fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အသက်အရွယ်နှင့် အသားအရေ

59
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/11/2017
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

လူတို့ရဲ့ အသားအရေဟာ ခန္ဓာကိုယ်ကို ပြင်ပကမ္ဘာနဲ့ ထိတွေ့ပေးထားပြီး ပြင်ပရဲ့ဒဏ်များ ခုခံထားပါတယ်။ အရေပြားဟာ အသားအရေပဲဖြစ်တယ်။
သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေးစကားဝိုင်းမှာ “အသက်အရွယ် နှင့် အသားအရေ” အကြောင်း ဆွေးနွေးထားပါတယ်။

မောင် – အရေပြားရဲ့တာဝန်က ဘာတွေဖြစ်မလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အရေပြားဟာ အပူချိန်များခြင်း၊ ခြောက်သွေ့ခြင်း၊ လေတိုက်စားခြင်း၊ နေလောင်ခြင်းများ ခံစားရတဲ့အပြင် အရေပြားဂရုမစိုက်မှု၊ ကောင်းစွာမထိန်းသိမ်းမှုများကြောင့်  ပိုမိုအိုမင်းရင့်ရော်စေပါတယ်။

မယ် – အရွယ်မတိုင်မီ အိုမင်းရင့်ရော်ရတဲ့အကြောင်း ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – နေရောင်အောက်မှာ အချိန်ကြာကြာနေရခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။

မောင် – အရေပြားရဲ့ သက်တမ်းက ဘယ်လောက်ရှိသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – အသက်ငယ်ရွယ်စဉ် အရေပြားလဲလှယ်နှုန်းက (၁၅)ရက်မှ (၁၈)ရက်အတွင်း ရှိပြီးဆဲလ်များဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း အသစ်ပြန်ဖြစ်တယ်။ အသက် (၃၀) ဝန်းကျင်မှာ အရေပြားလဲလှယ်နှုန်းဟာ လပိုင်း ရောက်ရှိပြီး အသက် (၇၀) နှစ်မှာ ဆဲလ်အသစ်ပြန်ဖြစ်ဖို့ လပေါင်းများစွာ ကြာမြင့်တယ်။

မယ် – အသက်အရွယ်အလိုက် အသားအရေ ပြောင်းလဲခြင်း ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – အသက်အရွယ်အရ အရေပြားပြောင်းလဲခြင်းနဲ့ ပြင်ပအကြောင်းအချက်များကြောင့် အရေပြားပြောင်းလဲခြင်းဆိုပြီး ခွဲခြားနိုင်တယ်။ အသက်အရွယ်အရ အရေပြားပြောင်းလဲခြင်းဟာ လူတိုင်း ရှောင်လွှဲမရတဲ့ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ပြင်ပ အကြောင်းအချက်များနှင့် မပတ်သက်တဲ့ အရေပြားပြောင်းလဲခြင်းဖြစ်တယ်။

မောင် – ပြင်ပအကြောင်းအချက်များကြောင့် အရေပြား ပြောင်းလဲခြင်းကရော ဆရာ။
ဒေါက်တာမင်္ဂလာ – ပြင်ပအကြောင်းအချက်များကြောင့် အရေပြားပြောင်းလဲခြင်းဟာ အသက်အရွယ်အရဖြစ်တဲ့ အရေပြားပြောင်းလဲခြင်းအပေါ်မှာ ပြင်ပအကြောင်းအချက်ကြောင့်ဖြစ်တဲ့ အရေပြား ပြောင်းလဲခြင်း ပေါင်းစပ်ခြင်းဖြစ်တယ်။ ပြင်ပ အကြောင်းအချက်များ ဆိုရာမှာ နေရောင်ခြည်ထိတွေ့ခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ ပါဝင်တယ်။

မယ် – အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြောင်းလဲခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ဆွေးနွေးပေးပါ ဆရာ။
ဒေါက်တာမင်္ဂလာ – အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြောင်းလဲခြင်းကို ဖြစ်စေတဲ့ အကြောင်းအချက်တွေက ဆူပါအောက်ဆိုဒ် (Super oxide) ခေါ်ဆဲလ်များနဲ့ တစ်သျှူးများကို ထိခိုက်စေတဲ့ ပစ္စည်းများ ထွက်ရှိမှုက အဓိကကျပါတယ်။

မောင် – ထိခိုက်တဲ့ အရေပြားအစိတ်အပိုင်းက ဘာတွေပါသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ဖိုင်ဘလိုဘလက်များ အရေအတွက်နည်းခြင်း၊ လုပ်ဆောင်နိုင်စွမ်းကျခြင်း၊ ကော်လာဂျင်များ၊ အသစ်ထုတ်နိုင်စွမ်းများ ကျဆင်းခြင်း၊ ကော်လဂျင်များ ပြန်လည်ဖြိုဖျက်နိုင်စွမ်း ကျဆင်းခြင်း၊ အလက်စတစ် Elastic များ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းကျလာခြင်း၊ ပမာဏနည်းခြင်း၊ ကာရင်တိုဆိုဒ် (Keraltrocyte) ကာကွယ်ပေးနိုင်စွမ်း ကျဆင်းလာခြင်း၊ အရေအတွက်နည်းလာခြင်းကြောင့် အရေပြားပါးလာခြင်း၊ မယ်လင်နိုဆိုဒ် (Malannocyte) ဆဲလ်များ အရေအတွက်နည်းခြင်းနှင့် သက်တမ်းတိုလာခြင်း၊ လင်ဂါဟွန်းဆဲလ် (Langahan cells)များ အရေအတွက် နည်းလာခြင်း၊ ပုံသဏ္ဍာန်ပုံမှန် မဟုတ်တော့ခြင်းတို့ ဖြစ်ပါတယ်။

မယ် – ပြင်ပ အကြောင်းအချက်များကြောင့်ဖြစ်တဲ့ အရေပြားပြောင်းလဲမှုဖြစ်စဉ် ရှင်းပြပါ ဆရာ။
ဒေါက်တာမင်္ဂလာ – ပြင်ပအကြောင်းအချက်များကြောင့် အရေပြား ပြောင်းလဲရခြင်း အကြောင်းမှာ ခရမ်းလွန်ရောင်ခြည်ပါဝင်တယ်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများတဲ့ အရေပြားနေရာများ မျက်နှာ၊ လည်ပင်းနဲ့ လက်ဖမိုးတို့မှာ အတွေ့ရများတယ်။ ခရမ်းလွန်ရောင်ခြည် ဘီ(၂၉၀) မှ (၃၂၀)နာနိုမီတာက အရေပြားအပေါ်လွှာရဲ့ အောက်ပိုင်းထိ ထိုးဖောက်ရောက်ရှိနိုင်တယ်။ ခရမ်းလွန်ရောင်ခြည် အေဟာ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပြောင်းလဲခြင်း၊ ပြောင်းလဲမှုများ ပိုပြီးဖြစ်စေနိုင်ပါတယ်။

မောင် – မျက်နှာနဲ့ အရေပြားအိုမင်းရင့်ရော်ခြင်း ဖြစ်စေနိုင်တဲ့ အခြားအကြောင်းတွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – မျက်နှာ  အမူအရာများ ထပ်ကာထပ်ကာ လုပ်ခြင်းလည်းပါသလို၊ ကွမ်းစားခြင်း၊ ဆေးလိပ်နဲ့ အရက်ကြောင့်ပါဝင်တယ်။ ကမ္ဘာ့ဆွဲအားကလည်း အရေပြား ပြောင်းလဲခြင်းကို ပိုမိုမြန်စေတယ်။

မယ် – အရေပြားပေါ်က အရေးအကြောင်းတွေရဲ့ဖြစ်စဉ် ပြောပြပေးပါဦးဆရာ။
ဒေါက်တာမင်္ဂလာ – ဆေးလိပ်သောက်ရင် အရေပြား ကြမ်းလာပြီး အရေပြား အဝါရောင်သမ်းလာခြင်း ဖြစ်စေတယ်။စီးကရက်ကို နေ့စဉ်(၁၀)လိပ် (၁၀)နှစ်ကျော်ကြာ သောက်သုံးသူများမှာ သိသာတယ်။ အရေပြားတင်းရင်းမှု လျော့ကျလာခြင်း၊ မှဲ့ခြောက်များပေါ်လာခြင်း၊ အရေပြား ကင်ဆာတို့ဖြစ်လာနိုင်ပါတယ်။

မောင် – အရေပြားကုသမှုရဲ့ ဦးတည်ချက်တွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – အရေပြားပြောင်းလဲမှုရဲ့ အဓိက သွင်ပြင်များဖြစ်တဲ့ အရေးအကြောင်းများ၊ အသားအရေတွန့်ခြင်း၊ နေလောင်ကွက်များ၊ အရေပြား လျော့တိလျော့ရဲ ဖြစ်လာမှုများ၊ သွေးကြောမျှင်များနဲ့ အရေပြားတွဲကျခြင်းကို ပစ်မှတ်ထားကြပါတယ်။

မယ် – သဘာဝကျကျ လှလှပပဖြစ်ဖို့ ဘယ်လိုထိန်းသိမ်းသင့်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – ကြီးငယ်မရွေး အလှအပ မြတ်နိုးကြတယ်။ သဘာဝမှ ရရှိထားပြီးဖြစ်တဲ့ အလှတရားကို ငယ်စဉ်မှစလို့ ဘဝတစ်လျောက် ထိန်းသိမ်းထားဖို့ လိုတယ်။ လှချင်လွန်းလို့ သဘာဝထက် ကျော်လွန်ခြယ်သမှုများဟာ ဘေးထွက်ဆိုးကျိုးနဲ့ မရှုမလှ ဖြစ်သွားတတ်တယ်။

မောင် – ယနေ့ခေတ်နဲ့ အသားအရေအကြောင်း ဆွေးနွေးပေးပါဦး ဆရာ။
ဒေါက်တာမင်္ဂလာ – ခေတ်မီ တိုးတက်မှု အရှိန်အဟုန်ကြောင့် တစ်ကမ္ဘာလုံး အသားအရေ ထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုး၊ အမည်ပေါင်းစုံ၊ ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံးရှိ အရေပြားအတွက် ကြော်ငြာအား ကောင်းကောင်းနဲ့ ဆွဲဆောင်နေကြတယ်။ တာရှည်ခံဖို့ ပြုပြင်ဆက်စပ်ရလို့ အနည်းနဲ့အများ ဓာတုပစ္စည်းပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘေးထွက်ဆိုးကျိုးများ ပိုမိုရရှိနိုင်လို့ သတိပြုသင့်ပါတယ်။

မယ် – ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေး၊ ဖြောင့်ဆေးတွေကို ဆိုလိုတာလားဆရာ။
ဒေါက်တာမင်္ဂလာ – ဟုတ်ပါတယ်။ နေ့စဉ်သုံး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆံပင်ဆိုးဆေး၊ ဆံပင်ကောက်ခြင်း၊ ဖြောင့်ခြင်း၊ ခန္ဓာကိုယ်ပေါင်းတင်ခြင်း၊ ချေးချွတ်ခြင်း၊ ဖယောင်းနဲ့ အမွှေးများ ဖယ်ရှားခြင်း၊ ခြေသည်းလက်သည်း အလှပြင်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ အလှအပပြုပြင်ခြင်းများဟာ ခေတ်စားလာတာနဲ့အမျှ ဓာတ်မတည့်ခြင်းများလည်း ပိုဖြစ်စေနိုင်လို့ သတိနဲ့ သုံးစွဲသင့်ပါတယ်။

Author: ဒေါက်တာ မင်္ဂလာ, Healthcare Journal ,vol 8,no 39(13.10.17)

Previous Post

HERPES ဗိုင်းရပ်စ်ရောဂါ

Next Post

ဆောင်းတွင်းအခါ အသားအရေ လှပစေဖို့ နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

12 months ago
537
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

1 year ago
794

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
1.9k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆောင်းတွင်းအခါ အသားအရေ လှပစေဖို့ နည်းလမ်းများ

ညနေခင်း

ကလေးငယ်ခေါင်းချွေးထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.