fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

Vitamin C ချို့တဲ့ခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေ

1.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/03/2022
in ကျန်းမာစေသော အစားအစာ, အထွေထွေရောဂါများအကြောင်း
1 min read
A A

Vitamin C ဆိုတာဟာ ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင်တစ်မျိုးဆိုပြီး လူအများကသိထားကြပါတယ်။ ဒါကြောင့် ကိုဗစ်ကာလမှာဆိုရင် ခုခံအားကောင်းမွန်လာဖို့ ဗီတာမင်စီကို ​သောက်သုံးကြလေ့ရှိပါတယ်။ တကယ်တော့ ဗီတာမင်စီ ဟာ ကိုယ်ခံအားအတွက်အရေးကြီးရုံသာမက အရေပြားကျန်းမာရေးနဲ့ အရိုးအဆစ်ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ ဗီတာမင်စီကို လူ့ခန္ဓာကိုယ်မှ ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် ဗီတာမင်စီပြည့်ဝအောင် ပြင်ပအစားအစာတွေကနေ များများစားသုံးရင်းရယူရမှာဖြစ်ပါတယ်။

လူတစ်​ယောက်ဟာ တစ်နေ့တာအတွက် ဗီတာမင်စီ ၇၅ မီလီဂရမ်ကနေ ၉၀ မီလီဂရမ်လောက်အထိ ရရှိဖို့လိုအပ်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အစားအစာတွေကတော့ မာလကာသီး၊ ကီဝီသီး၊ လိုက်ချီးသီး၊ သံပရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီးနဲ့ ပန်းဂေါ်ဖီစိမ်း စတာတွေပဲဖြစ်ပါတယ်။ ဗီတာမင်စီပါရှိတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်လိုက်တဲ့အခါ ဗီတာမင်စီဓာတ်တွေ ဆုံးရှုံးသွားနိုင်တဲ့အတွက် အစိမ်းစားသုံးခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

ဗီတာမင်စီကို တစ်​နေ့ ၂၀၀၀ မီလီဂရမ်အထက် စားသုံးမိ​နေပြီဆိုရင်​တော့ ကျောက်ကပ်မှာကျောက်တည်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်း​လျှောခြင်းနဲ့ပျို့အန်ခြင်း စတာတွေခံစားရနိုင်ပါတယ်။

ဗီတာမင်စီများလို့ အဆိပ်အ​တောက်ဖြစ်ခြင်းဟာ အ​တွေ့ရနည်း​ပေမဲ့ ဗီတာမင်စီချို့တဲ့ခြင်းကိုတော့ မကြာခဏတွေ့ရလေ့ရှိပါတယ်။ ဗီတာမင်စီချို့တဲ့လျှင် ​ဖြစ်လာနိုင်တာတွေကတော့ –

(၁) အသားအရေခြောက်သွေ့ပျက်စီးခြင်း

ဗီတာမင်စီဟာ ​ကော်လဂျင်ထုတ်လုပ်မှုကိုအား​ပေးပြီး အသားအ​ရေကို နုပျိုတင်းရင်းလာ​စေနိုင်ပါတယ်။ ဒါ့ပြင် ဗီတာမင်စီဟာ နေလောင်ဒဏ်နဲ့ ဖုန်မှုန့်တွေကြောင့် ဖြစ်တတ်တဲ့အသားအရေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပြည့်ဝခြင်းဟာ အရေပြားကျန်းမာရေးအတွက် များစွာအထောက်ကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီမပြည့်ဝတဲ့အခါ အသားအ​ရေဟာ  ညစ်နွမ်း​ခြောက်​သွေ့လာကာ အ​ရေးအ​ကြောင်း​​တွေပါ ​ပေါ်လာနိုင်ပါတယ်။

(၂) ညိုမည်းဆွဲတတ်ခြင်း

အ​ရေပြား​အောက်မှာရှိတဲ့ ​သွေး​ကြော​လေး​တွေ ​ပေါက်သွားတဲ့အခါ ​သွေးက​ဘေးတစ်ဝိုက်ကို ပျံ့နှံသွားတတ်တာ​ကြောင့် အ​ရေပြားညိုမည်းစွဲခြင်း ဖြစ်လာပါတယ်။ ညိုမည်းစွဲလွယ်ခြင်းဟာ ဗီတာမင်စီချိုတဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ကော်လဂျင်ထုတ်လုပ်မှုနည်းသွားတာကြောင့် သွေးကြောတွေဟာ ကြံ့ခိုင်မှုအားနည်းလာပြီး အလွယ်တကူပေါက်ပြဲလွယ်လာပါတယ်။ တခါတစ်ရံ အရေပြားမှာ အညိုကွက်ကြီးတွေပေါ်လာတတ်သလို ခရမ်းရောင်အစက်အပျောက်တွေအဖြစ်လည်းထွက်ပေါ်လာတတ်ပါတယ်။ ဒါ​ကြောင့် ညိုမည်းစွဲခြင်းဟာ ဗီတာမင်စီချို့တဲ့နေခြင်းကို သိသာစေတဲ့ လက္ခဏာရပ်တစ်မျိုးဖြစ်ပါတယ်။

(၃) သွားဖုံး​သွေးယိုခြင်း

သွားဖုံး​တွေနီရဲ​ရောင်ရမ်းပြီး ​သွေးယိုခြင်းဟာ ဗီတာမင်စီချို့တဲ့ရင် အဖြစ်များတဲ့လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့​နေတဲ့အခါ သွားဖုံးတစ်ရှူး​တွေအားနည်းလာကာ အလွယ်တကူ​ရောင်ရမ်းလာပြီး ​သွေး​ကြော​တွေဟာလည်း ​သွေးထွက်များလာနိုင်ပါတယ်။ ဗီတာမင်စီအလွန်အမင်းချို့တဲ့​နေပြီဆိုရင် သွားဖုံး​တွေဟာ ခရမ်း​ရောင်​ပြောင်းတာ၊ သွားကျွတ်တာ စတာ​တွေပါ ဖြစ်​ပေါ်လာနိုင်ပါတယ်။

(၄) ဒဏ်ရာအကျက်​​နှေးခြင်း

ဒဏ်ရာတွေအမြန်ကျက်ဖို့ဆိုရင် ကော်လာဂျင်ရဲ့ အခန်းကဏ္ဍဟာ အလွန်အ​ရေးကြီးပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ​​ကော်လဂျင်ထုတ်လုပ်မှုလည်းနည်းနေတာကြောင့် တစ်ရှူးတည်​ဆောက်မှု​တွေ​နှေး​ကွေးပြီး ဒဏ်ရာ​တွေဟာ လွယ်လွယ်နဲ့မကျက်နိုင်​တော့ဘဲ အချိန်ကြာမြင့်​နေတတ်ပါတယ်။

(၅) အဆစ်များ​ရောင်ရမ်းနာကျင်ခြင်း

အဆစ်​တွေဟာလည်း ​ကော်လဂျင်​တွေနဲ့ဖွဲ့စည်းထားတဲ့အတွက် ဗီတာမင်စီချိုတဲ့ရင် ​ရောင်ရမ်းနာကျင်တတ်ပါတယ်။ ဒါ့ပြင် ဗီတာမင်စီချို့တဲ့ရင် အဆစ်​တွေကြား ​သွေးထွက်များ​စေနိုင်တဲ့အတွက် ​ရောင်ရမ်းနာကျင်ခြင်းကို ပိုမိုဆိုးရွား​စေပါတယ်။

(၆) ဆံပင်ကျွတ်ခြင်း

ဗီတာမင်စီချို့တဲ့ရင် ဆံသားပရိုတင်း​တွေ ပျက်စီးကုန်တာ​ကြောင့် ဆံပင်​တွေကျိုးပြီး ကျွတ်ဆတ်တာ၊ နှစ်ခွဖြစ်တာ၊ ဆံပင်​တွေအများကြီးကျွတ်တာ စတာ​တွေလည်း ခံစားရလာနိုင်ပါတယ်။

(၇) အရိုးအားနည်းခြင်း

ဗီတာမင်စီချို့တဲ့တဲ့အခါ အရိုးကျန်းမာ​ရေးကိုလည်း ထိခိုက်လာ​စေနိုင်ပါတယ်။ ဗီတာမင်စီ မလုံ​လောက်တဲ့အခါ အရိုးပွခြင်းနဲ့ အရိုးကျိုးခြင်း​တွေ ဖြစ်​ပေါ်လာတတ်ပါတယ်။ က​လေး​တွေမှာ ဗီတာမင်စီချို့တဲ့​နေမယ်ဆိုရင် အားနည်းကြွပ်ဆတ်တဲ့အရိုး​တွေ ဖွဲ့စည်းဖြစ်​ပေါ်လာမှာဖြစ်ပါတယ်။

(၈) ခုခံအားနည်းခြင်း

ဗီတာမင်စီဟာ ခုခံအားဆဲလ်​တွေ ​ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် ကူညီ​ပေးပါတယ်။ ဗီတာမင်စီချို့တဲ့တဲ့အခါ ခုခံအားနည်းလာပြီး ​ရောဂါပိုးမွှား​တွေအလွယ်တကူဝင်​ရောက်လာကာ မကြာခဏ​နေမ​ကောင်းခြင်းကို ခံစားလာရနိုင်ပါတယ်။ ဗီတာမင်စီအလွန်အမင်းချို့တဲ့​နေပြီဆိုရင် ခုခံအားမရှိ​တော့တာ​ကြောင့် ပိုးဝင်​သေဆုံးတာ​တွေဖြစ်လာနိုင်ပါတယ်။

(၉) သံဓာတ်ချို့တဲ့ခြင်း

ဗီတာမင်စီဟာ အစားအစာ​တွေက​နေ သံဓာတ်စုပ်ယူနိုင်ဖို့ အ​​ထောက်အကူပြုပါတယ်။ ဒါ​ကြောင့် ဗီတာမင်စီချို့တဲ့တဲ့အခါ သံဓာတ်ကို ​ကောင်းမွန်စွာမစုပ်ယူနိုင်​​တော့ဘဲ သံဓာတ်ချို့တဲ့ပြီး​သွေးအားနည်းခြင်းကို ဖြစ်​​ပေါ်​လာစေနိုင်ပါတယ်။

ဗီတာမင်စီဟာ ​ခန္ဓာကိုယ်အတွက်ကောင်းကျိုးများစွာ ဖြစ်​စေနိုင်ပြီး ဆိုးကျိုးမရှိသ​လောက်ရှားပါတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ​တော့ တန်​ဆေးလွန်​​ဘေးရှိတတ်ပါတယ်။ ဗီတာမင်စီချိုတဲ့တဲ့ လက္ခဏာရပ်​တွေ ခံစား​နေရပြီလို့ သံသယရှိ​နေရင်​တော့ ဗီတာမင်အား​ဆေး​တွေ ပြန်လည်​သောက်သုံး​ပေးခြင်းဖြင့် ဖြစ်​ပေါ်​နေတဲ့ ​ရောဂါလက္ခဏာ​တွေ သက်သာလာ​စေနိုင်မှာဖြစ်ပါတယ်။

Author: Dr. Aye Myat

Previous Post

ချောင်းစိုနဲ့ ချောင်းခြောက် ဘာကွာလဲ

Next Post

သင့်ကိုကိုယ်ခံအားတက်စေမယ့် ဗီတာမင်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
821
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

1 year ago
837
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့်ကိုကိုယ်ခံအားတက်စေမယ့် ဗီတာမင်များ

သွေးလှူမယ်ဆိုလျှင် ဘာတွေသိထားသင့်လဲ

သင့်ကလေး နှာစေးနှာပိတ်ဖြစ်တာ တာရှည်နေလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.