(Zawgyi)
ကြၽန္မတို႔ ျမန္မာလူမ်ိဳးေတြဟာ ဆန္ကို အဓိက အားျပဳစားေသာက္တတ္ၾကပါတယ္။ ဆန္ကို ေန႔စဥ္ ခ်က္ျပဳတ္တဲ့အခါမွာ ဦးစြာ ေဆးေၾကာသန႔္စင္ၾကပါတယ္။ အဲဒီအခါမွာ ဆန္ေဆးေရဆိုတာ ရလာပါတယ္။ ဒီဆန္ေဆးေရဟာ က်န္းမာေရးအတြက္ေရာ အလွအပေရးရာအတြက္ပါ အလြန္အသုံးဝင္လွပါတယ္။ အခုေခတ္မွာ ဆန္ေဆးေရနဲ႔ ျပဳလုပ္ထားတဲ့ အလွကုန္ပစၥည္းေတြလည္း မ်ားစြာ ေပၚလာၿပီျဖစ္ပါတယ္။ အဲဒီေတာ့ ဒီလို ေဈးႀကီးေပးဝယ္ရတဲ့ အလွျပင္ပစၥည္းေတြ မသုံးရဘဲ လွပရေစဖို႔ ဆန္ေဆးေရကို ဘယ္လိုေတြ အသုံးျပဳႏိုင္မလဲဆိုတာ ဒီေဆာင္းပါးေလးမွာ ေဖာ္ျပလိုက္ပါတယ္။
ဦးစြာ ဆန္ေဆးေရ ျပဳလုပ္ပုံေလးကို ေျပာျပခ်င္ပါတယ္။ ဆန္မွာ အညစ္အေၾကးေတြ ပါႏိုင္တဲ့အတြက္ ေရနည္းနည္းနဲ႔ အရင္ေဆးေၾကာလိုက္ပါ။ ၿပီးရင္ ဆန္ကို ခြက္တစ္ဝက္ ေရကို ခြက္ ၂ ခြက္ေလာက္ထည့္ၿပီး မိနစ္ ၂၀ ခန႔္စိမ္ထားေပးပါ။ စိမ္ထားစဥ္အတြင္း ေမႊေပးႏိုင္ရင္ ပိုေကာင္းပါတယ္။ ရလာတဲ့ ဆန္ေဆးေရေတြကို ေလအလုံပုလင္းတစ္ခုထဲထည့္ၿပီး ၃ ရက္ခန႔္ ထားပါ။ အခုဆိုရင္ေတာ့ အလွအပအတြက္ ေဆးတစ္ခြက္ျဖစ္တဲ့ ဗီတာမင္ဓာတ္ေတြ၊ အိုမင္းျခင္းကို တားဆီးႏိုင္တဲ့ အန္တီေအာက္ဆီးဒင့္ဓာတ္ေတြ ႂကြယ္ဝေနတဲ့ ဆန္ေဆးေရ ကို ရရွိၿပီ ျဖစ္ပါတယ္။ ဒီဆန္ေဆးေရကို ဘယ္လိုအသုံးျပဳႏိုင္လဲ။
ဆန္ေဆးေရကို ဂြမ္းစေလးနဲ႔ မ်က္ႏွာကို သုတ္လိမ္းေပးၿပီး ေျခာက္သည္အထိထားပါ။ မ်က္ႏွာျပင္အႏွံကို ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ဆန္ေဆးေရမွာ မ်က္ႏွာျပင္ရွိ ဆဲလ္ကလက္စီးမ်ား အသစ္ျဖစ္ေပၚမႈကို အားေပးတဲ့အျပင္ ေသြးလည္ပတ္မႈကို လည္း ေကာင္းမြန္ေစတဲ့အတြက္ မ်က္ႏွာအသားအေရကို လွပႏုပ်ိဳေစျခင္း ၊ ညီညာေခ်ာေမြ႕ေစျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။
ထင္းခနဲ ျမင္ေနရတဲ့ ေခြၽးေပါက္ေတြဟာလည္း ပ်ိဳေမတို႔ကို အလွပ်က္ၿပီး ယုံၾကည္မႈေလ်ာ့နည္းေစတဲ့ အေၾကာင္းအရာထဲက တစ္ခုအပါအဝင္ပါပဲ။ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ စားေသာက္မႈပုံစံေတြ ၊ စိတ္ဖိစီးမႈေတြ ၊ လွခ်င္ေစာနဲ႔ အသုံးျပဳေနတဲ့ အလွျပင္ပစၥည္းေတြေၾကာင့္ ေခြၽးေပါက္ေတြ က်ယ္ေစတတ္ပါတယ္။ အမွန္တကယ္ေတာ့ ေခြၽးေပါက္က်ယ္လာတာ မဟုတ္ပါဘူး။ အဲ့ေဘးမွာ ရွိတဲ့ အေရျပားဆဲလ္ေတြရဲ႕ က်ဳံႏိုင္ဆန႔္ႏိုင္စြမ္းရည္ေတြ နည္းပါးသြားတဲ့အတြက္ ေခြၽးေပါက္က်ယ္သလို ထင္ေစတာပါ။ ဆန္ေဆးေရမွာ Fibroblasts လို႔ေခၚတဲ့ အေရျပားဆဲလ္ေတြကို ျပန္လည္ႏုပ်ိဳေစတဲ့အတြက္ အသားအေရေတြကို ျပန္လည္တင္းရင္းေစၿပီး ေခြၽးေပါက္က်ယ္သလို ျဖစ္ေနတာေတြကို ေလ်ာ့နည္းသြားေစပါတယ္။
အသားအေရ ေျခာက္ေသြ႕ျခင္းဟာလည္း လူေတာ္ေတာ္မ်ားမ်ား ေတြ႕ႀကဳံခံစားေနရတဲ့ အလွအပ ျပႆနာတစ္ခုပါ။ ဆန္ေဆးေရမွာ Nicotinamide ပါဝင္တဲ့အတြက္ အသားအေရ ေျခာက္ေသြ႕တာေတြအတြက္လည္း ေကာင္းမြန္ေစၿပီး အေရးအေၾကာင္းေတြကိုလည္း ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ဆန္ေဆးေရမွာ Vitamin A နဲ႔ Vitamin E လည္း ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ အိုမင္းရင့္ေရာ္မႈေတြကိုလည္း ေလ်ာ့ပါးေစႏိုင္ပါတယ္။
မ်က္ႏွာမွာ ယားယံၿပီး အနီစက္ေတြ ထြက္ေနရင္လည္း မစိုးရိမ္ပါနဲ႔။ ဆန္ေဆးေရမွာ ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးသြားေစႏိုင္တဲ့ Allantonin ဓာတ္ေတြ ပါဝင္ပါတယ္။ ဒီေတာ့ ယားယံေနတဲ့ ေနရာေပၚမွာ ဆန္ေဆးေရကို နစ္စိမ္ထားတဲ့ ဂြမ္းသန႔္သန႔္ေလးတင္ေပးၿပီး မိနစ္အနည္းငယ္ ထားပါ။ ၿပီးရင္ အေျခာက္ခံပါ။ အေရျပား ယားနာေပါက္ေနတဲ့သူေတြလည္း ဆန္ေဆးေရနဲ႔ ၁၅ မိနစ္ေလာက္ ေရခ်ိဳးေပးျခင္းျဖင့္ သက္သာေစႏိုင္တယ္လို႔ အေရျပား သုေတသန စမ္းသပ္ခ်က္တစ္ခုအရ ေတြ႕ရွိထားပါတယ္။ ဒီနည္းနဲ႔ ဒုကၡေပးၿပီး အလွပ်က္ေစတဲ့ ဝက္ၿခံေတြကိုလည္း သက္သာေစႏိုင္ပါေသးတယ္။
ဆန္ေဆးေရက အသားအေရအတြက္တင္ ေကာင္းမြန္တာ မဟုတ္ပါဘူး။ ဆံပင္အတြက္လည္း အားေဆးတစ္လက္ပါပဲ။ ဆန္ေဆးေရမွာ inositol ဆိုတဲ့ ကဆီဓာတ္တစ္မ်ိဳး ပါဝင္ပါတယ္။ ဒီဓာတ္ဟာ က်ဳံႏိုင္ ဆန္ႏိုင္စြမ္းအားကို ပိုမိုအားေကာင္းေစၿပီး ပြတ္တိုက္မႈေတြကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆံပင္ကြၽတ္ျခင္းေတြကို ေလ်ာ့နည္းေစႏိုင္ၿပီး ဆံပင္ေတြကို သန္မာအားေကာင္း ေစပါတယ္။ ဆံပင္အတြက္ေရာ ဆန္ေဆးေရကို ဘယ္လိုအသုံးျပဳသင့္သလဲ။
ဆံပင္ကို ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ၿပီးတာနဲ႔ ဆန္ေဆးေရနဲ႔ ေလာင္းေပးပါ။ ၿပီးရင္ တစ္ေခါင္းလုံးကို ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ႏွိပ္ၿပီးရင္ေတာ့ ႐ိုး႐ိုးေရနဲ႔ ျပန္ေဆးခ်လိုက္လို႔ ရပါၿပီ။ တစ္ပတ္ကို ႏွစ္ခါေလာက္လုပ္ေပးရင္ ဆံပင္အေရာင္ေတြ ေတာက္ပၿပီး သင့္ကို အလွတိုးေစမွာ အမွန္ပါ။
ဆန္ေဆးေရကို ဆံပင္ေပ်ာ့ေဆးအေနနဲ႔လည္း အသုံးျပဳလို႔ ရပါေသးတယ္။ ေခါင္းေလွ်ာ္ၿပီးရင္ ဆန္ေဆးေရနဲ႔ ေဆးခ်ေပးပါ။ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေအးေအးနဲ႔ ျပန္ေဆးခ်ၿပီးခ်ိန္မွာေတာ့ ေတာက္ပၿပီး သန္စြမ္းတဲ့ ဆံေကသာအလွကို ရရွိႏိုင္မွာ ျဖစ္ပါတယ္။
ကဲ ဒီလိုဆို အက်ိဳးမ်ားၿပီး အသုံးျပဳရ လြယ္ကူတဲ့ ဆန္ေဆးေရရဲ႕ အသုံးဝင္ပုံေတြကို တစ္စိတ္တစ္ပိုင္းအေနနဲ႔ တင္ျပၿပီး ျဖစ္ပါတယ္။ အလွအပႀကိဳက္တဲ့ ပ်ိဳပ်ိဳေလးေတြလည္း အခ်ိန္ကုန္ ေငြကုန္သက္သာတဲ့ ဆန္ေဆးေရေလးနဲ႔ လွခ်င္တိုင္း လွပေစဖို႔ ဆုေတာင္းရင္း………….
Author : ႐ြက္သစ္
(Unicode)
ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဆန်ကို အဓိက အားပြုစားသောက်တတ်ကြပါတယ်။ ဆန်ကို နေ့စဉ် ချက်ပြုတ်တဲ့အခါမှာ ဦးစွာ ဆေးကြောသန့်စင်ကြပါတယ်။ အဲဒီအခါမှာ ဆန်ဆေးရေဆိုတာ ရလာပါတယ်။ ဒီဆန်ဆေးရေဟာ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အလွန်အသုံးဝင်လှပါတယ်။ အခုခေတ်မှာ ဆန်ဆေးရေနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေလည်း များစွာ ပေါ်လာပြီဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဈေးကြီးပေးဝယ်ရတဲ့ အလှပြင်ပစ္စည်းတွေ မသုံးရဘဲ လှပရစေဖို့ ဆန်ဆေးရေကို ဘယ်လိုတွေ အသုံးပြုနိုင်မလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ်။
ဦးစွာ ဆန်ဆေးရေ ပြုလုပ်ပုံလေးကို ပြောပြချင်ပါတယ်။ ဆန်မှာ အညစ်အကြေးတွေ ပါနိုင်တဲ့အတွက် ရေနည်းနည်းနဲ့ အရင်ဆေးကြောလိုက်ပါ။ ပြီးရင် ဆန်ကို ခွက်တစ်ဝက် ရေကို ခွက် ၂ ခွက်လောက်ထည့်ပြီး မိနစ် ၂၀ ခန့်စိမ်ထားပေးပါ။ စိမ်ထားစဉ်အတွင်း မွှေပေးနိုင်ရင် ပိုကောင်းပါတယ်။ ရလာတဲ့ ဆန်ဆေးရေတွေကို လေအလုံပုလင်းတစ်ခုထဲထည့်ပြီး ၃ ရက်ခန့် ထားပါ။ အခုဆိုရင်တော့ အလှအပအတွက် ဆေးတစ်ခွက်ဖြစ်တဲ့ ဗီတာမင်ဓာတ်တွေ၊ အိုမင်းခြင်းကို တားဆီးနိုင်တဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တွေ ကြွယ်ဝနေတဲ့ ဆန်ဆေးရေ ကို ရရှိပြီ ဖြစ်ပါတယ်။ ဒီဆန်ဆေးရေကို ဘယ်လိုအသုံးပြုနိုင်လဲ။
ဆန်ဆေးရေကို ဂွမ်းစလေးနဲ့ မျက်နှာကို သုတ်လိမ်းပေးပြီး ခြောက်သည်အထိထားပါ။ မျက်နှာပြင်အနှံကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ဆန်ဆေးရေမှာ မျက်နှာပြင်ရှိ ဆဲလ်ကလက်စီးများ အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့အပြင် သွေးလည်ပတ်မှုကို လည်း ကောင်းမွန်စေတဲ့အတွက် မျက်နှာအသားအရေကို လှပနုပျိုစေခြင်း ၊ ညီညာချောမွေ့စေခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ထင်းခနဲ မြင်နေရတဲ့ ချွေးပေါက်တွေဟာလည်း ပျိုမေတို့ကို အလှပျက်ပြီး ယုံကြည်မှုလျော့နည်းစေတဲ့ အကြောင်းအရာထဲက တစ်ခုအပါအဝင်ပါပဲ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံတွေ ၊ စိတ်ဖိစီးမှုတွေ ၊ လှချင်စောနဲ့ အသုံးပြုနေတဲ့ အလှပြင်ပစ္စည်းတွေကြောင့် ချွေးပေါက်တွေ ကျယ်စေတတ်ပါတယ်။ အမှန်တကယ်တော့ ချွေးပေါက်ကျယ်လာတာ မဟုတ်ပါဘူး။ အဲ့ဘေးမှာ ရှိတဲ့ အရေပြားဆဲလ်တွေရဲ့ ကျုံနိုင်ဆန့်နိုင်စွမ်းရည်တွေ နည်းပါးသွားတဲ့အတွက် ချွေးပေါက်ကျယ်သလို ထင်စေတာပါ။ ဆန်ဆေးရေမှာ Fibroblasts လို့ခေါ်တဲ့ အရေပြားဆဲလ်တွေကို ပြန်လည်နုပျိုစေတဲ့အတွက် အသားအရေတွေကို ပြန်လည်တင်းရင်းစေပြီး ချွေးပေါက်ကျယ်သလို ဖြစ်နေတာတွေကို လျော့နည်းသွားစေပါတယ်။
အသားအရေ ခြောက်သွေ့ခြင်းဟာလည်း လူတော်တော်များများ တွေ့ကြုံခံစားနေရတဲ့ အလှအပ ပြဿနာတစ်ခုပါ။ ဆန်ဆေးရေမှာ Nicotinamide ပါဝင်တဲ့အတွက် အသားအရေ ခြောက်သွေ့တာတွေအတွက်လည်း ကောင်းမွန်စေပြီး အရေးအကြောင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆန်ဆေးရေမှာ Vitamin A နဲ့ Vitamin E လည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်မှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။
မျက်နှာမှာ ယားယံပြီး အနီစက်တွေ ထွက်နေရင်လည်း မစိုးရိမ်ပါနဲ့။ ဆန်ဆေးရေမှာ ရောင်ရမ်းမှုတွေကို လျော့ပါးသွားစေနိုင်တဲ့ Allantonin ဓာတ်တွေ ပါဝင်ပါတယ်။ ဒီတော့ ယားယံနေတဲ့ နေရာပေါ်မှာ ဆန်ဆေးရေကို နစ်စိမ်ထားတဲ့ ဂွမ်းသန့်သန့်လေးတင်ပေးပြီး မိနစ်အနည်းငယ် ထားပါ။ ပြီးရင် အခြောက်ခံပါ။ အရေပြား ယားနာပေါက်နေတဲ့သူတွေလည်း ဆန်ဆေးရေနဲ့ ၁၅ မိနစ်လောက် ရေချိုးပေးခြင်းဖြင့် သက်သာစေနိုင်တယ်လို့ အရေပြား သုတေသန စမ်းသပ်ချက်တစ်ခုအရ တွေ့ရှိထားပါတယ်။ ဒီနည်းနဲ့ ဒုက္ခပေးပြီး အလှပျက်စေတဲ့ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။
ဆန်ဆေးရေက အသားအရေအတွက်တင် ကောင်းမွန်တာ မဟုတ်ပါဘူး။ ဆံပင်အတွက်လည်း အားဆေးတစ်လက်ပါပဲ။ ဆန်ဆေးရေမှာ inositol ဆိုတဲ့ ကဆီဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ကျုံနိုင် ဆန်နိုင်စွမ်းအားကို ပိုမိုအားကောင်းစေပြီး ပွတ်တိုက်မှုတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းတွေကို လျော့နည်းစေနိုင်ပြီး ဆံပင်တွေကို သန်မာအားကောင်း စေပါတယ်။ ဆံပင်အတွက်ရော ဆန်ဆေးရေကို ဘယ်လိုအသုံးပြုသင့်သလဲ။
ဆံပင်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးတာနဲ့ ဆန်ဆေးရေနဲ့ လောင်းပေးပါ။ ပြီးရင် တစ်ခေါင်းလုံးကို ညင်သာစွာ နှိပ်နယ်ပေးပါ။ နှိပ်ပြီးရင်တော့ ရိုးရိုးရေနဲ့ ပြန်ဆေးချလိုက်လို့ ရပါပြီ။ တစ်ပတ်ကို နှစ်ခါလောက်လုပ်ပေးရင် ဆံပင်အရောင်တွေ တောက်ပပြီး သင့်ကို အလှတိုးစေမှာ အမှန်ပါ။
ဆန်ဆေးရေကို ဆံပင်ပျော့ဆေးအနေနဲ့လည်း အသုံးပြုလို့ ရပါသေးတယ်။ ခေါင်းလျှော်ပြီးရင် ဆန်ဆေးရေနဲ့ ဆေးချပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ပြန်ဆေးချပြီးချိန်မှာတော့ တောက်ပပြီး သန်စွမ်းတဲ့ ဆံကေသာအလှကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကဲ ဒီလိုဆို အကျိုးများပြီး အသုံးပြုရ လွယ်ကူတဲ့ ဆန်ဆေးရေရဲ့ အသုံးဝင်ပုံတွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့ တင်ပြပြီး ဖြစ်ပါတယ်။ အလှအပကြိုက်တဲ့ ပျိုပျိုလေးတွေလည်း အချိန်ကုန် ငွေကုန်သက်သာတဲ့ ဆန်ဆေးရေလေးနဲ့ လှချင်တိုင်း လှပစေဖို့ ဆုတောင်းရင်း………….
Author : ရွက်သစ်