Acneဝက္ၿခံအေၾကာင္း
၀က္ၿခံကို အဂၤလိပ္လို Acne လို႔ေခၚပါတယ္။
ဝက္ၿခံဟာ အမ်ိဳးသား အမ်ိဳးသမီးမေ႐ြး အသက္အ႐ြယ္မေ႐ြး ေပါက္ႏိုင္ပါတယ္။ လူအေတာ္မ်ားမ်ားက ဆယ္ေက်ာ္သက္အ႐ြယ္ေတြမွာပဲ ဝက္ၿခံေပါက္တတ္တယ္လို႔ ထင္ၾကပါတယ္။ သို႔ေသာ္ အသက္၅၀ ပတ္ဝန္းက်င္လူႀကီးေတြေတာင္မွ ဝက္ၿခံျပႆနာကို ခံစားေနရတတ္ပါေသးတယ္။
ကြၽန္ေတာ္တို႔ရဲ႕အေရျပားမွာ ေမႊးညင္းေပါက္(ေခြၽးေပါက္)ေလးေတြနဲ႔ အဆီဂလင္းေလး(Sebaceous glands)ေတြရွိပါတယ္။ အဆီဂလင္း (Sebaceous gland) ေတြက အေရျပားေလး ေခ်ာေမြ႕ေနေစဖို႔ လိုအပ္တဲ့အဆီ (sebum) ကို ထုတ္ေပးပါတယ္။ အဲဒီအဆီေလးေတြက ပြင့္ေနတဲ့ ေမႊးညႇင္းေပါက္ေလးေတြကေန အေရျပားေပၚကို ေရာက္ရွိၿပီး အေရျပားေလး ေခ်ာေမြ႕ေအာင္ လုပ္ေပးပါတယ္။
တစ္ခါတစ္ရံမွာ ထိုေမႊးညင္းေပါက္ေလးေတြဟာ ေခြၽးေတြ ပတ္ဝန္းက်င္က အမႈန္အမႊားေတြ ဖုန္ေတြ ဆဲလ္ေသေတြနဲ႔ ပိတ္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ အဲ့အခါက် ထြက္ရမယ့္ အဆီနဲ႔ထိုအရာေတြနဲ႔ေပါင္းမိၿပီး ဘက္တီးရီးယားေတြ ေပါက္ပြားလာတဲ့အခါမွာ ေမႊးညင္းေပါက္ေတြကို ေရာင္ရမ္းေစၿပီး ဝက္ၿခံစျဖစ္လာပါတယ္။
အပ်ိဳေဖာ္၊ လူပ်ိဴေဖာ္ ဝင္စအ႐ြယ္ေတြမွာ (ဆက္ေက်ာ္သက္အ႐ြယ္မွာ) ခႏၶာကိုယ္ထဲက ေဟာ္မုန္းေတြအေျပာင္းအလဲျဖစ္ျခင္းေၾကာင့္ ဝက္ၿခံေပါက္ႏိုင္ေခ် ပိုမ်ားပါတယ္။ ဝက္ၿခံအျဖစ္မ်ားတဲ့ ေနရာမ်ားကေတာ့ မ်က္ႏွာ၊ ရင္ဘတ္၊ ေက်ာ၊ ပုခုံး နဲ႔ လက္ျပင္ ေနရာေတြပါ။
အခ်ိဳ႕လူေတြက တစ္ခါတစ္ေလမွသာ ဝက္ၿခံအနည္းငယ္ ေပါက္ၿပီး ဘာမွ ေထြေထြထူးထူး သိပ္မခံစားရေပမယ့္ အခ်ိဳ႕လူေတြကေတာ့ နီရဲဖူးေရာင္ေနတဲ့ ဝက္ၿခံေတြေၾကာင့္ မ်က္ႏွာသစ္ဖို႔ေတာင္ နာက်င္ေနတာမ်ိဳးလည္းရွိပါတယ္။
အခ်ိဳ႕ လူမ်ားတြင္ ဝက္ၿခံ ျဖစ္ေပၚရျခင္း၊ အခ်ိဳ႕ သူမ်ားတြင္ ဝက္ၿခံ မျဖစ္ျခင္း အေၾကာင္းကို တိတိက်က် မသိေသးေသာ္လည္း ဝက္ၿခံျဖစ္ရတဲ့ အေၾကာင္းအရင္း အေတာ္မ်ားမ်ားကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။
၁။ ေဟာ္မုန္းပမာဏ ေျပာင္းလဲမႈျဖစ္ျခင္း (ဥပမာ အပ်ိဳေဖာ္ဝင္ျခင္း၊ လူပ်ိဴေဖာ္ဝင္ျခင္း)
၂။ အေရျပားမွာရွိတဲ့ အဆီဂလင္းေတြကေန အဆီထြက္လြန္ကဲၿပီး မွန္မွန္သန႔္ရွင္းေရးမလုပ္ပါက ေမႊးညင္းေပါက္ပိတ္ကာ ဘက္တီရီးယား ေပါက္ပြားလာၿပီး ေမႊးညင္းေပါက္ ေရာင္ရမ္းကာ ဝက္ၿခံထြက္ျခင္း
၃။ စိတ္ဖိစီးမႈမ်ားျခင္း
၄။ အငန္ေတြ အပူအစပ္ေတြ အစားမ်ားျခင္း
၅။ အိပ္ေရးပ်က္ျခင္း၊ အရက္၊ ေဆးလိပ္ေသာက္ျခင္း
၆။ ႂကြက္သား ႀကီးထြားေစေသာ ေဆးမ်ား အသုံးျပဳျခင္း
၇။ မနက္အိပ္ရာထ မိတ္ကပ္လိမ္းၿပီး ညဘက္က် မိတ္ကပ္အႂကြင္းအက်န္မ်ားကို ေသခ်ာမသန႔္ရွင္းဘဲ အိပ္ရာဝင္ျခင္း
၈။ ဆံပင္မသန႔္ရွင္းရာကေန မ်က္ႏွာေပၚက်ၿပီး ယားယံကာ ဝက္ၿခံျဖစ္ျခင္း
ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ဝက္ၿခံေပါက္လာပါက လက္နဲ႔ကုပ္ဖဲ့တာ ဝက္ၿခံညစ္တာေတြ မလုပ္မိပါေစနဲ႔။ အဲ့ဒါမ်ိဳးေတြလုပ္ပါက ပိုးဝင္ၿပီး ျပည္တည္ႏိုင္တဲ့အျပင္ ဝက္ၿခံေပ်ာက္သည့္တိုင္ေအာင္ အမာ႐ြတ္က်န္ဖို႔ ျဖစ္ႏိုင္ေခ် ပိုမ်ားလို႔ပါ။
အေညာ္ေရွာင္ပါ။ ဆီေၾကာ္ေတြ အငန္ေတြ အပူအစပ္ေတြ ေရွာင္ပါ။
ဟင္းသီးဟင္း႐ြက္ သစ္သီးဝလံ မ်ားမ်ားစားပါ။
ေရမ်ားမ်ားေသာက္ပါ။ အိပ္ေရးဝေအာင္ အိပ္ပါ။
ေနပူထဲ သိပ္မထြက္ပါနဲ႔။
တတ္ႏိုင္သမွ် သင့္မ်က္ႏွာကို အရွင္းဆုံးထားပါ။ တစ္ခုခု လိမ္းမယ္ဆိုရင္ေတာင္ ခပ္ပါးပါးပဲ လိမ္းပါ။
အရပ္ထဲက ၾကားဖူးနားဝေဆးေတြ ေသာက္တာ၊ လိမ္းတာေတြ မလုပ္ပါနဲ႔။
ေဆးအေနနဲ႔ clindamycin gel ကို တစ္ေန႔ႏွစ္ႀကိမ္ မ်က္ႏွာသစ္ၿပီး လိမ္းေပးပါ။ ဝက္ၿခံရွိတဲ့ေနရာကို ပါးပါးနဲ႔ ျပင္လိုက္လိမ္းေပးပါ။ ဒီလိုလိမ္းလို႔မွ မသက္သာရင္ ျဖစ္တာအရမ္းမ်ားရင္ ျဖစ္လိုက္ေပ်ာက္လိုက္ ျဖစ္ေနတာ ၾကာၿပီဆိုရင္ေတာ့ အေရျပားဆရာဝန္ထံ ျပသၿပီး ကုသမႈခံယူပါ။
Author: Dr. 528
Acne ဝက်ခြံအကြောင်း
၀က်ခြံကို အင်္ဂလိပ်လို Acne လို့ခေါ်ပါတယ်။
ဝက်ခြံဟာ အမျိုးသား အမျိုးသမီးမရွေး အသက်အရွယ်မရွေး ပေါက်နိုင်ပါတယ်။ လူအတော်များများက ဆယ်ကျော်သက်အရွယ်တွေမှာပဲ ဝက်ခြံပေါက်တတ်တယ်လို့ ထင်ကြပါတယ်။ သို့သော် အသက်၅၀ ပတ်ဝန်းကျင်လူကြီးတွေတောင်မှ ဝက်ခြံပြဿနာကို ခံစားနေရတတ်ပါသေးတယ်။
ကျွန်တော်တို့ရဲ့အရေပြားမှာ မွှေးညင်းပေါက်(ချွေးပေါက်)လေးတွေနဲ့ အဆီဂလင်းလေး(Sebaceous glands)တွေရှိပါတယ်။ အဆီဂလင်း (Sebaceous gland) တွေက အရေပြားလေး ချောမွေ့နေစေဖို့ လိုအပ်တဲ့အဆီ (sebum) ကို ထုတ်ပေးပါတယ်။ အဲဒီအဆီလေးတွေက ပွင့်နေတဲ့ မွှေးညှင်းပေါက်လေးတွေကနေ အရေပြားပေါ်ကို ရောက်ရှိပြီး အရေပြားလေး ချောမွေ့အောင် လုပ်ပေးပါတယ်။
တစ်ခါတစ်ရံမှာ ထိုမွှေးညင်းပေါက်လေးတွေဟာ ချွေးတွေ ပတ်ဝန်းကျင်က အမှုန်အမွှားတွေ ဖုန်တွေ ဆဲလ်သေတွေနဲ့ ပိတ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့အခါကျ ထွက်ရမယ့် အဆီနဲ့ထိုအရာတွေနဲ့ပေါင်းမိပြီး ဘက်တီးရီးယားတွေ ပေါက်ပွားလာတဲ့အခါမှာ မွှေးညင်းပေါက်တွေကို ရောင်ရမ်းစေပြီး ဝက်ခြံစဖြစ်လာပါတယ်။
အပျိုဖော်၊ လူပျိူဖော် ဝင်စအရွယ်တွေမှာ (ဆက်ကျော်သက်အရွယ်မှာ) ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေအပြောင်းအလဲဖြစ်ခြင်းကြောင့် ဝက်ခြံပေါက်နိုင်ချေ ပိုများပါတယ်။ ဝက်ခြံအဖြစ်များတဲ့ နေရာများကတော့ မျက်နှာ၊ ရင်ဘတ်၊ ကျော၊ ပုခုံး နဲ့ လက်ပြင် နေရာတွေပါ။
အချို့လူတွေက တစ်ခါတစ်လေမှသာ ဝက်ခြံအနည်းငယ် ပေါက်ပြီး ဘာမှ ထွေထွေထူးထူး သိပ်မခံစားရပေမယ့် အချို့လူတွေကတော့ နီရဲဖူးရောင်နေတဲ့ ဝက်ခြံတွေကြောင့် မျက်နှာသစ်ဖို့တောင် နာကျင်နေတာမျိုးလည်းရှိပါတယ်။
အချို့ လူများတွင် ဝက်ခြံ ဖြစ်ပေါ်ရခြင်း၊ အချို့ သူများတွင် ဝက်ခြံ မဖြစ်ခြင်း အကြောင်းကို တိတိကျကျ မသိသေးသော်လည်း ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း အတော်များများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
၁။ ဟော်မုန်းပမာဏ ပြောင်းလဲမှုဖြစ်ခြင်း (ဥပမာ အပျိုဖော်ဝင်ခြင်း၊ လူပျိူဖော်ဝင်ခြင်း)
၂။ အရေပြားမှာရှိတဲ့ အဆီဂလင်းတွေကနေ အဆီထွက်လွန်ကဲပြီး မှန်မှန်သန့်ရှင်းရေးမလုပ်ပါက မွှေးညင်းပေါက်ပိတ်ကာ ဘက်တီရီးယား ပေါက်ပွားလာပြီး မွှေးညင်းပေါက် ရောင်ရမ်းကာ ဝက်ခြံထွက်ခြင်း
၃။ စိတ်ဖိစီးမှုများခြင်း
၄။ အငန်တွေ အပူအစပ်တွေ အစားများခြင်း
၅။ အိပ်ရေးပျက်ခြင်း၊ အရက်၊ ဆေးလိပ်သောက်ခြင်း
၆။ ကြွက်သား ကြီးထွားစေသော ဆေးများ အသုံးပြုခြင်း
၇။ မနက်အိပ်ရာထ မိတ်ကပ်လိမ်းပြီး ညဘက်ကျ မိတ်ကပ်အကြွင်းအကျန်များကို သေချာမသန့်ရှင်းဘဲ အိပ်ရာဝင်ခြင်း
၈။ ဆံပင်မသန့်ရှင်းရာကနေ မျက်နှာပေါ်ကျပြီး ယားယံကာ ဝက်ခြံဖြစ်ခြင်း
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဝက်ခြံပေါက်လာပါက လက်နဲ့ကုပ်ဖဲ့တာ ဝက်ခြံညစ်တာတွေ မလုပ်မိပါစေနဲ့။ အဲ့ဒါမျိုးတွေလုပ်ပါက ပိုးဝင်ပြီး ပြည်တည်နိုင်တဲ့အပြင် ဝက်ခြံပျောက်သည့်တိုင်အောင် အမာရွတ်ကျန်ဖို့ ဖြစ်နိုင်ချေ ပိုများလို့ပါ။
အညော်ရှောင်ပါ။ ဆီကြော်တွေ အငန်တွေ အပူအစပ်တွေ ရှောင်ပါ။
ဟင်းသီးဟင်းရွက် သစ်သီးဝလံ များများစားပါ။
ရေများများသောက်ပါ။ အိပ်ရေးဝအောင် အိပ်ပါ။
နေပူထဲ သိပ်မထွက်ပါနဲ့။
တတ်နိုင်သမျှ သင့်မျက်နှာကို အရှင်းဆုံးထားပါ။ တစ်ခုခု လိမ်းမယ်ဆိုရင်တောင် ခပ်ပါးပါးပဲ လိမ်းပါ။
အရပ်ထဲက ကြားဖူးနားဝဆေးတွေ သောက်တာ၊ လိမ်းတာတွေ မလုပ်ပါနဲ့။
ဆေးအနေနဲ့ clindamycin gel ကို တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပြီး လိမ်းပေးပါ။ ဝက်ခြံရှိတဲ့နေရာကို ပါးပါးနဲ့ ပြင်လိုက်လိမ်းပေးပါ။ ဒီလိုလိမ်းလို့မှ မသက်သာရင် ဖြစ်တာအရမ်းများရင် ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတာ ကြာပြီဆိုရင်တော့ အရေပြားဆရာဝန်ထံ ပြသပြီး ကုသမှုခံယူပါ။
Author: Dr. 528