fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

တော်တော်စိတ်ဒုက္ခပေးတဲ့ အရေပြားရောဂါတွေ အရေပြားအပေါ်ယံလွှာထဲက အရည်အိတ်လေး ( အပိုင်း ၂)

462
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/10/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ဒီအေရျပားအေပၚယံလႊာကျဖစ္တဲ့ အရည္အိတ္ကေလးေတြရဲ႕ အေၾကာင္းနည္းနည္းေလာက္ အက်ယ္ခ်ဲ႕ၿပီးေျပာခ်င္ပါတယ္။ ဒီအရည္အိတ္ေလးေတြဟာ တစ္ခါေျပာခဲ့သလိုပဲ သူတို႔ၿပိဳကြဲျဖစ္လာတဲ့အရာေတြပါဝင္ေနၿပီး သူတို႔ကိုအေရျပားအေပၚယံလႊာ ဆဲလ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အရည္အိတ္နံရံနဲ႔ ဝန္းရံထားတာျဖစ္ပါတယ္။ အေတြ႕ရအမ်ားဆုံး အရည္အိတ္အမ်ိဳးအစားလို႔ ဆိုၾကပါတယ္။ က်ား၊ မ မေ႐ြးျဖစ္ႏိုင္တာပါ။ ဒီအရည္အိတ္ေလးေတြဟာ မ်ားေသာအားျဖင့္ေတာ့ ပ်က္စီးသြားတဲ့ အဆီဂလင္းေလးေတြရဲ႕ ေျပာင္းလဲလာတဲ့ ဆဲလ္ေတြကေနျဖစ္တာလို႔ ယူဆထားၾကတာပါ။

အဆီဂလင္းႏွင့္ ေမႊးညႇင္းေပါက္တြဲၿပီး ေရာင္ရမ္းမႈဟာလဲ ဒီအရည္အိတ္ကေလးေတြ ျဖစ္ေစတဲ့အေၾကာင္းရင္းလို႔ ယူဆထားၾကပါတယ္။ တစ္ခ်ိဳ႕ေသာ ဒီအမ်ိဳးအစားအရည္အိတ္ေလးေတြကေတာ့ အေရျပားထိခိုက္ဒဏ္ရာကေန အေပၚယံအေရျပားဟာ အေရျပားရဲ႕ ေအာက္ဖက္ထဲကို ထိုးသြင္းခံလိုက္ရသလိုမ်ိဳး ေရာက္သြားရာကေန ျဖစ္လာတာလို႔လဲ ဆိုၾကပါတယ္။ တစ္ျခားေသာ မွဲ႔တို႔လို အေရျပား အေျခအေနေတြနဲ႔ တြဲၿပီး ေတြ႕ရတတ္တဲ့ အရည္အိတ္ကေလးေတြကေတာ့ ေမြးဖြားႀကီးထြားမႈ ျဖစ္စဥ္မွာ ပုံမွန္မဟုတ္ခဲ့တာရဲ႕ ရလဒ္လို႔ ယူဆၾကပါတယ္။ ဒါေတြကေတာ့ အရည္အိတ္ကေလးေတြ ဘယ္လိုျဖစ္လာၾကသလဲဆိုတဲ့ အေၾကာင္းရင္းေလးေတြ ျဖစ္ပါတယ္။

ဒီအေရျပားအေပၚယံလႊာ အရည္အိတ္ကေလးေတြဟာ မ်ားေသာအားျဖင့္ မ်က္ႏွာနဲ႔ ကိုယ္ခႏၶာအေပၚပိုင္းမွာ အေတြ႕ရမ်ား၊ အျဖစ္မ်ားတယ္လို႔ ဆိုပါတယ္။ သူတို႔ဟာ အေရျပားအေပၚယံလႊာ ဆဲလ္ေတြနဲ႔ ဖြဲ႕စည္းထားေပမယ့္ အေရျပားေအာက္လႊာထဲမွာ တည္ရွိေနတာျဖစ္ပါတယ္။ အဝါေရာင္သမ္းတဲ့ ဒါမွမဟုတ္ အေရျပားေရာင္ပဲျဖစ္တဲ့ ခပ္မာမာ၊ ခပ္လုံးလုံး ေပ်ာ့အိေနတဲ့အဖုေလးေတြအျဖစ္ ျမင္ေတြ႕ရတာမ်ားပါတယ္။ ကိုင္ၾကည့္ရင္ အေရျပားေအာက္ဖက္က အစိတ္အပိုင္းေတြနဲ႔ လြတ္ေနတာကို သိႏိုင္မွာပါ။

အေရျပား အေပၚယံလႊာနဲ႔ေတာ့ ကပ္ေနၿပီး အလယ္ေခါင္မွာ အေပါက္ျဖစ္လြယ္တဲ့ ေနရာျဖစ္တဲ့ Punctum ဆိုတာေလးကို ေတြ႕ျမင္ႏိုင္မွာပါ။ အေစာပိုင္းျဖစ္ကာစ အရည္အိတ္ေလးေတြမွာ ေတြ႕ခ်င္မွေတြ႕ရဦးမွာ ျဖစ္ေပမယ့္ ၾကာလာရင္ေတာ့ ေတြ႕ရမွာပါ။ ဒီ Punctum မျဖစ္လိုက္ပဲ အရည္အိတ္ေလးေတြ ေပါက္သြားခဲ့ဖို႔ဆိုရင္ေတာ့ ထိခိုက္မိထိုးမိမွပဲ ျဖစ္မွာပါ။ အ႐ြယ္အစားအေနနဲ႔ ေျပာရရင္ေတာ့ မီလီမီတာ အနည္းငယ္ေလာက္ကေန ၅ စင္တီမီတာ အ႐ြယ္ေလာက္အထိ အခ်င္းရွိတဲ့ အဖုေလးေတြအျဖစ္ အ႐ြယ္အစားအမ်ိဳးမ်ိဳး ျဖစ္ႏိုင္တာမ်ိဳးပါ။ တစ္လုံးတည္းျဖစ္ႏိုင္သလို မ်ားေနတာမ်ိဳးလဲ ျဖစ္ႏိုင္ပါတယ္။ တျဖည္းျဖည္းခ်င္း ႀကီးထြားလာေနတတ္တာပါ။ ေရာင္ရမ္းမႈရွိလာတတ္ၿပီး အဲလိုေရာင္ရမ္းတဲ့အခါ ကိုင္ရင္နာတတ္ပါတယ္။

ထိခိုက္မိရာကေနျဖစ္တဲ့ အရည္အိတ္မ်ိဳးကေတာ့ လက္ဖဝါး၊ ေျခဖဝါးေတြမွာ၊ တင္ပါးမွာ၊ ဒူးေခါင္းမွာ အျဖစ္မ်ားတာပါ။ ဒါေပမယ့္ အဲဒီလို အရည္အိတ္မ်ိဳးျဖစ္ေနတဲ့သူတိုင္းကေတာ့ ထိခိုက္မိတယ္ဆိုတဲ့ ရာဇဝင္ကို ေပးခ်င္မွေမးတတ္တာပါ။

ဒီအေရျပားအေပၚယံလႊာမွာျဖစ္တဲ့ အရည္အိတ္ကေလးေတြနဲ႔ မွားတတ္တဲ့တစ္ျခားေသာ အရည္အိတ္ ဒါမွမဟုတ္ အေရျပားအဖုေလးေတြကေတာ့ ေမႊးညႇင္းေပါက္မွာျဖစ္တဲ့ အဆီႀကိတ္ဆိုတဲ့ Lipoma အေသးေလးေတြျဖစ္ပါတယ္။ အျမင္အားျဖင့္ တူသလိုထင္ရေပမယ့္ ဒီအရည္အိတ္ကေလးေတြဟာ အသားစယူၿပီး ၾကည့္လိုက္ရင္ေတာ့ ပါဝင္ဖြဲ႕စည္းေနတဲ့ အရာေတြ၊ ဆဲလ္ေတြဟာ တစ္မ်ိဳးနဲ႔တစ္မ်ိဳး သိသိသာသာ ကြဲျပားေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

အေရျပားအေပၚယံလႊာ အရည္အိတ္ေလးေတြဟာ ပိုးဝင္ျခင္းခံရတတ္ပါတယ္။ အဲဒီလိုျဖစ္လာမယ္ဆိုရင္ ေရာင္ရမ္းလာၿပီး အလယ္ေခါင္ Punctum ေနရာကေန ေပါက္ထြက္လာတတ္ပါတယ္။ ဒီအခ်ိန္မွာ ခပ္ဆိုးဆိုးအနံ႔ေတြ ထြက္လာေတာ့တာပါပဲ။ ေရာင္ရမ္းမႈဟာလည္း ဆိုးလာတတ္ပါတယ္။ အဲဒီလို ေပါက္ထြက္သြားတဲ့ ေရာင္ရမ္းၿပီး သားအရည္အိတ္ကေလးေတြကို ခြဲထုတ္မယ္ဆိုရင္ သူတို႔ရဲ႕ အရည္အိတ္နံရံတစ္ခုလုံးပါေအာင္ ဖယ္ရွားထုတ္ႏိုင္ဖို႔ ခက္ခဲတတ္ပါတယ္။ အဲဒီလိုဆိုရင္ေတာ့ က်န္ခဲ့တဲ့ နံရံဆဲလ္ေတြကေန အရည္အိတ္ျပန္ျဖစ္ႏိုင္တာမ်ိဳးပါ။

ဒီအေရျပားအေပၚယံလႊာ အရည္အိတ္ေလးေတြရဲ႕ ကုသမႈကေတာ့ ခြဲစိတ္ဖယ္ရွားလိုက္တာပဲ ျဖစ္ပါတယ္။ လိမ္းေဆး၊ ေသာက္ေဆးေတြဟာ ေရာဂါပိုးဝင္ေနတဲ့ အခ်ိန္မွာေပးဖို႔ လိုအပ္ႏိုင္ေပမယ့္ ဒီအရည္အိတ္ေလးေတြ လုံးဝေပ်ာက္သြားေအာင္ေတာ့ လုပ္မေပးႏိုင္ပါဘူး။ ေရာင္ရမ္းမႈမျဖစ္တဲ့ Pumctum မေပၚေသးတဲ့ အရည္အိတ္ေလးေတြကိုဆိုရင္ေတာ့ ဘာမွမလုပ္ပဲ ေစာင့္ၾကည့္ေနလဲရပါတယ္။ ေရာင္ရမ္းမႈျဖစ္လာတယ္။ Pumctum ျဖစ္လာတယ္ဆိုရင္ေတာ့ ဒီအရည္အိတ္ေလးေတြကို ခြဲၿပီး ဖယ္ရွားသင့္ပါၿပီ။ မဖယ္ရွားမိခင္ေပါက္သြားရင္ေတာ့ အထက္မွာေျပာခဲ့သလို အနံ႔ဆိုးတဲ့ အတြင္းထဲက အရာေလးေတြထြက္လာၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ေတာ့မွာပါ။ အဲလိုေပါက္သြားၿပီးတဲ့အခ်ိန္မွ ခြဲထုတ္မယ္ဆိုရင္လည္း လုံးဝျပန္မျဖစ္ႏိုင္ဘူးလို႔ ရာႏႈန္းျပည့္ အာမမခံႏိုင္တာေၾကာင့္ ျဖစ္လာၿပီဆိုရင္ေတာ့ ေပါက္ေအာင္မေစာင့္ပဲ ခြဲစိတ္ဖယ္ရွားသင့္တာပါ။

အေရျပားအေပၚယံလႊာမွာျဖစ္တဲ့ အရည္အိတ္ေလးေတြဆိုတာ သာမန္အားျဖင့္ေတာ့ သိပ္အေရးမႀကီးတဲ့ အေရျပားအဖုေလးေတြပါ။ ဒါေပမယ့္ ဒီအရည္အိတ္ေလးေတြဟာ ျဖစ္ေနတဲ့သူ၊ ျဖစ္ေနတဲ့ေနရာႏွင့္ အေျခအေနကိုလိုက္ၿပီး စိတ္ဒုကၡေပးႏိုင္တာမ်ိဳးပါ။ အေသးအဖြဲ႕ေတြလို႔ ထင္ရေပမယ့္လဲ တစ္ခါတစ္ခါမွာ သူတို႔နဲ႔ညီမွ်တဲ့ စိတ္ဒုကၡမ်ိဳးကိုေပးႏိုင္တယ္ဆိုတာ သတိျပဳမိၿပီး ႀကိဳတင္ကုသႏိုင္ၾကဖို႔ပါ။ အေရျပား ေရာဂါေတြေၾကာင့္ စိတ္ဒုကၡမခံၾကပါေစနဲ႔လို႔ ဆုေတာင္းရင္း . . . ။

Author: Dr. ေက (အေရျပား), Healthcare Journal, vol 8,no 30 (11.8.17)

(Unicode)

ဒီအရေပြားအပေါ်ယံလွှာကဖြစ်တဲ့ အရည်အိတ်ကလေးတွေရဲ့ အကြောင်းနည်းနည်းလောက် အကျယ်ချဲ့ပြီးပြောချင်ပါတယ်။ ဒီအရည်အိတ်လေးတွေဟာ တစ်ခါပြောခဲ့သလိုပဲ သူတို့ပြိုကွဲဖြစ်လာတဲ့အရာတွေပါဝင်နေပြီး သူတို့ကိုအရေပြားအပေါ်ယံလွှာ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရည်အိတ်နံရံနဲ့ ဝန်းရံထားတာဖြစ်ပါတယ်။ အတွေ့ရအများဆုံး အရည်အိတ်အမျိုးအစားလို့ ဆိုကြပါတယ်။ ကျား၊ မ မရွေးဖြစ်နိုင်တာပါ။ ဒီအရည်အိတ်လေးတွေဟာ များသောအားဖြင့်တော့ ပျက်စီးသွားတဲ့ အဆီဂလင်းလေးတွေရဲ့ ပြောင်းလဲလာတဲ့ ဆဲလ်တွေကနေဖြစ်တာလို့ ယူဆထားကြတာပါ။

အဆီဂလင်းနှင့် မွှေးညှင်းပေါက်တွဲပြီး ရောင်ရမ်းမှုဟာလဲ ဒီအရည်အိတ်ကလေးတွေ ဖြစ်စေတဲ့အကြောင်းရင်းလို့ ယူဆထားကြပါတယ်။ တစ်ချို့သော ဒီအမျိုးအစားအရည်အိတ်လေးတွေကတော့ အရေပြားထိခိုက်ဒဏ်ရာကနေ အပေါ်ယံအရေပြားဟာ အရေပြားရဲ့ အောက်ဖက်ထဲကို ထိုးသွင်းခံလိုက်ရသလိုမျိုး ရောက်သွားရာကနေ ဖြစ်လာတာလို့လဲ ဆိုကြပါတယ်။ တစ်ခြားသော မှဲ့တို့လို အရေပြား အခြေအနေတွေနဲ့ တွဲပြီး တွေ့ရတတ်တဲ့ အရည်အိတ်ကလေးတွေကတော့ မွေးဖွားကြီးထွားမှု ဖြစ်စဉ်မှာ ပုံမှန်မဟုတ်ခဲ့တာရဲ့ ရလဒ်လို့ ယူဆကြပါတယ်။ ဒါတွေကတော့ အရည်အိတ်ကလေးတွေ ဘယ်လိုဖြစ်လာကြသလဲဆိုတဲ့ အကြောင်းရင်းလေးတွေ ဖြစ်ပါတယ်။

ဒီအရေပြားအပေါ်ယံလွှာ အရည်အိတ်ကလေးတွေဟာ များသောအားဖြင့် မျက်နှာနဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အတွေ့ရများ၊ အဖြစ်များတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အရေပြားအပေါ်ယံလွှာ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပေမယ့် အရေပြားအောက်လွှာထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။ အဝါရောင်သမ်းတဲ့ ဒါမှမဟုတ် အရေပြားရောင်ပဲဖြစ်တဲ့ ခပ်မာမာ၊ ခပ်လုံးလုံး ပျော့အိနေတဲ့အဖုလေးတွေအဖြစ် မြင်တွေ့ရတာများပါတယ်။ ကိုင်ကြည့်ရင် အရေပြားအောက်ဖက်က အစိတ်အပိုင်းတွေနဲ့ လွတ်နေတာကို သိနိုင်မှာပါ။

အရေပြား အပေါ်ယံလွှာနဲ့တော့ ကပ်နေပြီး အလယ်ခေါင်မှာ အပေါက်ဖြစ်လွယ်တဲ့ နေရာဖြစ်တဲ့ Punctum ဆိုတာလေးကို တွေ့မြင်နိုင်မှာပါ။ အစောပိုင်းဖြစ်ကာစ အရည်အိတ်လေးတွေမှာ တွေ့ချင်မှတွေ့ရဦးမှာ ဖြစ်ပေမယ့် ကြာလာရင်တော့ တွေ့ရမှာပါ။ ဒီ Punctum မဖြစ်လိုက်ပဲ အရည်အိတ်လေးတွေ ပေါက်သွားခဲ့ဖို့ဆိုရင်တော့ ထိခိုက်မိထိုးမိမှပဲ ဖြစ်မှာပါ။ အရွယ်အစားအနေနဲ့ ပြောရရင်တော့ မီလီမီတာ အနည်းငယ်လောက်ကနေ ၅ စင်တီမီတာ အရွယ်လောက်အထိ အချင်းရှိတဲ့ အဖုလေးတွေအဖြစ် အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်တာမျိုးပါ။ တစ်လုံးတည်းဖြစ်နိုင်သလို များနေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းချင်း ကြီးထွားလာနေတတ်တာပါ။ ရောင်ရမ်းမှုရှိလာတတ်ပြီး အဲလိုရောင်ရမ်းတဲ့အခါ ကိုင်ရင်နာတတ်ပါတယ်။

ထိခိုက်မိရာကနေဖြစ်တဲ့ အရည်အိတ်မျိုးကတော့ လက်ဖဝါး၊ ခြေဖဝါးတွေမှာ၊ တင်ပါးမှာ၊ ဒူးခေါင်းမှာ အဖြစ်များတာပါ။ ဒါပေမယ့် အဲဒီလို အရည်အိတ်မျိုးဖြစ်နေတဲ့သူတိုင်းကတော့ ထိခိုက်မိတယ်ဆိုတဲ့ ရာဇဝင်ကို ပေးချင်မှမေးတတ်တာပါ။

ဒီအရေပြားအပေါ်ယံလွှာမှာဖြစ်တဲ့ အရည်အိတ်ကလေးတွေနဲ့ မှားတတ်တဲ့တစ်ခြားသော အရည်အိတ် ဒါမှမဟုတ် အရေပြားအဖုလေးတွေကတော့ မွှေးညှင်းပေါက်မှာဖြစ်တဲ့ အဆီကြိတ်ဆိုတဲ့ Lipoma အသေးလေးတွေဖြစ်ပါတယ်။ အမြင်အားဖြင့် တူသလိုထင်ရပေမယ့် ဒီအရည်အိတ်ကလေးတွေဟာ အသားစယူပြီး ကြည့်လိုက်ရင်တော့ ပါဝင်ဖွဲ့စည်းနေတဲ့ အရာတွေ၊ ဆဲလ်တွေဟာ တစ်မျိုးနဲ့တစ်မျိုး သိသိသာသာ ကွဲပြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အရေပြားအပေါ်ယံလွှာ အရည်အိတ်လေးတွေဟာ ပိုးဝင်ခြင်းခံရတတ်ပါတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင် ရောင်ရမ်းလာပြီး အလယ်ခေါင် Punctum နေရာကနေ ပေါက်ထွက်လာတတ်ပါတယ်။ ဒီအချိန်မှာ ခပ်ဆိုးဆိုးအနံ့တွေ ထွက်လာတော့တာပါပဲ။ ရောင်ရမ်းမှုဟာလည်း ဆိုးလာတတ်ပါတယ်။ အဲဒီလို ပေါက်ထွက်သွားတဲ့ ရောင်ရမ်းပြီး သားအရည်အိတ်ကလေးတွေကို ခွဲထုတ်မယ်ဆိုရင် သူတို့ရဲ့ အရည်အိတ်နံရံတစ်ခုလုံးပါအောင် ဖယ်ရှားထုတ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ ကျန်ခဲ့တဲ့ နံရံဆဲလ်တွေကနေ အရည်အိတ်ပြန်ဖြစ်နိုင်တာမျိုးပါ။

ဒီအရေပြားအပေါ်ယံလွှာ အရည်အိတ်လေးတွေရဲ့ ကုသမှုကတော့ ခွဲစိတ်ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ လိမ်းဆေး၊ သောက်ဆေးတွေဟာ ရောဂါပိုးဝင်နေတဲ့ အချိန်မှာပေးဖို့ လိုအပ်နိုင်ပေမယ့် ဒီအရည်အိတ်လေးတွေ လုံးဝပျောက်သွားအောင်တော့ လုပ်မပေးနိုင်ပါဘူး။ ရောင်ရမ်းမှုမဖြစ်တဲ့ Pumctum မပေါ်သေးတဲ့ အရည်အိတ်လေးတွေကိုဆိုရင်တော့ ဘာမှမလုပ်ပဲ စောင့်ကြည့်နေလဲရပါတယ်။ ရောင်ရမ်းမှုဖြစ်လာတယ်။ Pumctum ဖြစ်လာတယ်ဆိုရင်တော့ ဒီအရည်အိတ်လေးတွေကို ခွဲပြီး ဖယ်ရှားသင့်ပါပြီ။ မဖယ်ရှားမိခင်ပေါက်သွားရင်တော့ အထက်မှာပြောခဲ့သလို အနံ့ဆိုးတဲ့ အတွင်းထဲက အရာလေးတွေထွက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တော့မှာပါ။ အဲလိုပေါက်သွားပြီးတဲ့အချိန်မှ ခွဲထုတ်မယ်ဆိုရင်လည်း လုံးဝပြန်မဖြစ်နိုင်ဘူးလို့ ရာနှုန်းပြည့် အာမမခံနိုင်တာကြောင့် ဖြစ်လာပြီဆိုရင်တော့ ပေါက်အောင်မစောင့်ပဲ ခွဲစိတ်ဖယ်ရှားသင့်တာပါ။

အရေပြားအပေါ်ယံလွှာမှာဖြစ်တဲ့ အရည်အိတ်လေးတွေဆိုတာ သာမန်အားဖြင့်တော့ သိပ်အရေးမကြီးတဲ့ အရေပြားအဖုလေးတွေပါ။ ဒါပေမယ့် ဒီအရည်အိတ်လေးတွေဟာ ဖြစ်နေတဲ့သူ၊ ဖြစ်နေတဲ့နေရာနှင့် အခြေအနေကိုလိုက်ပြီး စိတ်ဒုက္ခပေးနိုင်တာမျိုးပါ။ အသေးအဖွဲ့တွေလို့ ထင်ရပေမယ့်လဲ တစ်ခါတစ်ခါမှာ သူတို့နဲ့ညီမျှတဲ့ စိတ်ဒုက္ခမျိုးကိုပေးနိုင်တယ်ဆိုတာ သတိပြုမိပြီး ကြိုတင်ကုသနိုင်ကြဖို့ပါ။ အရေပြား ရောဂါတွေကြောင့် စိတ်ဒုက္ခမခံကြပါစေနဲ့လို့ ဆုတောင်းရင်း . . . ။

 

Author: Dr. ကေ (အရေပြား), Healthcare Journal, vol 8,no 30 (11.8.17)

Previous Post

ကိုယ်ဝန်ဆောင်များနဲ့ အလှအပရေးရာ အမေးအဖြာဖြာ

Next Post

သားအိမ်ထဲက အလုံးကြီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
583
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

2 years ago
1.2k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
853

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ထဲက အလုံးကြီး

ည

ပန်းသီးအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.