေရာမှာ ထပ်ကာထပ်ကာ အညိုအမဲကွက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေလဲ ရှိနေနိုင်တယ်ဆိုတာကို သတိပြုမိနိုင်ဖို့ပါ။ ဆက်ရန်………

Author: Dr.ကေ (အရေပြား), Healthcare Journal, vol 8,no 31 (18.8.17)

 

Previous Post

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
583
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.2k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
856

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၂)

ကြိုတင်ကာကွယ်နိုင်သော အဖြစ်များသည့် ကင်ဆာများ

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ လုံမတို့မေးသမျှ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.