fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

ေတာ္ေတာ္စိတ္ဒုကၡေပးတဲ့ အေရျပားေရာဂါေတြ အေရျပားအေပၚယံလႊာထဲက အရည္အိတ္ေလး ( အပိုင္း ၁)

80
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

အေရျပားေရာဂါေတြထဲက အမ်ားစုဟာ ျဖစ္ပြားခံေနသူရဲ႕စိတ္ကို ထိခိုက္ေစႏိုင္ပါတယ္။ အေရျပားဆိုတာ ျမင္ေနရတဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြထဲမွာ အႀကီးဆုံးျဖစ္တာေၾကာင့္ အေရျပားမွာ တစ္ခုခုျဖစ္ေနၿပီဆိုရင္ ျမင္ေနရတာမ်ားတဲ့အတြက္ ဘာျဖစ္သလဲဆိုၿပီး စိတ္ဒုကၡျဖစ္ေတာ့တာပါပဲ။ လူျမင္ကြင္း အေရျပားမွာျဖစ္ေနတာဆိုရင္ ပိုၿပီး စိတ္ဖိအားမ်ားေစႏိုင္ေသးတာပါ။ အဲဒီလို စိတ္ဖိအား ဒါမဟုတ္ စိတ္ဒုကၡေပးႏိုင္တဲ့ အေရျပားေရာဂါေတြရဲ႕ အေၾကာင္းကို နည္းနည္းစီေျပာျပေနတာပါ။

ဒီတစ္ပတ္မွာေတာ့ အေရျပားမွာ အျဖစ္အမ်ားဆုံး တစ္ခုလို႔ ေျပာရင္ရႏိုင္တဲ့ အေရျပား အေပၚယံလႊာထဲက အရည္အိတ္ေလးေတြ (Sebaceous or epidermoid cyst) အေၾကာင္း ေျပာျပခ်င္မိပါတယ္။ ဒီအိတ္ကေလးေတြဟာ အရည္အိတ္လို႔ဆိုေပမယ့္ အထဲကဟာေတြဟာ ေရလို အရည္က်ဲက်ဲမဟုတ္ပါဘူး။ အေရျပားအေပၚယံလႊာထဲက ပစၥည္းေတြနဲ႔ သူတို႔ၿပိဳကြဲၿပီးျဖစ္လာတဲ့အရာေတြ ေပါင္းေနတဲ့ ေတာ္ေတာ္ေလးပ်စ္ခဲတဲ့ အရာေတြျဖစ္ပါတယ္။ အရည္အိတ္လို႔ဆိုေပမယ့္ ေဖာက္ထုတ္လိုက္ရင္ ေရလို ျပည္လို အရည္ထြက္မလာႏိုင္ဘူးဆိုတာပါ။ ျမင္ဖူးသူေတြကေတာ့ သိၿပီးသားျဖစ္ေနမွာ ျဖစ္ေပမယ့္ မျမင္ဖူးေသးသူေတြ ျမင္ေအာင္ၾကည့္ႏိုင္ေအာင္ပါ။

ဒီတစ္ပတ္ေဆာင္းပါးမွာ ဒီအရည္အိတ္ေလးေတြအေၾကာင္း ေျပာမယ္လို႔ စဥ္းစားမိသြားရတဲ့အေၾကာင္း နည္းနည္းေလာက္ေျပာျပခ်င္ပါေသးတယ္။ ဒီအရည္အိတ္ေလးေတြဟာ ဘယ္လို စိတ္ဒုကၡေပးႏိုင္သလဲဆိုတာပါ။ ဒီတေလာမွာ ကြၽန္ေတာ္ေတြ႕လိုက္ရတဲ့ လူႏွစ္ေယာက္ေၾကာင့္ပါ။ ပထမတစ္ေယာက္က အသက္ငယ္ငယ္ ေခ်ာေခ်ာလွလွေလးတစ္ေယာက္ပါ။ သူက ေျခဖခုံႏွင့္ေနာက္ဖက္က အေရျပားမွာ အဖုေလးတစ္ခုျဖစ္လို႔ဆိုၿပီး လာျပတာပါ။ ၾကည့္လိုက္ေတာ့ ဒီအရည္အိတ္ေလးပါပဲ။ ေရာင္ရမ္းတဲ့ လကၡဏာလဲမရွိေသးပါဘူး။ အဲဒါနဲ႔ ဒီအရည္အိတ္ကေလးေတြအေၾကာင္း ရွင္းျပပါတယ္။ သူကလည္း ခရီးထြက္ဖို႔ ရွိေနပါတယ္။ ျပန္လာမွ ျပန္လာျပပါမယ္ဆိုၿပီး ျပန္သြားပါတယ္။ ေမ့ေမ့ေပ်ာက္ေပ်ာက္ပါပဲ။ တစ္လေလာက္အၾကာမွာ ျပန္လာပါတယ္။

အဲဒီအခ်ိန္မွာေတာ့ သူ႔ရဲ႕အရည္အိတ္ကေလးဟာ ပိုးဝင္ၿပီးေပါက္ထြက္ေနပါၿပီ။ နည္းနည္းလဲ ေရာင္ေနပါတယ္။ အထဲကထြက္လာတဲ့ အရည္ေတြကလဲ အနံ႔နည္းနည္းဆိုးတာဆိုေတာ့ သူေတာ္ေတာ္စိတ္ညစ္ေနတာပါ။ ေရာင္ရမ္းေနတာက်သြားရင္ ခြဲထုတ္လိုက္ပါလို႔ပဲ အႀကံေပးရပါေတာ့တယ္။ ဒီေနရာမွာ ဒီအရည္အိတ္ကေလးကို ခြဲထုတ္လိုက္ဖို႔က ခက္ခဲတဲ့ကိစၥ မဟုတ္ပါဘူး။ အခ်ိန္ေပးေစာင့္ၿပီးထုတ္လိုက္ဖို႔ပါပဲ။ ဒါေပမဲ့ စိတ္ဒုကၡက ျပႆနာပါ။

သူက လတ္တေလာ ေျခသလုံးေပၚတဲ့ အဝတ္အစားဝတ္မရတာ၊ အနံ႔ရွိတဲ့အေရေတြ စိမ့္ထြက္ေနႏိုင္တာ၊ ခြဲလိုက္ၿပီးရင္ အမာ႐ြတ္မက်န္ခ်င္တာ စတဲ့စိတ္ဖိအားေတြမ်ားေနတာပါ။ ဒီေနရာမွာ ေျပာစရာရွိတာက ျဖစ္တဲ့သူ၊ ျဖစ္တဲ့ေနရာနဲ႔ အခ်ိန္ေပးႏိုင္တာ စတဲ့အခ်က္ေတြပါ။ ေခ်ာေခ်ာလွလွ မိန္းကေလးက တက္သစ္စေမာ္ဒယ္ေလးျဖစ္ေနတဲ့အခါမွာ သူ႔အတြက္ ဒီအရည္အိတ္ေလးဟာ ေတာ္ေတာ္စိတ္ဒုကၡျဖစ္ေစေတာ့တာပါ။ ဒီလိုအရည္အိတ္မ်ိဳးထဲကမွ အႀကီးအက်ယ္မျဖစ္ပဲ ေမ့ေမ့ေပ်ာက္ေပ်ာက္ထားလိုက္ ထြက္လာတဲ့အရည္ ညႇစ္ထုတ္လိုက္၊ ပိန္သြားလိုက္ ျပန္ေဖာင္းလိုက္နဲ႔ ထားႏိုင္တဲ့သူေတြလည္း အမ်ားႀကီးရွိတာပါ။ ဒါက တစ္ေယာက္ပါ။

ေနာက္တစ္ေယာက္အေၾကာင္း ေျပာျပခ်င္ပါေသးတယ္။ သူကေတာ့ အသက္ အလယ္အလတ္အမ်ိဳးသားတစ္ဦးပါ။ သူျဖစ္တာေတာ့ ေနာက္ေက်ာမွာပါ။ လက္ျပင္နားမွာျဖစ္တာပါ။ သူကေတာ့ စေတြ႕တဲ့အခ်ိန္မွာ နည္းနည္းေရာင္ေနတာနဲ႔ အေရာင္က်သြားမွပဲ ခြဲခ်င္ရင္ခြဲထုတ္လိုက္ဖို႔ ေျပာလိုက္တာပါ။ ဒီမွာလည္း အရည္အိတ္ကေလးက ေပါက္သြားၿပီး ျပန္လာျပတာပါ။ သူရဲ႕ျပႆနာကေတာ့ မ်ားေသာအားျဖင့္ အက်ီ အၤျဖဴဝတ္ရတဲ့၊ အခမ္းအနားတက္ရတဲ့၊ ႐ုံးထိုင္ရတဲ့သူျဖစ္ေနတာပါ။ ဒီစိမ့္ထြက္တဲ့အရည္ေတြနဲ႔၊ အက်ီ ျဖၤူနဲ႔၊ အနံ႔အသက္နည္းနည္းနဲ႔၊ အစည္းအေဝးနဲ႔ စတဲ့ စိတ္ဒုကၡျဖစ္ေစတဲ့အရာေတြက မ်ားေနတာပါ။ ေတာ္ေတာ္စိတ္ဒုကၡေပးႏိုင္တဲ့ အေရျပားေရာဂါေတြဆိုတဲ့ ေခါင္းစဥ္နဲ႔ ကြၽန္ေတာ္ေဆာင္းပါစေရးတုန္းက ဒီအေရျပားအေပၚယံလႊာထဲက အရည္အိတ္ကေလးေတြဟာ ေဆာင္းပါးတစ္ပုဒ္အျဖစ္ေရးမိမယ့္ အေၾကာင္းအရာတစ္ခုလို႔ မစဥ္းစားမိခဲ့ပါဘူး။ ဒါေပမယ့္ ဒီတေလာမွာ မွတ္မွတ္ရရေျပာျပခဲ့တဲ့ လူႏွစ္ေယာက္ေၾကာင့္ ဒီတစ္ခါမွာေတာ့ ဒါပဲေရးလိုက္ေတာ့မယ္လို႔ ဆုံးျဖတ္မိပါတယ္။

ဒီအေရျပားအေပၚယံလႊာထဲက အရည္အိတ္ကေလးေတြကို မ်ားေသာအားျဖင့္ေတာ့ Sebaceous cyst အဆီအိတ္ကေလးေတြလို႔ အေခၚမ်ားၾကတာပါ။ အေရျပားအထူးကုဆရာဝန္မဟုတ္တဲ့ ဆရာဝန္ေတြဆိုရင္ အဆီအိတ္ Sebaceous cyst လို႔ပဲ ေခၚၾကမွာပါ။ ဒီအိတ္ကေလးေတြဟာ အမွန္တကယ္ေတာ့ အဆီဂလင္း Sebaceous Gland ေလးေတြကေနျဖစ္လာတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ အဆီအိတ္လို႔ ေခၚမယ့္အစား သူျဖစ္လာတဲ့ေနရာ သူ႔အထဲမွာပါတဲ့ အရာေပၚမူတည္ၿပီး Epidermoid Cyst လို႔ေခၚတာက ပိုၿပီးသင့္ေလ်ာ္တယ္လို႔ ယူဆၾကာတာေၾကာင့္ အေရျပားေရာဂါကု ဆရာဝန္ေတြကေတာ့ အေရျပားအေပၚယံလႊာထဲက အရည္အိတ္ Epidermoid Cyst လို႔ ေခၚဆိုလာၾကပါတယ္။ ဒီအိတ္ကေလးေတြဟာ အေရျပားမွာ ေတြ႕ရတဲ့ အဖုအႀကိတ္ေလးေတြထဲမွာ အေတြ႕ရအမ်ားဆုံးလို႔ ေျပာရမွာပါ။ မ်ားေသာအားျဖင့္ ဘာလကၡဏာမွ မျပတတ္ၾကပါဘူး။ သူ႔ဟာသူေနေနတတ္ၾကတာပါပဲ။ ဆက္ရန္……

Author: Dr. ေက (အေရျပား), Healthcare Journal, vol 8,no 30 (11.8.17)

(Unicode)

အရေပြားရောဂါတွေထဲက အများစုဟာ ဖြစ်ပွားခံနေသူရဲ့စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ အရေပြားဆိုတာ မြင်နေရတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးဖြစ်တာကြောင့် အရေပြားမှာ တစ်ခုခုဖြစ်နေပြီဆိုရင် မြင်နေရတာများတဲ့အတွက် ဘာဖြစ်သလဲဆိုပြီး စိတ်ဒုက္ခဖြစ်တော့တာပါပဲ။ လူမြင်ကွင်း အရေပြားမှာဖြစ်နေတာဆိုရင် ပိုပြီး စိတ်ဖိအားများစေနိုင်သေးတာပါ။ အဲဒီလို စိတ်ဖိအား ဒါမဟုတ် စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေရဲ့ အကြောင်းကို နည်းနည်းစီပြောပြနေတာပါ။

ဒီတစ်ပတ်မှာတော့ အရေပြားမှာ အဖြစ်အများဆုံး တစ်ခုလို့ ပြောရင်ရနိုင်တဲ့ အရေပြား အပေါ်ယံလွှာထဲက အရည်အိတ်လေးတွေ (Sebaceous or epidermoid cyst) အကြောင်း ပြောပြချင်မိပါတယ်။ ဒီအိတ်ကလေးတွေဟာ အရည်အိတ်လို့ဆိုပေမယ့် အထဲကဟာတွေဟာ ရေလို အရည်ကျဲကျဲမဟုတ်ပါဘူး။ အရေပြားအပေါ်ယံလွှာထဲက ပစ္စည်းတွေနဲ့ သူတို့ပြိုကွဲပြီးဖြစ်လာတဲ့အရာတွေ ပေါင်းနေတဲ့ တော်တော်လေးပျစ်ခဲတဲ့ အရာတွေဖြစ်ပါတယ်။ အရည်အိတ်လို့ဆိုပေမယ့် ဖောက်ထုတ်လိုက်ရင် ရေလို ပြည်လို အရည်ထွက်မလာနိုင်ဘူးဆိုတာပါ။ မြင်ဖူးသူတွေကတော့ သိပြီးသားဖြစ်နေမှာ ဖြစ်ပေမယ့် မမြင်ဖူးသေးသူတွေ မြင်အောင်ကြည့်နိုင်အောင်ပါ။

ဒီတစ်ပတ်ဆောင်းပါးမှာ ဒီအရည်အိတ်လေးတွေအကြောင်း ပြောမယ်လို့ စဉ်းစားမိသွားရတဲ့အကြောင်း နည်းနည်းလောက်ပြောပြချင်ပါသေးတယ်။ ဒီအရည်အိတ်လေးတွေဟာ ဘယ်လို စိတ်ဒုက္ခပေးနိုင်သလဲဆိုတာပါ။ ဒီတလောမှာ ကျွန်တော်တွေ့လိုက်ရတဲ့ လူနှစ်ယောက်ကြောင့်ပါ။ ပထမတစ်ယောက်က အသက်ငယ်ငယ် ချောချောလှလှလေးတစ်ယောက်ပါ။ သူက ခြေဖခုံနှင့်နောက်ဖက်က အရေပြားမှာ အဖုလေးတစ်ခုဖြစ်လို့ဆိုပြီး လာပြတာပါ။ ကြည့်လိုက်တော့ ဒီအရည်အိတ်လေးပါပဲ။ ရောင်ရမ်းတဲ့ လက္ခဏာလဲမရှိသေးပါဘူး။ အဲဒါနဲ့ ဒီအရည်အိတ်ကလေးတွေအကြောင်း ရှင်းပြပါတယ်။ သူကလည်း ခရီးထွက်ဖို့ ရှိနေပါတယ်။ ပြန်လာမှ ပြန်လာပြပါမယ်ဆိုပြီး ပြန်သွားပါတယ်။ မေ့မေ့ပျောက်ပျောက်ပါပဲ။ တစ်လလောက်အကြာမှာ ပြန်လာပါတယ်။

အဲဒီအချိန်မှာတော့ သူ့ရဲ့အရည်အိတ်ကလေးဟာ ပိုးဝင်ပြီးပေါက်ထွက်နေပါပြီ။ နည်းနည်းလဲ ရောင်နေပါတယ်။ အထဲကထွက်လာတဲ့ အရည်တွေကလဲ အနံ့နည်းနည်းဆိုးတာဆိုတော့ သူတော်တော်စိတ်ညစ်နေတာပါ။ ရောင်ရမ်းနေတာကျသွားရင် ခွဲထုတ်လိုက်ပါလို့ပဲ အကြံပေးရပါတော့တယ်။ ဒီနေရာမှာ ဒီအရည်အိတ်ကလေးကို ခွဲထုတ်လိုက်ဖို့က ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ အချိန်ပေးစောင့်ပြီးထုတ်လိုက်ဖို့ပါပဲ။ ဒါပေမဲ့ စိတ်ဒုက္ခက ပြဿနာပါ။

သူက လတ်တလော ခြေသလုံးပေါ်တဲ့ အဝတ်အစားဝတ်မရတာ၊ အနံ့ရှိတဲ့အရေတွေ စိမ့်ထွက်နေနိုင်တာ၊ ခွဲလိုက်ပြီးရင် အမာရွတ်မကျန်ချင်တာ စတဲ့စိတ်ဖိအားတွေများနေတာပါ။ ဒီနေရာမှာ ပြောစရာရှိတာက ဖြစ်တဲ့သူ၊ ဖြစ်တဲ့နေရာနဲ့ အချိန်ပေးနိုင်တာ စတဲ့အချက်တွေပါ။ ချောချောလှလှ မိန်းကလေးက တက်သစ်စမော်ဒယ်လေးဖြစ်နေတဲ့အခါမှာ သူ့အတွက် ဒီအရည်အိတ်လေးဟာ တော်တော်စိတ်ဒုက္ခဖြစ်စေတော့တာပါ။ ဒီလိုအရည်အိတ်မျိုးထဲကမှ အကြီးအကျယ်မဖြစ်ပဲ မေ့မေ့ပျောက်ပျောက်ထားလိုက် ထွက်လာတဲ့အရည် ညှစ်ထုတ်လိုက်၊ ပိန်သွားလိုက် ပြန်ဖောင်းလိုက်နဲ့ ထားနိုင်တဲ့သူတွေလည်း အများကြီးရှိတာပါ။ ဒါက တစ်ယောက်ပါ။

နောက်တစ်ယောက်အကြောင်း ပြောပြချင်ပါသေးတယ်။ သူကတော့ အသက် အလယ်အလတ်အမျိုးသားတစ်ဦးပါ။ သူဖြစ်တာတော့ နောက်ကျောမှာပါ။ လက်ပြင်နားမှာဖြစ်တာပါ။ သူကတော့ စတွေ့တဲ့အချိန်မှာ နည်းနည်းရောင်နေတာနဲ့ အရောင်ကျသွားမှပဲ ခွဲချင်ရင်ခွဲထုတ်လိုက်ဖို့ ပြောလိုက်တာပါ။ ဒီမှာလည်း အရည်အိတ်ကလေးက ပေါက်သွားပြီး ပြန်လာပြတာပါ။ သူရဲ့ပြဿနာကတော့ များသောအားဖြင့် အကျီ ၤအဖြူဝတ်ရတဲ့၊ အခမ်းအနားတက်ရတဲ့၊ ရုံးထိုင်ရတဲ့သူဖြစ်နေတာပါ။ ဒီစိမ့်ထွက်တဲ့အရည်တွေနဲ့၊ အကျီ ၤဖြူနဲ့၊ အနံ့အသက်နည်းနည်းနဲ့၊ အစည်းအဝေးနဲ့ စတဲ့ စိတ်ဒုက္ခဖြစ်စေတဲ့အရာတွေက များနေတာပါ။ တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတွေဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်ဆောင်းပါစရေးတုန်းက ဒီအရေပြားအပေါ်ယံလွှာထဲက အရည်အိတ်ကလေးတွေဟာ ဆောင်းပါးတစ်ပုဒ်အဖြစ်ရေးမိမယ့် အကြောင်းအရာတစ်ခုလို့ မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ဒီတလောမှာ မှတ်မှတ်ရရပြောပြခဲ့တဲ့ လူနှစ်ယောက်ကြောင့် ဒီတစ်ခါမှာတော့ ဒါပဲရေးလိုက်တော့မယ်လို့ ဆုံးဖြတ်မိပါတယ်။

ဒီအရေပြားအပေါ်ယံလွှာထဲက အရည်အိတ်ကလေးတွေကို များသောအားဖြင့်တော့ Sebaceous cyst အဆီအိတ်ကလေးတွေလို့ အခေါ်များကြတာပါ။ အရေပြားအထူးကုဆရာဝန်မဟုတ်တဲ့ ဆရာဝန်တွေဆိုရင် အဆီအိတ် Sebaceous cyst လို့ပဲ ခေါ်ကြမှာပါ။ ဒီအိတ်ကလေးတွေဟာ အမှန်တကယ်တော့ အဆီဂလင်း Sebaceous Gland လေးတွေကနေဖြစ်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် အဆီအိတ်လို့ ခေါ်မယ့်အစား သူဖြစ်လာတဲ့နေရာ သူ့အထဲမှာပါတဲ့ အရာပေါ်မူတည်ပြီး Epidermoid Cyst လို့ခေါ်တာက ပိုပြီးသင့်လျော်တယ်လို့ ယူဆကြာတာကြောင့် အရေပြားရောဂါကု ဆရာဝန်တွေကတော့ အရေပြားအပေါ်ယံလွှာထဲက အရည်အိတ် Epidermoid Cyst လို့ ခေါ်ဆိုလာကြပါတယ်။ ဒီအိတ်ကလေးတွေဟာ အရေပြားမှာ တွေ့ရတဲ့ အဖုအကြိတ်လေးတွေထဲမှာ အတွေ့ရအများဆုံးလို့ ပြောရမှာပါ။ များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။ သူ့ဟာသူနေနေတတ်ကြတာပါပဲ။ ဆက်ရန်……

Author: Dr. ကေ (အရေပြား), Healthcare Journal, vol 8,no 30 (11.8.17)

Previous Post

လန်းဆန်းတက်ကြွ နုပျိုချင်ရင်

Next Post

ကိုယ်ဝန်တားနည်း – တားဆေး ဘယ်လိုရွေးမလဲ(အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်တားနည်း - တားဆေး ဘယ်လိုရွေးမလဲ(အပိုင်း ၁)

ကိုယ်ဝန်တားနည်း - တားဆေး ဘယ်လိုရွေးမလဲ (အပိုင်း ၂)

လက်ထပ်ခြင်း နှင့် ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.