အဆီပြန်ခြင်း
သင်၏ ဆံပင်အား ကြက်ဥအကာရည်နှင့် သုတ်လိမ်းပါ။ မိနစ်နှစ်ဆယ်ကြာလျှင် ခေါင်းပြန်လျှော်ပါ။ ရေတွင် သံပရာရည် အနည်းငယ်ညှစ်ထည့်ပြီး အသုံးပြုပါ။ ပထမ ရေခပ်နွေးနွေးကို သုံးပါ။ ပြီးလျှင် ရေအေးကို အသုံးပြုပြီး လျှော်ပေးပါ။ သင်၏ အဆီပြန်တတ်သော ဆံကေသာ လှပလာပါလိမ့်မည်။
ဆံပင်ကျွတ်ခြင်း
သင်၏ ဆံပင်များအား ကြက်ဥအနှစ်နှင့် အကာအရည် နှစ်မျိုးစလုံးဖြင့် သုတ်လိမ်းပါ။ နာရီဝက်ခန့်ကြာ လျှင်ပြန်လည် ဆေးကြောပစ်ပေးပါ။ သင့် ဆံပင်များ ဦးခေါင်းအရေပြား ခိုင်ခိုင်မာမာ တွယ်ကပ်နိုင်စွမ်းရှိပြီး ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေနိုင်မည်ဖြစ်၏။
မွဲခြောက်ခြင်း
မွဲခြောက်သော ဆံပင်များ ဝင်းလက်တောက်ပစေလိုလျှင် ကြက်ဥနှင့် သံပရာရည်ရောစပ်ပြီး ဆံပင်များ အား လိမ်းကျံပေးရပါမည်။ နာရီဝက်မျှကြာအောင်ထားပြီးနောက် ပြန်လည်ခေါင်းလျှော်နိုင်ပါသည်။ ဆံပင်များ နက်မှောင်သန်စွမ်းလာကြောင်း တွေ့ရပါမည်။
ဆံပင်ပါးခြင်း၊ ဆံပင်နည်းခြင်း
ကြက်ဥအနှစ် ပျားရည်တစ်ဇွန်း၊ ဗာဒံစေ့အဆီတစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းရောစပ်ပြီး ဆံပင်များကို လိမ်း ကျံပေးရန်ဖြစ်ပါသည်။ နာရီဝက်ခန့်ကြာလျှင် ပြန်လည်ဆေးကြောပေးရန် ဖြစ်ပါသည်။ ဆံပင်များ ထူထဲနက် မှောင်လာပါလိမ့်မည်။
ဆံပင်များ၏ အထွေထွေ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန်လည်း ကြက်ဥဖြင့် စွမ်းဆောင်ပေးနိုင်မည်ဖြစ်ပါ သည်။ ဆံပင်ခြောက်သွေ့ပြီး အလွယ်တကူ ပျက်ယွင်းမှုမှ ကာကွယ်ရန် ဗားဒံစေ့ဆီနှစ်ဇွန်းကို ကြက်ဥအနှစ်နှင့် ရောစပ်ပြီး ညင်သာစွာ သုတ်လိမ်းပေးနိုင်ပါသည်။ နာရီဝက်ခန့်ကြာလျှင် ပြန်လည်ဆေးကြောနိုင်သည်။
ဆံပင်အဆီပြန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရောင်မွဲခြောက်ခြင်း၊ ဆံပင်ပါးခြင်းစသည်တို့ကို ကြက်ဥတစ်လုံးကို ရေလဲ သုံး၍ ပြုပြင်နိုင်မည်ဖြစ်ပါကြောင်း ဗဟုသုတအဖြစ် တင်ပြလိုက်ရပေသည်။