fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဗီတာမင်ဒီ ချို့တဲ့ခြင်း အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ

2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2021
in ကျန်းမာစေသော အစားအစာ, အထွေထွေရောဂါများအကြောင်း
1 min read
A A

 ဗီတာမင်ဒီဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့ မရှိမဖြစ်အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် ဒီ က အရိုးတွေသန်မာစေပြီး ကင်ဆာရောဂါတစ်ချို့ကို ကာကွယ်ပေးတယ်လို့ လူသိများကြပါတယ်။ ကျွန်တော်တို့အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာ ကိုလက်စထရောကနေတဆင့် ဗီတာမင် ဒီ ကို ထုတ်လုပ်ပါတယ်။ အသားအရောင်ဖြူဖျော့သူတွေက အသားအရောင်ရင့်သူ၊ ညိုသူတွေထက် ဗီတာမင် ဒီ ကို ပိုပြီး မြန်မြန်ထုတ်လုပ်နိုင်ပါတယ်။

တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီ ပမာဏက ယေဘုယျအားဖြင့် 400 ကနေ 800 IU (International Unit) ဖြစ်ပြီး အသက် ၇၀ ကျော်သူတွေအတွက် တစ်နေ့ကို 800 IU အထိ လိုအပ်ပါတယ်။ တချို့ကျန်းမာရေးပညာရှင်တွေက တစ်နေ့တာ ဗီတာမင် ဒီ ပမာဏ 1000 IU အထိ ရှိနေဖို့ တိုက်တွန်းတာကိုလည်း တွေ့ရပါတယ်။ ပိုလည်း မပို၊ လိုလည်း မလို သင့်တော်တဲ့ ဗီတာမင် ဒီ ပမာဏက ခန္ဓာကိုယ်ကို ကျန်းမာစေမှာ ဖြစ်ပါတယ်။

ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းက တွေ့ရများတဲ့ ပြဿနာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာတမ်းအရ ကမ္ဘာတစ်ဝန်းမှာ ဗီတာမင် ဒီ ချို့တဲ့သူပေါင်း တစ် ဘီလီယံအထိ ရှိနေတာကို တွေ့ရပါတယ်။

ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ –

– ‌နေရောင်ခြည် ထိတွေ့မှုနည်းခြင်း၊ အိမ်ထဲအနေများခြင်း

– အသားအရောင်ညိုခြင်း

– ကိုယ်အလေးချိန်များပြီး အဝလွန်ခြင်း (BMI ၃၀ နဲ့အထက်)

– အသက်ကြီးခြင်း

– သက်သတ်လွတ်ရေရှည်စားသုံးခြင်း၊ ငါး၊ ဥအနှစ်အမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်း မစားသုံးခြင်း

– ကျောက်ကပ်နဲ့ အသည်းရောဂါဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။

 

ဗီတာမင် ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာများ

ကလေးငယ်တွေမှာ ဗီတာမင် ဒီ ချို့တဲ့မှု ပြင်းထန်တဲ့အခါ Rickets လို့ခေါ်တဲ့ အရိုးပျော့ရောဂါ ဖြစ်လာနိုင်ပြီး အရိုးတွေ ကြီးထွားဖွံ့ဖြိုးမှုမရှိတာ၊ အရိုးကြီးထွားမှု ပုံမမှန်တာကြောင့် ခြေထောက်ခွင်လာတာ၊ အရိုးနာတာ၊ ကြွက်သားအားနည်းတာ စတာတွေ ခံစားရတတ်ပါတယ်။

အရွယ်ရောက်သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့မှုက လက္ခဏာမပြတတ်ပေမယ့် အောက်ပါအချက်တွေအတိုင်း ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။

 

(၁) အရိုးနာခြင်း၊ ခါးနာခြင်း

ဗီတာမင်ဒီက ခန္ဓာကိုယ်တွင်း ကယ်လ်ဆီယမ်အသုံးချမှုကို တိုးတက်စေပါတယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ်က အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဓာတ်တွေဖြစ်ပါတယ်။ ဗီတာမင် ဒီ ဓာတ် ချို့တဲ့တဲ့အခါမှာ အရိုးနာခြင်း၊ ခါးနာခြင်းတွေ ခံစားရတတ်ပါတယ်။ လေ့လာချက်တစ်ခုအရ ဗီတာမင် ဒီ ချို့တဲ့သူတွေဟာ ပုံမှန်ရှိသူတွေထက်စာရင် ခြေထောက်၊ နံရိုးနဲ့ ခန္ဓာကိုယ်က အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနိုင်ခြေ နှစ်ဆ ပိုများတာကို တွေ့ရပါတယ်။

 

(၂) ပင်ပန်းနွမ်းနယ်ခြင်း

အကြောင်းအရင်းမရှိ ပင်ပန်းနွမ်းနယ်နေခြင်းက ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ ဗီတာမင်ဒီ ပမာဏ 20 ng/ml အောက် ရောက်နေရင် ဗီတာမင်ဒီ ချို့တဲ့တယ်လို့ သတ်မှတ်ပါတယ်။ ဗီတာမင်ဒီ ရေရှည်ချို့တဲ့လာရင်တော့ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်တာ၊ အားမရှိတာ စတာတွေ ခံစားရနိုင်ပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်တန်ဖိုးအရ သွေးထဲမှာ ရှိသင့်တဲ့ ဗီတာမင် ဒီ ပမာဏက 40 – 80 ng/ml ဖြစ်ပါတယ်။

(၃) ကြွက်သားနာခြင်း

ကြွက်သားတွေ နာကျင်ခြင်းရဲ့ အကြောင်းအရင်းထဲမှာ ဗီတာမင်ဒီ ချို့တဲ့ခြင်းလည်း ပါဝင်ပါတယ်။ ဗီတာမင်ဒီ မလုံလောက်ရင် ကြွက်သားအားနည်းခြင်း၊ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း စတာတွေကို ခံစားရတတ်ပါတယ်။ လေ့လာချက်တစ်ခုအရ နာတာရှည်ကြွက်သားနာကျင်နေသူတွေရဲ့ ၇၁ ရာခိုင်နှုန်းမှာ ဗီတာမင်ဒီ ချို့တဲ့နေတာကို တွေ့ရပါတယ်။

 

(၄) စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျနေခြင်းကလည်း ဗီတာမင်ဒီ ချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဗီတာမင် ဒီ ဟာ ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အာရုံကြောစနစ် ပုံမှန်အလုပ်လုပ်နိုင်အောင်လည်း အထောက်အကူပြုပါတယ်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းကို Parkinson ရောဂါသည်တွေ၊ Alzheimer ရောဂါသည်တွေ၊ စိတ်ဓာတ်ကျသူတွေမှာ တွေ့ရများပြီး သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်စွမ်းရည်ကိုလည်း ယိုယွင်းစေတာကို တွေ့ရပါတယ်။

 

(၅) ခဏခဏ ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်း

ဗီတာမင်ဒီရဲ့ အရေးကြီးတဲ့လုပ်ငန်းတစ်ခုက ခန္ဓာကိုယ်ထဲကို ရောဂါဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားပိုးတွေကို တိုက်ထုတ်နိုင်အောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ပုံမှန်ပမာဏ ရှိနေခြင်းက အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါတွေဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါ၊ လေပြွန်ရောင်ရောဂါနဲ့ နမိုးနီးယားအဆုတ်ရောင်ရောဂါ စတာတွေကို ကာကွယ်ပေးနိုင်ပြီး ဖျားနာရောဂါကိုလည်း မြန်မြန်သက်သာစေတာကို တွေ့ရပါတယ်။ ဒါကြောင့် ခဏခဏ အအေးမိဖျားနာနေရင်တော့ ဗီတာမင် ဒီ ချို့တဲ့မှုကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို စစ်ဆေးသင့်ပါတယ်။

အထက်က ပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေကတော့ ဗီတာမင်ဒီ ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့သူတိုင်းမှာ လက္ခဏာ မပြတတ်တဲ့အတွက် ဒီလိုလက္ခဏာတွေကို ရေရှည်ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဗီတာမင်ဒီ ကို စစ်ဆေးသင့်ပါတယ်။ စမ်းသပ်စစ်ဆေးမှု မလုပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဗီတာမင်ဒီ အားဖြည့်ဆေးတွေသောက်သုံးနေမယ်ဆိုရင် ဗီတာမင်ဒီ ဓာတ်လွန်ကဲပြီး ခန္ဓာကိုယ်အပေါ် ဆိုးကျိုးတွေလည်း သက်ရောက်စေနိုင်တဲ့အတွက် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။

 

ဗီတာမင်ဒီ ချို့တဲ့မှုကို ကာကွယ်ဖို့အတွက်

(၁) နေရောင်ခြည်နဲ့ ထိတွေ့ပါ။ တစ်ပတ်ကို ၃ ရက်၊ တစ်ရက်မှာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။

(၂) ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဥအမျိုးမျိုး၊ ငါးအမျိုးမျိုး (ဥပမာ – ဆော်လ်မွန်၊ တူနာ) စတာတွေမှာ ဗီတာမင် ဒီ ပါဝင်ပါတယ်။

(၃) ဗီတာမင်ဒီ အားဖြည့်ဆေးတွေ စားသုံးပါ။ ဗီတာမင်ဒီ ဖြည့်တင်းထားတဲ့ Cereal ကွေကာတွေကိုလည်း စားသုံးနိုင်ပါတယ်။ ငါးကြီးဆီ (Cod liver oil) ကလည်း ဗီတာမင် ဒီ ကြွယ်ဝတဲ့ အားဆေးတစ်မျိုး ဖြစ်ပါတယ်။

Author : ဒေါက်တာကောင်း (ဆေး – ၂)

Previous Post

မေမေ့ဗိုက်ထဲကကလေးလေး  ဘယ်လိုကြီးလာလဲ

Next Post

သံဓာတ်အားဆေးဖြည့်စွက်စာများ သောက်သုံးမယ်ဆိုရင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
823
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်အားဆေးဖြည့်စွက်စာများ သောက်သုံးမယ်ဆိုရင်

အစာအိမ်ချဉ်ရည်ဆန်တက်ခြင်း သက်သာစေဖို့ဆိုရင်

အဆုတ်သန့်စင်စေမယ့် သဘာ၀နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.