fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အလှအပနှင့်ကျန်းမာရေး

အရေပြား တစ်ထောက်အလှ

21
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/01/2018
in အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမ်ိဳးသမီးတိုင္း ေတာက္ပစိုေျပႏူးညံ့ေခ်ာေမြ႕တဲ့ အသားအေရကို ပိုင္ဆိုင္လိုၾကတာ ဓမၼတာပါပဲ။ ဒီလိုေတာက္ပစိုေျပႏူးညံ့ ေခ်ာေမြ႕သန႔္စင္တဲ့ အေရျပားတစ္ခုကို ပိုင္ဆိုင္ဖို႔ဆိုတာ အေရျပားရဲ႕ က်န္းမာေရး တိုးတက္ေနမွ ျဖစ္မွာပါ။

အမ်ိဳးသမီးတိုင္းကို အႀကံျပဳလိုတာက မိမိတို႔ရဲ႕ အေရျပား သန႔္စင္က်န္းမာမႈရရွိေစဖို႔အတြက္ မိမိကိုယ္တိုင္ အားထုတ္မႈ၊ လိုက္နာမႈနဲ႔ ျပဳျပင္ထိန္းသိမ္းႏိုင္မႈေတြ ျပဳလုပ္ရမွာျဖစ္ပါတယ္။ ေတာက္ပ စိုေျပၿပီး အျပစ္အနာဆာကင္းတဲ့ အသားအေရကို ပိုင္ဆိုင္တဲ့ အမ်ိဳးသမီးတိုင္းဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုမိုရရွိေစၿပီး တစ္ဖက္က ျမင္သူတိုင္း ၾကည့္သူတိုင္းအတြက္လည္း စိတ္ခ်မ္းသာမႈ ရရွိေစမွာျဖစ္ပါတယ္။ ဒါမွလည္း ဆြဲေဆာင္မႈ အျပည့္အဝရွိတဲ့ မိန္းမသား ျဖစ္မွာပါ။ အမ်ိဳးသမီးတိုင္း အပ်ိဳေဖာ္ဝင္ကတည္းက ေန႔စဥ္ စားေသာက္ေနထိုင္မႈပုံစံကို မွန္ကန္စြာသိရွိၿပီး လိုက္နာခဲ့မယ္ဆိုရင္ အလြယ္ေလးပါ။

သင့္အေရျပားေတြ သန႔္စင္ လွပဖို႔အတြက္ မရွိမျဖစ္ လိုအပ္တာ ေရဓာတ္ပဲျဖစ္ပါတယ္။ သန႔္စင္တဲ့ေရဟာ သင့္အေရျပား လွပမႈကို ကူညီဖို႔ အလြယ္ကူဆုံးနဲ႔ အသက္သာဆုံး အေထာက္အကူ ပစၥည္းတစ္ခုပါပဲ။ ခႏၶာကိုယ္ရဲ႕ ၇၀ ရာခိုင္ႏႈန္းက ေရနဲ႔တည္ေဆာက္ထားတယ္လို႔ ဆိုၾကပါတယ္။ ခႏၶာကိုယ္အတြင္းအျပင္မွာရွိတဲ့ အဆိပ္အေတာက္ေတြကို ေရကဖယ္ရွားေပးႏိုင္တာျဖစ္ၿပီး အေရျပားဆဲလ္ေတြအတြက္ အာဟာရဓာတ္ကို စုပ္ယူႏိုင္ဖို႔ကိုလည္း ေရကပဲ လုပ္ေဆာင္ေပးတာပါ။

ခႏၶာကိုယ္မွာ ေရဓာတ္ခန္းေျခာက္ရင္ အသားအေရ မြဲေျခာက္ၿပီး အဖုအပိမ့္ေတြ ထြက္လာလို႔ အေရျပားလွပမႈကို ပ်က္စီးေစပါတယ္။ ေရဟာ သင့္အသားအေရ တင္းရင္းစိုေျပမႈ၊ အေရျပားတြင္း အညစ္အေၾကးမ်ား သန႔္စင္မႈအတြက္ အေထာက္အကူေပးပါတယ္။ သင့္အေရျပား လွပသန႔္စင္မႈ ေခ်ာေမြ႕မႈအတြက္ အနည္းဆုံး တစ္ေန႔ကို ေရ (၂)လီတာေလာက္ ေသာက္ျဖစ္ေအာင္ ေသာက္ပါလို႔ အႀကံျပဳပါရေစ။

အင္တီေအာက္ဆီးဒင့္ဓာတ္ကလည္း ခႏၶာကိုယ္မွာ မရွိမျဖစ္လိုအပ္ပါတယ္။ အေရျပားဆဲလ္မ်ား ထိခိုက္ပ်က္စီးမႈကို အကာအကြယ္ေပးႏိုင္တဲ့အျပင္ ဆဲလ္အသစ္မ်ား ျပန္လည္ေမြးဖြားလာဖို႔ကို ကူညီပါတယ္။ ေသြးလွည့္ပတ္မႈအားကို ေကာင္းေစၿပီး အေရျပားတင္းရင္း ျပည့္ၿဖိဳးမႈကို စြမ္းတဲ့ေကာ္လာဂ်င္ကို တည္ေဆာက္ေပးပါတယ္။ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အေရျပားထိခိုက္ျခင္းကို တြန္းလွန္ႏိုင္ပါတယ္။

အင္တီေအာက္ဆီးဒင့္ကို သင့္ရဲ႕ေန႔စဥ္ စားေသာက္မႈထဲမွာ ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။ ဟင္းသီးဟင္း႐ြက္၊ သံလြင္ဆီ၊ သစ္သီးဝလံနဲ႔ ပင္လယ္စာေတြကေန ရႏိုင္သလို ပန္းသီး၊ ဗာဒံေစ့၊ ေျမပဲ၊ အခြံခြၽတ္မထားတဲ့ ေကာက္ႏွံစာ၊ ေထာပတ္၊ အခ်ဥ္ဓာတ္ရွိတဲ့ အသီးေတြမွာ ေတြ႕ႏိုင္ပါတယ္။ ေန႔စဥ္ စားေသာက္မႈေတြထဲမွာ ဒီအစားအစာေတြ ထည့္သြင္းေပးဖို႔ အဆင္မေျပရင္ အင္တီေအာက္ဆီးဒင့္ပါဝင္တဲ့ အားေဆးကို သင့္ဆရာဝန္နဲ႔ တိုင္ပင္လို႔ေသာက္ေပးႏိုင္ပါတယ္။

EFAS လို႔ေခၚတဲ့ ဖက္တီးအက္ဆစ္ပါဝင္တဲ့ အစားအစာေတြကို ေန႔စဥ္ အစားအစာေတြထဲမွာ ထည့္သြင္းစဥ္းစားမယ္ဆိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အေရျပားဆဲလ္အေျမႇးပါးေတြ ေရနဲ႔ အာဟာရဓာတ္ စုပ္ယူႏိုင္ဖို႔ကို အဓိက ကူညီေပးပါလိမ့္မယ္။ သင့္ခႏၶာကိုယ္မွာ ဖက္တီးအက္ဆစ္လုံေလာက္မႈ မရွိခဲ့ရင္ အေရျပားဆဲလ္ေတြ ထိေရာက္စြာ အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။ ဒါဆိုရင္ ခရမ္းလြန္ေရာင္ျခည္နဲ႔ ေလထုညစ္ညမ္းမႈဒဏ္ေတြကို သင့္အေရျပားက ခံႏိုင္ရည္မရွိႏိုင္ေတာ့ပါဘူး။

ဒီလိုျဖစ္ေနသူေတြရဲ႕ အေရျပားေတြဟာ ေျခာက္ေသြ႕အက္ကြဲျခင္း၊ ေရာင္ရမ္းျခင္း၊ အနာအဆာထင္လြယ္ျခင္းတို႔ ျဖစ္ေပၚလာပါလိမ့္မယ္။ အသားအေရကို သန႔္စင္ၾကည္လင္ေစမယ့္ ဖက္တီးအက္ဆစ္ေတြကေတာ့ အိုမီဂါ (၃)ႏွင့္ အိုမီဂါ (၆) တို႔ပဲ ျဖစ္ပါတယ္။ အိုမီဂါ (၆) ဖက္တီးအက္ဆစ္ကို ေကာက္ႏွံ၊ ဟင္းခ်က္ဆီ၊ ၾကက္၊ ဘဲစတဲ့ အစားအစာေတြထဲက ရႏိုင္မွာျဖစ္ၿပီး အိုမီဂါ (၃)ကိုေတာ့ ဆယ္လ္မြန္ငါး၊ ဆာဒင္းငါး၊ ဟင္းႏုႏြယ္၊ ပဲနီေလး၊ သီဟို႒္ေစ့တို႔မွာ ေတြ႕ႏိုင္တာေၾကာင့္ ဒီအစားအစာေတြကို သင့္ရဲ႕ ေန႔စဥ္ စားေသာက္မႈပုံစံထဲမွာ ထည့္သြင္းစဥ္းစားေပးပါ။

အေရျပားသန႔္စင္မႈ၊ အေရျပာေတာက္ပေခ်ာေမြ႕မႈ ရဖို႔အတြက္ အမ်ိဳးသမီးတိုင္း ေဖာ္ျပထားတဲ့ ေန႔စဥ္ စားေသာက္မႈပုံစံေတြကို လိုက္နာမယ္ဆိုရင္ လူအမ်ားအျပားထဲမွာ Bright ျဖစ္မယ့္ 9+ Lady အဆင့္ကိုေရာက္မွာ မလြဲပါဘူး။

Author: ညီညီေက်ာ္, Healthcare Journal, Vol 8, no 49 (22.12.17) Pg.8

Unicode

 

အရေပြား တစ်ထောက်အလှ

အမျိုးသမီးတိုင်း တောက်ပစိုပြေနူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြတာ ဓမ္မတာပါပဲ။ ဒီလိုတောက်ပစိုပြေနူးညံ့ ချောမွေ့သန့်စင်တဲ့ အရေပြားတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ အရေပြားရဲ့ ကျန်းမာရေး တိုးတက်နေမှ ဖြစ်မှာပါ။

အမျိုးသမီးတိုင်းကို အကြံပြုလိုတာက မိမိတို့ရဲ့ အရေပြား သန့်စင်ကျန်းမာမှုရရှိစေဖို့အတွက် မိမိကိုယ်တိုင် အားထုတ်မှု၊ လိုက်နာမှုနဲ့ ပြုပြင်ထိန်းသိမ်းနိုင်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ တောက်ပ စိုပြေပြီး အပြစ်အနာဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်တဲ့ အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမိုရရှိစေပြီး တစ်ဖက်က မြင်သူတိုင်း ကြည့်သူတိုင်းအတွက်လည်း စိတ်ချမ်းသာမှု ရရှိစေမှာဖြစ်ပါတယ်။ ဒါမှလည်း ဆွဲဆောင်မှု အပြည့်အဝရှိတဲ့ မိန်းမသား ဖြစ်မှာပါ။ အမျိုးသမီးတိုင်း အပျိုဖော်ဝင်ကတည်းက နေ့စဉ် စားသောက်နေထိုင်မှုပုံစံကို မှန်ကန်စွာသိရှိပြီး လိုက်နာခဲ့မယ်ဆိုရင် အလွယ်လေးပါ။

သင့်အရေပြားတွေ သန့်စင် လှပဖို့အတွက် မရှိမဖြစ် လိုအပ်တာ ရေဓာတ်ပဲဖြစ်ပါတယ်။ သန့်စင်တဲ့ရေဟာ သင့်အရေပြား လှပမှုကို ကူညီဖို့ အလွယ်ကူဆုံးနဲ့ အသက်သာဆုံး အထောက်အကူ ပစ္စည်းတစ်ခုပါပဲ။ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေနဲ့တည်ဆောက်ထားတယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်အတွင်းအပြင်မှာရှိတဲ့ အဆိပ်အတောက်တွေကို ရေကဖယ်ရှားပေးနိုင်တာဖြစ်ပြီး အရေပြားဆဲလ်တွေအတွက် အာဟာရဓာတ်ကို စုပ်ယူနိုင်ဖို့ကိုလည်း ရေကပဲ လုပ်ဆောင်ပေးတာပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ရင် အသားအရေ မွဲခြောက်ပြီး အဖုအပိမ့်တွေ ထွက်လာလို့ အရေပြားလှပမှုကို ပျက်စီးစေပါတယ်။ ရေဟာ သင့်အသားအရေ တင်းရင်းစိုပြေမှု၊ အရေပြားတွင်း အညစ်အကြေးများ သန့်စင်မှုအတွက် အထောက်အကူပေးပါတယ်။ သင့်အရေပြား လှပသန့်စင်မှု ချောမွေ့မှုအတွက် အနည်းဆုံး တစ်နေ့ကို ရေ (၂)လီတာလောက် သောက်ဖြစ်အောင် သောက်ပါလို့ အကြံပြုပါရစေ။

အင်တီအောက်ဆီးဒင့်ဓာတ်ကလည်း ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်ပါတယ်။ အရေပြားဆဲလ်များ ထိခိုက်ပျက်စီးမှုကို အကာအကွယ်ပေးနိုင်တဲ့အပြင် ဆဲလ်အသစ်များ ပြန်လည်မွေးဖွားလာဖို့ကို ကူညီပါတယ်။ သွေးလှည့်ပတ်မှုအားကို ကောင်းစေပြီး အရေပြားတင်းရင်း ပြည့်ဖြိုးမှုကို စွမ်းတဲ့ကော်လာဂျင်ကို တည်ဆောက်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်ခြင်းကို တွန်းလှန်နိုင်ပါတယ်။

အင်တီအောက်ဆီးဒင့်ကို သင့်ရဲ့နေ့စဉ် စားသောက်မှုထဲမှာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်၊ သံလွင်ဆီ၊ သစ်သီးဝလံနဲ့ ပင်လယ်စာတွေကနေ ရနိုင်သလို ပန်းသီး၊ ဗာဒံစေ့၊ မြေပဲ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ထောပတ်၊ အချဉ်ဓာတ်ရှိတဲ့ အသီးတွေမှာ တွေ့နိုင်ပါတယ်။ နေ့စဉ် စားသောက်မှုတွေထဲမှာ ဒီအစားအစာတွေ ထည့်သွင်းပေးဖို့ အဆင်မပြေရင် အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ အားဆေးကို သင့်ဆရာဝန်နဲ့ တိုင်ပင်လို့သောက်ပေးနိုင်ပါတယ်။

EFAS လို့ခေါ်တဲ့ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ် အစားအစာတွေထဲမှာ ထည့်သွင်းစဉ်းစားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရေပြားဆဲလ်အမြှေးပါးတွေ ရေနဲ့ အာဟာရဓာတ် စုပ်ယူနိုင်ဖို့ကို အဓိက ကူညီပေးပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်မှာ ဖက်တီးအက်ဆစ်လုံလောက်မှု မရှိခဲ့ရင် အရေပြားဆဲလ်တွေ ထိရောက်စွာ အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒါဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုဒဏ်တွေကို သင့်အရေပြားက ခံနိုင်ရည်မရှိနိုင်တော့ပါဘူး။

ဒီလိုဖြစ်နေသူတွေရဲ့ အရေပြားတွေဟာ ခြောက်သွေ့အက်ကွဲခြင်း၊ ရောင်ရမ်းခြင်း၊ အနာအဆာထင်လွယ်ခြင်းတို့ ဖြစ်ပေါ်လာပါလိမ့်မယ်။ အသားအရေကို သန့်စင်ကြည်လင်စေမယ့် ဖက်တီးအက်ဆစ်တွေကတော့ အိုမီဂါ (၃)နှင့် အိုမီဂါ (၆) တို့ပဲ ဖြစ်ပါတယ်။ အိုမီဂါ (၆) ဖက်တီးအက်ဆစ်ကို ကောက်နှံ၊ ဟင်းချက်ဆီ၊ ကြက်၊ ဘဲစတဲ့ အစားအစာတွေထဲက ရနိုင်မှာဖြစ်ပြီး အိုမီဂါ (၃)ကိုတော့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ဟင်းနုနွယ်၊ ပဲနီလေး၊ သီဟိုဋ္ဌ်စေ့တို့မှာ တွေ့နိုင်တာကြောင့် ဒီအစားအစာတွေကို သင့်ရဲ့ နေ့စဉ် စားသောက်မှုပုံစံထဲမှာ ထည့်သွင်းစဉ်းစားပေးပါ။

အရေပြားသန့်စင်မှု၊ အရေပြာတောက်ပချောမွေ့မှု ရဖို့အတွက် အမျိုးသမီးတိုင်း ဖော်ပြထားတဲ့ နေ့စဉ် စားသောက်မှုပုံစံတွေကို လိုက်နာမယ်ဆိုရင် လူအများအပြားထဲမှာ Bright ဖြစ်မယ့် 9+ Lady အဆင့်ကိုရောက်မှာ မလွဲပါဘူး။

Author: ညီညီကျော်, Healthcare Journal, Vol 8, no 49 (22.12.17)

Previous Post

လူငယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ( အပိုင်း ၂)

Next Post

သင့်ကလေးငယ် နို့ရည်ဝကြောင်း ဖော်ပြသည့် လက္ခဏာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
548
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
809

မိန်းကလေးများ ပြုလုပ်သင့်သော kegel လေ့ကျင့်ခန်း

2 years ago
1.5k

ဆံပင်တွေအရမ်းကျွတ်နေရင်

2 years ago
1.6k
To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

2 years ago
2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကလေးငယ် နို့ရည်ဝကြောင်း ဖော်ပြသည့် လက္ခဏာများ

အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ ကျန်းမာရေး သုတ 

အရေပြားခြောက်သွေ့တာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.