စပိန်သိပ္ပံပညာရှင် ‘Alfonso Martineze’ ကတော့ အသားအရေဆိုတာ လူတစ်ဦးရဲ့ စရိုက် လက္ခဏာ သင်္ကေတ အညွှန်းကိန်းတစ်ခုလို့ ဖော်ဆိုထားပါတယ်။ ဟုတ်ပါတယ်။ လူတစ်ဦးရဲ့ အသားအရေကို ကြည့်ခြင်းဖြင့် ထိုသူရဲ့ဇာတိ၊ ကျန်းမာရေး အနေအထားနဲ့ လူနေမှုအဆင့်အတန်းတို့ကို အကြမ်းဖျင်း ခန့်မှန်း ပြောနိုင်ပါတယ်။ စပိန်သိပ္ပံပညာရှင် ‘Alfonso Martineze’ ကတော့ အသားအရေဆိုတာ လူတစ်ဦးရဲ့ စရိုက် လက္ခဏာ သင်္ကေတ အညွှန်းကိန်းတစ်ခုလို့ ဖော်ဆိုထားပါတယ်။ ဟုတ်ပါတယ်။ လူတစ်ဦးရဲ့ အသားအရေကို ကြည့်ခြင်းဖြင့် ထိုသူရဲ့ဇာတိ၊ ကျန်းမာရေး အနေအထားနဲ့ လူနေမှုအဆင့်အတန်းတို့ကို အကြမ်းဖျင်း ခန့်မှန်း ပြောနိုင်ပါတယ်။
လူတွေရဲ့ အသားအရောင်ဟာဆိုရင် မယ်လနင်ပါဝင်မှု အချိုးအစားပေါ် မူတည်ပြီး ပြောင်းလဲ ကွာခြားသွားတာ ဖြစ်ပါတယ်။ ကမ္ဘာလူဦးရေ အသားအရောင် ကွာခြားချက်ဟာဆိုရင် နေရောင်ရရှိမှု အတိုင်း အတာအလိုက် ပြောင်းလဲမှုများ ရှိပါတယ်။ UV ရရှိမှု ပထဝီအနေအထား အလိုက် အီကွေတာအနီးနား နေရောင်ရရှိမှု အများဆုံးဒေသတွေမှာ ရှိတဲ့လူမျိုးတွေဟာ အသားပိုမိုညိုမဲကြတာ များပါတယ်။
ကမ္ဘာနေရာ ဒေသအလိုက် အသားအရောင် အမျိုးမျိုး ရှိကြပြီး အသားအရောင် ညိုတာ မဲတာ ဖြူတာတွေ ကြည့်ရုံဖြင့် အသားအရေ ကောင်းခြင်း ဆိုးခြင်း လက္ခဏာတွေကို ဆုံးဖြတ်လို့မရပါဘူး။ Dr.Obagi ဖွင့်ဆိုထားပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လက်ခံထားတဲ့ ကျန်းမာလှပတဲ့ အသားအရေမှာ ရှိရမယ့် လက္ခဏာတွေ ကတော့ အသားအရေ ချောမွတ်မှု၊ အသားအရောင် ညီညာမှု၊ အသားအရေ တင်းရင်းလှပမှု၊ အသားအရေ စိုစွတ်မှု၊ ပြင်ပရာသီဥတုနှင့် ပတ်ဝန်းကျင်ဒဏ် ခံနိုင်ရည်ရှိမှု၊ ရောဂါဘယကင်းစင်မှု စတာတွေ ဖြစ်ပါတယ်။
ကျန်းမာလှပတဲ့ အသားအရေ ရစေဖို့ လုပ်ဆောင်သင့်တဲ့ သဘာဝ နည်းလမ်း အချို့ကတော့ ရေများများ သောက်ခြင်း၊ နေရောင်ဖြင့် ထိတွေ့မှုကို ကန့်သတ်ခြင်း၊ သကြားရှောင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ နေထိုင်ခြင်း၊ စိတ်ဖိစီးမှု ကင်းစေခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။ ထိုနေထိုင်ပုံနည်းလမ်းတွေ အပြင် အခြားအဓိက အရေးကြီးတာကတော့ အစားအစာ အာဟာရ ဖြစ်ပါတယ်။
အာဟာရပြည့်ဝတဲ့အစားအစာတွေက အသားအရေလှပစေရုံမက တင်းတိပ်၊ ဝက်ခြံတွေ ကာကွယ်ပေးခြင်း၊ ပါးသွားစေခြင်းတို့အပြင် အသားအရေ လျော့ရဲတာ၊ အရောင်မညီဖြစ်တာတွေကိုလည်း ကာကွယ်ပေးတာ၊ သက်သာစေမှာ ဖြစ်ပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ အသားအရေအတွက် အဓိကလိုအပ်တဲ့ vitamin တွေကတော့_
Vitamin C _ဗီတာမင် စီ ဟာဆိုရင် ကင်ဆာရောဂါဖြစ်နိုင်ခြေကို နည်းပါးစေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး ပါတယ်။ သူ့မှာ အသားအရေကိုတင်းရင်းစေမယ့် ကော်လာဂျင် ပါဝင်ပါတယ်။ ဗီတာမင် စီဟာ အချဉ်ဓါတ်ပါတဲ့ သီးသီးဝလံများနဲ့ ဘရိုကိုလီ၊ ချဉ်ပေါင်ရွက်၊ ကညွတ်စတဲ့ ဟင်းသီးဟင်းရွက်များမှာ ပါဝင်ပါတယ်။
Vitamin E_ ဗီတာမင် အီး ကတော့ အသားအရေအတွက် မရှိမဖြစ် ဗီတာမင်တစ်ခုဖြစ်ပြီး သူဟာလည်း ကင်ဆာ ရောဂါဖြစ်နိုင်ခြေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ သူဟာ အစွမ်းထက် အန်တီအောက်ဆီဒန့် တစ်ခုဖြစ် ပြီး နေရောင်နဲ့ ပြင်ပအညစ်အကြေးတွေကြောင့် အသားအရေပျက်စီးတာကိုလည်း ကာကွယ်နိုင်စွမ်းပါတယ်။ ဥ၊ ထောပတ်၊ အစေ့အဆံများ၊ နေကြာစေ့၊ ဟင်းနုနွယ် စတာတွေမှာ ဗီတာမင် အီး ကောင်းမွန်စွာ ပါဝင်ပါတယ်။
Vitamin A_ ဗီတာမင် အေကတော့ အသားအရေ ပြုပြင်ဖို့နဲ့ ထိန်းသိမ်းဖို့တွေအတွက် အလွန်အရေးပါပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာကယ်ရိုတင်းဟာ လှပစိုပြေတဲ့ အသားအရေရဲ့ လျှို့ဝှက်ချက်ဖြစ်ပြီး ပြင်ပအညစ်အကြေး များနဲ့ နေရောင်ကြောင့် အသားအရေပျက်စီးခြင်းများကိုလည်း ပြန်လည်ကုစားပေးနိုင်ပါတယ်။ အသဲနဲ့ အဝါရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်များမှာ ဗီတာမင်အေ လုံလောက်စွာပါဝင်ပါတယ်။ အထက်ပါ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် နှင့် အာဟာရတွေများ စားသုံးခြင်း အပြင် အလှအပအတွက် ဟိုရှေးယခင်တည်းက ရှားစောင်း လက်ပတ်၊ လက်ဖက်စိမ်း၊ နနွင်း၊ စပျစ်စေ့နဲ့ ဂလစ်စရင်း စတာတွေကို ယုံကြည်စိတ်ချစွာ အသုံးပြုခဲ့ကြပါတယ်။
ရှားစောင်းလက်ပတ်ဟာ အသားအရေစိုပြေ တင်းရင်း စေရုံမက အပူလောင်ခြင်းနဲ့ မိတ်ဖုအပူနာတွေကိုလည်း သက်သာစေပါတယ်။ လက်ဖက်စိမ်းနဲ့ စပျစ်စေ့ ဟာဆိုရင်လည်း သဘာဝ အင်တီအောက်ဆီဒင့်အဖြစ် အသိများပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေနည်းစေကာ အဆီကျလှပစေပြီး အသားအရေအတွက်လည်း အထူး ကောင်းကျိုး ပေးပါတယ်။ နနွင်းကတော့ ဝက်ခြံဖြစ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း ၊ အသားအရေတွန့်ခြင်းတို့အတွက် အလွန်အစွမ်းထက်တဲ့ သဘာဝ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ သဘာဝအစားအစာတွေနဲ့ နည်းလမ်းတွေဟာ အသားအရေ စိုပြေလှပဖို့ ပြည့်စုံလုံလောက်ပေမယ့် ကျွန်မတို့ရဲ့ များပြားလှစွာသော နေ့စဉ်တာဝန်ဝတ္တရားတွေကြောင့် အစားအစာတွေကို နည်းလမ်းတကျ ပြင်ဆင် ချက်ပြုတ်ရင်း သဘာဝနည်းလမ်းကျစွာ စားသောက်နေထိုင်ဖို့ဟာ စိန်ခေါ်မှု တစ်ရပ်တော့ ဖြစ်လို့နေပါတယ်။
တစ်ခါတရံမှာ အလုပ်တာဝန်တွေ ဖိစီးမှုကြောင့် အာဟာရပြည့်ဝစွာ နေထိုင်စားသောက်ဖို့ အချိန်မလုံလောက်တဲ့ အခါမျိုးတွေမှာ သဘာဝပစ္စည်းတွေက စီမံဖော်စပ်ထားတဲ့ ဖြည့်စွက်စာတွေဟာ ကျွန်မတို့ရဲ့ ကယ်တင်ရှင် ဖြစ်လို့ နေပါတယ်။ ခေတ်မှီတိုးတက်တဲ့ လူမှုဘဝပုံစံအတွက် တောက်ပသန့်စင်တဲ့ အသားအရေ ရဖို့အတွက် သင့်ရဲ့ ရွေးခြယ်မှု မှန်ကန်ဖို့တော့ အရေးကြီးပါတယ်။
ပြီးပြည့်သော အသားအရေ ရရှိပြီး ကျန်းမာပျော်ရွှင်သော ဘဝရပါစေ ဆန္ဒပြုရင်း…….
Author : ရွက်သစ်