fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အမျိုးသမီးများနှင့် ဒေါက်မြင့်ဖိနပ်

54
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/11/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

(Zawgyi)

ေယာက္်ားေလးေတြရဲ႕မာနဟာ ပိုက္ဆံအိတ္ မိန္းကေလးေတြရဲ႕ မာနဟာ ေဒါက္ျမင့္ဖိနပ္လို႔ ေဖ့ဘြတ္ဟာသ ေပ့တစ္ခုက တင္ထားတာ ေတြ႕မိပါတယ္။ မွန္ပါတယ္။ ၿမိဳ႕ႀကီးျပႀကီးက အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ား ေဒါက္ျမင့္ စီးၾကပါတယ္။

ေဒါက္ျမင့္ ဖိနပ္စီးလိုက္ျခင္းျဖင့္ မိမိကိုယ္ကို ယုံၾကည္မႈရွိေစတဲ့ အျပင္ ပြဲတိုးတယ္ လွပၿပီး စတိုင္က်တယ္လို႔ပါ ခံစားရတယ္လို႔ အမ်ိဴးသမီးတစ္ဦးက ေျပာပါတယ္။ သို႔ေသာ္ ပြဲသြားပြဲလာ အျပင္ထြက္တာ ပါတီသြားတာေလာက္ အခ်ိန္ခဏပဲ စီးတာ ျပသာနာမရွိေပမယ့္ တစ္ေန႔ကို ၈နာရီေလာက္ ႏွစ္နဲ႔ခ်ီ စီးရင္ေတာ့ ျပသာနာရွိပါတယ္။

လူတစ္ေယာက္ ေကာင္းစြာ လမ္းေလွ်ာက္ဖို႔ရန္အတြက္ ေျခဖဝါးနဲ႔ေျခသလုံးတို႔ဟာ ၉၀ဒီဂရီ ရွိရပါတယ္။ ေဒါက္ဖိနပ္စီးတဲ့အခါမွာ ထိုဒီဂရီအေနအထား ေျပာင္းလဲသြားပါတယ္။ ေဒါက္ျမင့္စီးသူရဲ႕ တစ္ကိုယ္လုံးအေလးခ်ိန္က ေျခေထာက္ေရွ႕ပိုင္းကို စုၿပဳံက်လာပါတယ္။ ဒီလိုနဲ႔ၾကာလာရင္ ေျခေခ်ာင္းေလးေတြ ကုပ္သြားၿပီး ပုံပ်က္လာတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ေျခဖဝါးမွာ ေျခမအေကြးအဆန႔္လုပ္ဖို႔အတြက္ ပူလီ(Pully)လို ေဆာင္႐ြက္ေပးတဲ့ ဆက္စမြိဳက္လို႔ ေခၚေသာ ပဲေစ့သာသာရွိတဲ့ အ႐ိုးလုံးေလး ႏွစ္ခုရွိပါတယ္။ ေဒါက္ျမင့္စီးလို႔ တစ္ကိုယ္လုံးရွိ ဖိအားက ေျခေရွ႕ပိုင္းေပၚ စုၿပဳံက်လာတဲ့အခါမွာ ထိုဆက္စမြိဳက္ေခၚ အ႐ိုးလုံးေလးႏွစ္ခုေပၚကိုလည္း ဖိပါတယ္။ေရရွည္ျဖစ္လာရင္ ထိုပဲေစ့အ႐ိုးေလးေတြဟာ အ႐ြတ္ကေန ကြၽတ္ထြက္တာ သို႔မဟုတ္ ဒဏ္ျဖစ္ၿပီး ကြဲအက္တာ၊ ေၾကမြတာေတြ ျဖစ္ႏိုင္ပါတယ္။ ေနာက္ပိုင္းမွာ ေျခမပုံပ်က္လာပါတယ္။

ေနာက္ၿပီး ဒီဂရီအေနအထား ေျပာင္းသြားတာကို ခႏၶာကိုယ္ က်န္အစိတ္အပိုင္းမ်ားက လိုက္ထိန္းတဲ့အခါမွာ ခႏၶာကိုယ္ရဲ႕ ရွိရမယ့္အေနအထား ပ်က္သြားၿပီး ခါး႐ိုးမ်ား ဟသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။
ေဒါက္ျမင့္စီးသူမ်ားအေနနဲ႔ လမ္းေလွ်ာက္ခ်ိန္ ၾကာလာရင္ ေျခသလုံးရွိ ႂကြက္သားမ်ား နာက်င္မႈကိုခံစားလာရကာ ဟန္ခ်က္ထိန္းႏိုင္မႈ ေလ်ာ့နည္းလာပါတယ္။ ထိုအခါမွာ ဟန္ခ်က္သိပ္မထိန္းႏိုင္ေတာ့ဘဲ ေခ်ာ္လဲတာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြဆိုရင္ ေဒါက္ျမင့္လုံးဝကို မစီးသင့္ပါဘူး။

ေဒါက္ျမင့္ဖိနပ္ေတြကို အခ်ိန္အၾကာႀကီး ေရရွည္စီးခဲ့ရင္ ေနာက္ပိုင္းမွာ အ႐ိုးအဆစ္ေတြ ထိခိုက္မႈ ျဖစ္ေစၿပီး ေျခေထာက္ ေသြးေၾကာေတြကို ဖူးေရာင္ေစတာ၊ အ႐ိုးအက္ကြဲတာ၊ အ႐ြတ္စုတ္ၿပဲတာ၊ OA အဆစ္ျမစ္ေရာင္ေရာဂါနဲ႔ ေျခေထာက္၊ ခါး႐ိုးနဲ႔ ပတ္သက္တဲ့ ေနာက္ဆက္တြဲ ေဝဒနာေတြကိုလည္း ခံစားရႏိုင္ပါတယ္။

အခုေခတ္ ပ်ိဳေမအမ်ားစုက ေဒါက္ျမင့္စီးရင္ စတိုင္က် လွပသြားတာ ပြဲတိုးတာ စတဲ့ေကာင္းက်ိဳးေတြကိုပဲ သိၿပီးေတာ့ ေဒါက္ျမင့္ရဲ႕ ဆိုးက်ိဳးေတြကို သိပ္မသိၾကပါဘူး။ တခ်ိဳ႕က်ေတာ့လည္း သိေပမယ့္ ဖက္ရွင္က်ခ်င္လို႔ စီးတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

အဆုံးသတ္အေနနဲ႔ ေျပာရရင္ေတာ့ ေဒါက္ျမင့္ဖိနပ္ကို တစ္ေန႔ ၂နာရီထက္ ပိုမစီးသင့္ပါဘူး။ ေနာက္ၿပီး စီးတဲ့အခါမွာလည္း ၂.၅ စင္တီမီတာထက္ ပိုျမင့္တဲ့ ေျခေထာက္သြင္းရၾကပ္တဲ့ ေဒါက္ဖိနပ္မ်ိဳးကို မစီးသင့္ပါ။ ဖက္ရွင္က်ဖို႔အတြက္နဲ႔ ေျခေထာက္ပ်က္စီးမႈ အျဖစ္မခံပါနဲ႔လို႔ အႀကံေပးခ်င္ပါတယ္။

Author: Dr. 528

(Unicode)

ယောက်ျားလေးတွေရဲ့မာနဟာ ပိုက်ဆံအိတ် မိန်းကလေးတွေရဲ့ မာနဟာ ဒေါက်မြင့်ဖိနပ်လို့ ဖေ့ဘွတ်ဟာသ ပေ့တစ်ခုက တင်ထားတာ တွေ့မိပါတယ်။ မှန်ပါတယ်။ မြို့ကြီးပြကြီးက အမျိုးသမီး တော်တော်များများ ဒေါက်မြင့် စီးကြပါတယ်။

ဒေါက်မြင့် ဖိနပ်စီးလိုက်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုးတယ် လှပပြီး စတိုင်ကျတယ်လို့ပါ ခံစားရတယ်လို့ အမျိူးသမီးတစ်ဦးက ပြောပါတယ်။ သို့သော် ပွဲသွားပွဲလာ အပြင်ထွက်တာ ပါတီသွားတာလောက် အချိန်ခဏပဲ စီးတာ ပြသာနာမရှိပေမယ့် တစ်နေ့ကို ၈နာရီလောက် နှစ်နဲ့ချီ စီးရင်တော့ ပြသာနာရှိပါတယ်။

လူတစ်ယောက် ကောင်းစွာ လမ်းလျှောက်ဖို့ရန်အတွက် ခြေဖဝါးနဲ့ခြေသလုံးတို့ဟာ ၉၀ဒီဂရီ ရှိရပါတယ်။ ဒေါက်ဖိနပ်စီးတဲ့အခါမှာ ထိုဒီဂရီအနေအထား ပြောင်းလဲသွားပါတယ်။ ဒေါက်မြင့်စီးသူရဲ့ တစ်ကိုယ်လုံးအလေးချိန်က ခြေထောက်ရှေ့ပိုင်းကို စုပြုံကျလာပါတယ်။ ဒီလိုနဲ့ကြာလာရင် ခြေချောင်းလေးတွေ ကုပ်သွားပြီး ပုံပျက်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ခြေဖဝါးမှာ ခြေမအကွေးအဆန့်လုပ်ဖို့အတွက် ပူလီ(Pully)လို ဆောင်ရွက်ပေးတဲ့ ဆက်စမွိုက်လို့ ခေါ်သော ပဲစေ့သာသာရှိတဲ့ အရိုးလုံးလေး နှစ်ခုရှိပါတယ်။ ဒေါက်မြင့်စီးလို့ တစ်ကိုယ်လုံးရှိ ဖိအားက ခြေရှေ့ပိုင်းပေါ် စုပြုံကျလာတဲ့အခါမှာ ထိုဆက်စမွိုက်ခေါ် အရိုးလုံးလေးနှစ်ခုပေါ်ကိုလည်း ဖိပါတယ်။ရေရှည်ဖြစ်လာရင် ထိုပဲစေ့အရိုးလေးတွေဟာ အရွတ်ကနေ ကျွတ်ထွက်တာ သို့မဟုတ် ဒဏ်ဖြစ်ပြီး ကွဲအက်တာ၊ ကြေမွတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ခြေမပုံပျက်လာပါတယ်။

နောက်ပြီး ဒီဂရီအနေအထား ပြောင်းသွားတာကို ခန္ဓာကိုယ် ကျန်အစိတ်အပိုင်းများက လိုက်ထိန်းတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ရှိရမယ့်အနေအထား ပျက်သွားပြီး ခါးရိုးများ ဟသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဒေါက်မြင့်စီးသူများအနေနဲ့ လမ်းလျှောက်ချိန် ကြာလာရင် ခြေသလုံးရှိ ကြွက်သားများ နာကျင်မှုကိုခံစားလာရကာ ဟန်ချက်ထိန်းနိုင်မှု လျော့နည်းလာပါတယ်။ ထိုအခါမှာ ဟန်ချက်သိပ်မထိန်းနိုင်တော့ဘဲ ချော်လဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်လုံးဝကို မစီးသင့်ပါဘူး။

ဒေါက်မြင့်ဖိနပ်တွေကို အချိန်အကြာကြီး ရေရှည်စီးခဲ့ရင် နောက်ပိုင်းမှာ အရိုးအဆစ်တွေ ထိခိုက်မှု ဖြစ်စေပြီး ခြေထောက် သွေးကြောတွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲတာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ်မြစ်ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

အခုခေတ် ပျိုမေအများစုက ဒေါက်မြင့်စီးရင် စတိုင်ကျ လှပသွားတာ ပွဲတိုးတာ စတဲ့ကောင်းကျိုးတွေကိုပဲ သိပြီးတော့ ဒေါက်မြင့်ရဲ့ ဆိုးကျိုးတွေကို သိပ်မသိကြပါဘူး။ တချို့ကျတော့လည်း သိပေမယ့် ဖက်ရှင်ကျချင်လို့ စီးတာမျိုးလည်း ရှိနိုင်ပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ဒေါက်မြင့်ဖိနပ်ကို တစ်နေ့ ၂နာရီထက် ပိုမစီးသင့်ပါဘူး။ နောက်ပြီး စီးတဲ့အခါမှာလည်း ၂.၅ စင်တီမီတာထက် ပိုမြင့်တဲ့ ခြေထောက်သွင်းရကြပ်တဲ့ ဒေါက်ဖိနပ်မျိုးကို မစီးသင့်ပါ။ ဖက်ရှင်ကျဖို့အတွက်နဲ့ ခြေထောက်ပျက်စီးမှု အဖြစ်မခံပါနဲ့လို့ အကြံပေးချင်ပါတယ်။

Author: Dr. 528

 

Previous Post

ကလေးမွေးရင် ယောက်ျားလေးရချင်သလား

Next Post

သီတင်းကျွတ်ရင် ဖတ်စေချင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
807

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သီတင်းကျွတ်ရင် ဖတ်စေချင်

နမိုးနီးယားခေါ် အဆုတ်အအေးမိခြင်းဆိုသည်မှာ

ဆောင်းရာသီတွင် အသားအရေထိန်းသိမ်းနည်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.